← Chapters

ခံ့ညားစွာ

Vol. 131 Ch. 4.1484

ခံ့ညားစွာ

Vol. 131 Ch. 4.1484

ဟွမ်ကျန့် ရှက်ရွံ့လာသည်။ လူတိုင်းကလည်း အချိန်တိုလေး အတွင်း ဟွမ်ကျန့်တစ်ယောက် လက်ဖဝါးတစ်ဖက်တည်းဖြင့် လည်ထွက်သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြပေ။

ဖူး!

သွေးတစ်လုတ်နဲ့အတူ ဟွမ်ကျန့် တုန်လှုပ်သွားပြီး သေသေချာချာ မတ်တတ် မရပ်နိုင်တော့ဘဲ ဖြစ်သွားသည်။ တစ်ဖက် အရိုက်ခံရပြီးတာနဲ့ နောက်ပါးတစ်ဖက်က ထပ်ပြီး အရိုက်ခံရသည်။ လုရွှမ်ရဲ့ ခြေဖဝါးများ အရှိန်သည် မြန်လွန်းဖြစ်သဖြင့် သူ့ခြေထောက် ရွေ့သွားပုံကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ခန္ဓာကိုယ် အပေါ်ပိုင်းက အရိပ်အယောင်အနည်းငယ်ကို တွေ့မြင်နိုင်သော်လည်း အောက်ပိုင်းက သဲလွန်စမရှိ။

"ငါ"

ဖြောင်း!

လျှပ်တစ်ပြက်အတွင်း ဟွမ်ကျန့် မျက်နှာကို အရိုက်ခံလိုက်ရတာကြောင့် သူ့စကားများကို ခေါက်ပစ်လိုက်ရသည်။ သွားများမှာလည်း ငေါ့ထွက်ကာ သွေး​တွေရောနှောကာ အတော်လေး သနားစရာ ကောင်းသွားသည်။

"မင်း"

လုရွှမ် ထပ်မံ ပါးရိုက်လိုက်ပြီး ဟွမ်ကျန့်ကို စက်ဝိုင်းပုံစံ လှည့်လိုက်ကာ သူ့ကို လုံးဝ အရှက်ကွဲစေခဲ့သည်။

"မိတ်ဆွေလေး...ထားလိုက်ပါတော့"

ပိုင်ရွှမ် ဝင်တားရလေသည်။ နတ်ခြေလှမ်းနယ်ပယ်က သခင်​တစ်​​ယောက်​​ အနေနဲ့ သူတကယ်​ကို အရှက်​ရနေပါပြီ။ သို့သော် လုရွှမ်က သူ့ကို လုံးဝ လျစ်လျူရှုထားသည်။ သူ့ရဲ့ ကောင်းမွန်တဲ့ ပြုစုပျိုးထောင်မှုတွေကြောင့် သူ့ကို ရပ်တန့်​ခိုင်းဖို့ ဘယ်သူမှာမှ အရည်အချင်း မရှိပါ။

"မင်း မပြောသင့်တာတွေ ရှိတယ်လို့ ငါသတိပေးသားပဲ!"

ဒီတစ်ခါတော့ လုရွှမ် သူ့လက်ဖဝါးကို ထပ်ပြီး ဖိထားကာ ဟွမ်ကျန့်ရဲ့ နဖူးကို တိုက်ရိုက် ရိုက်ချပစ်လိုက်ရာ ဦးခေါင်းသည် ဖရဲသီးကြီးလို ကွဲကြေသွား​လေသည်။ ဦးနှောက်နဲ့ သွေးတွေက ဘောလုံးတစ်လုံးလို ပေါက်ကွဲထွက်ပြီး ပတ်ပတ်လည်ကို ဖိတ်စင်သွား၏။

လုရွှမ် အနားတွင်တော့ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး သွေးများကို ပိတ်ဆို့​ပေးထားသည်။

ဟွမ်ကျန့်၏ ဦးခေါင်းမရှိသော ခန္ဓာကိုယ်က အောက်ဘက်သို့ ပြုတ်ကျသွားစဥ် မီးလုံးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကိုပါ ပြာဖြစ်သွားစေခဲ့သည်။

လူတစ်ယောက်: "ကောင်လေး... မင်း အရမ်းလွန်လာပြီ!"

လုရွှမ်: "မင်းလည်း မကျေနပ်လည်း ထွက်လာခဲ့လေ... မင်းမှာ ဘာအရည်အချင်းရှိလဲ ကြည့်ရသေးတာပေါ့"

ထိုလူက နတ်ခြေလှမ်းနယ်ပယ်က ကျင့်ကြံသူ ဖြစ်သည်။ လုရွှမ်က ဟွမ်ကျန့်​​ကို ကစားနေရသလိုမျိုး သတ်လိုက်တာကို သူ့မျက်လုံးဖြင့် မြင်လိုက်ရသည်။ သူသည် ဟွမ်ကျန့်ထက် မြင့်မားတယ်လို့ သူ့ကိုယ်သူ သတိ​ပေး​နေ​သော်လည်း မတ်တပ်ရပ်ပါက သူ သေသွားနိုင်သည်။

"ကောင်းပြီ... မိတ်ဆွေလေးရဲ့ တိုက်ခိုက်မှုက နည်းနည်းတော့ ပြင်းထန်သွားပါတယ်"

ပိုင်ရွှမ်က ကဲ့ရဲ့သံဖြင့် အရိပ်အမြွက် ပြောခဲ့သည်။ ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ မကျေနပ်မှုများကို ဖုံးကွယ်ထားရ၏။ အစောက လုရွှမ်ကို ရပ်တန့်ရန် တောင်းဆိုထားပြီးသား ဖြစ်သော်လည်း ထိုလူက ဟွမ်ကျန့်ကို လက်ဖဝါးတစ်ချက်ဖြင့် သတ်ပစ်လိုက်သည်။

ပြီးတော့ သေဆုံးသွားရတဲ့ အခြေအနေက သနားစရာ ကောင်းလွန်းလို့ သူတောင် မကြည့်ရဲခဲ့ချေ။ လုရွှမ်ကတော့ တစ်ချက်ကြည့်ကာ မှုန်ကုပ်ကုပ်လေး ပြုံးလိုက်သည်။

"အကြီးအကဲ... ဘိုးဘေးသားရဲက ဘယ်သူ့ကိုမှ ထွက်သွားခွင့် ပြုမှာမဟုတ်ဘူး... ပြီးတော့ ကျွန်တော် တင်ပြထားတဲ့ အကြံတွေကို ဘယ်သူမှ သဘောမတူပါဘူး... ရိုးရှင်းပါတယ် ဘယ်သူမှ မကျေနပ်ကြလို့ပဲ အဲ့တော့ ကျွန်တော်ကလည်း ကျွန်တော့်​ရဲ့ သဘောထားကို ထူထောင်ဖို့လိုတယ်... အဲ့လူက ကျွန်​တော့်မြေပေါ်ကို မတော်တဆ ဖောက်ထွက်လာတော့ သေမင်းကို ရှာနေသလို ဖြစ်သွားတာပါ..."

"မင်း!" ပိုင်ရွှမ်လည်း စိတ်ဆိုးသွားသည်။

"လုရွှမ် ပါရမီရှင်စာရင်းမှာ နံပါတ်တစ် ဖြစ်နေတိုင်း မာနကြီးလွန်းမနေနဲ့! "

သူအော်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ အသက်ရှုသံတွေ ထွက်လာ၏။ ၎င်းသည် ကြီးမားသော လှိုင်းလုံးကြီးလို ပြောင်းလဲသွားပြီး လုရွှမ်ကို ရိုက်ခတ်သွားသည်။

အားလုံးက ပိုင်ရွှမ်ကို တုန်တုန်ယင်ယင်နဲ့ ကြည့်နေကြလေသည်။ နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့်ကို တက်လာတဲ့ သခင်ရဲ့ အရှိန်အဝါက ဒီလောက် အစွမ်းထက်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။

လုရွှမ်က လေထုအလယ်တွင် ဆိုင်းငံ့ထားပြီး သူ့​ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော လေလှိုင်းကို ပိတ်ဆို့ထားလိုက်သည်။

သူသည် အရင်အတိုင်း မတ်တပ်ရပ်​နေကာ ထိတ်လန့်တကြား အရိပ်အမြွက် အနည်းငယ်မျှပင် မပါချေ။ တစ်ဖက်လူရဲ့ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ဤရောင်ဝါက သူ့အား အန္တရာယ်မပြုနိုင်ကြောင်း ကောင်းကောင်း သဘောပေါက်ထား၏။

ဒီအရှိန်အဟုန်က အလွန်အားကောင်းတာတော့ လက်ခံသည်။ နတ်ခြေလှမ်းနယ်ပယ် အဆင့်၃က လူတစ်ယောက် ဖြစ်ထိုက်သော်လည်း ဦးချိုနဂါးလောက် မဟုတ်ချေ။ ဦးချိုနဂါးသာ ထွက်လာပါက ပိုင်ရွှမ်က ပြိုင်ဘက်မဟုတ်နိုင်တော့ပေ။

လုရွှမ်ဟာ ဦးချိုနဂါးနဲ့ မယှဉ်နိုင်ပေမယ့် ကောင်းကင်စာအုပ်မှာ ရေးထားတဲ့ တိုက်ပွဲနည်းလမ်းတွေကို အားကိုးပြီး သူ့ကို မအနိုင်ယူနိုင်ရင်တောင်မှ ဒဏ်ရာကင်းမဲ့စွာ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ထားသည်။

သူ ပိုင်ရွှမ်နဲ့ မယှဉ်နိုင်ဘူးဆိုတာ သိထားပေမယ့် တစ်ဖက်လူကလည်း သူ့အပေါ် ဘာမှ မလုပ်နိုင်ချေ။

"အကြီးအကဲရဲ့ ရောင်ဝါက တကယ်ကို အားကောင်းတာပဲ... အစောက အညစ်အကြေးနှစ်ခုထက် အများကြီး ပိုပြင်းထန်တယ်"

ပိုင်ရွှမ်ရဲ့ မျက်လုံးများသည် မကောင်းသော စွမ်းအင်များဖြင့် တင်းမာနေ၏။ လုရွှမ်က ကောင်းကင်လက်နက်ကိုပင် အသုံးမပြုဘဲ သူ့အရှိန်ကို တားဆီးလိုက်သည်။ ဒီရောင်ဝါက နတ်ခြေလှမ်းနယ်ပယ် အဆင့်၁ လူတွေတောင် မတားဆီးနိုင်ပေ။

ဒီကလေးက တကယ် ကြောက်ဖို့ ကောင်းလိုက်တာ။ ပါရမီရှင်စာရင်းက တကယ် အဲ့လောက်တောင် ကြောက်စရာ​ကောင်လား။

သူသည် ပါရမီရှင်စာရင်းထဲတွင် ပါဝင်နိုင်သည့် ဘယ်သူ့ကိုမှ မမြင်ဖူးပါ။ ဒါပေမဲ့ သူ့အမြင်အရတော့ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ ဒီလောက် အစွမ်းထက်နေဖို့တော့ မတွေးထားခဲ့။

အဆင့်တစ်ခုစီကြားက ကွာဟချက်က ကြီးမားလွန်းသည်။ လုရွှမ်ဟာ မျှော်စင်နယ်ပယ် ကွာဟချက်ကိုပဲ ကျော်လွန်နိုင်မည်ဟု ခန့်မှန်းထားခဲ့သည်။ အခုတော့ ဒီလို ပါရမီရှင်တစ်ဦးအတွက် ပိုသင့်လျော်မယ့် ကန့်သတ်ချက်​တွေက များစွာ မကျန်တော့သလိုတောင် ခံစားလာရသည်။

ပိုင်ရွှမ် ရောင်ဝါဖြင့် တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး လုရွှမ်ကို အထီးကျန်မှု အရိပ်အမြွက်ဖြင့် စိုက်ကြည့်နေသည်။ သူက အသက်ကြီးသွားပြီ။ အနာဂတ်ကို လူငယ်များကသာ လုံးလုံးလျားလျား လွှမ်းမိုးထားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

လုရွှမ်လည်း ခေါင်းညိတ်ပြ၏။ ဤလူကြီးသည် အမှန်တကယ် တိုက်ခိုက်လိုပါက သူဟာ တိုက်ပွဲထဲမှာ ပါဝင်သွားဖို့ စိတ်မ၀င်စားချေ။ လုရွှမ် တခြားသူတွေကို လှမ်းကြည့်လိုက်ပြီး။

"ဘိုးဘေးသားရဲ ချိတ်ပိတ်ခံထားရတဲ့ နေရာကို စူးစမ်းဖို့ ငါနဲ့အတူ ခွန်အားကောင်းတဲ့လူ နည်းနည်း လိုတယ်...ဘယ်သူက လာချင်လဲ"

စိတ်ပျက်စရာကတော့ ဘယ်သူမှ ထွက်မလာကြပေ။ လုရွှမ် လိုအပ်သော လူသည် နတ်ခြေလှမ်းနယ်ပယ် တက်လှမ်းနိုင်သူသာ ဖြစ်ရမည်။ လုရွှမ်နဲ့ အကြီးအကဲ ပိုင်ရွှမ်တို့ရဲ့ အရှိန်အဟုန်ပြိုင်ပွဲမှာ လုရွှမ် နိုင်မယ်လို့ ဘယ်သူမှ ထင်မထားပေမယ့် လုရွှမ်ရဲ့ ခွန်အားကိုတော့ သူတို့ အသိအမှတ်ပြုပြီးသားပါ။

အားလုံးက လုရွှမ်ကို ယခင်သရော် လှောင်ပြောင်မှုများက အံ့သြထိတ်လန့်နေတဲ့ အကြည့်တွေ ဖြစ်သွားသည်။

ဒါဟာ တကယ့်ကို အတုမရှိ ပါရမီရှင်ပဲ။

"မင်းတို့ရဲ့အသက်ကို ငါအာမမခံနိုင်ဘူး... နောက်ဆုံးတော့ မင်းတို့အားလုံး သေဖို့ အဆင်သင့်ဖြစ်နေပြီမလား... အချိန်မရွေးသေနိုင်တယ် ဒါပေမဲ့ ဒါက အခွင့်အလမ်းတစ်ခုပဲ မင်းတို့ အသက်ရှင်နိုင်တယ်"

"ကိုယ့်ဘဝကို ဟာသအဖြစ်မခံဖို့ ယုံကြည်မှုရှိလား"

လုရွှမ် လူတိုင်းကို စိုက်ကြည့်ကာ သူတို့၏ အဖြေကို စောင့်နေလိုက်သည်။ ဘယ်သူမှ စကားမပြော၊ မတ်တပ်လည်း မရပ်ဘဲ လေသံလေးတောင် မကြားရဘဲ အလွန်တိတ်ဆိတ်နေပါသည်။

"အော်မီတော်ဖော်... ဆရာတော်က အသက်ကြီးနေပြီ... ဒကာစိတ်မရှိရင် လိုက်ချင်ပါတယ်... အသက်ကြီးပြီ အချိန်လည်း သိပ်မကျန်တော့ဘူး... ငါမှ ငရဲမသွားရင် ဘယ်သူကများ သွားရမှာလဲ?"

ဘုန်းကြီးတစ်ပါး လက်အုပ်ချီရင်း စေတနာကောင်းစွာနဲ့ ထွက်လာသည်။ လုရွှမ်လည်း လျစ်လျူမရှုဝံ့ဘဲ လက်အုပ်ချီကာ ဂါဝရပြုလိုက်သည်။

"မင်္ဂလာပါ အကြီးအကဲရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

"ဒီဘိုးဘေးသားရဲကြောင့် ငါ့မိသားစု ပျက်သုဉ်းပြီးပြီ... ဘာပဲဖြစ်ဖြစ် ငါက အထီးကျန်နေတော့မှာပဲ ဘဝက ဘယ်လောက်တောင် ပျော်ရွှင်စရာကောင်းပြီး သေခြင်းတရားက ဘယ်လောက်တောင် နာကျင်စရာကောင်းလဲ ငါသိနေပြီ ဒါကြောင့် သခင်လေးနဲ့ လိုက်ခဲ့ပါ့မယ်"

နောက်တစ်ယောက်လည်း ထွက်လာပြီး ဘုန်းကြီးနားမှာ ရပ်လိုက်သည်။

လုရွှမ် လျင်မြန်စွာ ဂါဝရပြုလိုက်သည်။ တခြားလူများကို လုရွှမ် မကြည့်ပေ။ သူတို့မျက်လုံးများကို ကြည့်လိုက်လျှင် သေခြင်းတရားကို နှလုံးသားထဲက အိမ်ဟု မှတ်ယူနေသော လူများကိုသာ သူ လေးစားခဲ့သည်။

All Chapters