ကောင်းကင်လူသားနဲ့ စစ်ပွဲ
Vol. 131 Ch. 4.1473
လွင့်သွားသော ဦးခေါင်းဆီမှ ဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ၎င်းမှာ ယခင်က နဂါးလူသားပဲ ဖြစ်သည်။
"ငါ့ကိုမသတ်နဲ့ ငါဘာမဆို လုပ်ပေးနိုင်ပါတယ်"
မီးတောက်တစ်ခုသည် နဂါးလူသားကို ဖုံးလွှမ်းသွားပြီး ပြာကျသွားသည်။
"မင်း စကားအရမ်းများတယ်"
လုရွှမ် သူ့လက်ချောင်းတွေကို အထပ်ထပ် လှန်လိုက်တဲ့အခါ မီးတောက်ပေါင်းများစွာက နဂါးလူသားရဲ့ ခန္ဓာကိုယ်ပေါ် ကျသွားပြီး သူ့ခန္ဓာကိုယ်ကိုပါ ပြာချပေးလိုက်သည်။ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီးနောက် လုရွှမ် လက်တစ်ဖက် ဝေ့ယမ်းလိုက်တဲ့အခါ အရာအားလုံးကို သန့်ရှင်းသွားစေသည်။
ဝုန်း!
"ကောင်းလိုက်တာ မင်းက ကြင်နာတတ်တဲ့လူ မဟုတ်မှန်း ငါထင်သားပဲ... မင်း မင်းသမီး ရှန်းရှန်းကို ကယ်တင်ခဲ့ပေမဲ့ မင်းရဲ့သဘာဝကိုက လူသတ်ငွေ့တွေနဲ့ ပြည့်နေသေးတာ... တခြားသူတွေကို မင်းဘယ်တော့မှ သနားညှာတာမှာ မဟုတ်ဘူး"
အသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ဦး ထွက်လာသည်။
လုရွှမ်: "မင်းကိုး... ဒါကို မင်းမြင်ပြီဆိုမှတော့ ဘာလို့ မလှုပ်ရှားတာလဲ?"
ကောင်းကင်လူသားက ရယ်မောရင်း- "အဲ့ကောင်က ဘာကောင်မလို့လဲ? သေတော့လည်း သေပေါ့! ခွန်အားမရှိရင် ဘာမှအသုံးမကျဘူး"
လုရွှမ် ရယ်လိုက်ပြီး "အိုး ဒါဆို မင်းက ငါ့ကို လက်ငှားတာပေါ့?"
"ဟုတ်တယ်... ဒီနဂါးလူသားက ငတုံးလေ... ခွန်အား ရှိပေမယ့်လည်း သူက မင်းရဲ့ခွန်အားကို မသိဘဲနဲ့ မင်းကို ရန်စဖို့ပဲ ချောင်းနေတာ သေသွားတာ တန်ပါတယ်"
"ဒါပေမဲ့ ငါက အရမ်းဉာဏ်ကောင်းတယ် ငါပေါ်လာရင် စိတ်ပူစရာ မလိုဘူး.... မင်းရဲ့ ခွန်အားကို ရှင်းရှင်းလင်းလင်း မြင်အောင် အရင်ကြည့်မယ် ပြီးရင် အကျိုးကျေးဇူးတွေ ရေတွက်မယ်... အခုမင်းရဲ့ ခွန်အားကို ငါ ရှင်းရှင်းလင်းလင်း မြင်ပြီးပြီ မင်းရဲ့ အရည်အချင်းက တကယ်ကို ထူးထူးခြားခြား ရှိပါတယ်... ခွန်အားကလည်း အရမ်းပြင်းပါတယ်... ငါ့ပြိုင်ဘက်နဲ့ ဖြစ်ဖို့ ဝေးနေသေးတာလေးပဲ ရှိတာ...."
ကောင်းကင်လူသား: "အထူးသဖြင့် အရေးကြီးဆုံး အချက်ကတော့ မင်းကို ငါတို့ ကောင်းကင်လူသား မိသားစုက အမွေမပေးခဲ့ဘူးလေ"
လုရွှမ်လည်း ကောင်းကင်လူသားရဲ့ အကြည့်အတိုင်း လိုက်၍ သူ့ခါးပေါ်ရှိ ကောင်းကင်ပုတီးစေ့ကို ကိုင်ကာ ပြုံးလိုက်သည်။
"အိုး ငါ့ကောင်းကင်ပုတီးစေ့က မပျောက်သေးလို့ ကောင်းကင်လူသား အမွေကို ငါမရခဲ့ဘူးလို့ ဆိုလိုတာလား.... ဒါဆို ငါ ဒုတိယအကြိမ် ထပ်လာလို့ ရသေးတာပေါ့"
ကောင်းကင်လူသား၏ မျက်နှာသည် လှည့်ထွက်သွားသော်လည်း အသံကတော့ ပြန်ထွက်လာနေဆဲ။
"ဟမ့် မင်းက ပထမအကြိမ်တောင် ဘာမှနားမလည်တာကို ဒုတိယအကြိမ် အတွက် အိပ်မက်မက်နေသေးတယ်..."
လုရွှမ်သည် ဤကောင်းကင်လူသား ပြောသည့် စကားကြောင့် သူတကယ်ကို ဒုတိယအကြိမ်မြောက် တွေ့ကြုံခံစားနိုင်ကြောင်း သိလိုက်သည်။
"ကျေးဇူးတင်ပါတယ်... မင်းရဲ့စကားတွေက ငါ့ကို အများကြီး ကူညီပေးခဲ့တယ်"
လုရွှမ် ကောင်းကင်လူသား ပုတီးစေ့ကို ဂရုတစိုက်ဖယ်လိုက်ပြီး တစ်ဖက်က ကောင်းကင်လူသားကို လှမ်းကြည့်လိုက်သည်။
"အိုး မင်းတကယ်ပဲ ကောင်းကင်လူသားရဲ့ အမွေကို ငါမရခဲ့ဘူးလို့ သေချာရဲ့လား...မင်းသိထားရမှာက ငါ့လိုအရှုံးသမားက ဒါကိုပဲရခဲ့ရင် အမွေပေးသူက ပါရမီရှင်တစ်ယောက်လို့ ထင်မှာ မဟုတ်ဘူး"
လုရွှမ်မျက်လုံးများထဲတွင် အပြုံးတစ်ခုနှင့် သူ့အသံတွင် လှောင်ပြောင်မှု အနည်းငယ်ရှိနေသည်။ သို့သော် ကောင်းကင်လူသားရဲ့ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားလေ၏။
"ဧကန္တ မင်း....မင်း ကောင်းကင်စာအုပ်ကို ရခဲ့တာလား?"
၎င်းက မယုံနိုင်စွာဖြင့် လုရွှမ်မျက်လုံးများကို စိုက်ကြည့်နေသည်။ လုရွှမ် အခု ဝန်ခံရင် ကောင်းကင်စာအုပ်လို အရာမျိုး ပေါ်လာပြီးတာနဲ့ သွေးထွက်သံယိုတွေ ဖြစ်လာစေလိမ့်မယ်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "အိုး ဟုတ်လား?"
"ဟမ် မဖြစ်နိုင်ဘူး... ကောင်းကင်အုပ်က လေးနက်ပြီး အဖိုးတန်တယ်... အဲဒါက ငါတို့ ကောင်းကင်လူသားမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံး လျှို့ဝှက်ကျင့်စဥ်ပဲ... ငါတို့ ကောင်းကင်လူသားတွေကိုပဲ သင်ပေးတယ်ဆိုတဲ့ ကောလဟာလတွေတောင် ရှိသေးတယ်... ပြင်ပလူတွေကို စာအုပ်ထုတ်ပြပြီး သွန်သင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
လုရွှမ်: "အိုး တကယ်လား?"
"ဟမ့် တစ်ချက်ရိုက်ပြီးရင် မင်းသိလိမ့်မယ်"
ကောင်းကင်လူသား စိတ်မတည်ငြိမ်နိုင်တော့ဘဲ လုရွှမ်ဆီသို့ ပြေးဝင်သွားခဲ့သည်။
ကောင်းကင်လူသားကို ရင်ဆိုင်ရတဲ့အခါ လုရွှမ်ဟာ နဂါးလူသားကို ရင်ဆိုင်သလို မလုပ်ရဲပေ။ ခုနက နဂါးလူသားနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ ခွန်အားက အများကြီး မြင့်၏။ ကောင်းကင် လူသားတို့၏ မွေးရာပါ ထူးကဲသော သဘာဝလွန် စွမ်းအားများသည် အံ့သြဖွယ်ကောင်းပြီး နယ်ပယ်ကလည်း လေးနက်သည်။
"ကောင်းကင်လူသား လက်တစ်ချောင်း!"
ကောင်းကင်လူသားက အော်ရင်း လုရွှမ်ဆီကို လက်ညိုးတစ်ချောင်း ထိုးညွှန်လိုက်သည်။
၎င်းသည် လက်ချောင်းတစ်ချောင်းမျှသာ ဖြစ်ပုံရသော်လည်း ထွက်လာသည့် အခိုက်တွင် ကောင်းကင်မြေကြီး၏ ကြီးမားသော အရှိန်အဝါကပါ ရောင်ဝါကပါသည်။
လုရွှမ်၏ မျက်လုံးများသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ထျန်းယွမ်နတ်မီးလုံးကြောင့် ကောင်းကင်လူသား၏ ပေါက်ကွဲစေသော လက်ချောင်းကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။
သူ မခုခံဘဲ မနေဝံ့ပါ။ ဤလက်ချောင်းဖြင့် ပေါင်းစပ်ထားသော ကောင်းကင်နှင့် မြေကြီးရောင်ဝါက ပြင်းထန်လွန်းလှသည်။
လုရွှမ် ရုတ်တရက် ရုန်းထွက်ပြီး ကောင်းကင်လူသားဆီသို့ အချိန်ကိုက် ခုတ်ထစ်ပြီး သတ်ပစ်လိုက်သည်။ အစောကတည်းက ခုခံရန် အသင့်ပြင်ထားပြီးသားမို့ ချင်ထျန်းဓားက ဟောက်ကာ ကောင်းကင်လူသား လက်ချောင်းကို တားဆီးလိုက်သည်။
ပေါက်ကွဲသံနှင့်အတူ လူနှစ်ယောက်၏ ဓားရှည်များသည် ရွှေနှင့် ကျောက်စိမ်းသံများ အပြန်အလှန် ရိုက်ခတ်သွားကြသည်။
"ကောင်းလိုက်တဲ့ဓား!"
ကောင်းကင်လူသားက အော်ဟစ်ပြီး လုရွှမ်လက်ထဲက မှော်လက်နက်ကို ပြင်းပြင်းထန်ထန် မနာလိုစိတ်နဲ့ ကြည့်လိုက်သည်။
ကောင်းကင်လူသား: "ဟမ့် ဒါဆို မင်းရဲ့ ကောင်းကင်လက်နက်ကိုလည်း သခင် အစားထိုးသင့်တယ်"
ကောင်းကင်လူသားက အော်ပြီး သူ့ခန္ဓာကိုယ်ကို လိမ်ကာ ဓားအလင်းနဲ့ ထပ်ခုတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး နတ်အလင်းတန်းနှစ်ခု အသံကျယ်ကြီးဖြင့် လုရွှမ်မျက်လုံးများဆီသို့ ပစ်ခွင်းလာ၏။
လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တာနဲ့ ဒီလှုပ်ရှားမှုဟာ ပြီးပြည့်စုံတဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု ဖြစ်ပြီး အလွန်စိတ်လှုပ်ရှားစရာ ကောင်းတယ် ဆိုတာတော့ ဝန်ခံမိလိမ့်မည်။
လုရွှမ် ဓားကိုလှည့်ကာ ထိုအလင်းတန်းကို ပိတ်ဆို့ထားရင်း အနည်းငယ် နောက်ပြန်လှည့်၍ အရှိန်ယူလိုက်ရသည်။ သူ့မျက်လုံးထဲက အလင်းတန်းများ ထွန်းတောက်ပြီး နတ်မီးတောက် နှစ်ခု ပြန်လည် ပြေးထွက်လာသည်။
၎င်းတွင် ကောင်းကင်မီးနှင့် ထျန်းယွမ်နတ်မီးလုံး ပါဝင်သည်။ လုရွှမ် ယခုအချိန်၌ နတ်မီး၁၂လုံး ထွန်းထားပြီ။ နောက်ဆုံးနတ်မီးမှလွဲ၍ နတ်မီးများ တစ်လုံးပြီးတစ်လုံး လင်းနေပါပြီ။ နောက်ဆုံး နတ်မီးလုံးသာ လုံးဝ သလင်းကျောက်ပုံ မပြောင်းသေးတာ ဖြစ်သည်။
နတ်မီးလုံး ဆယ့်တစ်လုံးကို လုံးလုံး ပေါင်းစုထားတဲ့ နတ်မီးတောက်က လေထုကို ရိုက်ခတ်သွားသည်။ အရှိန်အဝါက အလွန်အစွမ်းထက်သောကြောင့် နတ်ဘုရားများ၏ မျက်လုံးများမှ ဖြာထွက်သော အလင်းရောင်ထက် ညံ့မည်မဟုတ်ပေ။
နှစ်ယောက်သား တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားကြသည်။
ကောင်းကင်လူသားရဲ့ မျက်လုံးများထဲ ထိတ်လန့်သွားသော အရိပ်အယောင်တစ်ခု ရှိနေသည်။ လုရွှမ်သည် ယခုလို ရက်စက်ကြမ်းကြုတ်သော ခွန့အားကို ပိုင်ဆိုင်နိုင်နေတာကို မယုံကြည်နိုင်သလိုပင်။
"မင်းက တကယ် မရိုးရှင်းဘူးပဲ"
လုရွှမ်ကိုကြည့်ရင်း သူ့မျက်လုံးတွေက လေးနက်သွားကာ သူ့အတွက် အင်အားကြီးတဲ့ ရန်သူအဖြစ် သဘောထားလိုက်သည်။
လုရွှမ်ကတော့ နူးညံ့စွာ ပြန်ပြုံးပြလိုက်ပြီး။
"မင်းရောပဲလေ...."
ကောင်းကင်လူသား: "ကောင်းပြီ ဒါဖြင့် ငါကလည်း ငါ့ရဲ့ အရည်အချင်းစစ်ကို ပြပြီး ငါတို့ကို ဘာလို့ ကောင်းကင်လူသားတွေလို့ ခေါ်ကြတာလဲ ပြရတာပေါ့!"
ထို့နောက် သူ့ခန္ဓာကိုယ်က မီးခိုးရောင် အခိုးအငွေ့နဲ့အတူ ရုတ်တရက် ကောင်းကင်နဲ့ မြေကြီးကြားမှာ ပျောက်သွားလေသည်။
လုရွှမ်၏ မျက်လုံးများသည် နတ်အလင်းရောင်ကို ဝါးတစ်ပြန် ကျော်ကျော်လောက်အထိ ရှည်လျားစွာ ထုတ်လွှတ်လိုက်သော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးတွင် ထိုကောင်းကင်လူသား ရှိနေတာကို မမြင်နိုင်ပေ။
ရုတ်တရက် အသက်ရှုသံ ထွက်လာစဥ် လုရွှမ် သူ့ခန္ဓာကိုယ်ကို ဘေးသို့ လှည့်ထွက်လိုက်သည်။ သူသည် ဓားဖြင့် လွှဲခုတ်ထစ်တော့မယ့် အချိန်မှာ ထိုလူရဲ့ အရိပ်အယောင်ကို မတွေ့ရပေ။ သို့သော် ရုတ်တရက် ကန်ချက်တစ်ခုက လုရွှမ်နောက်ကျောကို ဦးတည် တိုက်ခိုက်လာ၏။
လုရွှမ် အနောက်မှ ကန်သွင်းလာတာကို လုံးဝ သတိမထားမိခဲ့ပေ။ သူ့နောက်ကျော ကော့သွားစဥ် ဓားတစ်ချောင်းဖြင့် နောက်ပြန် ကန်ချက်ကို ပြန်လည် တိုက်ခိုက်သည်။
သို့သော် ၎င်းဓားစွမ်းအင်သည် လေထဲတွင်သာ ဖြတ်သွား၏။ ရုတ်တရက် ကောင်းကင်ထက်မှ မှော်လက်နက်တစ်ခုက သူသတိမထားမိတဲ့ အခိုက်အတန့်မှာပဲ သူ့ခေါင်းထိပ်မှာ ပေါ်လာခဲ့သည်။