အနိုင်နှင့် အရှုံး
Vol. 96 Ch. 1343
အချိန်စားသုံးသူ၏ ထိန်းချုပ်မှုအောက်တွင် နဂါးက လှံ၏ စွမ်းအားကို ခုခံနေသည်။ ထိပ်တိုက်ရင်ဆိုင်မှုတချို့အပြီး လှံက ဖြည်းဖြည်းချင်း ရှုံးနိမ့်သွားတော့မည့်ဟန်ပေါ်သည်။ အားလုံးက ဝမ်ဝေ့ကို ကြည့်ပြီး သူ့အား နောက်ထပ် လှုပ်ရှားဖို့ စောင့်ဆိုင်းနေကြသည်။ မဟုတ်ပါက သူတို့သည် ဖြေရှင်းနည်းကို အတူတကွ စဉ်းစားနိုင်သည်။
ဝမ်ဝေ့က သူတို့အား စိတ်မပျက်စေပေ။ သူက လက်ညှိုးကို မြှောက်ကာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ နေရာအသီးသီးမှ ပြေးထွက်လာပြီး ကံကြိုးမျှင်မြောက်များစွာကို ဖန်တီးလိုက်သည်။ ဧကရာဇ်ခုံက ထိုကြိုးမျှင်များသည် ရှုကျင်းယောင်၏ အခမ်းအနား၌ ရှိနေသည့်သူများဖြစ်ကြောင်း သတိထားမိသူဖြစ်၍ မျက်မှောင်ကြုတ်လိုက်သည်။
ရှေးကတည်းက လူတွေက ကံဆရာသခင်နဲ့ မပတ်သက်ဖို့ သတိပေးခဲ့ကြတာ ဉာဏ်ကြီးလိုက်တာ…
ဧကရာဇ်ခုံက ညည်းတွားလိုက်သည်။ ကံတာအို၌ မြင့်မားသော အောင်မြင်မှုရရှိထားသည့် ကျင့်ကြံသူများက ဖြေရှင်းဖို့ ခက်ခဲလှသည်။ သူတို့ကို တစ်ခါတွေ့ဆုံရုံမျှဖြင့် ထိုသူသည် သူတို့ကြားမှ ကံဆက်နွယ်မှုကို ဖန်တီးနိုင်လိမ့်မည်။ ထိုဆက်နွယ်မှုများမှတဆင့် ဆရာသခင်တစ်ယောက်သည် စောင့်ကြည့်ခြင်း၊ ထိန်းချုပ်ခြင်း၊ ခိုးယူခြင်း အစရှိသည့် အရာများစွာကို လုပ်ဆောင်နိုင်လေ၏။
ဝမ်ဝေ့က ထိုသူများနှင့် အတူတူ ဖြစ်လေသည်။ သူက သူနှင့် ထိုသူကြားမှ ကံဆက်နွယ်မှုများကို ဖွဲ့စည်းလိုက်သည်။ ထိုကြိုးမျှင်များဖြင့် ဝမ်ဝေ့က ရှုကျင်းယောင်၏ ကံကြမ္မာလှံရှိရာ အချိန်မြစ်ကြောင်းပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်သည်။
ထိုပုံရိပ်ယောင်လှံက သူ့ရှေ့၌ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ ထို့ကြောင့် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက လူများစွာသည် ခုခံဖို့ အာရုံခံမိသည်ကို ကြိုးစားသည့်အတွက် သူက အေးစက်စက် သရော်ပြီးသည့်နောက်တွင် သူတို့အား သတိပေးချက်တစ်ခု ပို့ဆောင်လိုက်သည်။ ကမ္ဘာတစ်ဝှမ်းရှိ လူများစွာက ရုတ်ချည်းဆိုသလို သွေးတစ်ပွက် အန်လိုက်ရ၏။
ဝမ်ဝေ့က နှာခေါင်းရှုံ့ပြီးသည့်နောက်တွင် ဆက်လက် လုပ်ဆောင်လိုက်သည်။ အကယ်၍ ထိုသူများက သူတို့၏ နေရာ၌ စံပြအစီအရင်ကို အသက်သွင်းပါက သူတို့က သူ့ကို တားဆီးနိုင်လိမ့်မည်။ သို့သော်လည်း သူ့လက်ရှိစွမ်းအားဖြင့် သူက အလျင်လိုနေခြင်းကြောင့်သာ ထိုသူများသည် သူ သူတို့ဆီမှ ငှားယူနေမှန်း အာရုံခံမိကြမည် မဟုတ်ပေ။
သူက လှံကို တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်၏။ သူ့အတွေးက ထိုသူများ၏ ကြမ္မာကို ငှားယူပြီး ကြမ္မာလှံကို ကောင်းချီးပေးဖို့ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့၏ အလိုလိုသိစိတ်က ထိုအရာသည် ဝင်ရောက်စွက်ဖက်မှု တချို့ရှိလာနိုင်ကြောင်း ပြောပြနေသည်။ ထို့ကြောင့် သူက အချိန်တာအိုနှင့် အချိန်မြစ်ကြောင်းကို အသုံးပြုကာ တူညီသည့် သက်ရောက်မှုမျိုးကို ရယူခဲ့ခြင်း ဖြစ်၏။
သူက လက်ကိုဝှေ့ယမ်းပြီးသည့်နောက်တွင် ပုံရိပ်ယောင်လှံက တကယ့်အစစ်အမှန်နှင့် ပေါင်းစည်းသွားခဲ့သည်။ ချီကံကောင်းမှုနဂါးကလည်း ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ပြည့်နေသော အကြည့်တစ်ခုနောက်တွင် အော်ဟစ်လိုက်၏။ ဝမ်ဝေ့က ဇစ်မြစ်ကို ကြည့်လိုက်သည့်အခါ အချိန်စားသုံးသူ၏ မျက်ဝန်းကို မြင်လိုက်ရသည်။
“ဘာလို့ ထပ်ပြီး မစတေးလဲ” သူက လှောင်ပြောင်လိုက်၏။
“ဒီလိုခန္ဓာကိုယ်ကြီးကြီးနဲ့ဆိုရင်တော့ သွေးက အမြောက်အများ ရှိသင့်တယ်မလား”
အချိန်စားသုံးသူက သူ့အား တိတ်တဆိတ် ကြည့်လိုက်သည်။
သူက ငါ့ကို အားနည်းအောင်လုပ်ရင်း လှည့်စားဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ဒီအတိုင်း ကြုံရာကျပန်းလျှောက်ပြောနေတာလား…
ဝမ်ဝေ့က နောက်ထပ် လှုပ်ရှားစရာ မရှိတော့နိုင်ချေလည်း ရှိလေသည်။ အကယ်၍ သူသာ တန်ကြေးပေးပါက ချီကံကောင်းမှုနဂါးကို ကယ်တင်နိုင်ချေရှိ၏။ သို့သော်လည်း အချိန်စားသုံးသူက ဝန်လေးနေမိသည်။ ပို၍အရေးကြီးသည်က သူသည် ထိုစွန့်စားမှုကို မယူလိုပေ။
ကျစ်…
သူက ကျိန်ဆဲလိုက်၏။
ဒီလောက်ကြာပြီး ဒီလောက်လှုပ်ရှားမှုတွေများနေတာတောင် ဘယ်သူကမှ လာပြီးမကယ်သေးဘူး…
ခေတ္တကြာမြင့်ပြီးသည့်နောက်တွင် အချိန်စားသုံးသူက ဤရှုံးနိမ့်မှုကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် သူက ကိစ္စများသည် မြန်မြန်ဆန်ဆန် ဆုံးရှုံးသွားမည် မဟုတ်ကြောင်း သိနေသည့်အတွက် ဖြစ်၏။ တချို့သောသူများက ဤချီကံကောင်းမှုနဂါးကို သူ့ထက် ပိုမိုကယ်တင်လိုကြသည်။
ဝမ်ဝေ့က သူ့ကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် တိုက်ပွဲကို အာရုံစိုက်လိုက်၏။
တခြားကပ်ပါးတွေက ပေါ်မလာတာက ငါ့ရဲ့ မှန်းဆချက်ထဲက တစ်ခုပဲ။ ဒါပေမဲ့ အန္တိမသဟဇာတက တိုက်ရိုက်လှုပ်ရှားဖို့ အမိန့်ပေးမယ်လို့ ထင်ထားတာ။ မေတ္တယျက ငါ ထင်ထားသလိုမျိုး အသုံးမကျတာတော့ မဟုတ်သေးဘူးပဲ…
ထိုအရာက သူမဆီမှ သူလိုအပ်နေသည့် အနည်းဆုံးပမာဏသာ ဖြစ်၏။ သို့သော်လည်း လက်ရှိဖြစ်ရပ်များအပြီးတွင် ဝမ်ဝေ့၏ စိတ်အနေအထားက သူ့အဖွဲ့သားများဆီမှ အဆိုးရွားဆုံးကို မျှော်လင့်ထားဖို့ ပြောင်းလဲသွားခဲ့သည်။
ဂါး
နဂါးက ဆက်လက်တောင့်ခံမထားတော့ဘဲ ပျောက်ကွယ်သွားသည်။ သို့သော်လည်း ဤသည်က အဆုံးသတ်လား။
ထိုအရာနှင့် အလှမ်းဝေနေသေး၏။ ထို့နောက် ကောင်းကင်မှ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်း ကျဆင်းလာကာ အချိန်စားသုံးသူ၏ ပိုင်နက်အတွင်းမှ ထိုပျောက်ကွယ်သွားသည့် ကံကောင်းမှုများဆီ ဦးတည်လာသည်။
ဝမ်ဝေ့က ထိုမြင်ကွင်းကို မြင်သည့်အခါ နောက်ဖြစ်ပျက်တော့မည့်အရာကို သိလိုက်၏။
ကြည့်ရတာ သူက ပမာဏအနည်းငယ်ကို ကယ်ရုံတင်မကဘဲနဲ့ နဂါးကို နဂိုပုံစံပြန်ပြီး ပြောင်းချင်နေတဲ့ပုံပဲ…
ဝမ်ဝေ့က အဖြူရောင်နှင့် အနက်ရောင်အလင်းတန်းကို ကြည့်ရင်း တွေးလိုက်သည်။
“အော်မိသောဖော” ဖုန်းဟွမ်က ရုတ်တရက် ပြောလိုက်၏။
“အသက်သွင်းကြ”
ဗုဒ္ဓရွတ်ဆိုသံများက မိုးမြေအနှံ့ ပဲ့တင်ထွက်သွားကာ ဗုဒ္ဓရုပ်ပွားတော်များ ကမ္ဘာတစ်ဝှမ်း ပေါ်ထွက်လာပြီး ရွှေရောင်အလင်းတန်း ထုတ်လွှတ်လာသည်။ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်လာသည်။
ဝမ်ဝေ့က အံ့အားသင့်သွားမိ၏။
ငါ သိပြီ…
မေတ္တယျက ကမ္ဘာမှ ပိတ်ဆို့ခံထားရသော်လည်း လွှမ်းမိုးမှုတချို့ ရှိနေသေးဟန်ပေါ်သည်။ သူမက သူမ၏ စွမ်းအားကို ထည့်သွင်းဖို့ ကြားခံနယ်တစ်ခု အသုံးပြုနိုင်လေ၏။
ထိုအရာက ဝမ်ဝေ့အတွက် သတင်းကောင်း ဖြစ်ပေသည်။
ထိုအထွတ်အထိပ်ပုဂ္ဂိုလ်ကြားမှ ရင်ဆိုင်မှုက မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့လေသည်။
မေတ္တယျက အနိုင်ရရှိသွားလေ၏။ အန္တိမသဟဇာတက ချီကံကောင်းမှုနဂါးကို ကယ်တင်ရာ၌ မအောင်မြင်ခဲ့ပေ။ သို့မဟုတ် ထိုသို့အားလုံးက တွေးထင်ခဲ့ခြင်းသာ ဖြစ်၏။
အားလုံးက အောင်ပွဲမခံနိုင်ခင် ချီကံကောင်းမှုနဂါး ၅ကောင်က အရွယ်အစားမျိုးစုံဖြင့် မိုးမြေကြား၌ ပေါ်ထွက်လာပြီး သူတို့ပါးစပ်မှ ရောင်စုံအလင်းတန်းများ ထုတ်လွှတ်ကာ နဂါးအသစ်တစ်ကောင်ကို ဖွဲ့စည်းလာလေသည်။
ဤအသစ် ဖွဲ့စည်းလာသည့် ချီကံကောင်းမှုနဂါးက အသေးဆုံး ဖြစ်၏။ ထိုအရာက ဝူယွီ၏ ကံကောင်းမှုနဂါးထက်ပင် ပိုမိုသေးငယ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက ဖွဲ့စည်းနိုင်ခဲ့သည်။
“ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ထွက်သွားကြရအောင်။ ဒီနေရာက အန္တရာယ်မကင်းတော့ဘူး” သူက သူ့ပင်မရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သည့်အတွက် တခြားသော ဆုံးရှုံးမှုများအတွက်မူ သူတို့က ယခုလက်ခံနိုင်လေသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုနဂါး၅ကောင်အား တစ်ချက်ကြည့်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေသည်။
အားလုံးက သူတို့သတ်မှတ်ထားသည့် လျှို့ဝှက်နေရာသို့ ရောက်ရှိလာလေ၏။ သူတို့ရောက်ရှိလာလျှင် ဝိဇ္ဇာသန့်စင်မီးတောက်က နှုတ်ဆက်စကားဆိုကာ ထွက်ခွာသွားခဲ့သည်။ ဝမ်ဝေ့က သူ့အား အလေးအနက် ကျေးဇူးတင်ခဲ့လေ၏။ သို့သော် သူ့အား စောင့်ကြည့်ဖို့ စီစဉ်ထားခဲ့သည်။ သူ ထွက်သွားပြီးသည့်နောက်တွင် မည်သူကမှ ဝိဇ္ဇာသန့်စင်မီးတောက်၏ ထူးဆန်းသည့် အပြုအမူများအကြောင်း မပြောကြတော့ပေ။
ထိုအစား ဝမ်ဝေ့က ဖုန်းဟွမ်နှင့် ဝိဇ္ဇာလင်းချီတို့ဖြင့် စကားဝိုင်းစလိုက်သည်။ သူက ဝိဇ္ဇာလင်းချီအား သေမျိုးလူမှုအဖွဲ့အစည်းနှင့် အနုပညာတာအိုအကြောင်း မိတ်ဆက်ပေးခဲ့ပြီး ထိုသဘောတရားများကို ဖြန့်ဝေဖို့ အတူတကွ လုပ်ဆောင်ဖို့ ညွှန်းဆိုခဲ့သည်။
“ဒါက တကယ်ကို ကောင်းမွန်တဲ့ အတွေးအခေါ်ပဲ” ဝိဇ္ဇာလင်းချီက ပြောလိုက်ပြီး စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ နှစ်များစွာအထိ သူသည် သေမျိုးများသည် မည်မျှအားနည်းကြောင်း ညည်းတွားခဲ့ပြီး သူတို့၏ ဘဝကို တိုးတက်ဖို့ နည်းလမ်းများစွာကို ရှာတွေ့ခဲ့သည်။ သို့သော်လည်း သူတို့၏ စွမ်းအားကို တိုးမြှင့်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။
“ဒီကိုယ်တော်ကလည်း ဒီသဘောတရားတွေကို အမြဲတမ်း ဖြန့်ဝေချင်ခဲ့တာပါ။ ဒါပေမဲ့ ဒကာကြီးရဲ့ ခွင့်ပြုချက်ကို စောင့်နေခဲ့တာပါ” ဝမ်ဝေ့က ပြောလိုက်သည်။ ဗုဒ္ဓဘာသာပိုင်နက်က ကမ္ဘာတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး သေမျိုးလူဦးရေက အမြောက်အများ ဖြစ်ပေသည်။ ဖုန်းဟွမ်က ထိုသဘောတရားများကို ရရှိခြင်းအတွက် ကုသိုလ် ရရှိနိုင်ကြောင်း သိထားသော်လည်း သူက ဝမ်ဝေ့ ထုတ်မပြောခင်အထိ တလေးတစား စောင့်ဆိုင်းခဲ့သည်။
“ကောင်းပြီ။ တကယ်လို့ ကျုပ်ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် သေမျိုးတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ နည်းလမ်း လိုအပ်လာလိမ့်မယ်။ ဒါက ကုသိုလ်တောင် မပါသေးဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်တို့တွေက ကုသိုလ် ရနိုင်မှာလား” ဧကရာဇ်ခုံက မေးလိုက်သည်။
“သိပ်တော့မသေချာဘူး။ ဒါပေမဲ့ မရဘူးဆိုရင်တောင် တိုက်ပွဲထဲမှာ အနိုင်ရရှိသူဖြစ်လာတဲ့အထိ စောင့်ဆိုင်းလို့ရတာပဲ။ နှောင့်နှေးသွားရုံပဲ။ အဲဒီအခါကျရင် ကောင်းကင်တာအိုက ကျုပ်တို့ရဲ့ သစ္စာရှိမှုနဲ့ အားစိုက်ထုတ်မှုကို ဆယ်ဆ ဆုချီးမြှင့်လာနိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
အားလုံးက အနိုင်ရရှိခြင်းအတွက် အကျိုးကျေးဇူးကို အားထားနေရကြောင်း ဖမ်းဆုပ်မိသော်လည်း မည်သူကမှ မပြောကြပေ။ သူတို့က ရွေးချယ်ဖို့ ပြုလုပ်ထားပြီးသားဖြစ်သည့်အတွက် အလွယ်တကူ ဘက်ပြောင်းမည် မဟုတ်ပေ။
“ကျောင်းတော်ရော ပါနိုင်သေးလား” ဧကရာဇ်ခုံက မေးလိုက်သည်။
“နည်းလမ်းရှိလို့လား” ဝမ်ဝေ့က ပြန်မေးလိုက်သည့်အခါ ဧကရာဇ်ခုံက မလုံမလဲ ပြုံးလိုက်သည်။ သူတို့၏ ကျောင်းတော်က ယခုအခါ ကပ်ပါးများ၏ ရန်သူဖြစ်သွားသည့်အတွက် ပုန်းအောင်းရမည့်အချိန် ကျရောက်လာလေပြီ။ ထိုဖြစ်စဉ်အတွက် သူတို့က အဖွဲ့ခွဲအများစုကို စွန့်ပယ်ရမည်ဖြစ်သည့်အတွက် သူတို့၏ ပိုင်နက်ကို ဆိုထားဖွယ် မရှိတော့ပေ။
“ဘာမှစိတ်ဓာတ်ကျနေဖို့ မလိုပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ ခုံက ထိုရလဒ်က ပြင်ဆင်ထားပြီးသားဖြစ်သည့်အတွက် ညည်းတွားနေ၍ အကျိုးမရှိပေ။ သူက ထိုကပ်ပါးများနှင့် လက်တွဲကာ ကျောင်းတော်၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ဖို့ ရွေးချယ်လိုက်ကတည်းက ဖြစ်ရပ်က သူက ထိုသူများ၏ နောက်လိုက်ခွေး မဖြစ်လိုသရွေ့ ဖြစ်ပျက်လာသည့်အရာများ ဖြစ်၏။
“ကျုပ်တို့တွေ ပွဲတစ်ခုရှိသေးတယ်။ အဲဒါက သွေးနဂါးရဲ့ ပိုင်နက်လောက် မကောင်းဘူးဆိုပေမဲ့ ကျုပ်တို့ သုံးယောက် ပိုင်းခြားဖို့အတွက်တော့ အများကြီးပါပဲ”
ဗုဒ္ဓဘာသာက ထိုအရာကို မလိုသည့်အတွက် သူတို့က မပါကြပေ။
ဝမ်ဝေ့က ထိုသူနှစ်ဦးနှင့် သဘောတရားကို ဖြန့်ဝေဖို့ အကြောင်းတရားကို ဆွေးနွေးလိုက်သည်။ ထိုစဉ် သူ့လူများ၊ ကျောင်းတော်နှင့် ဝိဇ္ဇာလင်းချီတို့၏ လူများကမူ ပွဲတော်စတင်နေကြပြီ ဖြစ်၏။ သူတို့က အချိန်စားသုံးသူ၏ ပိုင်နက်ထဲမှ အရင်းအမြစ်တိုက်ပွဲများကို စတင်တိုက်ခိုက်နေကြသည်။ သူတို့က ပြင်းထန်လွန်းလှသော်လည်း မြန်ဆန်လွန်းကြသည်။ ပိုင်နက်၏ ပညာရှင်အများစုက အလယ်ပိုင်းအချိန်နယ်မြေတွင် တည်ရှိလေသည်။ အချိန်စားသုံးသူက မူလစည်းတံဆိပ်ကုန်းမြေနှင့် တာအိုဂိုဏ်းဆီ ပို့ဆောင်ခဲ့သည့်လူများကမူ ခြွင်းချက် ဖြစ်၏။ ကံဆိုးစွာဖြင့် ထိုသူများ၏ ခေါင်းဆောင်ကို မြင်တွေ့ပြီးသည့်နောက်တွင် ယခင်အာဏာရှင်ဟောင်း အင်အားစုများကလည်း သူတို့၏ ရဲတင်းသည့်ဘက်ကို ပြသလာကာ ထိုလူများကို ရှင်းထုတ်ဖို့ လူများ စေလွှတ်ခဲ့သည်။
ထိုအရင်းအမြစ်များက တပ်ကူမရှိဘဲ ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ပေ။ မျှော်လင့်ချက်က တခြားသောကပ်ပါးများ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ထိုသူများ၏ စိတ်သဘောထားကို ကောင်းစွာ သိထားလေသည်။ သူက အမှောင်ထဲတွင် ပုန်းအောင်းပြီး ထွက်ပေါ်မလာသရွေ့ မည်သူကမှ ပွင့်လင်းမြင်သာစွာ ဝင်ရောက်ရဲမည် မဟုတ်ပေ။ လတ်တလောဖြစ်ရပ်များက ဝမ်ဝေ့သည် ခြိမ်းခြောက်သူ ဖြစ်ကြောင်း ပြသလာပြီး ထိုသူများက နောက်ပစ်မှတ် အဖြစ်မခံလိုကြပေ။
တချို့သောသူများကမူ ရဲတင်းကြ၏။ မြေကမ္ဘာဧကရာဇ်က ပေါ်ထွက်မလာသော်လည်း သူက တပ်ဖွဲ့တချို့ကို စေလွှတ်ခဲ့သည်။ သူ့အပြုအမူကို မြင်တွေ့ပြီးသည့်နောက်တွင် တချို့သောသူများကလည်း လှုပ်ရှားဖို့ သတ္တိရှိလာကြဟန်ပေါ်သည်။ ကံဆိုးစွာဖြင့် နေရာအများစုကို သိမ်းပိုက်ပြီးသား ဖြစ်နေလေ၏။