လျင်လျင်မြန်မြန် ပြုမူခြင်း
Vol. 96 Ch. 1341
အချိန်စားသုံးသူက ပလ္လင်ပေါ်တွင် ထိုင်နေစဉ် သူ့လက်အောက်ငယ်သားက သူ ရှေ့တန်းသို့ ထွက်သွားစဉ်ကတည်းက ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးအား ရှင်းပြနေသည်ကို နားထောင်နေသည်။ သူက အရေးပါသည့် သတင်းအချက်အလက်များကို သိထားပြီးသော်လည်း ဤသို့သော ကိစ္စမျိုး၌ သတိကြီးကြီးထားထားလေ့ရှိပြီး အရေးကြီးသည့်အရာ လွတ်သွားခြင်း မရှိအောင် သေချာသိလိုသည်။ သူက အရေးကြီးသည်ဟု ထင်ရသည့်အရာကို ကြားရသည့်အခါ မေးခွန်းထုတ်လာလိမ့်မည် ဖြစ်၏။
သူက ရုတ်ချည်းဆိုသလို ရပ်တန့်ကာ ခေါင်းကိုမော့ကြည့်လိုက်သည်။ အခန်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေ၏။ အထူးသဖြင့် အချိန်စားသုံးသူက မျက်မှောင်ကြုတ်ပြီး ထရပ်လိုက်သည့်နောက်တွင် ဖြစ်သည်။ လူများစွာက အသက်အောင့်ထားလိုက်ကြပြီး သူတို့သည် သခင်အား အနှောင့်အယှက် မဖြစ်အောင် ထိန်းကြသည်။
ဘာတွေဖြစ်နေတာလဲ။ ငါက ဘာလို့ မသက်မသာခံစားနေမိတာလဲ…
အချိန်စားသုံးသူက တွေးလိုက်သည်။ သူက သူ့အလိုလိုသိစိတ်အရ တစ်စုံတစ်ခု ဖြစ်ပျက်လာတော့မည်ကို ယုံကြည်လိုက်သည်။ သို့သော် သူက ဘာမှန်းကောက်ချက် မချနိုင်ပေ။
တစ်စုံတစ်ယောက်က ငါ့ကို တိုက်ခိုက်တော့မှာလား။ အဲ့လိုဆိုရင်တောင် ဘယ်သူလဲ…
သူ့ရန်သူများကို ပြန်လည်တွေးတောပြီးသည့်နောက်တွင် ယန်းအိုက်နှင့် ဝူဟုန်ကို ပထမဦးဆုံး တွေးမိသွားသည်။ ထို့ကြောင့် သူက သူတို့ဝန်းကျင်တွင် ထားရှိခဲ့သည့် လူများကို စစ်ဆေးကြည့်ဖို့ နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ သူတို့က အဆင့်နိမ့်တပ်သားများနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်ဟု သတိထားမိဖို့ ထင်မှတ်မထားပေ။ အချိန်စားသုံးသူက အချိန်တာအို ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည့်အတွက် သူက နောက်ကြောင်းလှန်ကြည့်လိုက်သည်။ သူက မူလစည်းတံဆိပ်ကုန်းမြေနှင့် တာအိုအခွင့်အလမ်းဂိုဏ်းဝန်းကျင်တွင် ထားရှိခဲ့သည့် ကျန်ရှိနေသော အချိန်အကြွင်းအကျန်များကို နောက်ယောင်ခံသည့် နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်။
ဘာမှမဖြစ်ဘူးလား…
အချိန်စားသုံးသူက တွေးလိုက်သည်။ သူ့နည်းစနစ်က တိုက်ရိုက်တိုက်ခိုက်မှုမျိုးကို မတွေ့ရှိခဲ့သော်လည်း ထိုနေရာများပြောင်းလဲသွားသည့် ကာလံဒေသံကို စစ်ဆေးကြည့်လိုက်သည်။ ယန်းအိုက်နှင့် ဝူဟုန်တို့က အတော်လေး အားကောင်းသည့်အတွက် သူတို့၏ တည်ရှိမှုက သူတို့၏ ကာလံဒေသံအပေါ် လွှမ်းမိုးမှု ရှိနိုင်၏။ ထို့ကြောင့် တစ်စုံတစ်ယောက်က ထွက်သွားခဲ့ပါက အရိပ်အမြွက် ကျန်ခဲ့လိမ့်မည်။
နောက်ဆုံးတစ်ခေါက် ငါ စစ်ဆေးကြည့်တုန်းကထက် တစ်ခုခုဖြစ်နေတာပဲ။ ဒီလိုသက်ရောက်မှုမျိုးက … ဝမ်ဝေ့ … သူထွက်သွားတာလား။ သူက ငါ့ကိုလာပြီး တိုက်ခိုက်မဲ့သူလား။ ဒါပေမဲ့ သူက ဘယ်လို သတ္တိရှိသွားတာလဲ…
ထိုအတွေးများ ပေါ်ထွက်လာသည်နှင့် အချိန်စားသုံးသူက ဖယ်ရှားလိုက်သည်။ သူက တာအိုနယ်ရှင်များကို လျှော့တွက်ခြင်း မရှိပေ။ အထူးသဖြင့် တစ်ဖက်သူကို ရှင်းထုတ်ဖို့ လုံလုံလောက်လောက် အချိန်ရှိနေသည့်သူတွင် ဖြစ်၏။
ငါ တုံ့ပြန်ဖို့ ပြင်ဆင်ထားရမယ်…
ဝုန်း
အချိန်စားသုံးသူ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့၏။ သူက နန်းဆောင်မှ ပျောက်ကွယ်ကာ အပြင်ဘက်သို့ ရောက်ရှိလာသည်။ သူက အဝေးတစ်နေရာကို ကြည့်ပြီးသည့်နောက်တွင် ရွှေရောင်အလင်းတန်း ထုတ်လွှတ်နေသည့် တိုင်လုံးလေးလုံးကို တွေ့ရှိသွားလေသည်။
“အငြိုးအတေးသန့်စင်ရေး တိုင်လုံးလား။ ခုံ … မင်းကလည်း ဒီထဲက တစ်စိတ်တစ်ပိုင်းပဲလား”
အချိန်စားသုံးသူက ထိုတိုင်လုံးရှိ ခုံကို ချက်ချင်းသတိထားမိလိုက်သည်။ ထိုနေရာထဲတွင် ဧကရာဇ်ခုံလည်း အပါအဝင် ဖြစ်၏။
သူက ထိုလေးယောက်ကို တစ်ချက်တည်းဖြင့် သတိထားမိလိုက်သည်။ သူက သူတို့တွင် တူညီသည့်အရာတစ်ခု ရှိနေသည်ကို ချက်ချင်းသိသွားလေ၏။ ထိုအရာက ကုသိုလ်ရွှေခန္ဓာ ဖြစ်ပေသည်။ သူက တစ်စုံတစ်ခုကို တွေးမိသွားသည့်အခါ ပြောင်းလဲသွားပြီး သူတို့ကို တားဆီးဖို့ ပြေးထွက်သွားလိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် တိုင်လုံးလေးလုံးက ပတ်ဝန်းကျင်တစ်ခုလုံး ဝန်းရံထားသည့် အကာအရံတစ်ခု ထုတ်လွှတ်ထားသည်။
မင်းရဲ့ အစီအစဉ်ကိုး
အချိန်စားသုံးသူက ညည်းတွားလိုက်သည်။
မင်းက တခြားအသုံးမဝင်တဲ့ ကောင်စုတ်တွေကို ရှင်းထုတ်နေတုန်း ငါ့ကို ပိတ်ဆို့ထားတာပေါ့။ ဝမ်ဝေ့ ဒါက မလုံလောက်သေးဘူး…
အချိန်စားသုံးသူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ အခြေအနေက ပြင်းထန်သည့်အတွက် သူ့အနေဖြင့် မြန်မြန်လှုပ်ရှားဖို့ လိုအပ်နေ၏။
သူက ဝိဇ္ဇာလေးပါးမှ ဖွဲ့စည်းထားသည့် စည်းတံဆိပ်ကို ကြည့်ကာ အားနည်းချက်ကို ရှာဖို့ ကြိုးစားလိုက်သည်။ သူ့အကြည့်က တောက်ပသွားလေ၏။
သုံးယောက်က ဒုတိယအဆင့် ကုသိုလ်ရွှေခန္ဓာရှိပြီးတော့ တစ်ယောက်က ပထမအဆင့်ပဲ ရှိသေးတယ်။ ငါ ဒီဟာကွက်ကို သုံးလို့ရနိုင်တယ်…
သူက အချိန်မဖြုန်းတော့ဘဲ ဝိဇ္ဇာသန့်စင်မီးတောက်၏ တိုင်လုံးဆီ ပြေးသွားကာ စတင်တိုက်ခိုက်လိုက်သည်။
အဲဒါဆိုတော့ သူ တွေ့သွားခဲ့ပြီကိုး…
ဝမ်ဝေ့က တွေးလိုက်၏။ သူက စည်းတံဆိပ်၏ ဟာကွက်ကို သိထားခဲ့ပြီးသား ဖြစ်သော်လည်း အချိန်စားသုံးသူက မြန်မြန်ဆန်ဆန် ရှာတွေ့လိမ့်မည်ဟု ထင်မှတ်မထားပေ။
ခင်ဗျားက တကယ်ကို မရိုးရှင်းဘူးပဲ…
ဝမ်ဝေ့က သူ့ ကုသိုလ်ရွှေခန္ဓာကို ထုတ်သုံးပြီး စည်းပိတ်ခြင်းဖြစ်စဉ်အား တတ်နိုင်သမျှမြန်မြန် အရှိန်မြှင့်တင်လိုက်သည်။
တခြားသောသူများကလည်း လိုက်လံ လုပ်ဆောင်လိုက်ကြ၏။
နန်းဆောင်ဝန်းကျင်တွင်ရှိနေသည့် အကာအရံက မျက်စိဖြင့် မြင်နိုင်လောက်အောင် ကျုံ့လာပြီး အချိန်စားသုံးသူကို ဖမ်းဆီးဖို့ ကြိုးစားနေသည်။ သို့သော်လည်း ဝမ်ဝေ့ သို့မဟုတ် တခြားသူများက မပျော်ရွှင်ကြပေ။
ဒါက အလုပ်မဖြစ်ဘူး။ ငါက ဒီစည်းတံဆိပ်ရဲ့ ဟာကွက်ကို လျှော့ချဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ သူက အမြန်အဆန် ရိပ်မိသွားတယ်။ သူ့အင်အားနဲ့ဆိုရင် ဒီအရာကို ဖျက်ဆီးပစ်ဖို့ သိပ်ကြာနေမှာ မဟုတ်ဘူး…
ဧကရာဇ်ခုံက ပြောလိုက်သည်။
ကျုပ်တို့တွေ နောက်တဆင့်ကို လှုပ်ရှားကြတော့မှာလား။ ဒါပေမဲ့ ပိတ်ဆို့ပြီးတဲ့နောက်မှာ ဒါက အလုပ်ဖြစ်ချင်မှဖြစ်မှာ
ဝိဇ္ဇာလင်းချီက ပြောလိုက်သည်။
အားလုံးက တိတ်ဆိတ်သွားကြ၏။ အချိန်စားသုံးသူက စက္ကန့်ပိုင်းလေးအတွင်း ပိုမိုကြမ်းတမ်းလာစဉ် အကာအရံ၏ စည်းတံဆိပ်က ဖြည်းဖြည်းချင်း ပိတ်ဆို့နေဆဲဖြစ်သည့် အရှိန်က အချိန်နှင့်အမျှ လျော့ကျလာသည်။
နည်းနည်းလောက် တောင့်ထားဦး။ ကျုပ်ဆီမှာ အစီအစဉ် ရှိတယ်။
ဝမ်ဝေ့က ပြောလိုက်၏။ သူကအမှန်အတိုင်း ပြောနေသော်လည်း တစ်စိတ်တစ်ပိုင်းသာ မှန်ကန်ပေသည်။ သူက ရလဒ်ကို မှန်းဆထားပြီးသားဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူက အကြောင်းအရင်းနှစ်ခုကြောင့် ချက်ချင်းလှုပ်ရှားခြင်း မရှိပေ။ နောက်တစ်ခုက ဤသည်က အချိန်စားသုံးသူ၏ တိုက်ခိုက်စွမ်းရည်နှင့် ပတ်သက်ပြီး အချက်အလက်များကို စုဆောင်းဖို့အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ဖြစ်၏။ ဒုတိယအနေဖြင့် ဝိဇ္ဇာသန့်စင်မီးတောက်ကို ဆက်လက်စောင့်ကြည့်လိုမိသည်။
သူ့ကဏ္ဍက အမှန်တကယ် အစီအရင်၏ အားနည်းချက်တစ်ခု ဖြစ်နေသော်လည်း ဝမ်ဝေ့က ထိုသူသည် သူ့အလုပ်ကို မှန်မှန်ကန်ကန် မလုပ်ခြင်းဖြင့် သံသယမရှိအောင် စောင့်ကြည့်ချင်မိသည်။ ဝမ်ဝေ့က သူ့ကို ကြည့်နေစဉ် အနည်းငယ် ပုန်ကန်မှုပြလာသည်နှင့် သေသည်အထိ ရိုက်နှက်ဖို့ ပြင်ဆင်ထား၏။
ငါ အတွေးလွန်နေတာများလား…
ဝမ်ဝေ့က မိနစ်ပိုင်းကြာ စောင့်ကြည့်ပြီးသည့်နောက်တွင် သုံးသပ်လိုက်သည်။
ဒီလိုဆိုရင် နောက်တစ်ဆင့်ကို လှုပ်ရှားကြရအောင်…
အချက်ပြမှုတစ်ခုကို စေလွှတ်ပြီးသည့်နောက်တွင် လူသုံးယောက်က ဝိဇ္ဇာသန့်စင်မီးတောက်နောက်တွင် ပေါ်ထွက်လာလေ၏။ ထိုသူက တိုက်ကွက်ကို အဆင်သင့်ပြင်ကာ သူ့ကိုယ်သူ ခုခံဖို့အတွက် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူက လူများသည် ဗုဒ္ဓဘုန်းကြီးများ ဖြစ်ကြောင်း သဘောပေါက်သွားသည့်အခါ စိတ်အေးသွားမိ၏။
“မင်း ရောက်လာတာ တော်သေးတာပေါ့” ဝမ်ဝေ့က ဦးဆောင်လာသည့် ဘုန်းကြီးအားပြောလိုက်သည်။
“ဒကာကြီး ဒီကိုယ်တော်က ကူညီပေးရတာကိုပဲ ဝမ်းသာလှပါပြီ။ ဘာပဲဖြစ်ဖြစ် ဒကာကြီးက ကျုပ်တို့ရဲ့ သိက္ခာတော်ရ ဘုန်းကြီးတစ်ပါး ဖြစ်နေတုန်းပဲလေ” ဖုန်းဟွမ်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ။ အခုပြောနေရမဲ့ အချိန်တော့ မဟုတ်သေးဘူး။ လှုပ်ရှားလိုက်ရအောင်”
ဖုန်းဟွမ်က ခေါင်းညိတ်ပြီးသည့်နောက်တွင် သူ့ထိပ်တန်းအဆင့် ကုသိုလ်ရွှေခန္ဓာနှင့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံဆင့် ထုတ်ဖော်လာသည်။ ယခင်ယွမ်ခေတ်ကာလတစ်သောင်းအတွင်း ဖုန်းဟွမ်က ဒိုင်မေးရှင်းအနိမ့်မှ သူ စုဆောင်ထားသမျှနှင့် ဗုဒ္ဓဂိုဏ်း၏ အရင်းအမြစ်နှင့် သူ့ကုသိုလ်နှင့် ကြမ္မာကို သူက မဟာတာအိုအရင်းအမြစ် ၇၂ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်။ သူ ကုသိုလ်ရွှေခန္ဓာကလည်း ဒုတိယအဆင့်ထိ ရောက်ရှိလုနီးပါး ဖြစ်လာ၏။ သူ ဒိုင်မေးရှင်းအနိမ့်တွင် ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းသည့်အတွက် ဆုလာဘ်ကို လက်ခံရရှိသည့်အချိန် သူ့အတွက် ဒုတိယအဆင့်ကို ရောက်ရှိသွားနိုင်သည်။
တခြားသူများကလည်း သူ့နောက်မှ လိုက်ပါလာကြသည်။ သူတို့က ပထမအဆင့် ကုသိုလ်ရွှေခန္ဓာရှိထားကြပြီး ကောင်းကင်ဘုံအဆင့် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားကြသည်။ သူတို့ကမူ ဝမ်ဝေ့နှင့် တူညီစွာ ထိပ်သီးအဆင့် ရှိကြလေ၏။ ထိုသူသုံးယောက်က ဝိဇ္ဇာသန့်စင်မီးတောက်ကို အားဖြည့်ပေးသည့်အခါ စည်းတံဆိပ်၏ ဟာကွက်က ချက်ချင်းဆိုသလို ကာမိသွားကာ အခြေအနေ ပြောင်းလဲလာသည်။
အကာအရံက ချက်ချင်းဆိုသလို ရပ်တန့်သွားပြီး ချက်ချင်းဆိုသလို စတင်ကျုံ့လာကာ အချိန်စားသုံးသူအား လှုပ်ရှားလာဖို့ ဖိအားပေးလာသည်။
သူက စွမ်းအားကုန်သုံးကာ စည်းပိတ်ခြင်းဖြစ်စဉ်ကို ရပ်တန့်ဖို့ ကြိုးစားလိုက်သည်။ သူက ဝမ်ဝေ့ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းဆီကနေ လှုပ်ရှားမှုမျိုးကို မျှော်လင့်ထားခဲ့သင့်တာ”
အချိန်စားသုံးသူက သူသည် ပထမထိပ်တိုက်တွေ့ဆုံမှုအတွင်း ရှုံးနိမ့်သွားသည်ကို ဝန်ခံရပေမည်။ သူက ထိုအရာကို အသိအမှတ်ပြုသော်လည်း ဝန်မခံလိုပေ။ အကြောင်းအရင်းကမူ သူသည် ထိုသူလောက် ဉာဏ်မကောင်း၍ မဟုတ်ပေ။ သူ့ရှုံးနိမ့်မှုက လိုအပ်သည့် အခြေအနေ၊ ရလဒ်ကြောင့် ဖြစ်ပေသည်။ သူက ဝမ်ဝေ့အကြောင်း သူ ထင်ထားသလို များများစားစား သိမထားခဲ့ပေ။ သူက တစ်ဖက်လူ၏ လှုပ်ရှားမှုကို သုံးသပ်ဖို့ အချိန်လုံလုံလောက်လောက် မရှိပေ။
ဝမ်ဝေ့က သူ့ကို အာရုံမစိုက်ဘဲ စည်းပိတ်ခြင်း ဖြစ်စဉ်ကိုသာ အာရုံစိုက်ထားလိုက်သည်။ အချိန်စားသုံးသူက ဧကရာဇ်ခုံဘက် လှည့်ကာ ပြောလိုက်သည်။
“ခင်ဗျား ဒါ လုပ်ချင်တာ သေချာရဲ့လား။ ဝမ်ဝေ့က နောက်ခံအနေနဲ့ တာအိုအခွင့်အလမ်းဂိုဏ်းရှိပေမဲ့ ခင်ဗျား တစ်ချက်မှားတာနဲ့ အားလုံး ဆုံးရှုံးသွားရမှာ”
ဧကရာဇ်ခုံက တိတ်ဆိတ်နေလေ၏။ အချိန်စားသုံးသူက အမှန်အတိုင်း ပြောနေခြင်းဖြစ်ပေသည်။ သို့သော်လည်း ဤသည်က သူ့အနေဖြင့် လက်လျှော့ဖို့ရာ မလုံလောက်သေးပေ။ အမှားဆိုသည်မှာ သူ့ရန်သူဖြစ်ခြင်းထက် အချိန်စားသုံးသူဘက်တွင် ရှိနေခြင်းမှသာ များပြားလာနိုင်သည်။ အခြေအနေက မျှော်လင့်ချက် ကင်းမဲ့ဟန်ထင်ရသော်လည်း ဧကရာဇ်ခုံ သူ့အနာဂတ်က ကောင်းကင်တာအိုအပေါ် အလောင်းအစား ထပ်ခြင်းကသာ အာမခံချက် ရှိကြောင်း သိထားလေ၏။ အကယ်၍ အန္တိမသဟဇာတက အနိုင်ရရှိသွားလျှင် မည်သို့သော အနာဂတ်မျိုးက စောင့်ဆိုင်းနေသည်ကို မကြည့်ချင်တော့ပေ။
ပြီးတော့ ရှုရှစ်က ပြောခဲ့ဖူးတယ်။ ဝမ်ဝေ့ဘက်မှာ အလောင်းအစားလုပ်တာ ကောင်းတဲ့အရာပဲ…
ဧကရာဇ်ခုံက တွေးတောရင်းဖြင့် သူ့အရှိန်ကို ဆက်လက်မြှင့်တင်လိုက်သည်။
အချိန်စားသုံးသူက ဝိဇ္ဇာလင်းချီဘက်ကို လှည့်လိုက်သော်လည်း ဘာမှမပြောတော့ပေ။ ထို့နောက် သူက ဘုန်းကြီးများကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် ဝိဇ္ဇာသန့်စင်မီးတောက်ကို အာရုံစိုက်လိုက်၏။
“မင်းက ဒီအဖွဲ့ထဲမှာ မပါဘူးမလား။ ဒီလူတွေက မင်းကို အကျိုးအမြတ်တချို့နဲ့ ဆွဲဆောင်နေတာပဲ ဖြစ်ရမယ်။ ကုသိုလ်လား။ ငါ ထင်တာမှန်နေတဲ့ပုံပဲ။ ဒါပေမဲ့ သူ့အခြေအနေမှာ ကုသိုလ်စနစ်က ပျက်ယွင်းနေပြီ။ ဘာမှမဟုတ်တဲ့အရာအတွက် ဒီလောက်ကြီး ကြိုးစားနေတာ ဘာများအကျိုးရှိမှာလဲ။”
တခြားသူများကဲ့သို့ သန့်စင်မီးတောက်ကလည်း တိတ်ဆိတ်သွားသည်။ သို့သော်လည်း သူသည် မတပ်မက်ခြင်းလား သို့မဟုတ် လှုပ်ရှားလိုက်လျှင် သူ့နောက်တွင်ရှိသည့် ဘုန်းကြီးများက သူ့ကို တစ်ချက်တည်းဖြင့် သုတ်သင်ပစ်မည်ကို ကြောက်ရွံ့နေခြင်းကြောင့် မည်သူကမှ မသိပေ။
အချိန်စားသုံးသူက သန့်စင်မီးတောက်ကို ကြည့်ပြီးသည့်နောက်တွင် တခြားသူများကို ကြည့်လိုက်သည်။ ထို့နောက် သူက အပြင်ဘက်ကို ကြည့်လိုက်၏။
ထင်ထားတဲ့အတိုင်း အဲဒီလူတွေကို အားကိုးလို့မရဘူး…
သူက ဘေးပတ်လည်ကို ကြည့်ကာ အခြေအနေကို သုံးသပ်လိုက်သည်။
ဒီအခြေအနေမျိုးမှာ ဒီအရာက ငါ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုလား…
သူက ဝှက်ဖဲတစ်ခုကို စောစောစီစီး ထုတ်မပြလိုပေ။ သို့သော် သူက သူ့အနေဖြင့် ရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်၏။