နဂါးလူသားကို သတ်မယ်
Vol. 131 Ch. 4.1472
"ဒါဆို မင်း ငါ့မှာရှိတဲ့ နဂါးသွေးကို သေချာပေါက် အသုံးချနိုင်မယ်လို့ ဘယ်လိုလုပ် ကောက်ချက်ချနိုင်တာလဲ?"
လုရွှမ် မှုန်ကုပ်ကုပ်လေး ပြုံးပြီး နဂါးလူသားရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။
နဂါးလူသားက ဆိုတာ အလွန်မာနကြီးခဲ့သူ ဖြစ်သည်။ သို့သော် သူသည် ခံနိုင်ရည် ရှိလောက်အောင်ပင် ရက်စက်ကြမ်းကြုတ်သော လူများနှင့် တွေ့ဆုံပြီးနောက် နှိမ့်ချမှုကို ချက်ချင်း စောင့်ထိန်းကာ သူ့စွမ်းအားကိုလည်း ပြသခဲ့သည်။
ယခုမူကား ပထမကျောက်စာတိုင်ပေါ်တွင် ရပ်ကာ ကောင်းကင်လူသားဆီက အသိအမှတ်ပြု ခံရမည့်သူကို သတ်ပစ်ချင်လာပြီ။
"ဟား ဟား ဟား! အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ်... မင်းရဲ့ ပုတီးစေ့တွေ ရှိနေသေးတယ်လေ... မင်း ကောင်းကင်လူသားဆီက ဘာအမွေမှ မရခဲ့ဘူး ဟုတ်တယ်ဟုတ်... မင်းက လူသားတစ်ယောက်ပဲ အခွင့်အလမ်း တစ်ခုတော့ ရှိကောင်းရှိနိုင်တယ် အဲဒီအခွင့်အလမ်းက မင်းကို နံပါတ်တစ် ကျောက်စာတိုင်ကို သိမ်းပိုက်နိုင်ခွင့်ရမှာ မဟုတ်ဘူး...."
"ဒါပေမဲ့ ငါက မတူဘူး ငါ့ရဲ့ ခွန်အားက အနည်းဆုံး 30% တိုးလာပြီ... အစွမ်းထက်တဲ့ အရည်အချင်းတွေ ရခဲ့တယ် အနာဂတ်မှာ ငါက ကမ္ဘာအနှံ့ နာမည်ကြီးလာလိမ့်မယ်"
"မင်းရဲ့ခန္ဓာကိုယ်ထဲက နဂါးသွေးက ငါ့အတွက် အသုံးဝင်တယ်လေ... နာခံမှုရှိရှိ လှူဒါန်းလိုက်စမ်းပါ...."
နဂါးလူသားရဲ့ လက်ဖဝါးက လက်သီးဆုပ်အဖြစ် ပြောင်းသွားကာ သူ့စကားသူ အလွန်ကျေနပ်သွားပုံပေါ်၏။ လုရွှမ်လည်း သူ့ခန္ဓာကိုယ်အတွင်း စုပ်ယူမှုအားတစ်ခု နားမလည်နိုင်စွာ လှုပ်ခတ်သွားတာကို ခံစားလိုက်ရသော်လည်း တကယ်တမ်းတော့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု မရှိပေ။
နဂါးလူသားလည်း ခဏမျှ ထိတ်လန့်သွားသည်။ သူ့လက်ဖဝါးကို ထပ်မံဆန့်ထုတ်ကာ အင်အားပိုသုံးလိုက်တဲ့အခါ သူ့ပါးပြင်ရှိ ကြွက်သားများပင် အနည်းငယ် ကွဲအက်လာခဲ့သည်။ လုရွှမ် ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး နဂါးလူသားအား သူကစားနိုင်သမျှ လှည့်ကွက်များကို ကစားခွင့်ပေးထားသည်။
ပထမတော့ သူ နားမလည်ပေမယ့် မကြာခင်မှာ ဒီနဂါးလူသားကြီးက သူ့ခန္ဓာကိုယ်ထဲက နဂါးအနှစ်နဲ့ အသွေးတွေကို စုပ်နေမှန်း သိလိုက်သည်။ လုရွှမ် ရယ်တောင် မရယ်ချင်တော့ပေ။ သူ့ခန္ဓာကိုယ်ထဲက နဂါးသွေးကို စုပ်ထုတ်ချင်နေတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ့ခန္ဓာကိုယ်ထဲက သွေးက သူ့နဂါးသွေးမှ မဟုတ်တာ။ နတ်နဂါးရဲ့ သွေးစစ်တစ်စက်က အမှန်ပင် ရှိသော်လည်း လူသားကိုယ်ထဲကနေ ဆွဲထုတ်ချင်နေတာက အမှန်တကယ် ဟာသတစ်ခု ဖြစ်သည်။ ခွန်အားတွေ အဆပေါင်းများစွာ တိုးလာရင်တောင် ထိုသူ့မှာ အဲဒီလိုလုပ်နိုင်စွမ်း ရှိမှာ မဟုတ်ချေ။
"ဘာဖြစ်နေတာလဲ... မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နဂါးသွေး မရှိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
နဂါးလူသားလည်း ဒေါသအပြည့်ဖြင့် အော်ဟစ်တော့သည်။ လုရွှမ်ကတော့ ခေါင်းယမ်းရင်း နဂါးကြီးကို အရူးတစ်ယောက်ကို ကြည့်နေရသလို ရပ်ကြည့်နေ၏။
"ငါမင်းကို နဂါးမဟုတ်ဘူးလို့ ပြောပြထားတာ ကြာပြီထင်တယ်... အခွင့်ကောင်းတစ်ခုကြောင့် ဒီနေ့ ငါ့မှာ မှော်အစွမ်းတွေ ရှိနေတာ... ငါ့ခန္ဓာကိုယ်ထဲမှာ နဂါးသွေး တကယ်မရှိဘူး..."
သူစကားဆုံးတော့ နဂါးကြီးက လှိုင်းတစ်ခုကို ပုတ်ပြီး မြေပြင်ကို ရိုက်ချလိုက်ကာ လျှိုမြောင်တစ်ခု ဖန်တီးပစ်လိုက်သည်။
"အဲဒါဆိုရင်လည်း မင်းကိုသတ်ပစ်မယ်! မင်းကဘာလဲ ကြည့်ရသေးတာပေါ့"
နဂါးလူသားက အော်ပြောပြီး သူ့ခန္ဓာကိုယ်ကို တစ်ချက်ရွေ့ကာ လုရွှမ်ဆီသို့ ပြေးဝသ်သွားလိုက်သည်။ လက်ငါးချောင်းသည် နဂါး ခြေသည်းများ အဖြစ် ပြောင်းလဲသွားပြီး လုရွှမ်ကို ဖမ်းဆုပ်လိုက်သည်။
လုရွှမ်ကလည်း သူ့ဓားစွမ်းအင်နဲ့ တိုက်ရိုက် ပြန်လွှဲခုတ်၏။ နဂါးလူသားလည်း အော်ဟစ်ပြီး လျင်မြန်စွာ ဆုတ်ခွာသွားရလေသည်။ အကြောင်းမှာ လုရွှမ်၌ ကောင်းကင်လက်နက် တစ်ခု ရှိနေသည်လေ။
"ငါပြောမယ်.... လူကောင်း မဟုတ်ရင်တောင် နတ်ဆိုး မဖြစ်စေနဲ့... လူတွေက လက်နက်တွေ သုံးနေကြပေမယ့် မင်းက လက်သည်းတွေ သုံးတယ်...ငါ့အထင်တော့ မင်းက အရိုက်ခံရဖို့ ထိုက်တန်တယ်....ဘာထပ်ပြောချင်သေးလဲ... ပြောပါ မင်းကို စကားမပြောဖို့ ဘယ်သူမှတားမှာ မဟုတ်ဘူး....အိုး... မင်းမျက်နှာက နီနေပြီ... စိတ်ဝင်စားဖို့ ကောင်းသားပဲ"
လုရွှမ်သည် ဓားတစ်ချောင်းဖြင့် ဓားစွမ်းအင်များကို တစ်စင်းပြီးတစ်စင်း ရှေ့သို့ ခုတ်ထစ်နေရာ နဂါးလူသားလည်း နောက်သို့ ဆက်တိုက် ဆုတ်သွားရကာ သူ့မျက်နှာမှာ နီရဲလာသည်။ လုရွှမ်ဆီက ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပြီး ပြန်မထနိုင်ဘဲ အထပ်ထပ် ဆုတ်သွားရမယ်လို့ တွေးတောင်မတွေးထား။
သူဟယ လုရွှမ်နှင့် တစ်ခါမှ ရန်မဖြစ်ဖူးသော်လည်း သူ့အမြင်အရတော့ လုရွှမ်ရဲ့ လေ့ကျင့်မှု အဆင့်သည် လူတိုင်းကြားတွင် မမြင့်မားချေ။ သူတို့နှစ်ယောက်လုံးက ပါရမီရှင်တွေ ဖြစ်တာကြောင့် သူတို့ကြားက ကွာဟချက်က ဘယ်လောက်ရှိမှာမလို့လဲ။
သူ အရမ်းကြီး မအံ့သြခဲ့ရတဲ့ အကြောင်းရင်းက နယ်ပယ် ကွာဟချက်ကြောင့်ပါပဲ။ လုရွှမ်က နတ်မီးနယ်ပယ် အဆင့်၁၁မှာပဲ ရှိနေရာ ဘယ်လောက်တောင် အစွမ်းထက်နိုင်မှာမလို့လဲ။
အထူးသဖြင့် ယခုအချိန်တွင် သူ့ခွန်အားဟာ 30% တိုးလာခဲ့ပြီ။ သူသည် အစွမ်းထက်သော ကျွမ်းကျင်မှုအမွေကို ရရှိပြီး အတွေ့အကြုံအချို့ကိုလည်း ရရှိပြီမလို့ သူ့ကိုယ်ပိုင်နယ်ပယ်သည် အနည်းငယ် ပိုမြင့်လာပါပြီ။
ဒီလိုအခြေအနေမျိုးမှာ ပထမတိုင်ကို သိမ်းပိုက်ခဲ့တဲ့ လုရွှမ် ဆိုရင်ကော။
ကျောက်စာတိုင်ရဲ့ စီစဥ်ထားပုံက စွမ်းရည်မဟုတ်ဘဲ ခွန်အားကို အခြေခံထားသည်။
သို့သော် သူမျှော်လင့်ထားသမျှ အရာအားလုံးသည် လက်တွေ့တွင် မျက်နှာကို လုံးလုံး ဖြတ်ရိုက်ခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ လုရွှမ်ရဲ့ ခွန်အားက သူ့စိတ်ကူးထဲက လုံးဝ ကျော်လွန်သွားခဲ့ပြီ။
ဓားသွား တိုက်ခိုက်မှုတိုင်းက ပြင်းထန်တဲ့ စွမ်းအားကိုပါ သယ်ဆောင်လာခဲ့သည်။ ဓားလှုပ်ရှားမှုက အလွန်ရိုးရှင်းပုံ ပေါက်သော်လည်း ဓားရည်ရွယ်ချက် ပေးပို့လာသော စွမ်းအားက သူ့ကာကွယ်မှု အားလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့သည်။
ဓားတစ်ချက်ကို ကာပြီး နောက်ဓားကို တားထားချင်သော်လည်း ဓားရောင်ဝါက အထပ်ထပ် ထပ်ခါထပ်ခါ ဖိချလာသဖြင့် ပြန်လည် နာလန်ထူရန် အချိန်မရှိပေ။
ဒီလူက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ခွန်အားတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
လုရွှမ်သည် နဂါးလူသားရဲ့ အတွေးများကို ရှင်းလင်းပြတ်သားစွာ သိနေသဖြင့် စိတ်ထဲတွင် လှောင်ရယ်နေလေသည်။ သူသည် ကရုဏာမရှိ၊ ဓားတစ်ချောင်းစီက အလွန် လျင်မြန်ပြီး ကောင်းကင်လက်နက်လည်း ဖြစ်တာကြောင့် ကောင်းကင်နှင့် မြေကြီး၏ ရောင်ဝါကိုပါ ချုပ်ကိုင်ထားသေး၏။
ဒီနဂါးလူသားကို သူ့စိတ်ထဲမှာ သေဒဏ်ပေးပြီးသား ဖြစ်သည်။
လုရွှမ် ဓားရှည်ဖြင့် အဆက်မပြတ် ခုတ်ထစ်နေသည်။ ပထမတော့ သူစကားပြောနေသေးသော်လည်း အခု စကားရပ်လိုက်ပြီး ရှေ့ကနဂါးလူသားကိုသာ အပိုင်းပိုင်း ခုတ်ချင်နေ၏။ ထိုစဥ် ဖြောင်းကနဲ အသံနဲ့အတူ နဂါးလူသားရဲ့ လက်ထဲက နတ်လက်နက် ပျက်စီးသွားသည်။
နဂါးလူသားသည် ကြီးမားသော ဖိအားအောက် ရောက်နေပါပြီ။ ဓားချက်တွေက ခံနိုင်ရည်ရှိရုံသာ ဖြစ်လာကာ အကြိမ်တိုင်း ပိုလေးလာသည်။ ဖိအားများလွန်းနေပြီမို့ ယခု နတ်လက်နက်ကြီး ကွဲအက်သွားသည်နှင့်အမျှ နဂါးလူသားရဲ့ လက်များပေါ်တွင် ရိုက်ခတ်သွား၏။
နဂါးလူသားရဲ့လက်တံ ကျိုးသွား၏။ ပွက်ပွက်ဆူနေတဲ့ သွေးတွေ ပါးစပ်က ထွက်လာပြီး သူ့ခန္ဓာကိုယ်က လွင့်ထွက်သွားသည်။ လုရွှမ် လုံးဝကို လျစ်လျူရှုထားပြီး သူ့ဓားနဲ့ ထပ်ခုတ်ပြန်သည်။
နဂါးလူသားသည် နောက်ဆုံးတွင် သူ့ရင်ဘတ်ရှိ နာကျင်မှုကို တွန်းထုတ်လိုက်သော်လည်း လုရွှမ်ဘက်က ဓားစွမ်းအင်ဖြင့် ထပ်ခုတ်လာတာကို တွေ့လိုက်ရသည်။
သူ့လက်မောင်းကို ပိတ်ဆို့ဖို့ကလွဲလို့ ရွေးစရာလမ်း မရှိတော့ပေ။ အနက်ရောင်စွမ်းအင်တွေက သူ့လက်မောင်းပေါ်ကို တောက်ပလာပြီး နဂါးလက်ရုံး တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကြွယ်ဝတဲ့ နဂါးစွမ်းအင်တွေ ထွက်လာ၏။
ထိုအခါ နတ်နဂါး၏ တုန်လှုပ်ချောက်ချားစရာ ရောင်ဝါသည် နဂါးလူသားလက်မှ ထွက်ပေါ်လာပြီး လုရွှမ်ရဲ့ စိတ်ဝိညာဉ်ကို ရိုက်ခတ်ရန် ကြိုးစားသည်။ လုရွှမ်ကတော့ ထုံးစံအတိုင်း ဓားဖြင့် ထပ်မံ ခုတ်လှဲလိုက်သည်။
နဂါးလူသားသည် ကြားမကောင်းသော် အော်သံနှင့်အတူ လဲကျသွားကာ လက်တစ်ဖက်ပါ ပျံတက်သွားသည်။
"အား!!"
လုရွှမ် သူ့လက်ကောက်ဝတ်ကို ထပ်လှန်လိုက်တဲ့အခါ ခေါင်းတစ်ခေါင်း လွင့်သွားတော့သည်။