သရေကျသောပွဲ
Vol. 131 Ch. 4.1474
လုရွှမ်၏ သူ့ခြေလှမ်းများက ချီထျန်းပု စွမ်းအင်များဖြင့် တောက်ပသွားကာ ခွန်အားအပြည့်ဖြင့် ဘေးဘက်သို့ ရှောင်ထွက်သွားသည်။ သူသည် ထိုဓားကို တားဆီးရန် ကြိုးစားရင်း ကောင်းကင်လက်နက်ကိုလည်း မြှောက်ထားလိုက်သည်။
သို့သော် တခဏချင်းတွင် သူ့ဦးခေါင်းထိပ်မှ ဖိအားသည် သဲလွန်စမရှိ ပျောက်ကွယ်သွားပြန်၏။ လုရွှမ် ရှောင်တိမ်းသွားကာ သူ့ခန္ဓာကိုယ်ကို ဟန်ချက်ပြန်ထိန်းထားသည်။
ထိုအချိန်တွင် ဓားတစ်ချောင်းက သူ့အောက်မှ ဖြတ်သန်းလာပြန်ပြီး လှုပ်ရှားမှုက လျင်မြန်လှသည်။ စွမ်းအားက အားကောင်းသည်။ ထူးဆန်းတာထက်ပင် ပို၍ အားကောင်းနေသေး၏။ အနည်းဆုံးတော့ ဒါက ကောင်းကင်လူသားတွေရဲ့ အမြင်တွင် ဖြစ်သည်။ ဒီလိုအခြေအနေမျိုး ကြုံရင် တခြားသူတွေသာဆို သေမှာ သေချာသည်။
လုရွှမ်ခန္ဓာကိုယ်သည် ရုတ်တရတ် ထူးဆန်းစွာ တွန့်လိမ်သွားကာ သူ့နောက်ကျော၌ အတောင်နှစ်ချောင်းက မီးလုံးများအသွင်ဖြင့် ထွက်ပေါ်လာပြီး တစ်ဖက်လူ မထင်မှတ်ထားသော အရှိန်ဖြင့် ရှောင်ထွက်သွားသည်။
ကောင်းကင်လူသား ပြန်ပေါ်လာပြီး လွတ်နေသော နေရာကို ဓားဖြင့် ခုတ်သတ်လိုက်ရလေ၏။
"ဖီးနစ်အတောင်တွေ?? မင်းမှာ ဖီးနစ်ရဲ့သွေးပါ ရှိနေတာလား"
ထိုလူက မယုံကြည်နိုင်စွာ အော်ဟစ်နေတာကြောင့် သူ့လှုပ်ရှားမှုတွေက ရပ်သွား၏။ လုရွှမ်က သူသည် လူသားဖြစ်ကြောင်း အမြဲတစေ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ကောင်းကင်လူသားက သူ့ကို လျှော့တွက်ပြီး နဂါးအဖြစ်ပင် မမှတ်ခဲ့ပေ။
နတ်နဂါးရဲ့ မှော်အစွမ်းအနည်းငယ်ကို ပိုင်ဆိုင်ထားသောကြောင့် နတ်နဂါး မျိုးနွယ်စု၏ မင်းသမီးရှန်းရှန်းက သူ့အပေါ် အလွန်အမင်း အားကိုးနေတာပဲ ဖြစ်နိုင်သည်လေ။
ဒါပေမဲ့ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား လုရွှမ်ဟာ နဂါးမဟုတ်ရင်တောင် ဖီးနစ်သွေး ပါနေဦးမယ် ဆိုတာကို သူ မယုံနိုင်သေးပါဘူး။ ဖီးနစ်အတောင်များက သာမန်လူများ မွေးမြူနိုင်သော အရာမဟုတ်ပေ။
လူတစ်ယောက်က နတ်နဂါးနဲ့ ဖီးနစ်တို့ရဲ့ အသွေးအသားကို ပိုင်ဆိုင်ထားတာက မယုံနိုင်စရာပင်။
"မင်း.... မင်းရဲ့ခန္ဓာကိုယ်ထဲက ဖီးနစ်ရဲ့သွေးက ဘယ်လိုဖြစ်တာလဲ"
"မင်းကငတုံးပဲ... ငါမင်းကိုဘာလို့ ပြန်ဖြေရမှာလဲ"
လုရွှမ် အစောက ခဏလောက် ထိတ်လန့်သွားခဲ့သည်။ ကောင်းကင်လူသားရဲ့ မှော်စွမ်းအားသည် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ ရွေ့သွားတဲ့ပုံစံက ပို့ဆောင်ခြင်းအစီအရင် သုံးသွားသလိုပင်။
ကောင်းကင်လူသား: "မင်း ဘယ်သူလဲ??"
သူ့အသံကနေ သူ့မျက်လုံးတွေအဆုံး လုရွှမ်ကို ဖြတ်ကျော်ကြည့်ချင်နေသလို ပူလောင်နေသည်။
လုရွှမ်က ပေါ့ပေါ့ပါးပါးပင်: "ငါက ဘယ်သူလဲ ဟုတ်လား? ငါက မင်းကို သတ်ချင်တဲ့သူလေ..."
ကောင်းကင်လူသားဆီက အကြိမ်များစွာ တိုက်ခိုက်ခြင်းကို ခံရသော လုရွှမ်အတွက်ကတော့ ဤတစ်ကြိမ်က သူ့နှလုံးသားထဲ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံးအကြိမ် ရခဲ့သော ရှက်ရွံ့မှုပင်။
"ကောင်းပြီ မင်းဘာတတ်နိုင်မလဲ ကြည့်တာပေါ့!"
ကောင်းကင်လူသားက အသံတစ်ချက် ပေးပြီး လုရွှမ်ဆီသို့ ပြေးဝင်လာပြန်သည်။ လုရွှမ် အမြဲသတိထားနေ၏။ ကောင်းကင်လူသားဟာ ယခင်က နည်းလမ်းများကို အသုံးပြုနေပေလိမ့်မည်။
ယခင်မှော်အစွမ်းသည် စွမ်းအား အလွန်အကျွံ သုံးစွဲသွားရတာမို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် လုရွှမ်သည် ၎င်း၏ ယုတ်မာမှုကို ဖုံးကွယ်ထားသည့် ကောင်းကင်လူသားဟာ သူ့အား တိုက်ခိုက်ရန် အရေးကြီးသော အခိုက်အတန့်ကို စောင့်မျှော်နေမှာ ခန့်မှန်းမိတာကြောင့် သတိကြီးစွာ နိုးကြားနေခဲ့သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် လုရွှမ်သည် ကောင်းကင်စာအုပ်ထဲက စစ်နတ်ဘုရားရိုက်ချက်ကို မသုံးတော့ဖို့ ဆုံးဖြတ်လိုက်သည်။
သူသည် ယခုအချိန်တွင် ဤကောင်းကင်လူသားကို သတ်နိုင်တဲ့ ခွန်အား မရှိသော်လည်း ဤလျှို့ဝှက်ချက်ကို ပြောပြီး ကောင်းကင်လူသားအား လွှတ်လိုက်သည်နှင့် တစ်ကမ္ဘာလုံးတွင် မိမိရပ်တည်ရန် နေရာ မရှိလောက်တော့ချေ။
နှစ်ယောက်သား လှည့်ပတ်ပြီး ထောင်ပေါင်းများစွာသော လှုပ်ရှားမှုများကို တွန်းထုတ်လိုက်ကြသည်။ လုရွှမ်သည် သူ့လှည့်ကွက် အားလုံးနီးပါးကို သုံးထားကာ ကောင်းကင်လူသားကလည်း သူ့ခွန်အား အများစုကို သုံးထားရဟန်ဖြင့် နဖူးပေါ်မှာ ချွေးများထွက်နေသည်။
လုရွှမ် အကြိမ်ပေါင်းဘယ်လောက် တွန်းလှန်ခဲ့လဲ မသိသော်လည်း တစ်ဖက်လူဟာ တုနှိုင်းမရတဲ့ မှော်အစွမ်းအချို့ ရှိပြီး ၎င်းတို့ကို မပြသေးကြောင်း သတိပြုမိသည်။
ဒါ့အပြင် ကောင်းကင်လူသားရဲ့ မျက်လုံးထဲက ကြောက်ရွံ့မှုကိုလည်း မြင်နေရ၏။ ကောင်းကင်လူသားသည်လည်း လုရွှမ်မျက်လုံးထဲက ကြောက်ရွံ့မှုကို မြင်ရသည်။
သူတို့နှစ်ယောက် ဆက်ပြီး ရန်ဖြစ်ရင် အသာစီးရမယ့်သူက တခြားလူ ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။ အဲဒီလူက သူတို့အခြေအနေကို အခွင့်ကောင်းယူနိုင်မယ် ဆိုတာ သူတို့နှစ်ယောက်လုံး သိပါသေးသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း စကားမပြောဘဲ ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်သွားကြသည်။
"ဟမ့်... ကောင်လေး မင်းရဲ့ အရည်အချင်းက တကယ်ကို ထူးခြားသားပဲ.. မင်းရဲ့ မှော်စွမ်းအားတွေက မရိုးရှင်းဘူး... အခွင့်အရေးတစ်ခု ရလိုက်လို့ မင်းမှာ ကောင်းမွန်တဲ့ အရာတွေ အများကြီး ရထားပြီးပြီ... ဒီတစ်ခါတော့ ငါတို့ သရေဖြစ်သွားပြီ...ဒါပေမဲ့ နောက်ပိုင်း မင်းကို ထပ်တွေ့ရင် သတ်ပစ်မယ်!"
ကောင်းကင်လူသား အော်လိုက်သော်လည်း သူ့မျက်လုံးများက လုရွှမ်ကို သတိနဲ့ စိုက်ကြည့်နေဆဲ ဖြစ်သည်။
လုရွှမ်: "ဟုတ်လား? မင်းမှာ ဝှက်ဖဲတစ်ချပ်ရှိသေးတယ် ဆိုတာ ငါသိတယ် ငါ့မှာလည်း ရှိတယ်.... ဒီအချိန်က မင်းရဲ့အကောင်းဆုံး အခွင့်အရေးလို့ ငါအတိအကျ ပြောနိုင်တယ်... ပြီးတော့ မင်းငါနဲ့ ဝေးဝေးမှာနေ! ဘာပဲဖြစ်ဖြစ် မင်း နောက်ပိုင်းကျရင် ငါ့လည်ပင်းကို မထိနိုင်တော့ဘူး..."
"ဟား ဟား ဟား!"
ကောင်းကင်လူသားက ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။
"လူသားတွေက အမြဲတမ်း စကားကြီးကြီးကျယ်ကျယ် ပြောရတာ ကြိုက်တယ်နော်... မင်းရဲ့ နဂါးနဲ့ ဖီးနစ်ရဲ့ မှော်အစွမ်းတွေအကြောင်း ငါသတင်းလွှင့်လိုက်ရင် မင်းခြေကုပ်စရာ နေရာရှိသေးမယ် ထင်လား"
လုရွှမ်ကလည်း "ဒါဆို မင်းရဲ့ ကောင်းကင်လူသားရဲ့ အမွေ... အထူးသဖြင့် ကောင်းကင်စာအုပ်ကို မင်း ရခဲ့တဲ့အကြောင်း ပြောပြပြီးရင် မင်းရော ရောဂါကူးစက်မှုကနေ ကင်းဝေးမယ်လို့ ထင်နေတာလား... မင်းက ကောင်းကင်လူသားလေ... တခြားသူတွေထက် မင်းက ကောင်းကင်စာအုပ်ကို ရနိုင်ခြေမြင့်တယ်"
ကောင်းကင်လူသား၏ မျက်နှာထားလည်း ပြောင်းလဲသွားကာ လုရွှမ်ကို မုန်းတီးစွာ ကြည့်နေ၏။ ယခင်တိုက်ပွဲအပြီးတွင် လုရွှမ်သည် ကောင်းကင်လူသား၏ အမွေကို အမှန်တကယ် မရရှိခဲ့ဘဲ အချည်းနှီး ပျော်ရွှင်နေခြင်းဖြစ်ကြောင်း သူအတည်ပြုနိုင်မည်ဟု ထင်ခဲ့သည်။
ကောလဟာလထဲ၌ ကောင်းကင်လူပုတီးစေ့ကို ထုတ်လာသရွေ့ အရာအားလုံးကို အတည်ပြုလိမ့်မည်။ သို့သော် သူသည် ကောင်းကင်လူသား မျိုးနွယ်မှ ဆင်းသက်လာတာမလို့ ကောင်းကင်စာအုပ်ကို ရသွားပြီ ဟူသော ကောလဟာလ ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် အကျပ်အတည်း အကြီးကြီးကို ဖြစ်စေမှာ သေချာသည်။
နှိုင်းယှဥ်လိုက်ရင် ဘယ်သူက ပိုထိခိုက် နစ်နာစေမလဲ သဘာဝကျကျ သိသာထင်ရှားပါသည်။
"ဖြစ်ကောင်းဖြစ်နိုင်တာက ငါတို့ နှစ်ဖက်စလုံး ဆုံးရှုံးဖို့ မလိုပါဘူး... မင်းရဲ့ လျှို့ဝှက်ချက်တွေကို ငါ မပြောဘူး မင်းလည်း ကောလဟာလတွေ မဖြန့်ရဘူး... ဘယ်လိုလဲ"
လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာပြီး "ဒါဆို မင်း ကောင်းကင်စာအုပ်ကို တကယ်ရပြီလား"
ကောင်းကင်လူသားက သက်ပြင်းချသည်- "ကောင်းကင်စာအုပ် ပေါ်လာဖို့ လွယ်ပါ့မလား... ကောင်းကင်စာအုပ်ရဲ့ အသွင်အပြင် ပေါ်လာဖို့တောင် အခွင့်အလမ်းတွေ လိုအပ်တယ်... ကောင်းကင်စာအုပ်လည်း လိုအပ်တယ်... အခုက ကောင်းကင်စာအုပ် မပေါ်သေးဘူးလို့ပဲ ပြောလို့ရတယ်"
လုရွှမ်က မယုံကြည်နိုင်လောက်သော အကြည့်ဖြင့် နှုတ်ခမ်းကို ကော့ထားသည်။
"ဘာပဲဖြစ်ဖြစ် မင်းရဲ့စကားကို ငါသဘောတူတယ် မင်းငါ့လျှို့ဝှက်ချက်ကို မထုတ်ဖော်ရင် မင်းရဲ့လျှို့ဝှက်ချက်ကိုလည်း ငါထုတ်ဖော်မှာ မဟုတ်ဘူး"
ကောင်းကင်လူသားကလည်း ညင်သာစွာပြုံးကာ လက်ဖဝါးကို ဆန့်၍ လုရွှမ်နှင့် လက်သီးချင်း တိုက်လိုက်သည်။ လက်သီးနှစ်လုံး တညီတညွတ်တည်း ရိုက်ခတ်လိုက်သည်နှင့် အလင်းအနည်းငယ် ဖြာထွက်သွားကာ ၎င်းတို့ရဲ့ ခန္ဓာကိုယ် အသီးသီးသို့ လွင့်သွားသည်။
"မင်းငါ့ကို မယုံဘူးပဲ?"
လုရွှမ်: "မင်းလည်း ငါ့ကို ယုံနေလို့လား!"