← Chapters

ဝိဇ္ဇာလင်းချီ

Vol. 96 Ch. 1340

ဝိဇ္ဇာလင်းချီ

Vol. 96 Ch. 1340

အဖွဲ့က ရောက်ရှိလာမည့် တိုက်ပွဲအတွက် ပြင်ဆင်ဖို့ ထွက်ခွာသွားကြသည်။ ထိုစဉ် ဝမ်ဝေ့က လူနှစ်ဦးကို ဆက်သွယ်ခဲ့၏။ သူတို့ထဲမှ တစ်ယောက်က ဧကရာဇ်ခုံ ဖြစ်သည်။ တုံ့ပြန်မှုရရှိပြီးသည့်နောက်တွင် သူက ကျောင်းတော်အတွင်းသို့ တိတ်တဆိတ် ရောက်ရှိလာကာ တွေ့ဆုံရမည့်နေရာအကြောင်း သတင်းစကား လက်ခံရရှိလိုက်သည်။ ပြဿနာမရှိကြောင်း စစ်ဆေးပြီးသည့်နောက်တွင် ဝမ်ဝေ့က လေဟာနယ်ကို ချိုးဖောက်ကာ သူလက်ခံရရှိသည့် တည်နေရာအတိုင်း ထွက်ခွာလာလိုက်၏။

သူက အစီအရင်တိုင်လုံး လေးခု မြောလွင့်နေပြီး လူသုံးယောက် သူ့အား စောင့်ဆိုင်းနေသည့် ဒိုင်မေးရှင်းငယ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက ဧကရာဇ်ခုံကို မှတ်မိသော်လည်း ကျန်သူနှစ်ဦးကို မသိပေ။

“မိတ်ဆက်ပေးရဦးမယ်။ ဒါက ဝိဇ္ဇာသန့်စင်မီးတောက်”

ဧကရာဇ်ခုံက ပြောလိုက်သည်။

သူက ထိုအမျိုးသားကို ကြည့်လိုက်သည်။ ပြောရမည်ဆိုလျှင် သူ့ရှေ့တွင်ရှိသည့် အမျိုးသားက လူသားအသွင်အပြင်ရှိသော်လည်း သူ့တစ်ကိုယ်လုံးက မီးတောက်ဖြင့် ဖွဲ့စည်းထားလေသည်။

ရှားပါးတဲ့ မီးတောက်စိတ်ဝိညာဉ်လား…

မီးတောက်များအတွက် အသိစိတ်ဝင်လာကာ တာအိုအသွင်ပြောင်းလဲနိုင်ဖို့က ပုံမှန် ဖြစ်ပေသည်။ သို့သော် ဤလူကမူ ကွဲပြားလေ၏။ သူက တာအိုပုံသဏ္ဌာန် ပြောင်းလဲလာခြင်း မဟုတ်ဘဲ မီးတောက်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြောရမည်ဆိုလျှင် သူက ကောင်းကင်ဘုံအဆင့်ထိပင် ကျင့်ကြံနိုင်ခဲ့၏။

တာအိုရုပ်သဏ္ဍာန်ကို နားလည်ဖို့ရာ အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာအသွင် ဖြစ်ပေသည်။ ဤသည်က လူသားများသည် မိုးမြေကြားတွင် အမြင့်မားဆုံး နားလည်နိုင်စွမ်းရှိသည့် မျိုးစေ့တစ်ခု ဖြစ်နေရသည့် အကြောင်းအရင်း ဖြစ်၏။ သို့သော်လည်း ဤဝိဇ္ဇာသန့်စင်မီးတောက်ကမူ ထိုသို့အားဖြည့်မှုမျိုး မရှိဘဲ ဤအနေအထားထိ ကျင့်ကြံနိုင်ခဲ့သည်။

“အဆင့်(၁) ကုသိုလ်ရွှေခန္ဓာမလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဟုတ်ပါတယ်။ ကျုပ်က စိတ်၊ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို တိုက်စားနိုင်စွမ်းရှိတဲ့ ထူးထူးဆန်းဆန်း အနက်ရောင်စွမ်းအားတစ်ခုကို ရှာတွေ့ခဲ့တာ။ ပြီးတော့ အဲဒါတွေက နည်းနည်းလောက် ထိတွေ့ရုံနဲ့တောင် တော်တော်လေးကို ပျံ့နှံ့လွယ်တယ်။ အဲဒါတွေကို သန့်စင်ပြီးတဲ့နောက်မှာ ကျုပ်က ကုသိုလ်ရွှေခန္ဓာကို ဖွဲ့စည်းဖို့ ကုသိုလ်အလုံအလောက် ရရှိလိုက်တာပဲ”

“ကောင်းကင်တာအိုက ကျင့်ကြံသူနဲ့ သေမျိုးသန်းပေါင်းများစွာရဲ့ သေဆုံးမှုနဲ့ ပတ်သက်လာတဲ့အခါမှာ မသက်ညှာဘူး။ ခင်ဗျားကို ရွှေခန္ဓာဖွဲ့စည်းဖို့ အလုံအလောက် ပေးထားတယ်ဆိုရင်တော့ အဲဒီအနက်ရောင်မီးတောက်က ထုတ်လွှတ်လာမယ်ဆိုရင် ကပ်ဘေးဖြစ်လာနိုင်တယ်လို့ ဆိုလိုနေတာပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ကျုပ်လည်း အဲဒါကိုတော့ ခန့်မှန်းမိတယ်” ဝိဇ္ဇာသန့်စင်မီးတောက်က ခေါင်းညိတ်လိုက်၏။

ဝမ်ဝေ့က ထိုသူကို ကြည့်ကာ ပြောလိုက်သည်။

“ဒါနဲ့ ကျုပ်နေရာ မဟုတ်မှန်း  သိပေမဲ့ ကျုပ်ပြောမှ ရမှာမလို့ပါ။ ဒီစွမ်းအားက အန္တရာယ်များတယ်။ ဒီလိုမျိုး ဆင့်ကဲပြောင်းလဲနိုင်စွမ်းရှိနေတဲ့အခါမျိုးပေါ့။ တကယ်လို့ ခင်ဗျားက သိချင်စောနဲ့ လေ့လာဖို့ ထိန်းသိမ်းထားတယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန်ဖျက်ဆီးပစ်ဖို့ အကြံပေးချင်တယ်”

“အိုး ကျုပ်လည်း သိပါတယ်။ အဲဒါကြောင့် ကျုပ် အခွင့်အရေးမပေးဘဲနဲ့ သဲလွန်စအားလုံးကို ဖြတ်ပစ်ခဲ့တာ”

“အဲဒါဆို ကောင်းတယ်။ ထပ်ပြီးတော့ ကျုပ် စည်းကျော်မိတဲ့အတွက် ထပ်ပြီး တောင်းပန်ပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး”

ငါ အစောင့်တစ်ယောက်ကို သူ့ကို သေသေချာချာ စောင့်ကြည့်ခိုင်းထားလိုက်မယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ ပုံမှန်အားဖြင့် သူသည် ဝိဇ္ဇာသန့်စင်မီးတောက် လုပ်ခဲ့သည့်အရာကို များများစားစား စဉ်းစားမည် မဟုတ်ပေ။ သူကိုယ်တိုင် လေ့လာဖို့ပင် စိတ်ဝင်စားသွားနိုင်၏။ သို့သော်လည်း လက်ရှိအခြေအနေကမူ ဝမ်ဝေ့က မထိန်းချုပ်နိုင်သည့် အပြောင်းအလဲများကို ရင်ဆိုင်နိုင်စွမ်း မရှိသေးပေ။

“ဒီလူက … ” ဝမ်ဝေ့က ရိုးရိုးရှင်းရှင်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။ သူ့မျက်ဝန်းများက ကြည်လင်နေပြီး ဆံပင်အဖြူနှင့် မုတ်ဆိတ်အဖြူတို့က အတော်လေးရင့်ကျက်ကာ သူ့အပြုအမူတို့က ဉာဏ်ကြီးသည့် လူတစ်ဦးနှင့် တူစေသည်။ ဝမ်ဝေ့အပါအဝင် သူ့ကို ကြည့်လိုက်သည့်သူတိုင်းက အလိုအလျောက် လေးစားမှုမျိုး ရှိလာကြလိမ့်မည်။

ဒီအမျိုးသားက တကယ်ကို ကောင်းမွန်တဲ့ ကုသိုလ်စွမ်းအားတွေနဲ့ ပြည့်နှက်နေတာပဲ။ ကျင့်ကြံရေးလောကမှာ ဒီလိုမျိုးမြင်ရတာ များတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

“ဒါက ဝိဇ္ဇာလင်းချီလား” ဧကရာဇ်ခုံက ရိုရိုကျိုးကျိုးပြောလိုက်သည်။

“လင်းချီ … ကျုပ် တစ်နေရာရာမှာ ကြားဖူးသလိုပဲ” ဝမ်ဝေ့က ရုတ်တရက်က သဘောမပေါက်ခင် ရေရွတ်လိုက်သည်။

“ခင်ဗျားက ဗုဒ္ဓနှလုံးသားနဲ့ မွေးဖွားလာတယ်လို့ ပြောနိုင်တဲ့သူမျိုးပဲ။ သေမျိုးကာကွယ်ရေးအဖွဲ့အစည်းရဲ့ တည်ထောင်သူမလား”

“ကျုပ်က အဲဒီနာမည်တွေကို သဘောမကျတော့ လင်းချီလို့ပဲ ခေါ်လို့ရပါတယ်”

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ထိုအမျိုးသားက ရက်ရောမှုနှင့် ကြင်နာမှု ပြယုဂ်တို့ ဖြစ်ပေသည်။ တံငါးသည်ရွာလေးတွင် မွေးဖွားလာပြီး ပြင်းထန်သူများကြားမှ တိုက်ပွဲက သူ့မွေးရပ်မြေကို ဖျက်ဆီးခဲ့ပြီး သူက တစ်ဦးတည်းသော ရှင်ကျန်သူ ဖြစ်ခဲ့သည်။ ထို့နောက် သူက သူ့မျိုးနွယ် သေမျိုးများကို ကာကွယ်ဖို့ရာအတွက် ကျင့်ကြံရေးခရီးလမ်းကို လျှောက်လှမ်းခဲ့ခြင်း ဖြစ်၏။

သူက သေမျိုးများကို ကျင့်ကြံသူများဆီမှ ကာကွယ်ဖို့ သေမျိုးက ကျင့်ကြံရေးအဖွဲ့အစည်းကိုပင် တည်ထောင်ခဲ့သည်။ သို့သော် သူ့စွမ်းအားကို အသုံးပြုကာ ကျင့်ကြံသူများက သေမျိုးများကို သတ်ဖြတ်သည်ကို ကာကွယ်ပေးဖို့ မဟုတ်ဘဲ သူက သေမျိုးများကို ကူညီပေးခြင်း ဖြစ်၏။ သေမျိုးများ နေထိုင်သည့်ဝန်းကျင်တွင် တိုက်ပွဲဖြစ်လာသည့်အချိန်တိုင်း သူက သူ့လူများကို စေလွှတ်ကာ သေမျိုးများကို ကာကွယ်ပေးခြင်းနှင့် တိုက်ပွဲပြီးသည့်နောက် ဒဏ်ရာရသူများကို ကယ်တင်ခြင်း၊ အိမ်များ ပြန်လည်တည်ဆောက်ခြင်း၊ လယ်ကွင်းများ ပြန်လည်တည်ဆောက်ပေးခြင်းနှင့် အသက်ရှင်သူများအတွက် လျော်ကြေးအမျိုးမျိုးကို ပေးအပ်လိမ့်မည်။

သူ့အဖွဲ့အစည်းက ကျင့်ကြံသူတွေ ဖျက်ဆီးထားတဲ့နေရာတွေကို တောက်လျှောက်ပြုပြင်ပြီးတော့ သေမျိုးတွေအတွက် ပြန်လည်နေထိုင်လို့ရအောင် လုပ်ပေးတာပဲ…

သူက သေမျိုးများထံလည်း လူမှုအဖွဲ့အစည်းတစ်ခု တည်ထောင်ပေးနိုင်ရန်အတွက် ပညာသင်ကြားပေးခဲ့သည်။ တစ်စုံတစ်ယောက်က ပါရမီထူးကဲသည်ဟု ထင်ရသရွေ့ သူက အရင်းအမြစ်များကို ထောက်ပံ့ပေးလိမ့်မည်။ သူတို့က အောင်မြင်သွားသည်နှင့် အေးစက်စက်နှလုံးသားဖြင့် ကျင့်ကြံသူများဖြစ်မသွားဖို့ သတိပေးထားရသည်။

လင်းချီက ထိုသေမျိုးများအား သူ့အဖွဲ့ထဲတွင် ဝင်ရောက်ဖို့ ဘယ်သောအခါမှ ဖိအားပေးလေ့ မရှိပေ။ သို့သော် အများစုက ဝင်ရောက်ကြပြီး အောင်မြင်မှုနှင့် ကျော်ကြားမှုရလာပြီးသည့်နောက်တွင် သူ့ကို ပြန်လည်ပေးဆပ်လေ့ ရှိသည်။ ရလဒ်အနေဖြင့် သူက သေမျိုးကာကွယ်ရေးအဖွဲ့အစည်းကို တစ်ယောက်ချင်း ထောက်ပံ့ထားသည်များမှ အုပ်စုတစ်ခုလိုမျိုး တည်ဆောက်ခဲ့ကာ လက်ရှိခေတ်ကာလအတွင်း အားအကောင်းဆုံး ကောင်းကင်ဘုံအဆင့်အင်အားစု ဖြစ်လာလေသည်။

“တွေ့ရတာ ဝမ်းသာပါတယ်” ဝမ်ဝေ့က အလေးနက်ပြောကာ လက်နှစ်ဖက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။ သူက ထိုသို့သောသူမျိုးကို အမြဲလိုလို လေးစားလေ့ရှိ၏။

“ကျုပ်ဘက်ကလည်း အတူတူပါပဲ” ဝိဇ္ဇာလင်းချီက ပြန်ပြောလိုက်သည်။

“ခင်ဗျားအပေါ်ကို ဒီလောက်လေးလံတဲ့ ဝန်ထုပ်ကြမ္မာမျိုး ထားရှိထားတာ။ ခင်ဗျားက ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ပုံပဲ”

လင်းချီက ဝမ်ဝေ့အား ယခင်ယွမ်ခေတ်ကာလတစ်သောင်းတုန်းက  ဧကရာဇ်ခုံ မပြောလာခင်အထိ မသိရသေးပေ။ သို့သော်လည်း သူက မိုးမြေထံ ဆုတောင်းနေစဉ် ဝမ်ဝေ့၏ အသံကို ကြားလိုက်ရသည်။ လင်းချီက အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့အကြောင်း များများစားစား မသိသေးသော်လည်း တစ်စုံတစ်ခု ဆိုးဆိုးရွားရွား ဖြစ်ပျက်တော့မည်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။ သူ့အလိုလိုသိစိတ်က ဝမ်ဝေ့၏ အပြုအမူသည် ဤကမ္ဘာထံ မျှော်လင့်ချက်တချို့ ဆောင်ကြဉ်းပေးလာကြောင်း ပြောပြနေ၏။

“ကျေးဇူးတင်ပါတယ်။ ဒီကိစ္စပြီးသွားတာနဲ့ ခင်ဗျားနဲ့ တစ်စုံတစ်ခု ဆွေးနွေးချင်တယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ဤသည်က အခွင့်အရေး ဖြစ်ကြောင်း သိထားလေ၏။ လင်းချီက ကမ္ဘာတစ်ဝှမ်း သေမျိုးများနှင့် နည်းနည်းချင်း ဆက်နွယ်မှု ရှိသည့်အတွက် သေမျိုးလူမှုအဖွဲ့အစည်းကို ဖြန့်ဝေဖို့ရာအတွက် ဆွေးနွေးဖို့ အကောင်းဆုံးလူတစ်ယောက် ဖြစ်ပေသည်။

ဝမ်ဝေ့က သေမျိုးလူမှုအဖွဲ့အစည်းဖြန့်ဝေဖို့ ကြိုးပမ်းမှုအားလုံးက မထိုက်တန်ကြောင်း ခံစားမိလေသည်။ ထို့ကြောင့် သူက တာအိုအခွင့်အလမ်းဂိုဏ်း၏ နယ်နိမိတ်အတွင်း ဖြန့်ဝေကာ သူ့ကို ကူးယူသည့် လူများထံမှ ကုသိုလ်ရယူဖို့ ဆုံးဖြတ်ထားခဲ့၏။

သို့သော်လည်း သေမျိုးများ၏ နေထိုင်မှုဘဝက အခြေအနေဆိုးရွားနေသည့်အတွက် သူတို့အားလုံးက ကျင့်ကြံသူများနှင့် ပတ်သက်သည့်အခါ ကာကွယ်မှုတချို့ လိုအပ်နေသည်။

ဒိုင်မေးရှင်းအနိမ့်မှာတုန်းက သေမျိုးလူမှုအဖွဲ့အစည်းရဲ့ ကန့်သတ်ချက်က အဆင့် ၄ ပဲ။ ဒါပေမဲ့ ဒိုင်မေးရှင်းအမြင့်မှာတော့ အဆင့် ၆ ဒါမှမဟုတ် အဆင့် ၇အထိ ဖြစ်နိုင်တယ်။ ကောင်းကင်တာအိုက ဒီအခွင့်အရေးကိုယူပြီးတော့ သူတို့ကို ထောက်ပံ့ပေးလို့ရတယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဒီလိုစွမ်းအားမျိုးနဲ့ သေမျိုးအနုပညာတာအိုနဲ့ဆိုရင် သူတို့တွေက ကျင့်ကြံသူတွေ ရူးသွပ်သွားပြီး သူတို့ရဲ့ သက်တမ်းကို တိုးမြှင့်ပြီး သတ်ဖြတ်လာတယ်ဆိုရင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းရှိလိမ့်မယ်။ ပြဿနာက အန္တိမသဟဇာတရဲ့ မြင်ကွင်းအောက်မှာ ဝိဇ္ဇာဗိမာန်တွေကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာပဲ...

ဝမ်ဝေ့က ဤအစီအစဉ်နှင့် ပတ်သက်ပြီး အကောင်းမြင်ခြင်း မရှိပေ။ အန္တိမသဟဇာတက သူ ဒိုင်မေးရှင်းအနိမ့်တွင် လုပ်ခဲ့သည့်အရာကို မြင်တွေ့ခဲ့ဖူးသည်။ အနည်းဆုံးတော့ သိထားခဲ့သည့်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ချေ ရှိသည်။

ဒါပေမဲ့လည်း…

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

သူက ကိစ္စတစ်ခုလုံးနှင့် ပတ်သက်ပြီး ညည်းတွားနေမိသည်။ သူ့အာရုံစိုက်မှုက ကပ်ပါးများအပေါ်သာ ဖြစ်သင့်သော်လည်း သူက အာရုံထွေပြားပြီး ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်နှင့် သူ့ကစားပွဲကို စတင်ကစားနေရသည်။

“အခု အားလုံးက တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပေးသွားပြီဆိုတော့ ကျုပ်အလှည့်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ထိုသူများက သူ့ကို သိထားပြီးသားဖြစ်မှန်း သိထားသော်လည်း သူ့အနေဖြင့် ထိုသို့ဆက်ဆံသည်က မောက်မာရာကျပေသည်။ ထို့ကြောင့် သူက ရိုးရိုးရှင်းရှင်း မိတ်ဆက်လိုက်၏။

“အားလုံး အဆင်သင့်ဖြစ်ပြီလား”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

“ဒါက စွန့်စားမှုတွေ ပါဝင်နေတယ်ဆိုတာကိုတော့ နားလည်တယ်မလား။ သဘောတူညီချက်အရ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့မယ်ဆိုရင် ကျုပ်က ရန်သူတွေကို ရှေ့တန်းကနေ ရင်ဆိုင်ပြီးတော့ ခင်ဗျားတို့တွေ ထွက်ပြေးဖို့ အချိန်လုံလုံလောက်လောက် ဆွဲထားပေးမယ်။ ဒါပေမဲ့ ကျုပ်အကောင်းဆုံး အားစိုက်ထုတ်ထားရင်တောင် ခင်ဗျားတို့တွေ အသက်ခံရနိုင်ချေရှိတယ်ဆိုတာကို နားလည်ထားသင့်တယ်” ဝမ်ဝေ့က ကြိုတင်သတိပေးလိုက်သည်။

“ကျုပ်တို့ကိစ္စကို မစိုးရိမ်ပါနဲ့” ဝိဇ္ဇာလင်းချီက ပြောလိုက်၏။ သူက ရွှေရောင်ခေတ်ကာလအဆုံးသတ်ခါနီးတွင် မွေးဖွားခဲ့ပြီး ထိုစဉ်အချိန်ကတည်းက သူ့အလုပ်ကို စတင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် သေမျိုးများသည် ယခင်နှင့်ယှဉ်လိုက်လျှင် ယခုက မည်သို့ဆိုးရွားသွားကြောင်း နားလည်လေ၏။ အန္တရာယ်ရှိသော်လည်း လင်းချီကမူ ဤဖြစ်ရပ်တွင် ပါဝင်မိပြီးသား ဖြစ်သည်။ သူ့လူများက မျှော်လင့်ချက်ကို လိုအပ်၏။

ဧကရာဇ်ခုံကလည်း ခေါင်းညိတ်လိုက်သည်။ သူက စွန့်စားမှုအနေဖြင့် ဆုံးရှုံးစရာအများဆုံး ရှိပေသည်။ သို့သော်လည်း သူက နောက်ပြန်မဆုတ်နိုင်သည့်သူထဲမှ တစ်ဦး ဖြစ်၏။ ကျောင်းတော်၏ အနာဂတ်က ဤလုပ်ဆောင်မှုအပေါ်တွင် မူတည်နေသည်။

 ဝမ်ဝေ့က သူ့အား ကြိုတင်ပြင်ဆင်မထားနိုင်ခင် လုပ်ဆောင်ဖို့ ဖိအားပေးသော်လည်း သူက သူ့အပြုအမူကို ရှေ့တိုးဖို့ လိုအပ်သည့် တွန်းအားတစ်ခုအဖြစ်သာ မှတ်ယူခဲ့သည်။ အရိုးသားဆုံးပြောရလျှင် ဧကရာဇ်ခုံက သူသည် ကောင်းကင်ဘုံ၏ သော့ခလောက်ကို မြင်တွေ့ပြီးသည့်နောက်တွင် လှုပ်ရှားဖို့ ဖိအားပေးခံရသည့်အချက်ကိုပင် ဝမ်းသာနေ၏။

“ကျုပ်တို့တွေက စွန့်စားရမှာကိုလည်း သိတယ်။ အဲဒါကိုလည်း လက်ခံတယ်” ဝိဇ္ဇာသန့်စင်မီးတောက်က ပြောလိုက်၍ ဝမ်ဝေ့က သူ့အား တစ်ချက်ကြည့်သည်။ တခြားသူများက ဤလှုပ်ရှားမှုထဲတွင် ပါဝင်ဆင်နွှဲလိုသည့် အကြောင်းအရင်းကို နားလည်သော်လည်း ဝိဇ္ဇာသန့်စင်မီးတောက်၏ ရည်ရွယ်ချက်ကမူ သူ့အား နားမလည်နိုင်ဖြစ်စေသည်။ ပထမဦးစွာ သူ၏ ပါဝင်ပတ်သက်မှုက ကုသိုလ်ပါဝင်နေ၍ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း ဤကောင်းကင်သော့ခ‌လောက်အပြီးတွင် သူတို့၏ အပြုအမူများက အကျိုးကျေးဇူး ရရှိပါ့မလား မသေချာတော့ပေ။

“ဒီလိုဆိုရင် လှုပ်ရှားလိုက်ကြရအောင်” ဝမ်ဝေ့က ကြေညာလိုက်သည်။

All Chapters