အိမ်မှ ထွက်ခွာခိုင်းခြင်း
Vol. 131 Ch. 4.1475
"ကောင်လေး... ကောင်းကောင်း အသက်ရှင်နေလိုက်ပါ မင်းရဲ့အသက်ကို အနာဂတ်မှာ ငါပြန်လာယူမယ်... မင်း တခြားသူတွေရဲ့ လက်ထဲမှာ သေသွားတာကိုသာ ကြားရရင် ငါအရမ်း စိတ်ပျက်သွားလိမ့်မယ်"
လုရွှမ်: "ငါလည်း အဲဒီလိုပဲ ပြောချင်နေတာ... မင်းငါ့ကို သတ်ဖို့ တတ်နိုင်သမျှ လုပ်ထား! မလုပ်ရင် နောက်ပိုင်း သေချာပေါက် နောင်တရလိမ့်မယ်... အဲ့အချိန်ကျမှ မင်းရဲ့ ဝှက်ဖဲကို သုံးရင်တောင် အကျိုးမရှိလောက်တော့ဘူး!"
ကောင်းကင်လူသားက လုရွှမ်ကို လေးလေးနက်နက် အကြည့်ပေးကာ ကောင်းကင်အထက်သို့ အပြေးအလွှား ပျံသန်းရင်း အလင်းတန်းတစ်ခုနဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။
"အိုး ဒါဆို ဒီလမ်းက ထွက်သွားတဲ့လမ်းပဲ ဖြစ်မယ်"
လုရွှမ် ညည်းညူရင်း မြေပြင်ပေါ် ဒူးတစ်ဖက်ထောက် လဲကျသွားသည်။ ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြင့် အသက်ပြင်းပြင်း ရှူနေရသည်။ သူအရင်က ပြိုကျလုနီးပါး ဖြစ်နေခဲ့တာပင်။
ဒီကောင်းကင်လူသားရဲ့ ခွန်အားနဲ့ တိုက်ပွဲမှာ သူ့ကို ယွမ်ယန်ကျင့်စဥ်က ကာကွယ်ထားသော်လည်း နယ်ပယ်ကွာဟချက်မှာ ကြီးမားနေဆဲ ဖြစ်သည်။ သူတို့နှစ်ယောက်ကြားမှာ နယ်ပယ်နဲ့ အရည်အချင်း ကွာဟချက် ရှိသော်လည်း နှစ်ဦးစလုံးက တစ်ယောက်နှင့်တစ်ယောက်၏ ပင်ကိုယ်စွမ်းရည်အပေါ် လွှမ်းမိုးမှုမှာ ကြီးကြီးမားမား မရှိပေ။
အဂ္ဂိရတ်ဆေးကို အမြန်ထုတ်ပြီး မျိုချလိုက်သည်။ ဆေးအာနိသင်က မကောင်းတော့တာကြောင့် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ရ၏။ နောက်ပိုင်းကျရင်တော့ ဆေးလုံးတွေ သန့်စင်ထားရတော့မည်။
သူ မိုးမြေအဆောက်အအုံမှာ ရှိစဥ်တုန်းက မျှော်စင်နယ်ပယ် ကျင့်ကြံသူတွေ ယွမ်စွမ်းအင်အား ပြန်လည်ဖြည့်တင်းရန် သုံးတတ်သော အဂ္ဂိရတ်ဆေး တစ်မျိုးကို တွေ့ဖူးသည်။ မိုးမြေအဆောက်အအုံက ရလာသော ပါဝင်ပစ္စည်းများထဲ အနည်းငယ် ထပ်ထည့်ပါက ဆေးအာနိသင်ဟာ 30% တိုးနိုင်ပြီး ပြန်လည်နာလန်ထချိန်ကို ထက်ဝက် လျှော့ချနိုင်သည်။
၎င်းက မရှိမဖြစ် ဆောင်ထားရမည့် ဆေးဟု ဆိုနိုင်သည်။ မွေးဖွားခြင်းရေစင်က အခွင့်အလမ်းတစ်ကြိမ်သာ ကျန်တော့သည်။ ၎င်းကို ပေါ့ပေါ့ဆဆ မသုံးသင့်တော့ပေ။ အရေးကြီးသော အခိုက်အတန့်တွင် အသက်ကို ကယ်တင်ရန် အသုံးပြုနိုင်သည်။
ခဏလောက် အနားယူပြီးနောက် တခြားသူတွေ တဖြည်းဖြည်း ထွက်လာ၏။ စိတ်အလှုပ်ရှားဆုံး လူကတော့ ဟွမ်လန်ပါပဲ။ သူ့ခမျာ စိတ်လှုပ်ရှားတာကို မထိန်းနိုင်ခဲ့ဘဲ လုရွှမ်ကိုတွေ့တော့ ပြေးလာပြီး ဝမ်းသာအားရ ရယ်မောနေတော့သည်။
ရှန်းရှန်း မျက်နှာပေါ်တွင်တော့ မျက်ရည်အနည်းငယ် စွန်းထင်းကာ ပြေးထွက်သွားသော်လည်း သူမရောင်ဝါက အလွန်တိုးလာပါပြီ။ နယ်ပယ်နှစ်ခုကို တိုက်ရိုက် မြှင့်တင်ကာ နတ်မီးနယ်ပယ် အဆင့်၈အထိ ရောက်ရှိသွားသည်။
သူမသည် လုရွှမ်ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုနေတော့သည်။
"အဘိုးကောင်းကင်လူသားက နောက်ဆုံးတော့ ထွက်သွားပြီ"
လုရွှမ်လည်း သူမ ခေါင်းကို ပွတ်သပ်ကာ နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။ ဆရာတော်ချင်ယဲ့လည်း ပျံထွက်လာ၏။ သူ့အငွေ့အသက်က အနည်းငယ် ပိုပြင်းထန်လာကာ လုရွှမ်ကို ခေါင်းညိတ်ပြပြီးနောက် ကောင်းကင်သို့ ပျံတက်သွားလေသည်။
"သွားရအောင်... ဦးချိုနဂါးကြီး မကြာခင်ထွက်လာတော့မယ် ထင်တယ် သူ့ကိုရင်ဆိုင်ဖို့ ငါတို့အတွက် အဆင်မပြေသေးဘူး"
ရှန်းရှန်းလည်း ယခုအချိန်တွင် လုရွှမ် ဘယ်လောက် ပင်ပန်းနေသလဲ မြင်နေရပါသည်။ မကြာသေးမီက ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ခဲ့တာ ထင်ရှားသည်။
"သွားကြရအောင်"
သုံးယောက်သား ကောင်းကင်သို့ ပျံတက်လာခဲ့ကြသည်။
"ဟမ့် မင်းတို့ မြန်မြန်ပြေးထားကြ!! ငါတို့ နောက်တော့ ပြန်တွေ့ကြတာပေါ့"
ရဲ့ရှား၊ နဂါးသားရဲနှင့် မြွေအသွင်တို့သည် လုရွှမ်ထွက်သွားတာကို ကြည့်ရင်း မျက်နှာတွေ မည်းမှောင်သွားကြသည်။
သူတို့ ရလာခဲ့တဲ့ ရလဒ်အကြီးကြီးတွေက သဘာဝအတိုင်း ၎င်းတို့ရဲ့ စိတ်နှလုံးကို စွဲဆောင်ထားကြတုန်း။ ပထမကျောက်စာတိုင်မှာ အဆင့်သတ်မှတ်ခံရသော လုရွှမ်က ပိုကောင်းမွန်တဲ့ အကျိုးကျေးဇူးများ ရရှိမှာမလို့ အနာဂတ်တွင် ၎င်းတို့ကို ကျော်တက်သွားမယ့် အခွင့်အလမ်းက မြင့်မားသည်။
အထူးသဖြင့် ထိုလူက လူသားတစ်ဦး ဖြစ်နေသေးတာက ၎င်းတို့ကို အရွံရှာဆုံး ဖြစ်စေခဲ့သည်။ လုရွှမ် စောစောစီးစီး ထွက်သွားခွင့် ရခဲ့တာက နှမြောစရာပင်။
လုရွှမ်နဲ့ ရှန်းရှန်းသည် သူတို့၏ ခန္ဓာကိုယ်များ လှုပ်ယမ်းသွားတာကို ခံစားလိုက်ရပြီး တောင်တော တစ်နေရာ၌ ပေါ်လာခဲ့သည်။
"ငါတို့ နောက်ဆုံးတော့ ထွက်လာပြီ!"
အခုမှသာ လုရွှမ်လည်း သက်ပြင်းချနိုင်တော့သည်။
"အစ်ကိုလုရွှမ်... အစ်ကို့ရဲ့ဒဏ်ရာတွေကို သေချာ ဂရုစိုက်ပါဦး"
လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။ အခုက သူ့ကိုယ်သူ တကယ် ကုသဖို့ လိုအပ်နေသေးသည်။
တစ်လခွဲလောက်က လျှပ်တပြက်နဲ့ပဲ ကုန်ဆုံးသွားသည်။ ထို့နောက် လုရွှမ်ရဲ့ ကျင့်ကြံမှုတွေက အပြည့်အဝ ပြန်ကောင်းလာပြီး အချိန်တိုလေး အတွင်းမှာပဲ သူဟာ နတ်မီးနယ်ပယ် အဆင့်၁၂ကို ထိသွားနိုင်တော့မယ်လို့ ခံစားနေရသည်။
လုရွှမ်သည် ကောင်းကင်လူသားဆီက ရလာသော အတွေ့အကြုံများစွာကို မစစ်ဆေးခဲ့သော်လည်း ၎င်းသည် သူ့အသိပညာကို တဖြည်းဖြည်း မမြင်နိုင်သော ဘက်ခြမ်းကနေ ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။
အဆင့်မြင့်သော မြင်ကွင်းဖြင့် အောက်ခြေအဆင့်ရှိ အရာအားလုံးကို သဘာဝအတိုင်း ထိန်းချုပ်ထားနိုင်ပြီး ပိုမိုလွယ်ကူစေသည်။
"ရှန်းရှန်း.... မင်း အနာဂတ်မှာ ဘာအစီအစဉ်ရှိလဲ မင်းနဂါးမျိုးနွယ်ကို ပြန်မှာလား"
ရှန်းရှန်း၏ စွမ်းရည်သည် အလွန်အစွမ်းထက်လှပြီး နတ်မီးနယ်ပယ် အဆင့်တွင်ပင် သူမ လူများစွာကို လွှမ်းမိုးနိုင်ခဲ့သည်။ သို့သော် အရည်အချင်းက အရည်အချင်း ဖြစ်ပြီး ခွန်အားက ခွန်အားဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော ခွန်အားမရှိသော်လည်း ထူးချွန်သော စွမ်းရည်များသာ အားကိုးနေလျှင် တစ်ခါတစ်ရံတွင် အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်သည်။
အထူးသဖြင့် ရှန်းရှန်းဟာ နတ်နဂါးမျိုးနွယ်မှ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နဂါးမျိုးရိုးကို ရိုသေလေးစားသူ အနည်းငယ်မျှသာ ရှိကာ နဂါးမျိုးရိုး၏ အနှစ်သာရက ရယူလိုသူ များစွာရှိပါသည်။
ယခုအချိန်တွင် ရှန်းရှန်းတစ်ယောက် လမ်းလျှောက်ထွက်လာတာက အတွေ့အကြုံ မရှိသလောက်ပင်။ ဘာပဲဖြစ်ဖြစ် အခုတော့ အမွေရထားတော့ ကောင်းကောင်း လေ့ကျင့်ဖို့ နဂါးမျိုးနွယ်ဆီကို ပြန်သွားသင့်သည်။
ထို့အပြင် ရှန်းရှန်းသည် နဂါးမျိုးနွယ်ထဲတွင် ထူးထူးခြားခြား အဆင့်အတန်းတစ်ခု ရှိပြီး သူမ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားတာက နဂါးမျိုးနွယ်တွင် ကြီးမားသော လှိုင်းလုံးများ ဖြစ်စေနိုင်သည်။ သူမမိဘများက အလွန်စိုးရိမ်နေလောက်ပြီ။
သို့သော်လည်း ရှန်းရှန်းက ခေါင်းခါလိုက်ပြီး။
"အစ်ကိုကြီးလုရွှမ် ဟီးဟီး... ညီမ မပြန်ချင်ဘူး ထွက်လာပြီးမှတော့ လူသားမျိုးနွယ်က ဘယ်လိုကမ္ဘာမျိုးလဲဆိုတာ ကြည့်ချင်တယ်"
လုရွှမ် သူ့စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးနေရ၏။ ရှန်းရှန်း ဒီလိုပြောလာမှာကို ကြောက်နေခဲ့သော်လည်း ထိုကလေးမက တကယ်ကြီး ပြောလာခဲ့သည်။
"ကောင်းပြီ... အိမ်ရှင်တစ်ယောက်အနေနဲ့ မင်းကစားဖို့ ခေါ်သွားပေးမယ်"
"အင်း... အစ်ကိုလုရွှမ်က အရမ်းကောင်းတာပဲ... ညီမရဲ့အစ်မလည်း တစ်ယောက်တည်း တိတ်တိတ်လေး ဆော့ဖို့ ထွက်သွားဖူးတယ် ဒါပေမဲ့ သူက တခြားဘယ်သူ့ကိုမှ မခေါ်သွားဘူး..."
လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ဟုတ်ပြီ ငါတို့ အခု ဘယ်ကို ရောက်နေလဲ ကြည့်ရအောင်... ငါတို့ အရင်နေရာမှာပဲ ရှိသေးတာများလား"
သူအရင် ပြေးသွားတော့ ရှန်းရှန်းကလည်း သူ့နောက်က အမြန် လိုက်လာသည်။
လုရွှမ် ထိုကလေးမကို နဂါးရောင်ဝါ ဖုံးကွယ်နည်းကို သင်ကြားပေးခဲ့သည်။ ဒီလိုဆို အနည်းဆုံး ဘယ်သူကမှ သူမဟာ နဂါးမျိုးရိုး သို့မဟုတ် နဂါးဖြစ်ကြောင်း ချက်ချင်း သတိပြုမိမည် မဟုတ်ပေ။
မျှော်လင့်ထားသလိုပဲ အရင်မြို့မှာ မဟုတ်တော့ပေ။ ယဇ်ပလ္လင်ကို တွေ့ပေမယ့် လူတွေအများကြီး ရှိနေကာ သူတို့နှစ်ယောက် ရောက်လာတော့ အားလုံးက အချင်းချင်း စိုးရိမ်တကြီးနဲ့ ကြည့်နေကြတာ တွေ့လိုက်ရသည်။
ဟိုအရင်တုန်းက မြင်ဖူးတာက လွတ်နေတဲ့မြို့ ဘယ်ရောက်သွားတာလဲ။
ဘာဖြစ်သွားတာလဲ?
ရှန်းရှန်း အလွန်သိချင်စိတ် ရှိနေသဖြင့် ချောမောလှပသော အမျိုးသမီးကို ဖမ်းဆုပ်ကာ မနေနိုင်ဘဲ မေးလိုက်သည်။
“မမလှလှ... ဒီမြို့က ဘာဖြစ်သွားတာလဲ မမတို့အားလုံး ဘာလို့ ရောက်နေကြတာလဲ”
အမျိုးသမီးသည် ကြွေရုပ်နှင့်တူသော ရှန်းရှန်းကို ကြည့်ကာ ပြုံးလိုက်သည်။ အထူးသဖြင့် ရှန်းရှန်းက သူမကို မမလှလှလို့ ခေါ်လိုက်သောကြောင့် တစ်ချိန်လုံး ပြုံးနေခဲ့သည်။
"ညီမငယ်လေး... မင်းကလည်း အရမ်းလှပါတယ် ဒီမှာ လွမ့်ရှန်ဂိုဏ်းက အားလုံးကို ထွက်သွားခိုင်းချင်နေတာလေ....ဟူး ဒီမှာ နှစ်အတော်ကြာ နေထိုင်ပြီး ဒီနေရာကို အိမ်လို့ သတ်မှတ်လိုက်တဲ့လူတွေ နှင်ထုတ်ခံရတာ သနားစရာပဲ... မွေးရပ်မြေကို ပြန်ဖို့ကလွဲလို့ သူတို့မှာ ခွန်အား မရှိတော့ဘူး"