← Chapters

ဘယ်ဘက်လက်

Vol. 131 Ch. 4.1479

ဘယ်ဘက်လက်

Vol. 131 Ch. 4.1479

လုရွှမ် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့။

ထာဝရငြိမ်းချမ်းရေး ရနိုင်စေရန် ရှေးယခင်က ကြီးမားသော အဖိုးအခ ပေးခဲ့​ကြသည်။ ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို နောင်လာနောက်သားတွေက လုံးလုံး မေ့လျော့သွားခဲ့ကြသည်။

"အစ်ကိုကြီးလုရွှမ်... ညီမ ပြန်ရမယ် ဒီသတင်းကို နဂါးကျွန်းကို ပြန်ပို့မယ်... ဖေဖေတို့လည်း သတိထားရတော့မှာ..."

ရှန်းရှန်းပြောရင်း သူ့မျက်လုံးထဲမှာ တွန့်ဆုတ်နေတဲ့ အရိပ်အမြွက်တွေ ရှိနေပေမယ့် သူမ အရမ်းလည်း စိတ်မရှည် ဖြစ်နေပြန်သည်။ လုရွှမ်လည်း ဤကိစ္စ၏ အရေးကြီးပုံကို နားလည်သည်။ ၎င်း၏ ထိပ်တန်း ဦးစားပေးမှာ သတင်းကို ပေးပို့ရန် ဖြစ်သည်။

လျန်းဟွားမှာတော့ ထိုစကားကို ကြားသောအခါ ရုတ်တရက် ထိတ်လန့်သွားရပြန်၏။

"နဂါးကျွန်း?"

"အင်း....မမလျန်ဟွား ညီမက နဂါးငယ်လေးပါ... ဒါက မမတို့ရဲ့ လူသားမျိုးနွယ် အရည်အချင်းစာရင်းမှာ ပထမအဆင့်ရှိတဲ့ ပါရမီရှင် အစ်ကိုကြီးလုရွှမ်လေ..."

လျန်းဟွားလည်း ထိုအချိန်ကျမှ တုံ့ပြန်လိုက်မိသည်။

"ဟုတ်သားပဲ... ရှင့်နာမည်က ပါရမီစာရင်းမှာ ပထမအဆင့်ရှိတဲ့ ပါရမီရှင် လုရွှမ်ပဲ... ကျွန်မအစောက ဘာမှ မတုံ့ပြန်နိုင်သေးဘူး နတ်မီးနယ်ပယ် အဆင့် ၁၁ လူတစ်​ယောက်က ဘယ်လိုလုပ် ဒီလောက် အရည်အချင်း ရှိနိုင်တာလဲလို့တော့ တွေးမိသေးတယ်"

ရုတ်တရက် ရှန်းရှန်း အရင်က ပြောခဲ့သောစကားကို သတိရသွားသည်။ သူမကို အစ်ကိုဖြစ်သူ လုရွှမ်က ကာကွယ်ပေးလိမ့်မယ်တဲ့။ အဲ့တုန်းက မယုံသေးဘဲ လုရွှမ်ရဲ့ အစွမ်းသတ္တိနှင့် စရိုက်လက္ခဏာကိုပင် သံသယဝင်မိသွားသေးရာ အခုတော့ သူမမျက်နှာ ပူလောင်သွားသလို ခံစားလိုက်ရသည်။

"မမလျန်ဟွား... မမကို ကျေးဇူးတင်ချင်ပါသေးတယ် မမတို့ လူသားတွေလည်း အရမ်းကောင်းတယ် ဆိုတာ မမဆီကနေ မြင်ရတယ်... လူဆိုးတွေ ရှိတယ်၊ ဒါပေမယ့် လူကောင်းတွေလည်း ရှိတာပဲ"

လျန်းဟွားလည်း မဝံ့မရဲဖြစ်သွားသည်။ ယခင်က သူမမှာ ရည်ရွယ်ချက်ကောင်းများ မရရှိခဲ့ပါ ယခုအချိန်တွင် အခြားဂိုဏ်းများကဲ့သို့ပင် ဘိုးဘေးသားရဲ ပါးစပ်ထဲတွင် နစ်မြုပ်သွားလိမ့်မည်။

လုရွှမ် သူမစိတ်ထဲက အတွေးများကို ခန့်မှန်းမိတာကြောင့် ပြုံးပြလိုက်သည်။

"လူကောင်းတွေက သဘာဝအတိုင်း ဆုချခံရတယ်တဲ့... အခု လွမ့်ရှန်ဂိုဏ်းကို သွားရှာကြည့်ရအောင်... ဒီကိစ္စကို သူတို့ ကြိုမြင်ထားလို့ ဘိုးဘေးသားရဲကို နှိပ်ကွပ်ဖို့ သွားနေခဲ့တာ သိသာတယ်... နှမြောစရာက ဘိုးဘေးသားရဲကို လွတ်မြောက်ခွင့် ပေးသလို ဖြစ်သွားတာပဲ"

လျန်းဟွားလည်း ယခုအခိုက်အတန့်တွင် သဘောပေါက်သွားပါပြီ။ ထိုလူတွေက ရည်ရွယ်ချက်ကောင်း ရှိတာကြောင့် နှင်ထုတ်ခဲ့ကြောင်း သိလာရသည်။ သူတို့မှာ ကံကောင်းခြင်းတွေ မရှိခဲ့တော့ မလွတ်မြောက်နိုင်တော့ဘဲ သားရဲပါးစပ်ထဲ ရောက်ကာ အစာဖြစ်လာခဲ့ရသည်။

အဝေးမှ ပျံသန်းလာသော လူများကို မတွေ့မီ အတော်ကြာ ပျံသန်းခဲ့ရသည်။ ၎င်းတို့အားလုံးက မျှော်စင်နယ်ပယ် အဆင့်၉နဲ့ နတ်ခြေလှမ်းနယ်ပယ်က လူတွေ ဖြစ်သည်။

သူတို့အားလုံး ဒဏ်ရာရသွားကြကာ အရေအတွက်ကို ကြည့်လိုက်ရင် လူတော်တော်များများ ဆုံးရှုံးသွားတာ သိသာပါ၏။

နတ်ခြေလှမ်းနယ်ပယ်က လူအင်အားကလည်း သုံးဆယ်ကျော်မျှသာ ရှိတော့ကြောင့် မြင်လိုက်ရပြီး မျှော်စင်နယ်ပယ်တွေကလည်း နှစ်ရာထက် မပိုတော့ပေ။ ဒဏ်ရာရသူ အများအပြားပင် တခြားသူမျယး၏ ပံ့ပိုးမှုနှင့်အတူ ပျံသန်းလာကြသည်။

လုရွှမ်တို့လိုပဲ ယခင်ဘေးဒဏ်မှ လွတ်မြောက်သူ အရေအတွက်မှာ ရာဂဏန်းမျှသာ ရှိတော့၏။ အဲဒီလူတွေကို တွေ့တော့ အားလုံးကလည်း ကြောက်ရွံ့ကုန်ကြသည်။

"ပြဿနာပဲ! အဲဒီနတ်ဆိုး တကယ် လွတ်သွားပြီ"

လုရွှမ်တို့အဖွဲ့ ထွက်ပြေးလာတာကို မြင်တော့ ဒီလူတချို့ကလည်း ဒေါသတကြီး အော်ဟစ်ကြသည်။

"ဆရာ!"

မျှော်စင်နယ်ပယ် ကျင့်ကြံသူလေးများသည် ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး နတ်ခြေလှမ်းနယ်ပယ် အရှင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ ခေါင်းဆောင်တွေမှာ ဒဏ်ရာတွေက အရမ်းပြင်းထန်ပြီး အငယ်လေးတွေ ရောက်လာတာကို မြင်တော့ အံ့သြသွား၏။

"မင်းတို့ မထွက်သွားသေးတာလဲ"

"ဆရာ...ကျွန်တော်တို့ လုံးဝ ထွက်သွားလို့မရဘူး!"

လူတော်တော်များများက ငိုပြီး အရင်က ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေ အားလုံးကို ပြောပြလိုက်ရာ ​ပြန်ပြေးလာသော လူများ၏ မျက်နှာများက သေမင်းကဲ့သို့ ပြာသွားကြသည်။

"ဟူး.... အချိန်ရော အသက်ရော ကံကြမ္မာအလိုကျ ဖြစ်သွားပြီ...အခုထိ မလွတ်မြောက်သေးဘူသ ဆိုတော့ အဲဒီနတ်ဆိုးရဲ့ အစာဖြစ်လာရမှာကို ကြောက်ရတယ်"

အဘိုးအိုက လူတိုင်းကိုကြည့်ကာ အော်လိုက်သည်။

"မင်းတို့ပဲလား...ကျန်တဲ့သူတွေရော??"

လူအများအပြားသည် ကျယ်လောင်စွာ အော်ဟစ်ပြီး မျက်ရည်​တွေ​တောင် စီးကျလာကြလေး၏။

"သူတို့ အားလုံး သေကုန်ပြီ"

"ဒါက လူပေါင်း ရာနဲ့ချီ ရှိတယ်... အခု သူစားပစ်ပြီဆိုတော့ စွမ်းအားတွေ ထပ်ပြီး တိုးလာမှာပဲ... ငါတို့ အဆုံးစီရင် ခံရလိမ့်မယ်"

"ဆရာ အခု ဘယ်မှာ ပုန်းရမှာလဲ"

"ဘယ်မှာပုန်းရမလဲ.. ဘယ်မှာမှ ပုန်းစရာနေရာ မရှိ​တော့ဘူး"

အဘိုးအို၏ စကားသံသည် ပဲ့တင်ထပ်လိုက်သလိုမျိုး ဟောက်သံများကြားတွင် မြေပြင်သည် ခဏတာ တုန်ခါသွားသည်။ သူက ခုန်တက်ကာ လေထဲသို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ထိုစဥ် မြေအောက်ထဲက အနက်ရောင် လက်များသည် ကောင်းကင်နှင့် နေကို ပိတ်ဆို့ထားကာ ကြီးမားသော တံတိုင်းကြီးနီးပါး လျင်မြန်စွာ ကြီးထွားလာသည်။ လုရွှမ်လည်း ကမ္ဘာကြီးတစ်ခုလုံး မှိန်သွားသလို ခံစားလိုက်ရ၏။

လက်မောင်းများကို လူတိုင်းဆီသို့ ပစ်ချလိုက်တဲ့အခါ ထိုလက်မောင်းပေါ်က ဆံပင်များသည် ရှည်လျားသော မြွေများအဖြစ် ပြောင်းလဲသွားတော့သည်။

"သတိထား အကိုက်မခံရ​စေနဲ့... မဟုတ်ရင် မင်းတို့ရဲ့ ယွမ်စွမ်းအင်တွေ ချိတ်ပိတ်ခံရပြီး သေဖို့ပဲ စောင့်​နေရလိမ့်မယ်"

လုရွှမ်လည်း ရှန်းရှန်းနဲ့ လျန်းဟွား ကို ဆွဲထုတ်လိုက်ပြီး လူတိုင်းကို တိတ်တဆိတ် ရှောင်ရှားကာ အမြန်ပြန်ဆုတ်သွားခဲ့သည်။ လူတော်တော်များများကလည်း အဲဒီလက်ဖဝါးကြီး ဖမ်းမိသွားမှာကို စိုးရိမ်ပြီး ထွက်ပြေးဖို့ ကြိုးစားနေကြပါ၏။

ဒါပေမဲ့ အဓိက လက်ဖဝါးက တစ်ဖက်တည်းသာရှိတာမို့ လက်ဖဝါးမှာ ပစ်မှတ်ရှိတယ်ဆိုရင် ကျန်တဲ့လူတွေက သဘာဝအတိုင်း ထွက်သွားနိုင်ပြီး အဝေးက လွတ်မြောက်သွားနိုင်ပါသည်။

ထိုလူများအတွက် လုရွှမ်ဟာ မထီမဲ့မြင်ပြုချင်စရာ ကောင်းရုံသာမက မထီမဲ့မြင်ခံစားရသည်။

ကြောက်တာက သဘာဝပါပဲ။ အဲဒီတော့ လွတ်မြောက်ဖို့အတွက် ဘာလုပ်သင့်လဲ။

"ရှန်းရှန်း... လျန်းဟွားကို ကာကွယ်ထားမလား"

ရှန်းရှန်းက ခေါင်းညိတ်သည်။

"အစ်ကိုလုရွှမ် စိတ်ချပါ!"

လျန်ဟွားမျက်နှာက ပူထူလာတော့သည်။ သူမကသာ ရှန်းရှန်းကို ကာကွယ်​ပေးသင့်သည်။ ဒါပေမဲ့ သူမဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိလို့ တခြားသူတွေကို တကယ် မကာကွယ်နိုင်ဘူးဆိုတာကိုလည်း ကောင်းကောင်း သိပါ၏။

လုရွှမ် သူတို့နှစ်ဦးကို လွှတ်လိုက်ပြီး အလယ်ဗဟိုတွင် စုရုံးနေသော လူများဆီသို့ ပြေးထွက်သွားလိုက်သည်။ လုရွှမ်ရဲ့ လုပ်ရပ်ကိုလည်း နတ်ခြေလှမ်းနယ်ပယ် အကြီးအကဲတစ်ယောက်က သတိထားမိသည်။

“လူငယ်လေး... မင်းမှာ စိတ်ကောင်းရှိတယ် ဒါပေမဲ့ မင်း ထွက်သွားလိုက်တာ ပိုကောင်းမယ် ဒီမှာ စိတ်ပျက်လက်ပျက် မသေသွား​စေနဲ့”

လုရွှမ် တစ်ဖက်လူရဲ့ အရိပ်အယောင်ကို ကြည့်လိုက်သည်။ သူ ဒဏ်ရာ အပြင်းအထန် ရခဲ့သည်မှာ ထင်ရှားသော်လည်း ဤနေရာတွင် သူ့အသက်ကို စွန့်ရန် ကြံစည်နေသေးသည်။

ခေါင်းညိတ်ပြပြီး အရှေ့ကိုသာ ပျံသန်းကာ ကောင်းကင်မီးဘောလုံးကို ပေါက်ကွဲ ပစ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ခဏလောက် လွတ်မြောက်ခဲ့ရင်တောင် တစ်သက်လုံး မလွတ်မြောက်နိုင်တော့ဘူး...."

တစ်ဖက်လူလည်း ခဏလောက် ထိတ်လန့်သွားပြီး လုရွှမ်ရဲ့ လက်ထဲက မီးတောက်နေကို တအံ့တသြ စိုက်ကြည့်နေသည်။

"ကောင်းကင်မီး?"

ကောင်းကင်မီးက စုဆောင်းရန် အခက်ခဲဆုံး မီးတောက်ဖြစ်သည်။ သင့်တွင် ကောင်းကင်ကို အံတုနိုင်သော အခွင့်အလမ်း သို့မဟုတ် အထူးကိုယ်ခန္ဓာမရှိလျှင် ကောင်းကင်မီးက လက်မခံချေ။ ချွင်းချက်အနေဖြင့် လက်ခံနိုင်သော်လည်း ထိုအမျိုးအစားသည် သန်းရာဂဏန်းတွင် တစ်ယောက်သာ ရှိ၏။

ကောင်းကင်မီးကို တစ်စုံတစ်ယောက်က သန့်စင်ပေးနိုင််မယ်လို့ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ သဘာဝအားဖြင့် ကောင်းကင်မီးသည် သာမန်သမားရိုးကျ တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ပါက ဆယ်ဆ ပိုမိုပြင်းထန်သည်။

မီးတောက်များက လက်ဖဝါးကို ထိမှန်သွားတာနဲ့ အနက်ရောင်ဆံပင်များ အားလုံးသည် စူးရှသော အသံနှင့်အတူ သန့်စင်သွားကြသည်။ ၎င်းက လက်ဖဝါးပေါ်မှာ အဖြူရောင် အမှတ်အသား တစ်ခုတောင် ချန်ထားခဲ့သေးသည်။

ထိရောက်မှုရှိတာကို မြင်လျှင် လုရွှမ်သည် အခြားကောင်းကင်မီး ဘောလုံးကို ပစ်ခတ်ရင်း လူတိုင်းအား အော်လိုက်သည်။

“ထွက်သွားတော့!!”

ယခုလို သေခြင်းတရား လမ်းကြောင်းပေါ်မှာ လွတ်မြောက်ဖို့ အခွင့်အလမ်း ရှိလိမ့်ဦးမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြပေ။ တစ်ယောက်ပြီးတစ်ယောက် အလျင်စလို ပြေးကုန်ကြသည်။ လုရွှမ်ရဲ့ ပစ်ခတ်မှုထဲမှာ မြေမီး၊ ကောင်းကင်မီးပါသည်။ မြေမီးနှင့် ရောနှောနေသော ကောင်းကင်မီးလုံးများက လက်ဖဝါးဆီသို့ တရစပ် ထိုးနှက်နေ၏။

အဲဒါက ဘယ်လက်ပဲ!

All Chapters