ကိစ္စဟောင်းတွေ
Vol. 131 Ch. 4.1478
"သူတို့တွေ??"
လျန်းဟွားဆီက ဝမ်းနည်းစွာ အသံထွက်လာသည်။
"သူတို့သေပြီ" လုရွှမ်က လေးနက်စွာ ပြန်ပြော၏။
"သေပြီလား?"
လုရွှမ် ပြန်မဖြေဘဲ သူမကို ဆွဲခေါ်ကာ အဝေးသို့ အမြန်ပြေးသွားခဲ့သည်။ လျန်းဟွား အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသော်လည်း နောက်အခိုက်အတန့်တွင် သူမ လုံးဝ ထိတ်လန့်သွားခဲ့သည်။
အနက်ရောင် မြေဆီလွှာထဲက လက်ဖဝါးကြီးတွေကို မြင်လိုက်ရ၏။ လက်ဖဝါးသည် အလွန်ကြီးမား၍ လက်ငါးချောင်းက ကျယ်ဝန်းသည်။ ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားတော့မယ့် အတောင်ပံများကဲ့သို့ ကျယ်ဝန်းကာ အလွန်လျင်မြန်စွာ တိုက်ခတ်လာသော လေပြင်းများကလည်း ကံမကောင်းသော လူများကို ဖမ်းစားလိုက်လေသည်။
လူတစ်ယောက် ဆိုလျှင် ဘေးအန္တရာယ် တစ်ခုပြီးတစ်ခုဆီ လွတ်မြောက်သွားတာကို ဝမ်းမြောက်ဝမ်းသာ အော်ဟစ်နေစဥ် လက်တစ်ဖက်က အောက်မှ လှမ်း၍ တိကျစွာ လှမ်းဖမ်းဆုပ်ကာ အောက်မြေအနက်သို့ ဆွဲထုတ်သွားလေသည်။
"အား....."
အော်ဟစ်သံများကြားမှ မြေပြင်ပေါ် ပြန်ကြည့်သောအခါ သူ့ကိုယ်သူ မြေကြီးပေါ်တွင် အဖမ်းခံထားရတာ တွေ့လိုက်ရသည်။ နံဘေးတွင် မည်းနက်နေသော မြေဆီလွှာကို တွေ့လိုက်ရ၏။ သူ့ခန္ဓာကိုယ်ပေါ်ကို လှိမ့်လိုက်ပေမယ့် မြေကြီးထဲကိုသာ ဆွဲချခံလိုက်ရလေသည်။
ခဏလောက်ကြာတော့ ခန္ဓာကိုယ်က ရေထဲ ရောက်သွားသလို အေးစက်လာ၏။ ပြန်ကြည့်လိုက်တော့ ဆံပင်တွေက သူ့ခန္ဓာကိုယ်ကို ဖောက်ဝင်နေတာကို မြင်နေရမယ့် လုံးဝ မခံစားရချေ။
နောက်အခိုက်အတန့်မှာတော့ သူ့အသိစိတ်တွေ ကွယ်ပျောက်သွား၏။ ဒီအနက်ရောင် မြေဆီလွှာထဲမှာ အာဟာရအဖြစ် ပြောင်းလဲသွားပြီး သူ့စိတ်ဝိညာဉ်ဟာလည်း ဖျက်ဆီးခံလိုက်ရပါတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
လျန်းဟွားသည် ဤမြို့မှာ နေထိုင်ခဲ့တာ ကြာလှပြီဖြစ်၏။ သူတို့၏ ခြေထောက်အောက်တွင် ဒီလောက်ထိ ထိတ်လန့်စရာကောင်းသော သတ္တဝါကြီး ရှိနေခဲ့တာကို သူမ မသိခဲ့ပေ။
"ဆရာ သူတို့?"
ရှန်းရှန်း: "အစ်ကိုလုရွှမ်... မမလျန်းဟွား သူတို့အားလုံး သေပြီလား?"
လုရွှမ်: "သေချာတာတစ်ခုက သူတို့အားလုံး သေသွားပြီ ဒီလိုမျိုး အရှိန်အဝါအောက်မှာ အထိန်းအကွပ် မရှိရင် လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ..."
အနောက်ဘက်ရှိ အနက်ရောင် မြေကြီးကို သူ့မျက်လုံးများက ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ၎င်းက ဘိုးဘေးသားရဲရဲ့ အစိတ်အပိုင်းဖြစ်မည်။ နှိမ်နှင်းခံခဲ့ရသော သားရဲက လွတ်မြောက်လာခဲ့ပြီ။
သို့သော် ဒီလို ကြောက်မက်ဖွယ်ကောင်းသော အရာကို မိန်းကလေးတွေက တစ်ခါမှ မမြင်ဖူးသေးပေ။ လုရွှမ်အတွက်တော့ ဒီအစိတ်အပိုင်းက နှလုံးထက် အဆပေါင်းများစွာ အားကောင်းနေပုံရလေသည်။
ဤအစိတ်အပိုင်းက အစွမ်းထက်လွန်းသည်။ အနည်းဆုံး သူ့ခွန်အားနှင့် ယှဉ်နိုင်သည်ထက် အလှမ်းဝေးလွန်းသည့် အပြင် လုရွှမ်သည် ဤအရာသည် ပြင်ပလောကတွင် နေထိုင်နေသင့်သည်ဟူသော ခံစားချက်မျိုး ရရှိနေသည်။
အမြဲတမ်း ပုန်းအောင်းနေပြီး ခွန်အားကို စုဆောင်းသည်။ ယခု နောက်ဆုံးတွင် သူ့ကိုယ်သူ ကာကွယ်နိုင်သည့် စွမ်းအားရှိနေပြီ ဖြစ်သောကြောင့် သူ၏ပုံစံအမှန်ကို ထုတ်ဖော်လိုက်လေပြီ။
"လျန်းဟွား မင်းတို့မြို့က ပျောက်နေတဲ့ မိန်းကလေးတွေက ဘယ်အချိန်က စတာလဲ။"
လျန်းဟွား အံ့အားသင့်သွားပြီး "အဲဒါက အနှစ်သုံးဆယ်ကျော်ခဲ့ပြီ...ဘာလဲ ဒီလက်ကြီးတွေနဲ့ ပတ်သတ်လို့လား?"
လျန်းဟွား ထိတ်လန့်မှုအပြည့်နဲ့။
လုရွှမ် ခေါင်းညိတ်လိုက်ပြီး "တခြားဘာမှ မဖြစ်ရင် မင်းမြို့မှာ ဖြစ်ပျက်နေတဲ့ ထူးဆန်းတဲ့အရာတွေက အောက်က ဘိုးဘေးသားရဲနဲ့ ဆက်စပ်နေနိုုင်တယ်"
"အနှစ်သုံးဆယ်၊ တစ်နှစ်က ၃၆၅ ရက် ဆိုတော့ ရက်ပေါင်း ၁၀၀၀၀ ကျော်နဲ့ ညီမျှတယ်... ဒီကောင်ကြီးက မိန်းကလေး တစ်သောင်းကျော်ရဲ့ ဝိညာဉ်တွေကို စုပ်ယူလိုက်ပြီပဲ... ကြောက်စရာကောင်းနေပြီ"
လျန်းဟွား :"ဘိုးဘေးသားရဲ ဟုတ်လား"
ထိုစဥ် ရှန်းရှန်းလည်း သူမကြားလိုက်ရသော စကားကြောင့် အံ့အားသင့်သွားသည်။
"ဘာကြီး?? အစ်ကိုလုရွှမ်... အဲဒါက ဘိုးဘေးသားရဲ ဆိုတာ သေချာလား"
"ဟုတ်တယ် ငါကြုံဖူးပြီးသား... အရမ်းတန်ခိုးကြီးတယ် ငါ တစ်ချိန်က ဘိုးဘေးသားရဲရဲ့ နှလုံးသားနဲ့ တိုက်ခဲ့ပေမယ့် အဲဒီအချိန်တုန်းက နှလုံးသား လွတ်မြောက်သွားတာ တခြားအရာတွေကြောင့်ပဲ"
ရှန်းရှန်း: "ပထမမြို့တော်မှာ နှလုံးကို ချိတ်ပိတ်ထားရတယ်တဲ့... အဲဒါက အရေးကြီးဆုံးပဲ အဲဒီတံဆိပ်က အက်ကွဲသွားရင် တခြားဟာတွေလည်း တစ်ခုပြီးတစ်ခု တံဆိပ်မခတ်နိုင်တော့ဘဲ ပိုဆိုးလာလိမ့်မယ်"
"ခဏနေဦး မင်းတို့ဘာတွေ ပြောနေတာလဲ"
လျန်းဟွား လုံးလုံး စိတ်ရှုပ်ထွေးနေပြီး သူတို့နှစ်ယောက်ရှေ့မှာ သူမရဲ့ အထောက်အထားတွေက ပြောင်းပြန်ဖြစ်သွားသလိုပဲ။ သူမသည် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါတွင် အဆင့်အမြင့်ဆုံး ဖြစ်ပေမယ့် လုရွှမ်ကသာ သူမကို ကယ်တင်ရန် အစပျိုးခဲ့ရသည်။
သူမမြင်ရ ကြားရတာတွေကို သူမနားလည်သလို၊ လူနှစ်ယောက်ရဲ့စကားက ကောင်းကင်က စာအုပ်တစ်အုပ်ကို နားထောင်နေသလိုမျိုးပင်။ သူတို့နှစ်ဦးရဲ့ ငြိမ်သက်ခြင်းနဲ့ စိတ်တည်ငြိမ်မှုကို ကြည့်လိုက်ရာ လျန်းဟွားသည် သူမ၏ စွမ်းဆောင်မှု အားနည်းနေသည်ဟုပင် ခံစားမိသည်။
"မမလျန်းဟွား ဘိုးဘေးသားရဲကလေ..."
ရှန်းရှန်းက အမြန်ရှင်းပြသည်။
ဘိုးဘေးသားရဲသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းခြင်းကြားမှ ရုန်းရင်းဆန်ခတ် ဖြစ်လာသော သတ္တဝါအားလုံး၏ ဘိုးဘေးဟု လူသိများသည်။ အမည်ရဲ့ အကြောင်းပြချက်ကြောင့် ၎င်းတို့သည် အမှန်တကယ် ကောင်းကင်နှင့်မြေကြီးမှ ဆင်းသက်လာသော ပထမဆုံးသတ္တဝါများ ဖြစ်တယ်လို့တော့ မဆိုလိုချေ။
သေချာပါတယ်။ ဒီသတ္တဝါမျိုးဟာ ဘိုးဘွားနဂါး ရှိမရှိကလွဲလို့ အနည်းဆုံးတော့ မှတ်တမ်းတွေ ပြုပြီးသလောက်တော့ ဒီအကောင်က အသက်အကြီးဆုံး ဘိုးဘေးသားရဲပါပဲ။
ဘိုးဘွားသားရဲရဲ့ မှော်စွမ်းအားက အလွန်ကြီးမားသည်။ သက်ရှိသတ္တဝါ အားလုံးနီးပါးကို နှိမ့်ချနိုင်သည့် မှော်ဆန်သော ပြောင်းလဲမှုများလည်း ပါရှိသည်။ ကောင်းကင်နဂါး မျိုးနွယ်ရှစ်စုပင်လျှင် ဘိုးဘေးသားရဲကို အလွန်ကြောက်ကြသည်။
ထိုအခါက ဘိုးဘေးသားရဲသည် မာနကြီးလွန်းသဖြင့် ကောင်းကင်နဂါး မျိုးနွယ်ရှစ်စုဆီမှ တံဆိပ်ခတ်ခံခဲ့ရသည်။ ထို့အတွက်ကြောင့် ကျုံးကျိုးတွင် မြို့များစွာကို တည်ဆောက်ခဲ့ခြင်းပဲ ဖြစ်သည်။
ဘိုးဘေးသားရဲရဲ့ ခန္ဓာကိုယ်ကို ၁၈ပိုင်း ခွဲထုတ်ခဲ့သည်။
ဘယ်မျက်လုံး၊ ညာမျက်လုံး၊ လက်ဝဲနား၊ ညာနား၊ နှာခေါင်း၊ ပါးစပ်၊ ရွှေချို၊ လက်ဝဲလက်၊ ညာလက်၊ လက်ဝဲခြေထောက်၊ ညာခြေထောက်၊ အမြီး၊ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်၊ ကျောက်ကပ်နှင့် မိစ္ဆာအမြုတေ။
ဤဆယ့်ရှစ်ပိုင်းကို မြို့ တစ်ဆယ့်ရှစ်မြို့၌ အသီးသီး ချိတ်ပိတ်ခဲ့ကြသည်။ ပထမမြို့မှာ ချိတ်ပိတ်ထားသော နှလုံးက အရေးအကြီးဆုံးပဲ ဖြစ်သည်။
ထို့နောက် မျိုးနွယ်စုအများစုက ပြန်လည်သက်သာလာရန် တဖြည်းဖြည်း ဆိတ်ငြိမ်ရာ အရပ်များသို့ ဆုတ်ခွာသွားကြသည်။ အခု အချိန်တွေ ကုန်သွားပြီ ဖြစ်တာကြောင့် ဒီလိုအခြေအနေကို ပြန်ရောက်လာခဲ့သည်။
ဒီလို ဇာတ်လမ်းရှိနေမှန်း ကြားလိုက်ရသောအခါ လျန်းဟွားမျက်လုံးများလည်း ပြူးကျယ်သွားသည်။
လုရွှမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ အစိတ်အပိုင်းက ဆယ့်ရှစ်ပိုင်းရှိနေမယ်လို့ သူမျှော်မလင့်ထားခဲ့ပေ။ ဒါပေမဲ့ အစိတ်အပိုင်းအားလုံးကို ဘိုးဘေးသားရဲအဖြစ် ပြန်ဖွဲ့စည်းလိုက်တဲ့အခါ ဘယ်လောက်ထိ ကြောက်စရာကောင်းမယ် ဆိုတာ တွေးကြည့်နိုင်သည်။
အခု ကမ္ဘာမြေကြီး တစ်ခုလုံးမှာရှိတဲ့ စွမ်းအားအားလုံးကို ပေါင်းစပ်လိုက်ရင်တောင် ဒီဘိုးဘေးသားရဲကို ထပ်ပြီး မနှိမ်နင်းနိုင်တော့မှာ ကြောက်ရသည်။
နောက်ဆုံးတွင် ၎င်း ဘိုးလေးသားရဲကို နှိမ်နင်းခဲ့သူတွေဟာ ကောင်းကင်နဂါး မျိုးနွယ်စု ရှစ်ခုဖြစ်ပြီး ၎င်းတို့သည်လည်း ကြီးမားသော တန်ကြေးဖြင့် နောက်ပိုင်းတွင် တဖြည်းဖြည်း ဆိတ်ကွယ်ရာသို့ ဆုတ်ခွာသွားခဲ့ကြပြီး အချို့သော မျိုးနွယ်များမှာပင် ပျောက်ကွယ်သွားကြသည်။ သူတို့အားလုံး တစ်ထောင့်တစ်နေရာမှာ နေထိုင်ကြပြီး ထပ်မမွေးထုတ်တော့ပေ။
"ရှန်းရှန်း... ကောင်းကင်နဂါး မျိုးနွယ်ဝင် ရှစ်ယောက်က အဲဒီတုန်းက ဒဏ်ရာကြီးကြီးမားမား ခံစားခဲ့ရဖူးလား"
ရှန်းရှန်းက ခေါင်းညိတ်ပြသည်။
"မျိုးနွယ်စုပေါင်းများစွာနဲ့ မျိုးနွယ်စုတစ်ခုလုံးက သူတို့ကိုယ်သူတို့ စတေးခဲ့ကြတယ်လို့တေယင် အဖေက ပြောခဲ့ဖူးတယ်... သူတို့ မတည်ရှိတော့တာလည်း ကြာပြီတဲ့"