← Chapters

ကောင်းကင်စာအုပ်ရဲ့ ကျောက်ပြား

Vol. 131 Ch. 4.1471

ကောင်းကင်စာအုပ်ရဲ့ ကျောက်ပြား

Vol. 131 Ch. 4.1471

တခြားသူဖြစ်ခဲ့ရင် ဖြစ်နိုင်မလား မပြောတတ်သော်လည်း လုရွှမ်ကတော့ အလွယ်တကူ အလျှော့ပေးလိုက်မယ့်သူမျိုး မဟုတ်ချေ။ သူ ဒီတာဝန်ကို ပြီးမြောက်ဖို့ အကောင်းဆုံးလူပဲ ပြုံးနေမှာပင်။

လုရွှမ် သူ့ခွန်အားကို ထိန်းမထားဝံ့​တော့ဘဲ စိမ်းပြာနဂါး နှလုံးကို တဒုန်းဒုန်း ခုန်စေလိုက်သည်။ သူ့နဖူးပေါ်ရှိ ဦးချိုများသည် အဝါရောင်အလင်းတန်းများဖြင့် တောက်ပလာကာ ရွှေနဂါးသွေးများကပါ ၎င်း၏ စွမ်းအားကို ပြသလာ၏။

ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာစဥ် လုရွှမ်ကျောဘက်မှ အနီရောင် နေလုံးကြီး ထွန်းတောက်လာသည်။ ၎င်းက အကာအကွယ် ဒိုင်းတစ်ခုဖြင့် အစားထိုးလိုက်သကဲ့သို့ သူ့နောက်တွင် အကာအကွယ် ပေးလာခဲ့သည်။

တခြားသူများ၏ တိုက်ခိုက်မှုကို ခုခံပြီးနောက် လုရွှမ်သည် သူနဲ့ရုပ်တူသော ရဲ့ရှားတစ်ယောက်တည်းအား အစွမ်းကုန် တိုက်ခိုက်တော့သည်။

ရဲ့ရှားက အလွန်အစွမ်း ထက်သော်လည်း လုရွှမ်၏ ပြင်းထန်သော တိုက်ခိုက်မှု အောက်တွင် သူ့​​မှော်စွမ်းအားအားလုံးကို ထုတ်သုံးနေတာတောင် မကြာမီတွင် ယွမ်ယန်ဓားကိုးစင်းထဲက ဓားတစ်ချောင်းဖြင့် ခုတ်သတ်ခံလိုက်ရသည်။

ရဲ့ရှား ခန္ဓာကိုယ်ဟာ တစ်ပိုင်းနှစ်ခြမ်း ကွဲသွားခဲ့သည်။ ထိုသူဟာ အမှန်တကယ်ပင် အရက်စက်ဆုံးလူမျိုး ဖြစ်တာကြောင့် လုရွှမ်ကလည်း သူ့ဓားဖြင့် နှစ်ခြမ်းခွဲခဲ့လိုက်သည်။ လုရွှမ် အဂ္ဂိရတ်ဆေး တစ်လုံးကို မျိုချလိုက်ပြီး အဓိက တိုက်ခိုက်သည့် လူကို အခြားလူအဖြစ်သို့ ဆက်လက် ပြောင်းလဲခဲ့သည်။

ပြင်းထန်သော တိုက်ပွဲအပြီးတွင် လုရွှမ်သည် ဒဏ်ရာများဖြင့် လူတစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့ပြီး သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် အနီရောင်နေရောင်ကို အားကိုးထားနိုင်သေး၏။

"လူသား!! မင်းက ညံ့လွန်းတယ်.... ကောင်းကင်လူသားရဲ့ အမွေခံနဲ့ လုံးဝ မထိုက်တန်ဘူး"

ကောင်းကင်လူသား၏ ပါးစပ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ လုရွှမ် ပြုံးပြီး အရည်တစ်ပုလင်းကို ထုတ်ကာ တစ်ကျိုက်တည်း မျိုချလိုက်သည်။

"တောင်းပန်ပါတယ် ငါကမွေးရာပါ အရေထူတယ်လေ..."

ဒါက ရွှေကျီးကန်း ပေးသော မွေးဖွားခြင်း ရေစင်ဖြစ်သည်။ မသေသေးသရွေ့တော့ ထိုရေစင်ကို သောက်လိုက်ပါက ဒဏ်ရာများပျောက်ကာ စွမ်းရည်များ ချက်ချင်း ပြန်လည်ရရှိမည် ဖြစ်သည်။ မကြာမီတွင် လုရွှမ်သည် စွမ်းအားများ တဟုန်ထိုး တက်လာနေတာ ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က ခဏအတွင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

ကျယ်လောင်သော ဟောက်သံနှင့်အတူ လုရွှမ် ထိုစစ်ပွဲတွင် ဆက်လက် ပါဝင်ခဲ့သည်။ တစ်ပွဲပြီးနောက် လုရွှမ် ဒုတိယအကြိမ် သောက်ခဲ့သည်။ တစ်နာရီလောက်ကြာတော့ တတိယပုလင်းကို သောက်လိုက်၏။

သုံးနာရီကြာပြီးနောက် လုရွှမ်သည် အသက်ရှုကြပ်ကာ သွေးစွန်းနေသော သူ့ဓားအောက်က လူရှစ်ယောက်၏ အ​လောင်း​များပေါ်တွင် မတည်မငြိမ်ဖြင့် ရပ်နေ​လေသည်။ သက်ရှိထင်ရှား ရှိနေသည့် တစ်ဦးတည်းသော ကောင်းကင်လူသားကတော့ မကျေနပ်ဖြင့် အော်ဟစ်နေပြီ။

"မင်း လှည့်စားတာ!"

လုရွှမ် တခစ်ခစ်ရယ်ကာ နောက်ဆုံး ရေစင်ကို ကိုင်လိုက်သည်။ လုရွှမ် ဒီစတုတ္ထ ရေစင်ကို ဤနေရာတွင် မဖြုန်းချင်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် လူရှစ်ယောက်ကို အနိုင်ယူပြီး​ပြီ ဖြစ်သည်။

"လှည့်စားတာ?? ဟားဟား ဒါက အခွင့်အရေးပဲလေ... မင်းတို့ ရှစ်ယောက်က ငါ့ကို အတူတူ တိုက်ခိုက်ကြသလိုပဲ ဒါက လှည့်စားတာပဲ မဟုတ်ဘူးလား... ငါနဲ့တူတဲ့ ငါတောင် ပြေးလို့လွတ်လို့လား?"

လုရွှမ် ကောင်းကင်လူသားကို ဓားတစ်ချောင်းဖြင့် သတ်လိုက်တဲ့အခါ ပြီးပြည့်စုံကာ ကျက်သရေရှိသော ကျောက်ပြားတစ်ချပ် တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။

လုရွှမ် အံ့အားသင့်သွားကာ ပါးစပ်ထဲမှ သွေးများ ထွက်လုမတတ်ဖြင့်။

"ဒါက ကောင်းကင်ကျောက်ပြားပဲ!"

၎င်းသည် ကောင်းကင်စာအုပ်၏ အစိတ်အပိုင်း ရှစ်ခုထဲက ​ကောင်းကင်ကျောက်ပြားပဲ ဖြစ်လေသည်။ အစပိုင်းတော့ အံ့အားသင့်သွားပြီးနောက် ခဏအတွင်း ငြိမ်သွားခဲ့သည်။ ခပ်သွတ်သွတ် တင်ပျဉ်ခွေထိုင်ကာ ဆေးအချို့ကို ထုတ်၍ သူ့ဒဏ်ရာများကို ကုသရင်း မြန်မြန် ဖတ်လိုက်သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေတော့ အချိန်တွေ ကုန်သွားတာကလည်း မြန်လှသည်။ လုရွှမ်သည် ကျောက်တုံးလူသား ဖြစ်သွားသလို ကောင်းကင်ကျောက်စာအား လေ့လာနေဆဲ ဖြစ်သည်။

အချိန်ဘယ်လောက် ကြာသွားသည်မသိ။ နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်တဲ့အခါ မှိန်ဖျော့သွားသော ကျောက်ပြားကို သူ့ရှေ့တွင် တွေ့လိုက်ရသည်။ ကျောက်ပြားတွေရဲ့ အတွေ့အကြုံအရဆို ၎င်းကို အပြည့်အဝ နားလည်နိုင်လျှင် သူ့စိတ်ဝိညာဉ်ထဲသို့ ဝင်လာနိုင်ကြောင်း ကောင်းစွာ သိထားသည်။

ဒါပေမဲ့ သူ ဒီကျောက်ပြားအကြောင်း သိပ်နားမလည်တာ ထင်ရှားပါ၏။ သို့သော် သူ့ရိတ်သိမ်းမှုက အလွန်ကြွယ်ဝနေပြီ ဖြစ်သည်။ သေသေချာချာ ပြန်သုံးသပ်ကြည့်ရင်း ရုတ်တရက် ထခုန်လိုက်စဥ် သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး နောက်တစ်ယောက်က သူ့ခန္ဓာကိုယ်ထဲက ညှစ်ထုတ်သွားသည်။

လုရွှမ် တခြားခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပဲ အခြားခန္ဓာကိုယ်ကလည်း သူ့ကို ကြည့်နေ၏။

သူသည် ခန္ဓာကိုယ် နှစ်ခုလုံးကို ပိုင်ထားသလိုပင်။ ခန္ဓာကိုယ်နှစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်သည်ဟုလည်း ခံစားမိသည်။ ခန္ဓာကိုယ်နှစ်ခုကို အချင်းချင်း ထိုးကြည့်၍ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ခံစားလိုက်သည်။

သူသည် ကောင်းကင်ကျောက်ပြားမှ တခြားအရာများကို နားမလည်သည့်အပြင် မှော်အစွမ်းများကို နားလည်ရန်လည်း အချိန်ပိုမရှိသောကြောင့် အလေးနက်ဆုံးနှင့် ပင်မကျင့်စဥ်ကိုသာ တိုက်ရိုက် ရွေးချယ်ခဲ့သည်။

ယခု ကောင်းကင်စာအုပ်၏ အဓိကအချက်မှာ လူတစ်ဦးအား လူကိုးဦးရဲ့ စွမ်းအားကို အသုံးချနိုင်စေကာ အဓိက မျိုးနွယ်စုရှစ်စု၏ ခွန်အားများကိုလည်း ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်သည်။ သို့သော် လုရွှမ်က ယခုအချိန်တွင် လူတစ်ဦးတည်းသာ ခွဲထွက်နိုင်သေးတာကြောင့် ခွန်အားက နှစ်ဆသာ တိုးလာပါသည်။ ထို့အပြင် ဒီရွေ့ပြောင်းမှုကို တစ်ကြိမ်ပြုလုပ်ရန် ခေတ္တ အချိန်ယူရသည်။

ဒါပေမဲ့ ဒီမှော်အစွမ်းက တခြားမှော်စွမ်းအားတွေထက် ပိုအစွမ်းထက်၏။ အရှေ့က ကျောက်​ပြားကြီး ပျောက်ကွယ်သွားတဲ့အခါ နောက်ထပ် လမ်းကြောင်းတစ်ခု ပေါ်လာသည်။ သို့သော် ဤလမ်းက ထွက်လမ်း ဖြစ်နိုင်ကြောင်း ခံစား​နေရသည်။

ဒီအချိန်က ရိတ်သိမ်းခဲ့ရတာက အရမ်းကောင်းတာကြောင့် မသွားချင်စရာ အကြောင်းမရှိချေ။

လုရွှမ် ပျော်ရွှင်စွာဖြင့် အပြန်လမ်းကို လမ်းလျှောက် ထွက်လာခဲ့သည်။ နောက်ခိုက်တွင် တောက်ပသော ရောင်စုံပန်းများရှိသော ချိုင့်ဝှမ်းတစ်ခုတွင် သူပေါ်လာ၏။ ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

လုရွှမ် အလျင်စလိုမလုပ်ဘဲ အခင်းအကျင်းချကာ ရက်အနည်းငယ် ကြာတဲ့အထိ သူ့ခန္ဓာကိုယ်ထဲက ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာအောင် ကုသခဲ့သည်။ နောက်တစ်ရက် လုရွှမ် မျက်လုံးများကို ဖွင့်လိုက်ပြီး လူတစ်ယောက် ရောက်လာသည်။

သူ့ရဲ့ ပြောင်မြောက်တဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်နေတာ ထင်ရှားပါ၏။ ထိုလူက အခင်းအကျင်း ဖွဲ့စည်းမှုမှာ အလွန်ကျွမ်းကျင်ပါသည်။ သူသည် အခင်းအကျင်းကို တိတ်တဆိတ် တိုက်ရိုက် ဖြိုခွဲခဲ့တာ သေချာသည်။

အခင်းအကျင်း ပြိုကွဲသွားသည့် အခိုက်တွင် လုရွှမ်ခန္ဓာကိုယ်က ဘေးဘက်သို့ လွင့်ပျံသွားတာကြောင့် သူ့အနောက်မှ လူကို ခိုးဝင်တိုက်ခိုက်ရန် မအောင်မြင်​စေခဲ့ပေ။

လုရွှမ် လှည့်ကြည့်လိုက်တော့ လူရောက်လာသူကို မြင်တော့ အနည်းငယ် လန့်သွားမိသည်။ သူသည် ဖြစ်နိုင်သူများစွာကို တွေးတောနေမိသော်လည်း ဒီလူ ဖြစ်နေမယ်လို့တော့ တကယ် မမျှော်လင့်ထားပေ။

အဋ္ဌမမြောက် ကျောက်စာတိုင်မှာ ရပ်နေခဲ့ဖူးတဲ့ နဂါးလူသားကြီးပဲ ဖြစ်သွားသည်။

"မင်းလား?"

နဂါးလူသားကလည်း ပြန်ဟစ်အော်သည်။

"ဟုတ်တယ် ငါပဲ.... မင်းရဲ့ နဂါးသွေးကို ယူဖို့ ငါဆုံးဖြတ်လိုက်ပြီ!"

All Chapters