မင်ဟော် အမည်းရောင်ပြောင်းခြင်း
Vol. 131 Ch. 4.1485
အချိန်အတော်ကြာအောင် စောင့်ပြီးအထိ ဘယ်သူမှ မတက်လာကြတော့ချေ။ လုရွှမ်လည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။
.
"ဒါဆို လုံလောက်ပြီ ရှန်းရှန်း... မင်း?"
"အစ်ကိုကြီးလုရွှမ်... ညီမ အစ်ကိုနဲ့ပဲ အတူရှိနေမှာနော်"
ရှန်းရှန်းက နဂါးဟောက်သံဖြင့် ပါးစပ်ကို ဖွင့်ဟလိုက်သည်။ သူမခန္ဓာကိုယ်သည် နဂါးအသွင်သို့ ဖျတ်ကနဲ ပြောင်းသွားပြီး နောက်တဖန် လူအသွင် ပြန်ပြောင်းသွားသည်။
အားလုံးက ထိတ်လန့်တုန်လှုပ်သွားကာ ရှန်းရှန်းကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြတော့သည်။ သူတို့ဘေးနားက အလွန်ချစ်စရာကောင်းတဲ့ ကောင်မလေးက နတ်နဂါးဖြစ်နေလိမ့်မယ်လို့ ဘယ်သူက တွေးထားမိမှာလဲ။
အလယ်ပိုင်းဒေသတွင် မှော်အတတ်များစွာနဲ့ မျိုးနွယ်စု များကိုကို လူသားများအနေဖြင့် ကြုံတွေ့ရနိုင်ကြောင်း သူတို့အများစု သိထားခဲ့ကြသော်လည်း နတ်နဂါးနှင့် ရင်ဆိုင်ရမယ်လို့ မတွေးဝံ့ခဲ့ကြပေ။
လုရွှမ် အနည်းငယ် အံ့သြသွားသော်လည်း ရှန်းရှန်းရဲ့ လုပ်ရပ်က ထိုလူများ၏ သံသယများကို လုံးဝ ဖျောက်ဖျက်ပစ်လိုက်သည်။
"ကောင်းပြီ ငါတို့လေးယောက်ဆို လုံလောက်ပြီ"
"မမလျန်းဟွားကရော?"
လုရွှမ် လျန်းဟွားကို ခေါင်းညိတ်ပြလိုက်သည်။
"လျန်းဟွား မသွားနဲ့။ မင်းသွားဖို့က အန္တရာယ်များလွန်းတယ်... ဒီမှာ ခဏစောင့်ပေး.. ငါတို့ပြန်မလာမချင်း မင်းကို ဘယ်သူကမှ ထိရဲမယ် မထင်ဘူး"
လုရွှမ်စကားများက သူမအသက်ကို ကယ်တင်နိုင်ကြောင်း သိလိုက်သောကြောင့် စိတ်လှုပ်ရှားသွားသည်။ သူမကို ဘယ်သူကမှ စိန်ခေါ်ရဲတဲ့အကြောင်း မပြောရဲပေမယ့် တခြားသူတွေကတော့ သူမ အန္တရာယ်ဖြစ်မှာကိုတောင် ကြောက်နေတာကြောင့် သူမကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားကြပါလိမ့်မည်။
"မမ... ညီမတို့ ပြန်လာတာကို စောင့်နေနော်"
ရှန်းရှန်း သူမလက်ကို ဝှေ့ယမ်းပြီး ပြေးထွက်သွားသည်။
လူလေးယောက် ထွက်သွားတာကို ကြည့်ကာ အားလုံးက လျန်းဟွားကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်၏။ သူတို့မျက်လုံးများက ငြူစူခြင်း၊ မနာလိုခြင်း နှင့် ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။
ပိုင်ရွှမ် မိန်းကလေးတစ်ယောက်ကို မှိတ်ရိပ်ပြပြီး စုံစမ်းခိုင်း၏။ လျန်းဟွား၊ လုရွှမ်နဲ့ ရှန်းရှန်းတို့ရဲ့ ဆက်ဆံရေးကို သူမ သိချင်သောကြောင့် မေးခဲ့ပေမယ့် အဖြေကိုတော့ သူမလည်း အံ့ဩသွားခဲ့ရသည်။ ရုတ်တရက် အမျိုးသမီးများက လျန်းဟွားကို အလွန်ငြူစူတဲ့ မျက်လုံးတွေနဲ့ ကြည့်ကုန်တော့၏။
လုရွှမ်တို့ လေးယောက်သည် ဘိုးဘေးသားရဲအား ချိတ်ပိတ်ထားသော မြို့လယ်ခေါင်သို့ ရောက်လာကြသည်။
ဘုရားကျောင်း တစ်ခုက ရှိနေဆဲဖြစ်၏။ နံ့သာအိုးတွေဟာ တစ်ချိန်က အမွှေးတိုင်များဖြင့် အလွန်ထွန်းကားခဲ့သော်လည်း နောက်ပိုင်းတွင် မိန်းကလေးများ ပျောက်ဆုံးနေသည့် သတင်းများက တဖြည်းဖြည်း ထွက်ပေါ်လာပြီးနောက် ဤဘုရားကျောင်းက တဖြည်းဖြည်း ဆိတ်သုဉ်းသွားခဲ့သည်။
ဤဘုရားကျောင်း အောက်၌ ဘိုးဘေးသားရဲ၏ အစိတ်အပိုင်း ရှိနေမယ်လို့ ဘယ်သူမှ မထင်ထားလောက်ချေ။
"ဆရာတော်မင်ဟော်... ခင်ဗျား ဘယ်ကျောင်းမှာ လေ့ကျင့်နေတာလဲလို့ ကျွန်တော် သိချင်နေတယ်"
လုရွှမ် ရုတ်တရက် မေးလိုက်ရာ မင်ဟော်လည်း ခဏလောက် ထိတ်လန့်သွားတော့သည်။
"ရှက်လိုက်တာ... ရှက်လိုက်တာ တစ်ခါက အဲဒီဘုရားကျောင်းမှာ လေ့ကျင့်ခဲ့ဖူးပါတယ်"
လုရွှမ်က ခေါင်းညိတ်ပြပြီး "ဒါဆို ပျောက်သွားတဲ့ မိန်းကလေးတွေကို ဆရာကြီးက ဖမ်းလိုက်တာများလား?"
ဒီစကားတွေ ပြောပြီးတာနဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။
နင်ရွှီသည် လုရွှမ်နဲ့ ဆရာတော်မင်ဟော်ကို အံ့အားသင့်စွာ ကြည့်နေသည်။ ရှန်းရှန်း အလွန်အံ့သြသွားသော်လည်း လုရွှမ်ကို သူမ ယုံကြည်စိတ်ချတာကြောင့် ချက်ချင်း ရှောင်ထွက်သွားပြီး ဆရာတော်မင်ဟော်လမ်းကို ပိတ်ဆို့လိုက်သည်။
မင်ဟော် အရမ်းငြိမ်သက်သွားပြီး သူက သူ့လက်တွေကို ပြန်ဆုပ်ကိုင်ထားလိုက်သည်။
"ဒကာလေးလုရွှမ်... မင်းဘာကိုဆိုလိုမှန်း ငါမသိဘူး"
လုရွှမ် ရယ်မောရင်း "ကျုပ်ဆိုလိုတာက ခင်ဗျားမှာ ဘိုးဘေးသားရဲရဲ့ အငွေ့အသက်ရှိတယ်လို့ အရမ်းအားကောင်းတယ်... ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ခင်ဗျားက ဘိုးဘေးသားရဲရဲ့ လူ့ဇာတိခံပဲ"
"မယုံဘူးလား... ကိစ္စမရှိပါဘူး ခင်ဗျား ကျုပ်နောက်ကို လိုက်လာမယ်ဆိုတာ သေချာသိနေလို့ ခင်ဗျားကို ထွက်လာစေချင်ခဲ့တာ... ဒါပေမဲ့ အကြီးအကဲ နင်ရွှီက ဒီလောက်ရိုးသားပြီး အနစ်နာခံပေးချင်စိတ် ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... ဒီအတွက် တိုက်ပွဲဝင်ဖို့ သူ့အသက်ကို စတေးရဲခဲ့တယ်!"
နင်ရွှီ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားသည်။
"ဆရာတော်မင်ဟော်... သခင်လေးလုရွှမ် ပြောတာမှန်လား? ငါ့သားအငယ်ဆုံး ဒဏ်ရာရသွားပြီး မင်းသူ့ကို ကုသပေးဖို့လာခဲ့တာကို ငါရှင်းရှင်းလင်းလင်း မှတ်မိတယ်... ဒါပေမဲ့ အဲဒီနောက်ပိုင်း ငါ့သမီးပျောက်သွားတယ် မင်းလုပ်တာမလား?"
မင်ဟော်မှာ လူ ၃ ယောက် ဝိုင်းရံခံထားရပေမယ့် အော်မီတော်ဖော်ဟု ခေါ်ပြန်သည်။
"ဒကာလေး... ငါ့မှာ တစ်ခုခုမှားနေပြီလို့ ထင်ရင် ငါ့ကို ဒီလိုဒုက္ခတွေနဲ့ ဘောင်ခတ်နေဖို့ မလိုပါဘူး..."
"အဲဒါဆိုရင် ခင်ဗျားက ကျုပ်ကို တိုက်ကွက်ထုတ်ခိုင်းနေတာပေါ့လေ..."
လုရွှမ်ဆိုရင်း သူ့ခန္ဓာကိုယ်က ရုတ်တရက် တောက်ပလာပြီး အနောက်ကနေ အနီရောင် နေလုံးကြီး ထွက်လာ၏။
"နေရောင် လင်း!"
လုရွှမ် တိုးတိုးလေး ဟစ်အော်လိုက်သည်။ အနီရောင် နေရောင်ကြောင့် တောက်ပနေတဲ့ မျက်လုံးတွေက မင်ဟော်ခန္ဓာကိုယ်ကို ပစ်ထည့်လိုက်လေရာ မင်ဟော်ဆီက အနက်ရောင် လေထုကြီးရဲ့ ဟောက်သံတွေ ထွက်ပေါ်လာလေ၏။
၎င်းတို့က သေသွားသော အကျဉ်းသားများကဲ့သို့ ဝမ်းနည်းစွာ အော်ဟစ်ကာ မင်ဟော်ခန္ဓာကိုယ်နှင့် ဦးခေါင်းမှ ထွက်ပေါ်လာသည်။ သို့သော် ယခုအချိန်တွင် မင်ဟော်ပါးပြင်များက တွန့်လိမ်သွားကာ သူ့မျက်နှာ အသွင်အပြင်များ ည်း ပြောင်းလဲသွားကာ အခြားလူတစ်ဦး ဖြစ်လာလုနီးပါး ပြောင်းလဲလာသည်။
"အား....."
"နတ်ခန္ဓာ... မင်းက နေကိုးစင်း နတ်ဘုရားလောင်းပဲ!"
နင်ရွှီ: "ဘယ်ပြေးမလို့လဲ!"
မင်ဟော်ခန္ဓာကိုယ်က အနက်ရောင် အငွေ့တွေ ထွက်လာကတည်းက ဆရာတော်မင်ဟော်ဟာ ဘိုးဘေးသားရဲ၏ ရုပ်သေးလူ့ဇာတိခံ ဖြစ်ကြောင်း သဘောပေါက်သွားပါပြီ။
သမီးလေးရဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးမှုကို တွေးပြီး ဒေါသထွက်လာသည်။ လိုက်ရှာနေတာ နှစ်အတော်ကြာခဲ့ပေမယ့် ဘာသတင်းမှ မကြားမိခဲ့။ ယခုမူ ထိုအကြောင်းကို တွေးတောရင်းဖြင့် သူမသည် မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများနှင့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် နှိပ်စက်ခြင်းကို ခံခဲ့ရတာကို တွေးမိရာ ဤအရာအားလုံး၏ တရားခံအား မရဏမိတ်ဆွေအဖြစ် အမြဲမှတ်ယူခဲ့သည်။
သူ့ရင်ဘတ်ထဲက ဒေါသတွေ ပေါက်ကွဲလုမတတ် ဖြစ်လာတာကြောင့် ပွင့်နေတဲ့ မီးတောက်တွေဖြင့် နတ်လက်နက်နဲ့ ခုတ်ထစ်လိုက်သည်။ မင်ဟော်မျက်နှာကလည်း လုံးဝမည်းမှောင်သွားပြီး သားရဲတစ်ကောင်လို ဟောက်ကာ နင်ရွှီဆီသို့ ပြေးသွားခဲ့သည်။
မမျှော်လင့်ထားတဲ့ နင်ရွှီရဲ့ တိုက်ခိုက်မှုကို လျစ်လျူရှုပြီး နင်ရွှီရင်ဘတ်ကို လက်နှစ်ဘက်ဖြင့် ပြန်ရိုက်ခဲ့သည်။ ထိုအချိန်တွင် နင်ရွှီ မျက်လုံးများက နီရဲနေပြီ။ သူသည် နတ်လက်နက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး လေထဲတွင် ပွင့်နေသော မီးတောက်ဆီသို့ ဖြတ်ပြေးသွားသည်။
"အလျင်စလို မလုပ်နဲ့!"
လုရွှမ် အော်နေပေမယ့် အချိန်မမှီလိုက်။
နင်ရွှီသည် မင်ဟော်ခန္ဓာကိုယ်ကို ဓားဖြင့် ခုတ်သော်လည်း မင်ဟော်တစ်ကိုယ်လုံးက အနက်ရောင် စွမ်းအင်များဖြင့် ပြည့်နေပြီး နင်ရွှီရဲ့ တိုက်ခိုက်မှုကို လုံးလုံးလျားလျား တားဆီးထားသည့် ကြီးမားသော ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်လာသည်။
သူ့လက်များသည် နင်ရွှီ ရင်ဘတ်ထဲသို့ ထိုးဖောက် ဝင်ရောက်နေပြီး ၎င်းကို အစွမ်းကုန် ဖြိုခွဲပစ်လိုက်သည်။
လုရွှမ် နောက်ဆုံးတွင်တော့ ရောက်လာပြီး မီးတောက်ဓားဖြင့် ခုတ်လိုက်သည်။ မင်ဟော် အော်ဟစ်လိုက်၏။ သူသာ ရှေ့ဆက်တိုးမယ်ဆိုရင် နင်ရွှီ သေချာပေါက် သေသွားနိုင်ပေမယ့် သူကလည်း ဒဏ်ရာပြင်းထန်လိမ့်မည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက ကျွမ်းဝင်တဲ့ အငွေ့အသက်ကို ခံစားမိသည်။
အဲဒါက သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို လုရွှမ် တိုက်ခိုက်နေခဲ့တဲ့ မှတ်ဉာဏ်တွေပါကဲ။
ထို့အပြင် ဤလူသည် ကမ္ဘာပေါ်က အမြင့်ဆုံးသော နတ်ခန္ဓာဖြစ်သည့် နေကိုးစင်း နတ်ဘုရားလောင်း ဖြစ်လာခဲ့သည်။ ထိုခန္ဓာကိုယ်သည် လုံးလုံးလျားလျား မစုစည်းရသေးတာတောင် အတော် စွမ်းနေပြီမို့ နင်ရွှီကို ပစ်ချပြီး လှည့်ထွက်ပြေးရလေ၏။
လုရွှမ် နင်ရွှီကိုဖမ်းကာ သူ့ပါးစပ်ထဲကို ဆေးတစ်လုံး ထည့်ပေးလိုက်သည်။
"မသေနိုင်သေးဘူးမလား?"
နင်ရွှီ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"တောင်းပန်ပါတယ် ငါ စိတ်မြန်မိသွားတယ်"
"ကိစ္စမရှိပါဘူး... အသက်ရှင်နေရင် တော်ပြီ... ဒီခွေးကောင်ကြီးကို ကျုပ်ကိုယ်တိုင် သတ်ပစ်မယ်"
ထိုအချိန်တွင် ရှန်းရှန်းခန္ဓာကိုယ်သည် နဂါးအသွင် ပြောင်းသွားပြီး မင်ဟော်ကို ပိတ်ဆို့ထားသည်။ တစ်ဖက်လူက မည်းမှောင်လာပြီးနောက် သူ့နယ်ပယ်ကလည်း တဟုန်ထိုးတက်လာကာ ယခုအခါ နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့်သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ရှန်းရှန်းသည် နတ်နဂါးဖြစ်သော်လည်း သူမနယ်ပယ်က နိမ့်လွန်းတာကြောင့် အကြိမ်ပေါင်းများစွာ ထိုးနှက်ခံခဲ့ရသည်။ သို့သော် သူမသည် မင်ဟော်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသဖြင့် လုရွှမ် အချိန်မီ အပြေးအလွှား လိုက်လာနိုင်ခဲ့သည်။
"ရှန်းရှန်း နောက်ပြန်ဆုတ်ပြီး မင်းရဲ့ဒဏ်ရာတွေကို အာရုံစိုက်လိုက်ပါ.... ဒီလူယုတ်မာက မင်းကိုရိုက်ရဲမှတော့ သူသေလို့ရပြီ!"