← Chapters

ကောင်းမွန်သော တုံ့ပြန်မှုနှင့် ခြေလှမ်း နှစ်လှမ်း ရှေ့ကြိုရောက်နေခြင်း

Vol. 96 Ch. 1342

ကောင်းမွန်သော တုံ့ပြန်မှုနှင့် ခြေလှမ်း နှစ်လှမ်း ရှေ့ကြိုရောက်နေခြင်း

Vol. 96 Ch. 1342

အချိန်စားသုံးသူက လက်ကိုဝှေ့ကာ အချိန်မြစ်ကြောင်း၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်သည်။ သူက ထိုအရာကို ကြားခံနယ်အဖြစ် အသုံးပြုကာ ကြောက်မက်ဖွယ် ယာယီမုန်တိုင်းတစ်ခုကို ထုတ်လွှတ်လာပြီး စည်းတံဆိပ်ကို ပိတ်ဆို့ဖို့ သို့မဟုတ် ရပ်တန့်ဖို့ ခိုင်းစေလိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် သူ့အားစိုက်ထုတ်မှုများက အသုံးမဝင်ခဲ့ပေ။

ဝမ်ဝေ့က ထိုသူ့တာအိုသည် အချိန်တာအိုမှန်း သိထားပြီးသားဖြစ်သည့်အတွက်  ဖြစ်နိုင်ချေအမျိုးမျိုးကို မည်သို့မပြင်ဆင်ထားပဲ နေမည်နည်း။

ဘာမှတုံ့ဆိုင်းနေဖို့ မလိုဘူး…

အချိန်စားသုံးသူက သူ့ကိုယ်သူ သတိပေးပြီးသည့်နောက်တွင် စည်းတံဆိပ်ကို ကြည့်လိုက်သည်။

သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ကြီးမားလာလေ၏။ သူက အကာအရံထဲ ပြည့်နှက်လာဖို့ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ဆက်လက်ကြီးမားနေမှုအား မရပ်တန့်သွားပေ။ လက်ရှိတွင် အားလုံးက အကာအရံငယ်လေးမှာ အံ့မခန်းအလျင်နှုန်းဖြင့် ကျယ်ပြန့်လာသည်ကိုသာ ကြည့်နေကြသည်။

စက္ကန့်ပိုင်းလေးအတွင်း ထိုအရာက အချိန်စားသုံးသူ နန်းဆောင်၏ အရွယ်အစားလောက် ရောက်ရှိလာလေသည်။ သိပ်မကြာခင် အချိန်စားသုံးသူ၏ ပိုင်နက်ရှိ အလယ်ပိုင်းအချိန်နယ်မြေအများစုထိ ပျံ့နှံ့သွားလေသည်။

“သူ့ကို တား” ဝမ်ဝေ့က အော်ပြောလိုက်သည်။

အားလုံးက အချိန်စားသုံးသူ ပြောင်းလဲသွားသည့် မကောင်းဆိုးဝါးကြောင့် အံ့အားသင့်ကာ အာရုံထွေပြားသွားကြသည်။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က သူတို့ကို သတိပေးလိုက်သည့်အတွက် အလျင်အမြန် စည်းတံဆိပ်ကို အားဖြည့်ပြီး ဆက်လက်ကျယ်ပြန့်နေမှုမှ တားဆီးလိုက်ကြသည်။ သို့သော်လည်း သူတို့၏ ခုခံမှုက မြောက်များသော်လည်း စည်းတံဆိပ် ကျယ်ပြန့်နေမှုအား ရပ်တန့်နိုင်ရုံမျှသာ ဖြစ်၏။

“အဲဒါက ဘာကြီးလဲ” ဝိဇ္ဇာသန့်စင်မီးတောက်က ကြယ်တာရာများ၊ ကြယ်စင်စုများနှင့် အချိန်များမှ ဖွဲ့စည်းထားဟန်ပေါ်သည့် ဧရာမခန္ဓာကိုယ်ကြီးကိုကြည့်ကာ မေးလိုက်သည်။ သို့သော်လည်း မည်သူကမှ ပြန်မဖြေကြပေ။ အကြောင်းအရင်းကမူ သူတို့ကလည်း မသိကြပေ။

“အဲဒါက အချိန်သားရဲပဲ” ဝမ်ဝေ့က ပြောလိုက်စဉ် အားလုံးက သူ့ကို ကြည့်လာကြသည်။

“ထူးကဲတဲ့ ပတ်ဝန်းကျင်မျိုးမှ မွေးဖွားလာတဲ့ အားကောင်းတဲ့ သက်ရှိပေါ့” သူက ရှင်းပြလိုက်သည်။

“နမူနာနဲ့ဆိုရင် လေဟာနယ်သားရဲတွေက ကမ္ဘာအပြင်ဘက်က အာကာပြင်မှာ မွေးဖွားလာတယ်။ အရင်းအမြစ်ချီသားရဲတွေက အရင်းအမြစ်ချီထဲမှာ မွေးဖွားလာကြတယ်။ အချိန်သားရဲတွေကတော့ အချိန်မြစ်ကြောင်းထဲမှာ မွေးဖွားလာကြတာပေါ့။ ဒါပေမဲ့ သူတို့တွေက ရှားပါးပြီးတော့ သူတို့မွေးဖွားမှုအတွက် လိုအပ်ချက်တွေက အကျိုးအကြောင်းမသင့်လောက်အောင် ပြင်းထန်လွန်းတယ်”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

“အဲဒါဆိုတော့ သူတို့က အချိန်သားရဲရဲ့ သွေးမျိုးဆက် ရှိနေတာလား” ဧကရာဇ်ခုံက မေးလိုက်သည်။

“အဲဒါက ပြဿနာပဲ။ သူက လူသားဖြစ်သင့်တာ။ အဲ့လိုသွေးမျိုးဆက်မျိုး ရထားတယ်ဆိုတဲ့ မှတ်တမ်းမျိုး မရှိဘူး” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။

“အဲဒါဆိုရင် သူက ရယူထားနိုင်တာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက ကောင်းကောင်း ဖုံးကွယ်ထားနိုင်တယ်ဆိုတော့ စိတ်က ဘယ်လောက်တောင် လှည့်စားနိုင်လဲဆိုတာ ပြသနေတာပဲ” ဧကရာဇ်ခုံက သုံးသပ်လိုက်သည်။

“မဟုတ်သေးဘူး။ ဒါက သွေးမျိုးဆက် ရယူထားတဲ့ လူသားတစ်ယောက် မဟုတ်ဘူး။ သူက အချိန်သားရဲပဲ” ဖုန်းဟွမ်က ရုတ်တရက် ပြောလိုက်သည်။ အားလုံးက သူ့အား ရုတ်တရက် ကြည့်လိုက်သည်။ သူ့နဖူးအထက်မှ ရွှေရောင်မျက်လုံးကို မြင်တွေ့လိုက်ရသည်။

“ဘာတွေပြောနေတာလဲ”

“တကယ်လို့ ဒီကိုယ်တော် မှန်းဆတာသာမှန်မယ်ဆိုရင် အဲဒီသူက သူ့လူသားခန္ဓာကိုယ်ကို စွန့်ပစ်ပြီးတော့ အချိန်သားရဲရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ပြီ။ အရင်က ကောင်းမွန်စွာ ဖန်တီးထားတဲ့ ရုပ်သေးရုပ်တစ်ခုသာသာပဲ” ဖုန်းဟွမ်က ရှင်းပြလိုက်သည်။

“သူ ပြောတာ မှန်တာပဲ။ သူနဲ့ ပတ်သက်ပြီး လူသားအနေနဲ့ ရှိတဲ့အရာက သူ့ဝိညာဉ်ပဲ။ ဒါပေမဲ့ အချိန်သားရဲရဲ့ ဂုဏ်သတ္တိတချို့လည်း ရှိနေပြီ။ ပိုပြီးဖြစ်နိုင်တာက သူက အဲဒါကို ဝါးမျိုခဲ့တဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

အချိန်စားသုံးသူ၏ ခန္ဓာကိုယ်က အချိန်သားရဲဖြစ်ကြောင်း သိလိုက်ရခြင်းက ကောင်းမွန်သော ထုတ်ဖော်မှုတစ်ခု ဖြစ်ပေသည်။ ဝမ်ဝေ့က ထိုသတင်းအချက်အလက်ကို မသိဘဲ ထိုသူ၏ ကျရှုံးမှုကို စီစဉ်ဖို့ ကြိုးစားပါက ထိခိုက်သွားနိုင်ချေရှိကြောင်း သိလိုက်သည်။

“ကျုပ်တို့တွေက ပြိုင်ဘက်အကြောင်း ပိုပြီးသိလာတာ ကောင်းတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ မဖြစ်ဘူး” ဧကရာဇ်ခုံက ပြောလိုက်သည်။

“ခုံပြောတာ ဟုတ်တယ်။ နောက်တစ်ဆင့် လုပ်လိုက်ကြရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။ ဤသည်က အချိန်စားသုံးသူကို အစစ်အမှန် ပိတ်ဆို့ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

“တကယ်လို့ အဲဒါက အလုပ် မဖြစ်ရင်ရော” သန့်စင်မီးတောက်က ရုတ်တရက် ကောက်မေးလိုက်သည်။

“တတိယအစီအစဉ်ကို သုံးမယ်”

“အဲဒါက ဘာလဲ” သူက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ သူက ဒုတိယအရန်အစီအစဉ်သာ သိလေ၏။

“ကျုပ်တို့ လုပ်တဲ့အခါမှာ သိပါလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

ဧကရာဇ်ခုံက တစ်စုံတစ်ခုကို မတွေးမိခင် မျက်မှောင်ကြုတ်လိုက်၏။

“သိပြီ”

သူ့မျက်ဝန်းအထက် ရက်စက်မှုတချို့ ဖြတ်ပြေးသွားလေ၏။

ဒီလိုမျိုး ကြီးမားတဲ့ အခက်အခဲမျိုး ကြုံတွေ့ရတဲ့အချိန်မျိုးမှာ စတေးမှုမျိုးဆိုတာက လိုအပ်တာပဲ” ဝိဇ္ဇာလင်းချီက ခေါင်းညိတ်လိုက်သည်။ ဝမ်ဝေ့က ထိုလူအိုကြီးကို ကြည့်ပြီး ထိုသူသည် ထက်မြက်ကြောင်း မစဉ်းစားဘဲ မနေနိုင်တော့ပေ။

သို့သော်လည်း ဤသည်က အဓိပ္ပာယ်ရှိ၏။ ဝိဇ္ဇာလင်းချီ၏ အပြုအမူက လူများစွာကို ရန်စခဲ့ပြီးသား ဖြစ်သည်။ သူက သူ့ကုသိုလ်ရွှေခန္ဓာဖြင့် လူတချို့ကသာ သူ့ကို လွှတ်ထားလိမ့်မည်။ သူ့ကို မသတ်နိုင်လျှင်ပင် စည်းပိတ်နိုင်သေး၏။

 သို့သော်လည်း ထိုလူကြီးက အသက်ရှင်လျက်ရှိသေးပြီး သူ့လုပ်လက်စများကို ဆက်လက်လုပ်ဆောင်ထားသည့်အတွက် မရိုးရှင်းကြောင်း ပြသနေလေသည်။

“စလိုက်ကြရအောင်” ဝမ်ဝေ့က ပြောလိုက်စဉ် အားလုံးက စကားလုံးတချို့ကို ရေရွတ်လိုက်ကြသည်။

“ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေပါတယ်။ ကြမ္မာက ခိုးယူခံရပြီးတော့ ဟန့်တားခံရတဲ့ ကမ္ဘာကြီးက လွတ်လပ်မှုကို လိုအပ်နေတယ်။ ဒီကျူးကျော်သူတွေကို မဖြေရှင်းခင်အထိ ရယူနိုင်မှာမဟုတ်ပါဘူး။ ဝိဇ္ဇာနာမည်နဲ့ ကျုပ် ဝမ်ဝေ့ (နာမည်) က မိုးမြေဆီ မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးဖို့ ဒီဆိုးယုတ်သူကို ပိတ်ဆို့ပါမယ်”

မိုးမြေကြားတွင် ရာထူး သို့မဟုတ် ဂုဏ်ပုဒ်များစွာ ရှိလေသည်။ ထိုအရာက လုပ်ပိုင်ခွင့်များလည်း ရှိလေ၏။ နမူနာအနေဖြင့် မြေကမ္ဘာဧကရာဇ်က မြေအောက်လောကကို ဝင်ရောက်ပြီး ယမမင်းနှင့် တွေ့ဆုံနိုင်ဖို့ ခွင့်တောင်းနိုင်သည်။ ဝိဇ္ဇာရာထူးကမူ လုပ်ပိုင်ခွင့်တချို့ ရှိထားလေ၏။ အဓိကအားဖြင့် ကမ္ဘာကို ကာကွယ်ဖို့ သို့မဟုတ် ပိုမိုကောင်းမွန်သည့် အနေအထားသို့ လမ်းညွှန်ပေးဖို့ရာတွင် ဖြစ်သည်။ ထိုလူခုနစ်ယောက်က ထိုလုပ်ပိုင်ခွင့်ကို အသက်သွင်းပြီး အချိန်စားသုံးသူကို ပိတ်ဆို့ခဲ့ခြင်း ဖြစ်၏။

 ဤသို့သော ချဉ်းကပ်မှုမျိုးက ယခင်နာရီပိုင်းခန့်ကဆိုလျှင် လွယ်ကူကာ မြန်ဆန်လိမ့်မည်။ သို့သော် ကောင်းကင်သော့ခလောက်အပြီးတွင် သူတို့၏ လုပ်ပိုင်ခွင့်က မိုးမြေဆီမှ ချီးမြှင့်ခံရသည့် စွမ်းအား သို့မဟုတ် ကောင်းကင်တာအိုဆီမှ ဖြစ်နေ၍  ပြဿနာက သူတို့သည် ထိုစွမ်းအားကို အသက်သွင်းနိုင်မလား မသေချာတော့ပေ။

ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ပြီး အခိုက်အတန့်ကို စောင့်ဆိုင်းနေလေ၏။ တခြားသောသူများက ချက်ချင်းဆိုသလို စိုးရိမ်လာကြသည်။ သို့သော် သူနှင့် ဧကရာဇ်ခုံတို့က သူတို့၏ စံပြဝိညာဉ်အဆင့်ထိ ကျင့်ကြံပြီးသားဖြစ်သည့်အတွက် မိုးမြေဆီမှ လှုပ်ရှားဖို့ ကြိုးစားနေသည့် အင်အားတစ်ခုကို ခံစားမိလိုက်သည်။

သို့သော်လည်း တစ်စုံတစ်ခုက ဝင်ရောက်စွက်ဖက်နေဟန်ပေါ်၏။

ကံကောင်းစွာဖြင့် ကောင်းကင်မှ ရွှေရောင်အလင်းတန်း ဆင်းသက်လာကာ အကာအရံဝန်းကျင်တွင် ရွှေရောင်သံကြိုးများအဖြစ်  ပြောင်းလဲလာခဲ့သည်။

စည်းတံဆိပ်က ပြီးမြောက်သွားသော်လည်း ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ စည်းတံဆိပ်က ကျုံ့သွားခြင်းမရှိဘဲ အချိန်စားသုံးသူ၏ ဧရာမခန္ဓာကိုယ်ကြီး၏ အရွယ်အစားအတိုင်း ကျန်ရှိနေသည်။ ကွဲပြားချက်က တခြားသူများထံ မသိသာသော်လည်း သူကမူ ကွဲပြားချက်ကို သိလေ၏။ စည်းတံဆိပ်အသစ်က အချိန်စားသုံးသူမကဘဲ အလယ်ပိုင်းအချိန်နယ်မြေအထိ ပါဝင်နေသည့်အတွက် ထိုသူက နယ်မြေတစ်ခုလုံးစာအတွက် အရင်းအမြစ်နှင့် လူအင်အားကို ရယူနိုင်လိမ့်မည်။ ဆိုလိုသည်မှာ သူက ကျင့်ကြံနိုင်သေးပြီး လွတ်မြောက်ဖို့ရာအတွက် စီစဉ်နိုင်လေ၏။

သူက တိုက်ရိုက်ဝင်ရောက်စွက်ဖက်နိုင်မှာ မဟုတ်ဘူးဆိုပေမဲ့ သူ့စွမ်းအားက ဆက်လက် တိုးပွားနိုင်သေးတယ်။ သူက ဒီနောက်ကွယ်ကနေပြီးတော့ လွတ်မြောက်မဲ့ နည်းလမ်းကိုတောင် ရှာဖွေနိုင်လောက်တယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ အခြေအနေက သူသည် ထိပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲကို အနိုင်ရသည်ဟု ဆိုရသော်လည်း တကယ့်တိုက်ပွဲကြီးကိုမူ မဟုတ်သေးပေ။ ထိုလုပ်ရည်ကိုင်ရည်ရှိသည့် စံပြများဖြင့် ရင်ဆိုင်ဖို့ရာ မရိုးရှင်းပေ။ သို့သော်လည်း ဝမ်ဝေ့ကမူ တတိယမြောက်အစီအစဉ် အသုံးပြုဖို့ မလိုသည့်အတွက် ဝမ်းသာနေမိသည်။

ခင်ဗျားက ကျုပ်ရဲ့ လှုပ်ရှားမှုတွေအတိုင်း ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့တာပဲ။ ဒါပေမဲ့ ကျုပ်က ခြေလှမ်းတချို့ ရှေ့ရောက်နေသေးတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့ကြမ္မာကို စုစည်းပြီး လှံတစ်ချောင်း ဖွဲ့စည်းလိုက်သည်။

“ရောင်းရင်းတို့  စိတ်မရှိဘူးဆိုရင် ကျုပ် ခင်ဗျားတို့ရဲ့ ကြမ္မာကို ငှားလို့ရမလား”

အားလုံးက သူ့ကို ကြည့်လိုက်ကြသည်။ သူတို့က ဝေခွဲရခက်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ဧကရာဇ်ခုံက သူ စုဆောင်းထားသည့် သတင်းအချက်အလက်များကို အမှတ်ရသွားပြီး ကြမ္မာကို လှံထဲ ထည့်ပေါင်းဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ ဝိဇ္ဇာလင်းချီက စိတ်ရှုပ်ထွေးနေသော်လည်း ဧကရာဇ်ခုံ၏ အပြုအမူအတိုင်း လိုက်လံလုပ်ဆောင်လိုက်သည်။

ဖုန်းဟွမ်က ဘာမှမပြောဘဲ သူ့ကြမ္မာကို ငှားရမ်းလိုက်၏။

သူ့နောက်မှ လိုက်ပါလာသည့် ဘုန်းကြီးများကလည်း သူ့အတိုင်း လုပ်ဆောင်လိုက်သည်။  ဒိုင်မေးရှင်းအနိမ့်အတွင်း ကုသိုလ်များကို ရယူပြီးသည့်နောက်တွင် ဖုန်းဟွမ်က ဗုဒ္ဓဘာသာထဲ အဆင့်အတန်းမြင့်မားလာကာ အားလုံးက မာတာမေတ္တယျ၏ နောက်တပည့်ဖြစ်နိုင်ကြောင်း သိထားကြသည်။

ဝိဇ္ဇာသန့်စင်မီးတောက်ကမူ တုံ့ဆိုင်းနေသည့် နောက်ဆုံးသူ ဖြစ်၏။ သူက အားလုံးလုပ်ဆောင်တာ မြင်ပြီးသည့်နောက်တွင် ငြင်းဆန်သည်က သိပ်မကောင်းကြောင်း တွေးလိုက်မိသည်။ ထို့အပြင် ဝိဇ္ဇာဝမ်ဝေ့က သူ့ကို သတိကြီးကြီးထားနေကြောင်း ခံစားမိလေ၏။ သူ့အလိုလိုသိစိတ်က သူသာ ငြင်းဆန်ပါက ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်လျှင်ပင် ကြာကြာအသက်ရှင်နိုင်မည် မဟုတ်ကြောင်း ပြောပြနေလေ၏။

ဝမ်ဝေ့က ကံကြမ္မာလှံကို တည်ငြိမ်စွာ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီးသည့်နောက်တွင် ကျန်တစ်ဖက်မှ ကံကောင်းမှုတာအိုမန္တန်ကို အသုံးပြုလာသည်။ ထို့နောက် မိုးမြေကြား အော်သံတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် အချိန်စားသုံးသူ၏ ပိုင်နက်ကို လွှမ်းခြုံထားသည့် နဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။ ထိုနဂါးကြီးက အချိန်နယ်မြေကို လွှမ်းခြုံနိုင်ရုံသာမကဘဲ တခြားသောနေရာ၊ ကမ္ဘာ၊ စကြဝဠာ၊ ဒိုင်မေးရှင်းအားလုံးကို လွှမ်းခြုံထားလေသည်။

“ဝမ်ဝေ့ ကောင်စုတ်” အချိန်စားသုံးသူက အော်ပြောလိုက်သည်။ သူက ဘာဖြစ်တော့မည်မှန်း ကောင်းကောင်းသိလိုက်၏။ ထင်ထားသည့်အတိုင်း ဝမ်ဝေ့က အချိန်စားသုံးသူ၏ ချီကံကောင်းမှုနဂါးကို ဖျက်ဆီးဖို့ ကြိုးစားလိုက်သည်။  ဝမ်ဝေ့က ဝူယွီကို လုပ်ခဲ့သလိုမျိုး ဖြစ်၏။

ငါ ဒီလိုလုပ်ခွင့်ပေးလို့ မဖြစ်ဘူး…

အချိန်စားသုံးသူက တွေးလိုက်သည်။ သာမန်အခြေအနေမျိုး၌ သူက ထိုကံကောင်းမှုကို သိပ်ဂရုစိုက်မည် မဟုတ်ပေ။ သူက စည်းပိတ်ခံထားရသည့်အခါ ကွဲပြားသည့် ကိစ္စတစ်ခု ဖြစ်သွားလေသည်။ သူက ကြာကြာခံနိုင်မည် မဟုတ်ကြောင်း သိလိုက်၏။ ထိုလှံတံက ချီကံကောင်းမှုနဂါးကို ဖျက်ဆီးနိုင်သည့် ဂုဏ်သတ္တိဖြင့် ဖန်တီးထားခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုအရာက ဝိဇ္ဇာများဆီမှ အစပြုလာသည့် စွမ်းအားမှ ဖန်တီးထားခြင်း ဖြစ်၏။

အချိန်စားသုံးသူက သူ့ကိုယ်ပိုင်နှလုံးသားကို ထုတ်ယူပြီး အချိန်စွမ်းအား ထုတ်လွှတ်နေသည့် သွေးဖြင့် ရေးဆွဲလိုက်သည်။ သူက မှော်စက်ဝန်းတစ်ခု ရေးဆွဲပြီးသည့်နောက်တွင် သွေးကို အလယ်ဗဟို၌ ထားရှိလိုက်၏။

စတေးမှုပညာရပ်

စတေးမှုတာအိုက စကြဝဠာထဲတွင် စွယ်စုံ သုံးလို့ရပြီး အားကောင်းသည့် တာအိုတစ်ခု ဖြစ်ပေသည်။ ထိုကဏ္ဍတွင် လုံလောက်သည့် ဗဟုသုတ သို့မဟုတ် အောင်မြင်မှုမျိုး ရှိနေသရွေ့ သင့်တော်သည့် စတေးမှုမျိုးဖြင့် ဘာမဆို ရရှိနိုင်လေ၏။

အချိန်သားရဲ၏ သွေးက အင်မတန် တန်ဖိုးရှိလှသည်။ အထူးသဖြင့် သူတို့၏ နှလုံးသားမှ သွေးအဆီအနှစ် ဖြစ်၏။ အချိန်စားသုံးသူက စည်းတံဆိပ်ကို စတေးမှုဖြင့် ကျော်ဖြတ်ပြီး ချီကံကောင်းမှုနဂါးကို ယာယီထိန်းချုပ်လိုက်သည်။

All Chapters