← Chapters

နှိမ့်ချခံရခြင်း

Vol. 131 Ch. 4.1481

နှိမ့်ချခံရခြင်း

Vol. 131 Ch. 4.1481

သို့သော် ထိုလူများရဲ့ ဆွေးနွေးချက်များကို နားထောင်ပြီးနောက် လုရွှမ် အနည်းငယ် စိတ်ပျက်သွားသည်။ ဒီနည်းလမ်းက လွတ်မြောက်ဖို့ပဲ တွေးထားတာ ဖြစ်သည်။

ဒီနည်းလမ်း အောင်မြင်နိုင်ရင် ကြယ်တွေဆီ အပြေးအလွှား သွားမလို့လား။ အနည်းဆုံး ထိုအခွင့်အရေးမျိုးက ဘိုးဘေးသားရဲ ပေးဦးပါ့မလား။ ပေါ့ဆမှုကို အားကိုးတာထက် မိမိကိုယ်ကို အားကိုးတာကမှ ပိုကောင်းပေမည်။

ထို့အပြင် လုရွှမ်အမြင်မှာတော့ ထိုယဇ်ပလ္လင်များက ကျိုးပဲ့သွားလောက်ပြီ။ ဘိုးဘေးသားရဲဟာ ယဇ်ပလ္လင်မပါဘဲ အလိုအလျောက် ထွက်သွားနိုင်သည်။ ထို့ကြောင့် ထိုယဇ်ပလ္လင်များကို အကောင်းအတိုင်း ထားခဲ့လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ၎င်းကို တိုက်ခိုက်ရင်း ယဇ်ပုလ္လင်ကို သုံးချင်တဲ့ နည်းလမ်းက သေတွင်းတူးတာနဲ့ အတူတူပဲ ဖြစ်သည်။

"အဟမ်း!"

လုရွှမ်: "အားလုံးပဲ ကျွန်တော် နည်းနည်းလောက် ဝင်ပြောလို့ရမလား?"

လူတိုင်း လုရွှမ်ဆီသို့ လှမ်းကြည့်လိုက်သည်။ တခြားသူတွေသာဆိုရင် လူတိုင်းက မထီမဲ့မြင်ပြုမှာ သေချာသလောက် ဖြစ်သော်လည်း ဖြစ်နေတာကို မြင်သောအခါ ဒေါသကို ထိန်းပြီး လုရွှမ်ကို ကြည့်လိုက်ကြလေ၏။

"မိတ်ဆွေလေးလုရွှမ်က ဘာ​ပြောစရာရှိလို့လဲ"

မေးမြန်းလာသူရဲ့ ကျင့်ကြံမှုအဆင့်မှာ နတ်ခြေလှမ်းနယ်ပယ် အဆင့်၁သာ ရှိသည်။ တခြား နတ်ခြေလှမ်းနယ်ပယ်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူ့ခန္ဓာကိုယ်သည် လုံခြုံလှသည်။ လူတိုင်း ဒဏ်ရာရထားပေမယ့် သူက အရင်အတိုင်းပါပဲ။

လုရွှမ် ပြုံးပြီး : "အရင်က ပထမမြို့မှာ ဘိုးဘေးသားရဲရဲ့ နှလုံးနဲ့ တိုက်ခဲ့ဖူးတယ်... အဲဒါက အရမ်းအန္တရာယ်များပေမယ့် တစ်ချက်ကတော့ သူ့အလိုလို ပျံတက်သွားတာတတ်ပဲ... ဆိုလိုတာကတော့ ယဇ်ပလ္လင်ဆိုတာ မရှိတော့ဘူး”

“နောက်တစ်ခုက အလျင်လိုနေရင် ကျားပါးစပ်ထဲက သိုးတစ်ကောင်ပဲ ဖြစ်သွားလိမ့်မယ်... ဒုတိယအနေနဲ့ ထွက်သွားချင်ရုံနဲ့ အသက်ရှင်ဖို့က ခက်ခဲနိုင်တယ်... အခွင့်ကောင်းယူဖို့..."

"ဟား ဟား ဟား!"

လုရွှမ် စကားမဆုံးခင်မှာပဲ လုရွှမ်ကို လှောင်ပြောင်ခဲ့တဲ့ ကျင့်ကြံသူက ထိန်းမနိုင်သိမ်းမရ ရယ်မောနေပြီ။

"မိတ်ဆွေလေးလုရွှမ်က ဘိုးဘေးသားရဲကို ​မောင်းထုတ်​ဖို့ အစပျိုး​ တိုက်ခိုက်​သင့်​တယ်​လို့ ​ပြော​နေတာလား... ဟားဟား... ငါတို့သာ ထိုင်​နေရင်​ ငါတို့ ဒီလိုရှက်​ရှက်​နဲ့ ထွက်​​ပြေးလာရမယ်​ ထင်​လား"

တခြားလူများစွာကလည်း လုရွှမ်ရဲ့အကြံကို လှောင်ပြောင်သော မျက်လုံးများဖြင့် ရယ်မောကြသည်။ ကြည့်ကောင်းသော်လည်း အသုံးမဝင်ပေ။ လုရွှမ်လည်း ဤလူများ တွေးနေပုံကို စိတ်ကူးကြည့်နိုင်သည်။ သူတို့ဟာ ငတုံးတွေမလို့ သူ့အကြံကို ဟာသလုပ်နေတာပင်။

"အင်း!"

ပိုင်ရွှမ်က ချောင်းတစ်ချက် ဆိုးလိုက်သည်။ လူတိုင်းက သူတို့ကို ဂိုဏ်းခေါင်းဆောင် ပိုင်ရွှမ် အသံကြားတော့ သဘာဝအတိုင်း နှုတ်ဆိတ်သွားကြသည်။

"မိတ်ဆွေလေးလုရွှမ်... မင်းရဲ့အကြံအစည်ကို ဘယ်လို အကောင်အထည် ဖော်ရမလဲ ပြောကြည့်ပါ..."

"ဂိုဏ်းချုပ်ကြီးပိုင်... ဒီကလေးရဲ့ အစီအစဥ်က အကောင်အထည် ဖော်နိုင်မယ်လို့ တကယ်ထင်နေတာလား"

ယောက်ျားတစ်ယောက်က အော်လိုက်သည်။

"ဟုတ်သားပဲ.. ဒီနတ်ဆိုးကို သေအောင် တိုက်ရမယ် ဆိုတာက ရယ်စရာကောင်းသွားပြီ.. ငါတို့က သေရမှာ မကြောက်ဘူး၊ မဟုတ်ရင် ငါတို့က အဲ့ဒီနတ်ဆိုးကြီးကို ဝိုင်းပြီး နှိမ်နှင်းဖို့ အတူတူ ဝိုင်းဖွဲ့ခဲ့ကြမှာ မဟုတ်ဘူး ဒါပေမဲ့ သေခြင်းတရားက ထိုက်တန်ရမယ်...အခု အဲ့နတ်ဆိုးနဲ့ တိုက်ခိုက်တာက သေခြင်းတရားကို ရှာဖွေနေတာပဲ"

တစ်ယောက်တစ်ခွန်းဖြင့် လူတိုင်းက လုရွှမ်ရဲ့ စကားတွေကို လုံးဝ လျစ်လျူရှုပြီး အော်ဟစ်ကုန်ကြသည်။

တစ်ဖက်တွင်မူ လုရွှမ်သည် အလျင်စလိုမလုပ်ဘဲ ခပ်လှမ်းလှမ်းတွင် ရပ်နေကာ လူတိုင်း၏ အော်သံကို နှုတ်ခမ်းပေါ်မှ အပြုံးဖြင့် ကြည့်ရင်း ထူးထူးခြားခြား တည်ငြိမ်ပြီး ယုံကြည်မှုအပြည့် ရှိနေ၏။

"ပါးစပ်ပိတ်ပြီး စကားပြီးအောင်စောင့်စမ်း! သခင်လေးလုရွှမ်က အရည်အချင်းရှိတဲ့ ပါရမီရှင်စာရင်းမှာ ထိပ်ဆုံးအထိ ရောက်နိုင်ရင် သူ့မှာ တကယ့် အရည်အချင်း ရှိရမယ်... ထိပ်ဆုံးကို ရောက်ဖို့က အရမ်းလွယ်တယ်လို့များ မင်းတို့ ထင်လား"

အားလုံးက ပိုင်ရွှမ် ဒေါသထွက်လာတာကြောင့် ပါးစပ်ကို ပိတ်ထားလိုက်ကြသည်။ လုရွှမ်ကိုလည် မကျေမနပ် မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့ နှလုံးသားထဲမှာ မနာလိုဖြစ်ရင်တောင်မှ တခြားနေရာတွေမှာ ရှိခဲ့မယ်ဆိုရင်တောင် အချိန်မရွေး သေသွားနိုင်တာမို့ ဘာကိုစိုးရိမ်နေရဦးမှာလဲ။

မနာလိုမှု၊ ငြူစူမှုနှင့် အမှောင်မိုက်ဆုံး အမူအရာများက သူတို့မျက်နှာများပေါ်၌ ပေါ်ထွက်လာ၏။ လုရွှမ် ပြုံးပြီး အဘိုးအိုကို ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ... ဒါက ဒီလိုပါပဲ ဘိုးဘေးသားရဲကို မြို့အောက်မှာ ချိတ်ပိတ်ထားခဲ့တာ... တစ်နည်းဆိုရရင် အဲဒီအခင်းအကျင်း ပုံစံတွေက အသုံးမဝင်တော့ပေမယ့် မူလအခင်းအကျင်း ပုံစံတွေကပဲလေ... ဘိုးဘေးသားရဲကို မနှိမ်နှင်းနိုင်ပေမယ့် တစ်ခုခုတော့ ချန်ထားခဲ့လိမ့်မယ်”

"ဒါ့ပြင် ဒီအရာတွေက ဘိုးဘေးသားရဲအပေါ် သက်ရောက်မှု ရှိနေနိုင်တုန်းပဲ... အနည်းဆုံးတော့ ဒီအဆင့်မှာ ဘိုးဘေးသားရဲက အဲဒီအရာကို မခုခံနိုင်ဘူးလေ... ဒါပေါ့ ကျွန်တော်တို့ ဘိုးဘွားသားရဲကို မသတ်နိုင်သလို သူ့ကို ထပ်ပြီး နှိမ်နှင်းလို့လည်း မရဘူး...ဒါပေမဲ့ အခု ဘိုးဘေးသားရဲကို ကြောက်လန့်စေပြီး နောင်တစ်ချိန်မှာ ဘိုးဘေးသားရဲကို ထပ်မံနှိမ်နင်းနိုင်မယ့် ဖြစ်နိုင်ချေလည်း ရှိတယ်”

"ဒါဆို အံဒီဥစ္စာကို ရအောင်ယူဖို့ ဘိုးဘေးသားရဲကို ချိတ်ပိတ်ထားထားတဲ့ နေရာကို သွားရမယ်"

လုရွှမ်စကားကို ကြားပြီးနောက် ပိုင်ရွှမ်မျက်နှာက ပို၍ရုပ်ဆိုးလာသည်။ တခြားသူများ၏ မျက်လုံးများသည် ရွဲ့စောင်းမှု အနည်းငယ်ဖြင့် တဖြည်းဖြည်း ကြီးထွားလာနေသည်။ ဆိုလိုတာက ပိုင်ရွှမ်က လူတိုင်း မရယ်မောခင်မှာ ဒေါသ ထွက်သွားလေ၏။

လုရွှမ် ပါးစပ်ပိတ်ပြီး လူတိုင်းရဲ့ မျက်နှာကို ကြည့်ပြီး သူတို့ရဲ့ အဖြေကို စောင့်ကြည့်နေလိုက်သည်။

"မေ့လိုက်ပါ... မေ့လိုက်ပါ"

လုရွှမ် ဆိုရင်း ရှန်းရှန်းနဲ့ လျန်းဟွားဆီကို လှည့်ပြန်သွားခဲ့သည်။

အခင်းအကျင်းအောက်၌ လူတိုင်း တိတ်ဆိတ်နေကြသည်။ ဘယ်သူမှ စကားမပြောကြပေ။ ခဏကြာမှ တဖြည်းဖြည်းနှင့် လူအနည်းငယ်သည် နှစ်ကြိမ်သုံးချက်မျှ စတင်ပြောဆိုလာကာ လုရွှမ် ယခင်က ပြောခဲ့သည့်စကားကို လုံးဝ လျစ်လျူရှုလိုက်သကဲ့သို့ သူတို့အတွေးများကိုသာ ဆက်ပြောလာခဲ့သည်။

"အဟဲဟဲ အစ်ကိုလုရွှမ်... သူတို့က ဘာမှမသိကြဘူး... ကျင့်ကြံသူတွေ အများကြီး ရှိတာတောင် ဒီလောက်လေးပဲကျန်တာ မထူးဆန်းပါဘူး!"

ရှန်းရှန်းက ဒေါသတကြီးနဲ့ အော်ပြော၏။ လူတိုင်းက လုရွှမ်ကို မယုံကြည်တဲ့အတွက် သူမအတော်လေး စိတ်မကောင်း ဖြစ်သွားသည်။

သူမအမြင်အရ လုရွှမ်ဟာ အလွန်အစွမ်းထက်ပြီး ထူးခြားသော စွမ်းရည်များ ရှိသည်။ နောက်ပြီး အလွန်ထက်မြက်သူ ဖြစ်သောကြောင့် သူ့အကြံပြုမှာ အပြည့်စုံဆုံး မဟုတ်သော်လည်း ဖြစ်နိုင်ချေရှိလေ၏။

ရှန်းရှန်း မပျော်မရွှင် ဖြစ်နေတာကြောင့် သူမအသံက ပိုကျယ်လာသည်။

"ဟမ့် ကလေးမ မင်း ဘာပြောလိုက်တာလဲ"

ထိုအခါ လူတစ်ယောက်က မကျေမနပ် ဖြစ်သွားလေ၏။

"မြို့တစ်မြို့လုံးမှာရှိတဲ့ ပြည်သူတွေအတွက် တိုက်ပွဲဝင်ရင်း သေဆုံးရတဲ့အခါ ဘယ်လောက်ကြီးကျယ် ခမ်းနားတယ် ဆိုတာ မင်းသိရဲ့လား... မင်းက ငါတို့ကို ရယ်နေတာလား မင်းအစ်ကိုက အရည်အချင်းရှိတဲ့ ပထမလူ ဖြစ်နေတာနဲ့တင် ငါတို့ ကြောက်နေမယ်ထင်လား?”

"ရှင်!"

သူမကို ငယ်ငယ်လေးကတည်းက တစ်စုံတစ်ယောက်ကမှ ဒီလိုမပြောဖူးပေ။ ခဏအတွင်း သူမမျက်လုံးတွေ နီရဲလာပြီး မျက်ရည်တွေ စီးကျလာ၏။ လုရွှမ် တစ်ချက် ညည်းလိုက်​ပြီး ခန္ဓာကိုယ်​ထဲက အလင်း​ရောင်​​တွေ ပြေးထွက်​သွားကာ ထိုလူကို ထိမှန်​သွားသည်​။

ထိုလူသည် မျှော်စင်နယ်ပယ် ကိုးအဆင့်တွင် ရှိသော်လည်း လုရွှမ်ရဲ့ တိုက်ခိုက်မှုအောက်တွင် သူသည် လုံးဝမခံနိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့ရသည်။

လုရွှမ်: "ကောင်လေး... မင်းရဲ့ပါးစပ်ကြောင့် ဒုက္ခမရောက်အောင် သတိထားပါ.... တချို့ စကားတွေက မပြောသင့်ဘူး"

ထိုလူလည်း ထိတ်လန့်သွားတာကြောင့် သူ့မျက်နှာက နီရဲလာသည်။ နတ်မီးနယ်ပယ် ကောင်လေး သူ့ကို 'ကောင်လေး' လို့ ခေါ်လာမယ်လို့ မမျှော်လင့်ထားဘူး။

ဒီစကားက မျှော်စင်နယ်ပယ် ကိုးအဆင့်ရှိ လူငယ်တစ်ဦးကို နတ်ခြေလှမ်းနယ်ပယ်တွေ ငုံ့ကြည့်တဲ့အခါ သုံးတဲ့စကားပဲ ဖြစ်သည်။ အခုသူ တကယ်ပဲ နတ်မီးနယ်ပယ် ကောင်လေးတစ်ယောက်ဆီက နှိမ့်ချခံ​နေရတာလား။

"ကောင်လေး... မင်းငါ့ကို ဘယ်လောက်ထိ နှိမ့်ချရဲသေးလဲ ဟမ့် မင်းဘာသာ ပါရမီရှင်စာရင်းမှာ နံပါတ်တစ်ဖြစ်နေလို့ အရမ်းတော်တယ်လို့ မထင်လိုက်နဲ့... နတ်မီးနယ်ပယ်ထဲက အငယ်တန်းတစ်ယောက်ပဲ အကြီးအကဲပိုင်ရွှမ် မျက်နှာပေးတာ မင်း မာနကြီးဖို့ မဟုတ်ဘူး"

သူသည် ဓားကို သံကြိုးဖြင့် ချိတ်ဆက်ကာ ဆွဲထုတ်လိုက်ပြီး။

"ဒီနေ့ မင်းဆရာရဲ့ နေရာကနေ... မင်းကို သင်ခန်းစာ ပေးလိုက်မယ်!"

All Chapters