ထိတ်လန့်စရာလက်မောင်း
Vol. 131 Ch. 4.1480
ကောင်းကင်မီးက ပြင်းထန်ပြီး မြေကြီးမီးက ၎င်းလက်ကြီးအား ခဏတာမျှ အရှိန်နှေးသွားစေသည်။
လူတိုင်းကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တစ်ယောက်ပြီးတစ်ယောက် အမြန်ထွက်ပြေးကြရင်း နောက်ဆုံးတော့ လက်ဖဝါးလဲ ကျသွားတဲ့ လူတစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေ လွတ်သွားကြသည်။
အစပိုင်းက အဆင်ပြေပေမယ့် ခဏကြာတော့ လုရွှမ်လည်း ထိတ်လန့်တကြား ဖြစ်လာသည်။ ကောင်းကင်မီးသည် အလွန်အန္တရာယ် များသော်လည်း လောင်ကျွမ်းနေသော အဖြူရောင်နေရာက ခဏအတွင်းတွင် အနက်ရောင်များဖြင့် ဖုံးလွှမ်းသွားပြန်၏။
ကောင်းကင်မီးက ထိုလက်ဖဝါးကို ထပ်ပြီး တရစပ် တိုက်ခိုက်နေပေမယ့် အကျိုးသက်ရောက်မှုကတော့ တော်တော် သေးသွားသည်။ နောက်ဆုံး ကောင်းကင်မီးက လက်ဖဝါးအပေါ် သက်ရောက်မှု မရှိဘူးလို့တောင် ခံစားမိနေပြီ ဖြစ်သည်။
လုရွှမ် သူ့လက်ဖဝါးကို ဝှေ့ယမ်းပြီး မြေပြင်ကို ထပ်ရိုက်လိုက်ပြန်သည်။ လှိုင်းလေထန်နေသော မြေပြင်က ပြင်းထန်စွာ လှုပ်ခါသွားပြီး ကောင်းကင်အထိ ဖုန်မှုန့်များ ပျံတက်သွားသည်။
"အစ်ကိုကြီးလုရွှမ် အဆင်ပြေရဲ့လား"
ရှန်းရှန်း စိုးရိမ်စိတ်တွေ အပြည့်နဲ့ ပြေးလာသည်။
"အစ်ကို အဆင်ပြေတယ်... ဒါပေမဲ့ ဒီဘိုးဘေး သားရဲက တကယ်ကို အစွမ်းထက်တယ် ငါ့ရဲ့ ကောင်းကင်မီးက ခြိမ်းခြောက်မှု သိပ်မရှိတော့ဘူး"
ရှန်းရှန်း: "ဘိုးဘေးသားရဲက တခြားလူတွေရဲ့ အခွင့်ကောင်းကို အသုံးချနိုင်တယ်... သူ့ကို တိုက်ခိုက်နည်း တစ်မျိုးနဲ့ တစ်ကြိမ်ပဲ သုံးနိုင်တယ်... မဟုတ်ရင်တော့ ခြိမ်းခြောက်မှုလည်း ရှိတော့မှာ မဟုတ်ဘူး.... သူ့အဓိက နေရာကို ရှာမတွေ့ရင် ဒါမှမဟုတ် တစ်ကြိမ်တည်းနဲ့ မသတ်နိုင်ရင် သူက အချိန်ဆွဲပြီး ဒဏ်ရာရသွားသလို ဟန်ဆောင်နေတတ်တယ်”
သူမသည် ငယ်စဉ်ကပင် အလွန်ဆိုးခဲ့သည်။ သူ့အမေက သူမအား ကြောက်စရာကောင်းသော ပုံပြင်များ အားလုံးကို ပြောပြသောကြောင့် ဘိုးဘေး သားရဲ၏ ကြောက်လန့်မှုတွေ အကြောင်း သိရှိလာခဲ့တာပဲ ဖြစ်သည်။
"ဒါပေမဲ့ ဒီဘိုးဘေးသားရဲရဲ့ ကိုယ်ပွားက အနှစ်သုံးဆယ်ကျော်တောင် စွမ်းအင်တွေ စုဆောင်းထားခဲ့တာ...ဒီကိုယ်ပွားက ဘယ်လက်ကြီး..."
လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူ့ကိုယ်တွေ့ ခံစားမိပြီးသားပါ။ ဤဘိုးဘေးသားရဲ၏ အစိတ်အပိုင်းက ဘယ်လက်ဖြစ်ပြီး ၎င်းသည် အလွန်လိုက်လျော ညီထွေရှိစွာ လှုပ်ရှားနေသည်။ ၎င်းက စွမ်းအားရှိတဲ့အပြင် ခုခံနိုင်တဲ့ မှော်စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားသည်။
နတ်ခြေလှမ်းနယ်ပယ်များက အလွန်အစွမ်းထက်လှသော ဓားများဖြင့် ခုတ်ထစ်နေသော်လည်း သူတို့ကိုယ်တိုင်ပင် ခေါင်းမထောင်ဝံ့ကြပေ။ ဘိုးဘေးသားရဲ၏ အချို့အမှုန်အမွှားများပင် ပျက်စီးသွားပုံမပေါ်။
ရှန်းရှန်း ပြောသည့်အတိုင်း ဒီအရာကို ထိခိုက်ချင်ရင် လက်မောင်းကို တစ်ချက်တည်းနဲ့ ဖြတ်ပစ်ရမှာပဲ။ မဟုတ်ရင် ဒီလက်မောင်းက ပိုပိုပြီး စိတ်ပျက်စရာ ကောင်းလာမယ်၊ ပြီးတော့ လက်မောင်းဟာ အလွန်အမင်း ရိုင်းစိုင်းတဲ့ အခြေအနေကို ရောက်တဲ့အခါ ထွက်လမ်း လုံးဝ မရှိနိုင်တော့ချေ။
“အရင်ဆုံး ဆုတ်ခွာပြီးမှ တခြားအစီအစဥ်တွေ ဆွဲကြစို့!"
နတ်ခြေလှမ်းနယ်ပယ် အကြီးအကဲတစ်ယောက်က အော်လိုက်သည်။ ထင်ရှားသည်မှာ အဘိုးအို၏ အဆင့်အတန်းသည် အလွန်မြင့်မားပြီး ဤလူများကြားတွင် အမြင့်ဆုံး နတ်ခြေလှမ်းနယ်ပယ် အဆင့်၃ ဖြစ်သည်။
လုရွှမ်လည်း စိတ်ကူးထားပြီးသား ဖြစ်တာကြောင့် သဘာဝအတိုင်း ကျောခိုင်းခဲ့လိုက်သည်။
ယခု ဘိုးဘေးသားရဲ၏ တိုက်ခိုက်မှုကို ခေတ္တ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သောကြောင့် ၎င်းတို့အား ပြန်လည်သက်သာ လာစေရန် အချိန်ပေးခဲ့ပြီ။ ပြီးရင်တော့ ဤဘိုးဘေးသားရဲကို ဘယ်လို ကိုင်တွယ်ရမည်ကို ဆွေးနွေးရမယ့် အချိန်ဖြစ်သည်။
လူအုပ်စုသည် မြင့်မားသော တောင်တန်းဆီကို ရွေးချယ်ကာ ပျံသန်းလာပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
"စိုးရိမ်စရာ မလိုပါဘူး... ဒီနေရာက ငါ့ဂိုဏ်းပဲ အောက်ခြေမှာ မြှုပ်ထားတဲ့ အခင်းအကျင်း ပုံစံမျိုးတွေ ရှိတယ်...အဲ့နတ်ဆိုးတွေ ပြေးလာရင်တောင် ပထမ အကြိမ်နဲ့တော့ အလျင်စလို မပြေးလာနိုင်တော့ဘူး...."
အဲဒီအဖိုးအိုရဲ့ နာမည်က ပိုင်ရွှမ် ဖြစ်သည်။ ဂိုဏ်းချုပ်ဆိုပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့တပည့်တွေ အားလုံးက အရင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရလေသည်။ အဖွဲ့သည် အတိုချုံး မိတ်ဆက်ပြီး ပိုင်ရွှမ်က လုရွှမ်ဘက်ကို ကြည့်လာသည်။
"ဒီသူငယ်ချင်းလေးကို သိပ်မရင်းနှီးဘူး ထင်တယ်.... ကျုပ်တို့ ၇၃မြို့က မဟုတ်ဘူးမလား..."
သူတို့အားလုံး အရင်က လုရွှမ် ယ လုပ်ခဲ့တာကို မြင်ဖူးကြတာကြောင့် ထုံးစံအတိုင်း လုရွှမ်ကို လေးစားမှု အနည်းငယ် ရှိကြသည်။ အထူးသဖြင့် လုရွှမ်က နတ်မီးနယ်ပယ် အဆင့် (၁၁) အဆင့်တွင်သာ ရှိနေသောကြောင့် ပို၍ လေးစားစရာ ကောင်းပေသည်။
အကယ်၍ သူတို့သာ အဲဒီလို ကျင့်ကြံမှု အဆင့် ရှိနေတယ်ဆိုရင်တော့ ချက်ချင်း ထွက်ပြေးနိုင်ဖွယ်ရှိသည်။ အနည်းငယ်လေးသာ နှေးကွေးသွားခဲ့လျှင် နတ်ဆိုးဆီက ဖမ်းစားခံရမှာကို တွေးရင်း ကြောက်လန့်သွားကြသည်။
အခု ဒီလူတွေနဲ့ ဒုက္ခရောက်နေပြီဆိုတော့ ခဏလောက်တော့ ဆက်နေမယ်ဆိုတာ သိသာပါ၏။ ထုံးစံအတိုင်း လုရွှမ်လည်း သူ့ကိုယ်သူ ဖုံးကွယ်ဖို့ အဆင်သင့်မဖြစ်တော့ဘဲ လက်ခုပ်ပြီး နှုတ်ဆက်လိုက်သည်။
"ကျွန်တော် လုရွှမ် အကြီးအကဲပိုင်ရွှမ်ကို နှုတ်ဆက်ပါတယ်... ဒါက ကျွန်တော့်ညီမ ရှန်းရှန်းနဲ့ ကျွန်တော့်သူငယ်ချင်း လျန်းဟွား"
ရှန်းရှန်းသည် အလွန်နုံအကြည့်ဖြင့် လူတိုင်းကို လက်ဝှေ့ယမ်းပြနေ၏။ လျန်းဟွား မျက်နှာသည် အနည်းငယ်နီနေကာ သူမသည် လုရွှမ်အား သူငယ်ချင်းဟု ခေါ်ရန် မတတ်နိုင်ခဲ့ပေ။
"လုရွှမ်?" တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။
"ဒီနာမည်က အရမ်းရင်းနှီးသလိုပဲ.... တစ်နေရာရာမှာများ ကြားဖူးလား?"
"ငတုံး... အဲဒါပါရမီရှင် စာရင်းမှာ နံပါတ်တစ်ကွ!!"
နောက်တစ်ယောက်က သူ့ကို တိုက်ရိုက် ကြိမ်းမောင်းလေ၏။ ဤတော့မှ လူတိုင်းသည် ရုတ်တရက် ဉာဏ်အလင်းရပြီး ချက်ချင်းတုံ့ပြန်ကြသည်။ အမှန်တော့ ဤလူငယ်ဟာ ယခုလက်ရှိ အရည်အချင်းစာရင်းတွင် နံပါတ်တစ်ဖြစ်သော လုရွှမ်မှလွဲ၍ တခြားလူ မရှိပေ။
လူတော်တော်များများက လုရွှမ်ကို ပူပူနွေးနွေး မျက်လုံးတွေနဲ့ ကြည့်နေကြ၏။ အကြပ်အတည်းမှာ သူတို့ကို နှစ်သိမ့်ပေးခဲ့တဲ့ ပါရမီရှင်စာရင်းထဲက ထိပ်တန်းလူ လုရွှမ်က သူတို့နဲ့ ပိတ်မိနေပြီ။
အနည်းဆုံးတော့ ဒီသခင်နဲ့အတူ လွတ်မြောက်ဖို့ အခွင့်အလမ်း တချို့တော့ ရှိနိုင်လောက်ပါရဲ့။
"အိုး... ဒီလိုသတ္တိနဲ့ ခွန်အားရှိနေတာ အံ့သြစရာတော့ မဟုတ်ဘူး... မိတ်ဆွေလေးက လုရွှမ် ဖြစ်နေတာပဲ... တကယ်ပဲ သူရဲကောင်း တစ်ယောက်ပါ"
ပိုင်ရွှမ် အော်ပြောပေမယ့် သူ့မျက်လုံးထဲမှာ စိုးရိမ်မှု အရိပ်အယောင်တွေ ရှိနေသည်။
အရည်အချင်းရှိသူစာရင်းတွင် ပထမအဆင့်သည် သဘာဝအားဖြင့် အလွန်အစွမ်းထက်သည်။ သို့သော် ယခုအချိန်တွင် ၎င်းတို့ လိုအပ်သည်မှာ စွမ်းအားထက် ကြီးမားသော အင်အားကို ထပ်လိုနေ၏။
အကယ်၍ လုရွှမ်က မျှော်စင်နယ်ပယ်မှာ ရှိနေခဲ့လျှင် ကြီးမားသော အကူအညီ ဖြစ်လိမ့်မည်။ သို့သော် နတ်မီးနယ်ပယ်လေးက ၎င်းတို့အတွက် အနည်းငယ်မျှသာ အကူအညီ ဖြစ်လိမ့်မည်။
အရင်က သူ့ကို အရမ်းချီးကျူးခဲ့ပေမဲ့ အရေးကြီးတာကို ရှောင်ပြီး လျစ်လျူရှုထားခဲ့တာ။ နောက်ဆုံးမှာတော့ သူ့ရဲ့စစ်မှန်တဲ့ စွမ်းအားအစား ကောင်းကင်မီးရဲ့ စွမ်းအားကို လုံးလုံး အားကိုးခဲ့တာပဲ။
လုရွှမ်၏ မျက်လုံးများသည် စူးရှလွန်းသဖြင့် ပိုင်ရွှမ်ရဲ့ စိုးရိမ်ပူပန်မှုကို သဘာဝအတိုင်း မြင်နိုင်တာကြောင့် ဘာမှ မပြောဘဲ ပြုံးလိုက်မိသည်။ ခွန်အားကို ဖော်ပြ၍ မရပေ။ ရန်သူနှင့် ထိပ်တိုက်တွေ့ခြင်းကသာ သူ့စွမ်းအင်ကို ထင်ဟပ်နိုင်သည်။
၎င်းတို့သည် သူတို့ကို ဂရုမစိုက်သောကြောင့် လုရွှမ်လည်း ရှန်းရှန်းနဲ့ လျန်းဟွားကို ခေါ်ကာ ဘေးနားမှ နောက်ဆုတ်သွားကြသည်။
"အစ်ကို... ဒီလူတွေက လွန်လွန်းတယ်... အစ်ကို့ရဲ့ ခွန်အားကို သူတို့ လုံးဝ မသိဘူးလား"
ရှန်းရှန်းက ဒေါသတကြီးနဲ့ အော်လိုက်လေသည်။
ရှန်းရှန်းနဲ့ လျန်းဟွားတို့ရဲ့ နယ်ပယ်နှစ်ခုစလုံးက သာမန်ပဲ ဖြစ်သည်။ ပါရမီရှင်စာရင်းက နံပါတ်တစ်ရဲ့ သူငယ်ချင်းများ ဖြစ်ကြောင်း တခြားသူများလည်း အလေးအနက် မထားခဲ့ကြပေ။
သို့သော်လည်း လူအနည်းငယ်သာ ရောက်လာသည်။ သူတို့ရဲ့ အဆင့်များက မမြင့်မားပေ။ သူတို့သည် ပထမဆုံး မသေဆုံးချင်တာကြောင့် လုရွှမ်ပေါင်ကို ပွေ့ဖက်ထားရမယ်မှန်း ကောင်းကောင်းသိသည်။
လူအများအပြားလည်း လိုက်လျှောက်ကြသည်။ ထိုအခါ လုရွှမ်အပေါ် ပိုင်ရွှမ်ရဲ့ သဘောထားက လွန်စွာ မကျေမနပ် ဖြစ်လာခဲ့သည်။ အရည်အချင်း စာရင်းက ပထမလူ ဖြစ်တာနဲ့ သူ့ကို မျက်နှာသာပေးဖို့ လုပ်နေရဦးမှာလား။
လုရွှမ်လည်း ဒီလူတွေကို ဒုက္ခမပေးချင်ပေ။ ကယ်တင်ရေး နယ်ပယ်မှာ ရှိနေရင် ဒီလောက်ပဲ ကူညီပေးနိုင်ပါ၏။
"ကိစ္စမရှိပါဘူး... ငါတို့အားလုံးက လှေတစ်စင်းတည်းစီတွေ ဖြစ်ကုန်ပြီ... စည်းလုံးညီညွတ်မှ ဒီဘိုးဘေးသားရဲရဲ့ ခြိမ်းခြောက်မှုကနေ လွတ်မြောက်နိုင်မှာပါ... ဒီအချိန်မှာ လူတိုင်းအတွက် အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ..."
ထိုသို့ပြောပြီးနောက် လုရွှမ်သည် နတ်ခြေလှမ်းနယ်ပယ်က သခင်များကို အာရုံစိုက်ထားခဲ့လေသည်။ လုရွှမ်က သူ့ဘာသာသူ နောက်ပြန်ဆုတ်ရန် အစပြုခဲ့သူမို့ သခင်များကို မဖိတ်ကြားခဲ့ပေ။ လုရွှမ်ရဲ့ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ရန် သူတို့စိတ်ထဲတွင် တွေးမိပေမယ့်၊ လုရွှမ်က အလွန်ကျော်ကြားပြီး ရည်မှန်းချက် ကြီးသော်လည်း နယ်ပယ်နိမ့်တဲ့အတွက် တစ်ခုခု ဆိုးရွားမည်ကိုလည်း စိုးရိမ်နေသည်။
လုရွှမ်က စွန့်စားဖို့ အစပြုလာမှ သူတို့ စိတ်သက်သာရာ ရသွားလေသည်။