← Chapters

နတ်ခြေလှမ်းနယ်ပယ်နဲ့ တိုက်ပွဲ

Vol. 131 Ch. 4.1483

နတ်ခြေလှမ်းနယ်ပယ်နဲ့ တိုက်ပွဲ

Vol. 131 Ch. 4.1483

"ကောင်းကင်လက်နက်!"

လုရွှမ်သည် သူ့ကို ဓားဖြင့် လိုက်ခုတ်နေသော မျှော်စင်နယ်ပယ်ကို ဆန့်ကျင်ပြီး နတ်ခြေလှမ်းနယ်ပယ် အကြီးအကဲတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကိုလည်း ဂရုမစိုက်ပေ။

ထိုအကြီးအကဲရဲ့ မျက်လုံးများက အေးစက်သွားသည်။ နတ်မီးနယ်ပယ်သာ ရှိသေးသော လုရွှမ်မှာ ကောင်းကင်လက်နက် ရှိနေတာကို သူဘယ်လိုမှ မယုံနိုင်ပေ။ သူသည် နတ်ခြေလှမ်းနယ်ပယ် ရောက်ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်လက်နက် မရှိသေးချေ။

ဒီကောင်ကို သတ်နိုင်ရင် ဒီကောင်းကင်လက်နက်ကို သူပိုင်မှာလား။

ကျင့်စဥ် ပို၍ပို၍ နက်နဲလာသည်နှင့်အမျှ ယွမ်စွမ်းအင်နဲ့ စိတ်ဝိညာဉ် စွမ်းအားဟာ တစ်ဖက်လူရဲ့ အတွေးကို သတိပြုမိလာစေသည်။ ဤအချိန်အခါတွင် ဤလူသည် ဘယ်လို ခုခံရမလဲကို မစဉ်းစားဘဲ သူ့​ကောင်းကင်လက်နက်ကို ရယူဖို့သာ စဉ်းစားနေသည်။

လုရွှမ် ဒီလူတွေကို လုံးဝ ဂရုမစိုက်ချေ။ ဘာလို့များ သူ့အသက်ကို ချမ်းသာပေးရမှာလဲ။ ဒီကောင်က တကယ်မုန်းစရာ ကောင်းနေပြီလေ။

လုရွှမ် ဤလူကို နှစ်ခြမ်းခွဲရန် အစီအစဉ်ဆွဲထားပြီးသား ဖြစ်သည်။ သူ ဒီလူတွေကို ကြောက်ရင် ဘယ်သူမှ သူ့ကို အလေးအနက်ထားမှာ မဟုတ်ဘူး။ အားလုံးအမြင်မှာ သူနဲ့ ရှန်းရှန်းရဲ့ အင်အားက နောက်ကျကျန်နေပါသေးသည်။

ဒီလူတွေကို ဆွဲဆောင်ချင်ရင်တော့ လွယ်ပါသည်။ သူတို့ကို ထိတ်လန့်သွား​စေဖို့ ခွန်အားကို သုံးရမည်။ ပြီးတော့ နတ်ခြေလှမ်းနယ်ပယ်က သခင်ကို ဘယ်လို ခြိမ်းခြောက် သတ်ရမလဲ စဥ်းစားရမည်။ ဒါက ခြိမ်းခြောက်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။

ထိုလူသည် ရုတ်တရက် ဓားစွမ်းအင်တွေ သူ့ဆီရောက်လာတဲ့အခါ လုရွှမ်ရဲ့ဓားဟာ ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ ခံစားလိုက်ရသည်။ သာမန် မျှော်စင် နယ်ပယ်မှ သခင်များထက် သန်မာကာ ကောင်းကင်လက်နက်နဲ့ဆို ယှဉ်ပြိုင်ရန် ခွန်အားရှိသည်။

သို့သော်လည်း နတ်ခြေလှမ်းနယ်ပယ် မဟုတ်တဲ့အတွက် သူ့ကိုနိုင်ဖို့ ဝေးနေပါသေးသည်။ ထိုလူက တခစ်ခစ်ရယ်ပြီး သူ့လက်ထဲက နတ်လက်နက်ကို ဆွဲထုတ်လိုက်ပြီး လုရွှမ်ရဲ့ ဓားသွားလမ်းကနေ ရှောင်ထွက်သွား၏။

"ကောင်လေး... မင်းရဲ့ ရှောင်သွားတဲ့ အကွက်တွေက ကောင်းနေပေမယ့် နတ်ခြေလှမ်းနယ်ပယ်က ငါတို့လို သခင်တွေ အတွက်ကတော့ ပမွှားလေးပဲ... "

သူက ဓားစွမ်းအင်ကို ရှောင်လွှဲပြီး လုရွှမ်ဆီကို ဓားစွမ်းအင်များ ပြန်ပစ်လွှတ်လိုက်သည်။ သူသည် ပျံသန်းနေသော ငှက်တစ်ကောင်လိုပင်။ အရှိန်အဟုန်မှာ အလွန်လျင်မြန်ပြီး ထူးဆန်းစွာ ကွေ့ကောက်ကာ လုရွှမ်ရှေ့တွင် ဖျတ်ကနဲ ​ပေါ်လာပြီး ဓားဖြင့် လွှဲခုတ်လိုက်သည်။

သာမာန်ကျင့်ကြံသူတွေဟာ ဘယ်နယ်ပယ်မှာပဲ ရှိနေပါစေ အနီးကပ် တိုက်ခိုက်တာမျိုူကို မကြိုက်ကြပေ။ သတိမပြုမိပါက အသက် ဆုံးပါးသွားပေလိမ့်မည်။

သို့သော် ဤသခင်၏အမည်မှာ ဟွမ်ကျန့် ဖြစ်သည်။ သူ့အမည်အတိုင်း အနီးကပ်တိုက်ပွဲရဲ့ ဘုရင်ဖြစ်ပြီး သူအကြိုက်ဆုံးမှာလည်း အနီးကပ် တိုက်ပွဲဖြစ်သည်။ ရန်သူကို အရှိန်အဟုန်ဖြင့် ထိတ်လန့်သွား​စေရင်း ရန်သူမသေမီ စိတ်ပျက်အားငယ်မှုကို ခံစားခိုင်းစေသည်။

အဘယ်ကြောင့်ဆိုသော် အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် သေခြင်းတရားကို ရှာဖွေနေမိမှန်း သိသွားအောင်ပင်။

လုရွှမ်လည်း မထိန်းနိုင်ဘဲ အံ့အားသင့်သွားသည်။ ဒီလူဟာ အနီးကပ် တိုက်ခိုက်တာကို သဘောကျလိမ့်မယ်လို့ မထင်ထားပေ။ ဟာသပဲ။ သူကလည်း အနီးကပ် တိုက်ခိုက်ရာမှာ အကောင်းဆုံးပါပဲ။

ရုပ်ခန္ဓာက သန်မာတယ်၊ ခြေသလုံးက ထူးကဲတယ်၊ ဓားရေးက ပိုတောင် ပြေပြစ်သေး၏။

လုရွှမ် ခြေဖဝါးကို လှုပ်လိုက်ပြီး ချီထျန်းပုကိုသုံးလိုက်သည်။ သူ့​ခန္ဓာကိုယ်သည် လိုက်လျောညီထွေ ရှိစွာ လှုပ်ရှားနေသောကြောင့် ဟွမ်ကျန့်လည်း လုရွှမ်က အနီးကပ် တိုက်ပွဲမှာ ထက်မြတ်နေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

လူတော်တော်များများဟာ ဟွမ်ကျန့်နဲ့ သူ့ရဲ့ တိုက်ပွဲပုံစံအကြောင်း သိထားကြသည်။ ဘိုး​​ဘေးသားရဲနဲ့ ရင်ဆိုင်ပြီး ထွက်ပြေးသွားတုန်းက အားလုံးက သိပ်ဂရုမစိုက်ခဲ့ကြပါဘူး။

"လုရွှမ်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုမျိုးလဲ"

ပိုင်ရွှမ်က ရေရွတ်နေ၏။ လုရွှမ်ရဲ့ အစွမ်းအစကို မြင်ပြီးပြီဟု ခံစားမိသော်လည်း ဟွမ်ကျန့်ကို အနိုင်ယူနိုင်မယ်လို့ မယုံသေးပေ။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကြားက နယ်ပယ်က အရမ်းကြီးတယ် မဟုတ်လား။

နတ်ခြေလှမ်းနယ်ပယ်က အကြီးအကဲ တစ်ယောက်ကလည်း ခေါင်းခါကာ။

"ထိပ်တိုက် ရင်ဆိုင်ရတာ တော်တော် ထူးခြားပါတယ်... ဒါပေမဲ့ နယ်ပယ်အသိဉာဏ်က အရမ်းကြီးလွန်းတယ်"

"လူနှစ်ယောက် တိုက်နေတာကို ငါတို့ ဝင်တားသင့်တယ်... ဒီကလေးက နည်းနည်း မာနကြီးပေမယ့် သူ့ရဲ့ အစွမ်းက နတ်မီးနယ်ပယ်ကို ထပ်တက်ရမယ့် အဆင့်ကို ရောက်နေပြီ ဒီမှာနေတာက ကြီးမားတဲ့ အထောက်အကူ ဖြစ်လာလိမ့်မယ်"

လူတော်တော်များများက သူတို့ရဲ့ကိုယ်ပိုင် ထင်မြင် ယူဆချက်တွေကို ဆိုလာ​ကြသည်။ ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင် လုရွှမ်အပေါ် ဘယ်သူမှ အကောင်းမြင်စိတ် မရှိကြချေ။

မျှော်စင် နယ်ပယ်က သခင်တွေ အားလုံးထဲမှာ တချို့ကတော့ လုရွှမ်ရဲ့ အစွမ်းသတ္တိအကြောင်း ပြောနေကြတုန်းပါပဲ။ နတ်ခြေလှမ်းနယ်ပယ်ကို နတ်မီးနယ်ပယ်က အမှန်တကယ် ပြင်းထန်စွာ တိုက်ခိုက်နိုင်ပါက ကြည့်ရတာ လုံးဝ အရှုံးမရှိပါ။

သူတို့ကို ကြည့်လိုက်ရင်တော့ ရှက်စိတ်နဲ့ မနာလိုစိတ်တွေသာ ပို၍ ပြည့်နှက်နေသည်။

"မမလျန်းဟွား....စိတ်မပူပါနဲ့ အစ်ကိုလုရွှမ်က လေ့ကျင့်နေတာ မဟုတ်ရင် အဲဒီလူ အရိုက်ခံရတာကြာပြီ... ဟမ့် သူ့အဆင့်က မြင့်နေပေမဲ့ သူ့ရဲ့ လေ့ကျင့်မှုက မတည်ငြိမ်ဘူးလေ... ချို့ယွင်းချက်တွေ အများကြီးရှိတယ်။ ဘာမှစိုးရိမ်စရာ မရှိပါဘူး”

သူမအသံကို လူတိုင်းက သေသေချာချာ ကြားနေရတာကြောင့် အားလုံးလိုလို မျက်လုံးပြူးသွားကြသည်။

လျန်းဟွားလည်း ရှန်းရှန်းပါးစပ်ကို လျင်မြန်စွာ ဖုံးအုပ်လိုက်လေ၏။ သူမက နတ်နဂါးဖြစ်သည်။ ဒီလူတွေ မသိရင်တောင် သူမ စကားကြောင့် ပြဿနာ ထပ်မကြီးလာတာ အကောင်းဆုံးပင်။

ဟွမ်ကျန့် လုရွှမ်ကို အလျင်စလို တိုက်ခိုက်နေခဲ့သည်။ သူလှုပ်ရှားမှုများက ပို၍ မြန်ဆန်လာစဥ် လုရွှမ် ပို၍ တည်ငြိမ်လာရာ ဟွမ်ကျန့်လည်း ပိုပို၍ စိုးရိမ်လာသည်။ မပေါက်ကွဲသေးသော ဝှက်ဖဲအချို့မှလွဲ၍ သူ့ခေါင်းက ပေါက်ကွဲလုနီးပါး ဖြစ်နေပြီဟု ခံစားမိသော်လည်း လုရွှမ်က အားနည်းချက် မရှိသလိုပင်။

အထူးကြောက်စရာ ကောင်းတာက လုရွှမ်ရဲ့ ခြေဖဝါး လှုပ်ရှားသွားတဲ့ အကွက်ပါပဲ။ အဲဒါက သူ့ကို ရူးသွပ်သွားစေတယ်လို့ ခံစားမိစေကာ လုရွှမ် နဲ့ ယှဉ်ကြည့်လိုက်ရင် သူက အဆင့်မမီသလိုပါ ဖြစ်လာသည်။

ဒီကောင်လေး ဒီနယ်ပယ်မှာတောင် ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ခွင့်ရထားက အခွင့်ကောင်းကြောင့်လား။ ဒါက ပြိုင်ပွဲကောင်း မဟုတ်တာကြောင့် ဆုတ်ခွာသင့်ပြီ ထင်ပါရဲ့။

ဟွမ်ကျန့်ရဲ့ စိတ်တွေ လှုပ်ရှားပြီး ထွက်သွားချင်နေခဲ့သည်။

လုရွှမ်ရဲ့ မျက်လုံးများက စူးရှသည်။ ဟွမ်ကျန့်ရဲ့ ခြေလှမ်းများကို ကြည့်ရင်း စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်သွားသည်။

"မင်း ဘယ်သွားမှာလဲ... ကစားချင်ရင် အဆုံးထိ ကစားလေ"

လုရွှမ်ရဲ့ ခြေဖဝါး လှုပ်ရှားပုံက ချက်ချင်းဆိုသလို 30% တိုးလာ၏။ ဟွမ်ကျန့် မျက်လုံးများထဲတွင်တော့ လုရွှမ်ခန္ဓာကိုယ်သည် အပြောင်းအလဲ မြန်လာကာ အမှီမလိုက်နိုင်တော့အောင် ဖြစ်လာသည်။

အပြင်ဘက် တိုက်ပွဲကို ကြည့်နေသော လူများအတွက် လုရွှမ်သည် ယခုအခိုက်အတန့်တွင် လေလို ဖြစ်နေပြီ။ ဟွမ်ကျန့် အနီးတစ်ဝိုက်၌သာ လျင်မြန်စွာ လှည့်ပတ်သွားသော်လည်း ဟွမ်ကျန့်သည် ဆက်လက် မတိုက်နိုင်တော့ဘဲ အားနည်းသွားခဲ့သည်။

ဝှစ်!

ဟွမ်ကျန့် ပါးစပ်ထဲက သွေးတွေ ထွက်လာသည်။ လုရွှမ်ရဲ့ နောက်ကျောကို ခိုးဝင် တိုက်ခိုက်ချင်လာ၏။

သူသည် နတ်ခြေလှမ်းနယ်ပယ် သခင်ရဲ့ လက်ဖဝါးကို မတားဆီးနိုင်သော်လည်း နတ်မီးနယ်ပယ်ရဲ့ လက်ဖဝါးကိုတော့ တားဆီးနိုင်လိမ့်မယ်လို့ ထင်ခဲ့သည်။ သူသာ လုရွှမ်ရဲ့ လက်ဖဝါးစွမ်းအားကို လုံးဝ ဂရုမစိုက်ပေ။ ထိုကောင်လေးမှာ ကောင်းကင်လက်နက် မရှိလျှင် သူ့ကို တိုက်ခိုက်ရန် ထိုက်တန်ပေလိမ့်မည် မဟုတ်။

ဒါပေမဲ့ လက်ဖဝါးက သူ့နောက်ကျောကို ဖိလိုက်တဲ့ အခါမှာတော့ လက်ဖဝါးက သူ့ကိုယ်တွင်းအင်္ဂါတွေကို စိမ့်ဝင်လုနီးပါး ရိုက်ခတ်သွားရာ ကြောက်စရာ ကောင်းလောက်အောင် ထိတ်လန့်သွားတော့သည်။

ဒါက နတ်မီးနယ်ပယ် ကောင်လေးတစ်ယောက်ရဲ့ စွမ်းအားလား။

All Chapters