← Chapters

လွယ်ကူတဲ့ လက်ဝါးရိုက်ချက်

Vol. 131 Ch. 4.1482

လွယ်ကူတဲ့ လက်ဝါးရိုက်ချက်

Vol. 131 Ch. 4.1482

လုရွှမ်၏ မျက်လုံးများသည် ရုတ်တရက် မှုန်ကုပ်ကုပ်နှင့် အေးစက်သွားတော့သည်။

“မင်းက ငါ့ဆရာနေရာကနေ ပညာပြချင်တယ်ပေါ့ ဟုတ်လား”

နတ်ဆိုးတစ်ကောင်ရဲ့ အငွေ့အသက်တွေလို ကြောက်စရာကောင်းသော အရှိန်အဝါက သူ့​ခန္ဓာကိုယ်မှ ပျံ့လွင့်သွားသည်။

"ကောင်လေး... မာနမကြီးနဲ့ မင်းကို အရှက်မခွဲချင်လို့ မျက်နှာပေးလိုက်တာ မဟုတ်ဘူး... အခု ငါ့ကို တောင်းပန်လိုက် မင်းအသက်ကို ချမ်းသာပေးလို့ရတယ်... မဟုတ်ရင် မင်းသေလို့ရပြီ...."

တစ်ဖက်လူမှာ ထိုစကားကြောင့် ခဏလောက် ထိတ်လန့်သွားပြီး သူကချက်ချင်း ဒေါသလည်း ထွက်လာကာ။

“အတင့်ရဲလိုက်တာ! ငါက မျှော်စင်နယ်ပယ် အဆင့်ကိုးရောက်နေပြီ၊ မင်းက နတ်မီးနယ်ပယ် အဆင့်၁၁ပဲ ရှိသေးတာ... ငါနဲ့တိုက်ခိုက်ပြီး ငါ့ကိုသတ်ချင်နေတာလား... အရည်အချင်း အမြင့်မားဆုံး ပါရမီရှင်စာရင်းဝင် ပုဂ္ဂိုလ်က ကြီးမားတဲ့ နယ်ပယ်တစ်ခုကို ဖြတ်ကျော်ပြီး ငါနဲ့ တိုက်ခိုက်နိုင်မလား ကြည့်ချင်နေတာ ကြာပြီ!"

လုရွှမ်: "ကိုယ့်အဆင့်ကို မသိတဲ့ကောင်! လာခဲ့... ခွန်အားကို တစ်စက်မှ မချန်ထားရင် မဟုတ်ရင် မင်း နောင်တရလိမ့်မယ်"

"ငရဲကို သွားလိုက်!"

ထိူလူက အော်လိုက်ပြီး လုရွှမ်ရဲ့ ခေါင်းကို ဓားနဲ့ လွှဲခုတ်လိုက်သည်။ တစ်ဖက်လူကို ကြည့်နေတဲ့ လုရွှမ်ရဲ့ မျက်လုံးများသည်လည်း အေးစက်သော အလင်းရောင်များဖြင့်သာ ပြည့်နှက်နေ၏။ ဓားအလင်း သူ့ကို ပစ်ခတ်လိုက်သောအခါ လုရွှမ်ခန္ဓာကိုယ်သည် ရုတ်တရက် အရှိန်ပြင်းလာပြီး ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။

လုရွှမ်မျက်နှာဘေးမှ ဓားအလင်း ဖြတ်သွားသောအခါ ပြင်းထန်သော လေက ဟိန်းဟောက်နေသကဲ့သို့ တိုက်ခတ်သွားလေရာ လူတိုင်းရဲ့ မျက်လုံးများထဲ၌ ဓားအလင်းက လုရွှမ်အား လုံးလုံး ဖုံးလွှမ်းသွားသလိုပင်။

"သူက ဘာလို့ ပါရမီရှင်စာရင်းမှာ နံပါတ်တစ်ဖြစ်နေတာလဲ... သူက ဒီအဆင့်မှာ ရောက်နေတာ တကယ်ရော ဟုတ်ရဲ့လား ဟားဟား... မျှော်စင်နယ်ပယ်က သခင်တွေနဲ့ ပြိုင်နိုင်ရုံလောက်လေးပဲလား?"

"သူ ဒီဓားကို ခံနိုင်ရည်ရှိမယ်လို့ ထင်လား... သူ ရှောင်လို့တောင် မရဘူး ဓားတစ်ချောင်းတည်းနဲ့ တစ်ဝက်ခွဲလို့ မရဘူး"

"ဟာဟား ဒီနေ့လူငယ်တွေက အရင်လူတွေထက် မာနပိုကြီးလာပြီပဲ.... ဒါပေမဲ့ ခွန်အားကျတော့ အရင်ကထက်တောင် ပိုဆိုးလာ​သေးတယ်... ထိပ်တန်း ပါရမီရှင်စာရင်းက ဘာမှလည်း မဟုတ်ပါဘူး"

ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်ပေးကြသည်။ အများစုမှာ မယုံနိုင် ဖြစ်နေကြ၏။ အထူးသဖြင့် ဤနေရာတွင် အသက်ရှင်ရက်သူတွေအနက် အားအပျော့ဆုံးသူများက မျှော်စင်နယ်ပယ် အဆင့်၅ ရှိကြသည်။

လုရွှမ်ဟာ နတ်မီးနယ်ပယ် အဆင့်၁၁မှာသာ ရှိသော်လည်း ဤနေရာတွင် သူ့စွမ်းအားကို အမှန် အတိုင်း ပြသခဲ့သည်။

ထို့အပြင် လူများစွာတို့သည် သူတို့သေရတော့မည် ဟူသောအချက်ကို နားလည်ထားသောကြောင့် ၎င်းတို့နှင့်အတူ လိုက်ပါမယ့်သူ တစ်စုံတစ်ဦး ရှိလေလေ၊ ပိုကောင်းလေဖြစ်သည်။ လူတိုင်းက ထိုအကြောင်းကို ပြောဆိုနေကြတဲ့အချိန် လျန်းဟွားလည်း သူမရှေ့ရှိ မြင်ကွင်းကြောင့် မယုံနိုင်လောက်အောင်ပင် ထိတ်လန့်နေမိသည်။

"ရှန်းရှန်း... လုရွှမ်က ဒီအတိုင်း​တော့ မသေဘူးမလား"

ရှန်းရှန်က ပြုံးပြီး "မမ စိတ်မပူပါနဲ့... အဲဒီလူရဲ့ ခွန်အားကို ကြည့်ရတာ သူက ညီမရဲ့ ပြိုင်ဘက်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါပေမဲ့ အစ်ကိုလုရွှမ်ကို သတ်ချင်နေတာ ဆိုရင်တောင် အဲဒါက ဟာသတစ်ခုပဲ စိတ်မပူပါနဲ့"

ဘာ?

ရှန်းရှန်းဟာ မျှော်စင်နယ်ပယ် အဆင့်၉ လူတစ့ယောက်ကို အနိုင်ယူနိုင်မယ်လို့ ပြောနေသည်။ လျန်းဟွားမှာ ရှန်းရှန်းကိုကြည့်ကာ ပို၍ စိတ်ရှုပ်လာသည်။ ထိုစဥ် အလင်းရောင်တစ်ခုနဲ့ လုရွှမ်က တစ်ဖက်မှာ ပေါ်လာ၏။

"တစ်မြို့လုံးက ပြည်သူတွေကို ကယ်တင်ဖို့အတွက် မင်းရဲ့ခွန်အားရှိသမျှကို ထုတ်သုံးခဲ့တာကို ထောက်ပြီး ပထမအကွက်၊ ဒုတိယအကွက်နဲ့ အဆာပြေတွေကို ငါတိုက်ခွင့်ပေးထားမယ်... အစွမ်းကုန်သာသုံး... မဟုတ်ရင် မင်းမှာ တတိယအကြိမ် လှုပ်ရှားခွင့်ရှိမှာ မဟုတ်​တော့ဘူး"

လုရွှမ် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။ သူ့အသံက သိပ်မြင့်တာမျိုး မဟုတ်ပေမယ့် လူတိုင်းရဲ့နားထဲမှာတော့ ဆူညံနေသည်။ အားလုံးက လုရွှမ်ရဲ့ တိုက်ခိုက်မှုကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။

တစ်ဖက်လူက ပိုလို့တောင် အံ့အားသင့်သွားလေသည်။ အရင်ဓားချက်ဟာ လုရွှမ်အတွက်တော့ တကယ်ပဲ ရိုးရိုးရှင်းရှင်း နှုတ်ဆက်စကား​လောက်ပဲ ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားရသည်။

"ဟမ့် မင်း ဒီဓားကို ရှောင်နိုင်တာက ကံကောင်းလို့ပဲ... မင်း သေခြင်းကနေ ထပ်ပြီး လွတ်မြောက်နိုင်မယ် ထင်လား... မင်းသေချင်ရင် ငါ မင်းကို ကူညီပေးမယ်ကွ!"

ထိုလူက သူ့ဓားစွမ်းအင်နဲ့ ထပ်ဝင်လာသည်။ လုရွှမ် မလှုပ်မယှက်ဖြင့် ထိုနေရာတွင် ရပ်လျက် တစ်ဖက်လူရဲ့ ဓားရှည်ကို တစ်ချက် ကြည့်လိုက်သည်။

ဤတစ်ကြိမ်တွင် ဓားအလင်းက ပိုမိုတောက်ပလာ၏။ လုရွှမ် ထင်မြင်ချက်အရတော့ ဒီဓားလှုပ်ရှားမှုက အမှန်တကယ် ပိုမိုတိကျပြီး မြန်ဆန်သည်။ ဒါပေမဲ့ ဒါတွေက လုံးဝ အသုံးမဝင်ပါဘူး။ လုရွှမ် သူ့ဓားနဲ့ သူလှုပ်ရှားသမျှကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

သူ့ရဲ့ အစွမ်းထက်တဲ့ ထိန်းချုပ်မှုက လုရွှမ်အတွက်က လုံးဝ လျစ်လျူရှုထားချင်စရာကောင်း၏။ ဓားလှုပ်ရှားမှုက သူ့အပေါ်ကို ဖိချထားသော်လည်း လုရွှမ် ဓားသွားကို အလွယ်တကူ ရှောင်သွားခဲ့သည်။

ဓားရှည် လေထဲသို့ ထပ်မံထိုးကျသွားသော ယခုတစ်ကြိမ်တွင်တော့ လုရွှမ် လှုပ်ရှားလိုက်သည်။ ​ခြေထောက်အောက်က ချီထျန်းပု ခြေတစ်လှမ်းသည် ဘေးသို့ ရွေ့သွားကာ သူ့ခန္ဓာကိုယ်သည် မီးခိုးလုံးလို ထိုလူရှေ့မှ လျင်မြန်စွာ ​ဖြတ်ပြေးသွားကာ လက်ဖဝါးဖြင့် ခုတ်ထစ်ပစ်လိုက်သည်။

လုရွှမ်ရဲ့ လက်ဝါးကြောင့် သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်ပျံသွားခဲ့သည်။ လုရွှမ်ဟာ ဘယ်သူမှ မသိသော အချိန်တစ်ခုတွင် ထိုလူ့အနားတွင် ပေါ်လာတာ တွေ့လိုက်ရသဖြင့် လူအများလည်း အံ့သြသွားကြသည်။

ဓားအလင်းရောင် ပျောက်ကွယ်သွားပြီးနောက် လူများကလည်း လုရွှမ်ခေါင်းကို ညင်သာစွာ ခါယမ်းကာ သူ့ပြိုင်ဘက်အား အထင်အမြင်သေးစွာ ကြည့်နေတာအား မြင်လိုက်ရလေသည်။ ထိုလူသည် အရှက်နဲ့သွေးအန်ရင်း နောက်သို့ လွင့်ကျသွားလေရာ တစ်စုံတစ်ဦးမှ ဝင်မတားပါက မြေပြင်ပေါ်၌ ပြင်းထန်စွာ အရိုက်ခံလိုက်ရပေလိမ့်မည်။

လုရွှမ်: "အခြေခံအုတ်မြစ်က မတည်ငြိမ်ဘူး.... မင်းက နယ်ပယ်ကို မျက်စိစုံမှိတ် တိုးတက်အောင် လုပ်နေတာ... မင်းရဲ့ရုပ်ခန္ဓာက အားနည်းလွန်းတယ် မင်းရဲ့ ယွမ်စွမ်းအားက အချည်းနှီးပဲ လုံးဝ မသန့်ရှင်းဘူး... ဒီခွန်အားနဲ့ နတ်ခြေလှမ်းနယ်ပယ် တက်ချင်သေးတာလား... ဘာမှတိုးတက်လာတာ နှစ်တစ်ရာကျော် ရှိပြီထင်တယ်နော်..."

ထိုလူ့ခမျာ စိတ်ထဲတွင် မကျေနပ်မှု အရိပ်အယောင်များ တရိပ်ရိပ် တိုးလာကာ လုရွှမ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေတယ်လို့သာ ဆုံးဖြတ်ခဲ့သည်။ ဒါပေမဲ့ ဒီစကားကြားတော့ သူ ငြင်းခုံချင်ပေမယ့် စကားတစ်ခွန်းမှ ​ပြန်မပြောနိုင်တော့ပေ။

လုရွှမ် ပြောတာ လုံးဝ မှန်ပြီး သူ့နှလုံးသားကိုလည်း ထိမိသည်။ အမှန်မှာ နှစ်ပေါင်းတစ်ရာကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း သူ့ရဲ့ကျင့်ကြံမှုက လုံးဝ မတိုးတက်လာခဲ့ပေ။

လုရွှမ်: "ဒါဆို မင်းအသက်ကို ငါ ချမ်းသာပေးလိုက်မယ်...မင်းသေချင်ရင်တောင် ငါ့လက်ထဲမှာ မဟုတ်ဘဲ ဘိုးဘေးသားရဲ လက်ထဲမှာပဲ သေသင့်တယ်..."

"မင်း!"

ထိုလူမှာ ဒေါသကြောင့် နောက်ထပ် သွေးတစ်လုတ်ကိုပင် အန်ထွက်လာသည်။

“ကောင်လေး! သိပ်မာနမကြီးစမ်းနဲ့”

နတ်ခြေလှမ်းနယ်ပယ် အကြီးအကဲတစ်ယောက်က ရုတ်တရက် အော်ဟစ်ပြီး ပြေးထွက်လာလေ၏။

လုရွှမ်က အလွန်မောက်မာပြီး အရိုက်နှက်ခံရသင့်တယ်လို့ သူ ထင်သည်။ သို့သော် မျှော်စင်နယ်ပယ် အဆင့်၉ လူတစ်ယောက် ထွက်လာတာကတင် အရမ်းလွန်နေပြီဖြစ်သည်။ နတ်ခြေလှမ်းနယ်ပယ်က ထွက်လာတယ် ဆိုတော့ တကယ်ပဲ လုရွှမ်ကို သတ်ပစ်ချင်နေတာလား။

လုရွှမ်: "နောက်ဆုံး မတ်တတ် ထရပ်လိုက်ပြီပေါ့! ငါမင်းကို စောင့်နေတာကြာပြီ ငါအရင်က သွေးပူအောင် လေ့ကျင့်ခန်း လုပ်နေရုံပဲ...."

ဒီတစ်ခါတော့ ရှေ့ကို လျှောက်လှမ်းလာတဲ့ နတ်ခြေလှမ်းနယ်ပယ်ဟာ အရင်က သူ့ကို တမင်လှောင်ပြောင်ခဲ့တဲ့ ကျင့်ကြံသူပါပဲ။

ထိုလူ: “ဘာကိုဆိုလိုတာလဲ”

လုရွှမ်: "ငါဘာကိုဆိုလိုတာလဲ... ငါဆိုလိုတာက အရမ်းရိုးရှင်းပါတယ် မင်း တခြားသူတွေနဲ့ တိုက်ခိုက်နေပေမယ့် အရင် ထွက်ပြေးနေတတ်တယ်... ​​တခြားသူတွေ ဒဏ်ရာရသွားပေမယ့် မင်းဘေးကင်းပြီး ဒဏ်ရာနည်းနည်းမှတောင် မရှိဘူး"

"မင်းရဲ့နယ်ပယ်က အရမ်းမြင့်နေလို့လား... အခုမှ နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်ကို ရောက်နေရုံပဲ.. ခွန်အားက အရမ်းသန်မာနေလို့လား မဟုတ်ဘူး... မင်းရဲ့ စွမ်းအင်က ဗလာနတ္တိ မင်းရဲ့ အခြေခံအုတ်မြစ်က သာမန်ထက် နည်းနည်း ပိုအားကောင်းနေရုံပဲ... အရင်က အမှိုက်တွေထက် ဘာမှမပိုဘူး"

"ရိုးရိုးသားသား ပြောရရင် မင်း နတ်ခြေလှမ်းနယ်ပယ်ကို အောင်နိုင်ခဲ့တာက အဂ္ဂိရတ်ဆေးတွေ အများကြီး မျိုခဲ့ရမှာပဲ... ဒါပေမဲ့ အခု မင်းနယ်ပယ် အထက်ထဲကို လုံးဝ ဝင်ရောက်နိုင်စွမ်း မရှိတော့ဘူး...."

နတ်ခြေလှမ်းနယ်ပယ်: "ကောင်လေး... မင်းက အရမ်းမာန်မာန ကြီးနေတာပဲ...ကိုယ်အဆင့်ကို မသိတဲ့ကောင်! မင်းလိုကောင်လေးအတွက် ငါမင်းကို သင်ခန်းစာပေးသင့်တယ်လို့ မထင်ဘူးလား..."

လုရွှမ်: "ဟားဟား... နောက်ထပ် နတ်ခြေလှမ်းနယ်ပယ်လား... ဒီတစ်ခါတော့ ဒီနတ်ခြေလှမ်းနယ်ပယ်က အရှင်သခင်ဆိုတာ ဘယ်လို လူမျိုးလဲ ဆိုတာကို လူတိုင်းကို ပြသပေးရမှာပေါ့..."

လုရွှမ် အော်ပြောလိုက်ပြီး ချင်ထျန်းဓားကို ဆွဲထုတ်လိုက်သည်။ ကောင်းကင်လက်နက်ရဲ့ အလင်းရောင်က တောက်ပစွာ ထွန်းတောက်နေပြီး လေထုကလည်း ပြောင်းလဲသွားသည်။

All Chapters