← Chapters

ကမ္ဘာမြေ အပြောင်းအလဲ

Vol. 131 Ch. 4.1477

ကမ္ဘာမြေ အပြောင်းအလဲ

Vol. 131 Ch. 4.1477

ဘာဖြစ်တာလဲ?

တချို့ကလည်း ခပ်မြန်မြန် ခုန်ထပျံသန်းလိုက်ကာ အောက်ဘက် လှုပ်ရှားမှုကို ကြည့်လိုက်ကြသည်။ မြေကြီးကို သေချာ အကဲခတ်ကြည့်တော့လည်း လှုပ်ရှားမှု မရှိတော့သလို ဘာမှ အာရုံမခံစားနိုင်တော့ပေ။

လုရွှမ်ကတော့ တစ်စုံတစ်ခုကို ပြောင်းလဲစေတဲ့အရာ ဖြစ်ပေါ်စေမည် ဆိုပါက မြေအောက်၌ ဖိနှိပ်ခံထားရသော ဘိုးဘေးသားရဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားလေသည်။

ပထမမြို့မှ ဘိုးဘေးသားရဲကြောင့် သူ အလွန် ထိတ်လန့်နေဆဲ ဖြစ်သည်။ သူရထားတဲ့ ရွှေချိုက ကာကွယ်ခဲ့လို့သာ မဟုတ်ရင် ဒုက္ခရောက်ခဲ့လောက်ပြီ။

လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားတဲ့ မိန်းကလေးတွေဟာ မသေသေးရင်တောင် ခက်ခက်ခဲခဲ အသက်ရှင်နေရမှာ သေချာသည်။ အစောက မြေကြီး လှုပ်ခတ်သွားတာက သူမတို့တွေ အန္တရာယ်ထဲ ကျရောက်နေပြီဟု ညွှန်ပြနေပုံရသည်။

ဒါကိုပြောရင် လွမ့်ရှန်ဂိုဏ်းက မြို့သူမြို့သားအားလုံးကို နှင်ထုတ်ဖို့ အကြောင်းပြချက် ရှိကောင်းရှိနိုင်ပါ၏။ ဤလူများကို ဒီမှာထားတာက ချန်ထားခဲ့ခြင်းသည် ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်ပြီး နတ်ခြေလှမ်းနယ်ပယ်၊ မျှော်စင်နယ်ပယ် အဆင့်၉ ကျင့်ကြံသူတွေက ထိုဘိုးဘေးသားရဲကို တားဆီးရန် သွားကြပေမည်။

ဤနေရာ၌ လူများလွန်းပြီး ငလျင်ကြောင့် လူများအားလုံး စုဝေးလာကြသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် မြို့တံခါး ယဇ်ပလ္လင်ဆီသို့ ရေစီးကြောင်းကြီးလို ဝိုင်းအုံလာကြလေ၏။

ဒါပေမဲ့ လူတိုင်းက စုဝေးပြီး တစ်ယောက်ကိုတစ်ယောက် တွန်းထုတ်လိုက်ကြတာက ထွက်သွားဖို့ ပိုခက်ခဲစေသည်။ အနောက်က လူများ၏ အမြင်အရ အရှေ့ကအရှိန်ဟာ များစွာနှေးကွေး​ပေသည်။

နောက်တန်းက လူတွေက အရှေ့ကို တွန်းတိုက်ကာ တချို့ကျတော့လည်း အနောက်ကလူတွေကို ပြန်တွန်းထုတ်နေကြသည်။ တစ်စုံတစ်ယောက်က ဓားကို ဆွဲထုတ်ပြီး လှုပ်ရှားလိုက်သောအခါတွင် အကုန် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ရုတ်ရုတ်သဲသဲ အသံတွေကြားက လူတွေအားလုံး ဂနာမငြိမ် ဖြစ်ကုန်ပြန်၏။ ဘယ်သူကမှ လွယ်လွယ်နဲ့ အချင်းချင်း အနားမကပ်ရဲကြ။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပါက အမှန်တကယ်ပင် သူ့ကိုယ်သူ ခုခံနိုင်စွမ်းမရှိမှာ ကြောက်နေခြင်းပင်။

ယခုမူ ယခင်က ငလျင်ကြောင့် လူတိုင်းကိုတစ်ပြိုင်နက် တိုက်ခိုက်ခံလိုက်ရပြီမလို့ အခြားသူများကပါ မတိုက်ခိုက်စေရန် ကာကွယ်မှု​တေီ တစ်ခုပြီးတစ်ခု အမြန်လုပ်​ကြ​လေသည်။ ဒီအချိန်မှာ အကောင်းဆုံး နည်းလမ်းကတော့ လူစုလူဝေးကနေ ရုန်းထွက်ဖို့ပါပဲ။ ဒါပေမဲ့ ဒီလို ထွက်သွားတာနဲ့ ပြန်ဝင်ဖို့ကလည်း ခက်လိမ့်မယ်။

ဒါပေမဲ့ မထွက်သွားတဲ့ လူတွေက များလာတော့ နောက်တန်းက လူတွေကလည်း ရှေ့ကို ဆက်ပြီး ဖိအားတွေ ပေးလာရာ တစ်ယောက်ပြီး တစ်ယောက် ထပ်ကုန်ပြန်သည်။

လုရွှမ်တို့ သုံးယောက်သည် လေထဲသို့ ပျံတက်သွားကာ အောက်ဖက်က မြင်ကွင်းကို ကြည့်လိုက်တော့ အခြေအနေ မကောင်းတော့တာ တွေ့လိုက်ရသည်။

"တစ်ခုခု ဖြစ်​တော့မှာများလား မြန်မြန် ထွက်သွားရအောင်"

လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။ ဒါက ပြဿနာရှာတဲ့ စည်းချက်တစ်ခု ဖြစ်ပြီး ရန်ပွဲတစ်ခုပြီးတာနဲ့ သူတို့ဟာလည်း သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် လူတိုင်းနဲ့ တိုက်ခိုက်ရတော့မှာ မဟုတ်ဘူးလား။

ငလျင်လှုပ်ရုံနဲ့ ဒီလောက်ကြီးကြီးမားမား ဖြစ်မလာနိုင်ဘူးလို့ အာမခံလို့ မရချေ။ ပရမ်းပတာက ဖြစ်နေပြီလေ။ ဓားမီးများ တောက်လောင်လာကာ အနီးနားရှိလူများကလည်း ထွက်ပြေးချင်ကြသည်။

အော်ဟစ်သံများက ဆူညံလာကာ တစ်ယောက်ပြီး တစ်ယောက် သဘာဝအတိုင်း ချက်ချင်းပင် ပြန်ခုခံကြသည်။

ဒါပေမဲ့ လူစုလူဝေး ရောထွေးနေတဲ့အခါ တခြားသူတွေ မတော်တဆ ထိခိုက်ဒဏ်ရာရမှာ မလွဲမသွေပါပဲ။ 'မင်းကငါ့ကိုတိုက်ခိုက်တယ်၊ ငါလည်းမင်းကို တိုက်မယ်' စလို့ တစ်ယောက်ကိုတစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။

တိုက်ပွဲဟာ အလယ်ဗဟိုမှ စတင်၍ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

လူတချို့က သူတို့အရင်က တိုက်ခိုက်ခံခဲ့ရတာကို သတိရပြီး အခု အခွင့်အရေးကို သိမ်းပိုက်ကာ ချက်ချင်း တဟုန်ထိုး တိုက်ခိုက်ကြပါ၏။ အချို့သော လူများကလည်း တစ်ဖက်လူကို အမြင်မကြည် ဖြစ်နေတာကြောင့် လက်ရှိ အခြေအနေကို အခွင့်ကောင်းယူပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကုန်သည်။

ကျင့်ကြံသူများ အချင်းချင်း အရူးအမူး တိုက်ခိုက်ကုန်ကြသဖြင့် လူအုပ်ကြီး တစ်ခုလုံး ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သောကြောင့် ထွက်မပြေးနိုင်သူများက ကြားထဲက ​​မြေစာပင်တွေ ဖြစ်သွားကြသည်။

လုရွှမ်ကတော့ ဒီမြင်ကွင်းကို အစောကတည်းက ကြိုမြင်ခဲ့ပြီးသားမလို့ မိန်းကလေးနှစ်ယောက်ကို အမြန် ဆွဲထုတ်ခဲ့လေသည်။

ရှန်းရှန်း: "အရမ်းကြောက်ဖို့ ကောင်းတာပဲ!"

လုရွှမ် ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်ပြီး တစ်ကိုယ်တည်း ညည်းညူလိုက်သည်။

"တကယ် ကြောက်စရာ ကောင်းတာက ရောက်မလာသေးဘူး"

"အစ်ကိုလုရွှမ်... ညီမတို့ အခု ယဇ်ပလ္လင်ဆီကို အမြန်သွားလို့ရမလား"

လုရွှမ် ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လမ်ူအားလုံးကို လူတွေက လုံးဝ ပိတ်ဆို့ထားတာ တွေ့လိုက်ရသည်။

"မဖြစ်နိုင်ဘူး... ဒီကနေ ထွက်သွားရအောင် ဒီမှာ သေခြင်းတရား အငွေ့အသက်တွေက ထူထပ်လာနေပြီ... ဒီမှာ ကြီးကြီးမားမား ကပ်ဘေးကြီးတစ်ခု ရှိကောင်းရှိလာလိမ့်မယ်"

လျန်းဟွားလည်း ခေါင်းကိုက်နေပြီ။ သူမသည် ဤနေရာသို့ ပြောင်းရွှေ့ရန် သူမဆရာနှင့်အတူ ရောက်ရှိလာသော်လည်း ယခုအချိန်တွင် ဆရာရောက်နေတာကို သူမ မမြင်နိုင်တော့ပေ။ ဒါပေမဲ့ လူတွေ အလျင်စလို တိုက်ခိုက်လိုက်တဲ့အခါမှာတော့ သူမဟာ စွမ်းအားမဲ့သွားပြီး ဆရာ့ရဲ့တည်ရှိမှုကို လုံးဝ မမြင်နိုင်ခဲ့။

ဝုန်း!

ရုတ်တရက် နောက်ထပ် ငလျင်တစ်ခု ထပ်လှုပ်သွားပြန်သည်။

ပြင်းထန်သော လေစီးကြောင်းသည် မြေကြီးထဲမှ ထွက်ပေါ်လာပြီး လေထုကို ရိုက်ခတ်သွားသည်။ လူများမှာ ရုတ်တရက် ရိုက်ခတ်မှုကို မခုခံနိုင်ဘဲ ကောင်းကင်ကနေ တိုက်ရိုက် ပြုတ်ကျလာကြတော့သည်။

အောက်ခြေက မြေပြင်က မြည်သံကြီးနဲ့အတူ အက်ကွဲသွားပြီး အနက်ရောင် အခိုးအငွေ့ အမြောက်အမြား ထွက်ပေါ်လာကာ ကျင့်ကြံသူများကို မြေ​ကြီးပေါ်တွင် ချက်ချင်း ထုပ်ပိုးထားသည်။

အထုပ်ခံလိုက်ရသူတွေလည်း အနက်ရောင် မြေဆီလွှာမှာ ရုန်းကန်ရင်း အော်ဟစ်နေကြလေ၏။ ထိုအငွေ့များက အလွန်စေးကပ်နေကာ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရုန်းနေပါစေ အကျိုးသက်ရောက်မှု မရှိနေချေ။

အနည်းငယ် ရုန်းကန်ပြီးနောက်တွင် ၎င်းတို့အားလုံး အနက်ရောင် မြေဆီလွှာထဲသို့ လုံးလုံးလျားလျား မျောပါသွားခဲ့ပြီး ဖုန်မှုန့်များနှင့် မီးခိုးငွေ့များကြား ပျောက်ကွယ်သွားကြလေသည်။ ထိုအငွေ့များက ကြည့်လိုက်တာနဲ့ ကြောက်စရာ ကောင်းလှတာ သိသာ၏။

သို့သော် နောက်အခိုက်အတန့်တွင် ပြင်းထန်သော စုပ်ယူမှုစွမ်းအားဟာ အောက်ဖက် မြေပြင်ထဲမှ ထွက်ပေါ်လာ​ပြန်သည်။ ရုန်းနိုင်တော့မယ့် လူတွေခမျာ လဲကျသွားပြန်သည်။

စုပ်ယူအားက အလွန်ကြီးမားသည်။ အထက်မှ တစ်စုံတစ်ယောက်သည် ၎င်းတို့အား လက်ဖဝါးကြီးဖြင့် တွန်းချနေသကဲ့သို့ပင်။ မြေနဲ့ ပိုနီးလေလေ၊ သူတို့အပေါ် စုပ်ယူအားက ပိုအားကောင်းလေ ဖြစ်သည်။ ထိုအခိုက် လူတိုင်းလိုလို ဘယ်ပြေးရမလဲ စတွေးလာရ၏။

တစ်ယောက်ပြီးတစ်ယောက် လဲကျပြီး ဘယ်သူမှ မတက်နိုင်ကြ။ ခဏလောက် ရုန်းကန်ပြီးတဲ့ နောက်မှာတော့ အောက်ခြေကနေ လူတွေရဲ့ ရုပ်အလောင်းတွေကို တဖြည်းဖြည်း မမြင်နိုင်တော့ပေ။ အောက်ခြေက အနက်ရောင် မြေဆီလွှာတွေနဲ့ ဖုံးလွှမ်းသွားတာနဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကလည်း ပျောက်သွားသည်။

လုရွှမ် ရှန်းရှန်းလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အခြားလက်ဖြင့် လျန်းဟွားကိုလည်း ဆုပ်ကိုင်လိုက်သည်။

လျန်းဟွားလည်း မယုံကြည်နိုင်စွာ လေထုထဲတွင် လွင့်မျောရန် လုရွှမ်ရဲ့စွမ်းအားကို ချေးယူခဲ့သည်။ အလွန်အစွမ်းထက်သောကြောင့် သူမကိုယ်သူအ စုပ်ယူခံရမည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ထားသည့် လုရွှမ်က သူမကို ကယ်တင်နိုင်ခဲ့သည်။

သူ့လက်ထဲက ထွက်လာတဲ့ စွမ်းအားကို ကြည့်ပြီး လုရွှမ်လို့ ခေါ်တဲ့ ဒီကောင်လေးက သူ့ထက် နည်းနည်းလေးတောင် မဟုတ်ဘဲ အများကြီး ပိုသန်မာနေကြောင်း သဘောပေါက်သွားခဲ့သည်။

All Chapters