← Chapters

ကဏ္ဍပေါင်းစုံတွင် သာလွန်ခြင်း

Vol. 35 Ch. 511

ကဏ္ဍပေါင်းစုံတွင် သာလွန်ခြင်း

Vol. 35 Ch. 511

လူမိုက် ပြည်ကြီးသားလော။

ဖုန်းယွီ ဒေါသထွက်သွားတော့သည်။ ဤသည်မှာ စော်ကားမှု မဟုတ်ပေလော။

ဖုန်းယွီ ထရပ်လိုက်သည့်အချိန် အနီးအနားရှိ အခြားကျောင်းသားများလည်း ထရပ်လာကြသည်။ သို့ရာတွင် ထိုကျောင်းသားများသည်လည်း ပိန်ပိန်ပါးပါးများသာဖြစ်ပေသည်။ ၎င်းတို့အားလုံး တရုတ်ပြည်မကြီး နှိမ့်ကျသူများပင်။

ဖုန်းယွီ အေးစက်စက်ဖြင့်..

“တောင်းပန်စမ်း.”

“မလုပ်တော့ ဘာဖြစ်လဲ..”

ကျောင်းသားငပိန် သူ့မေးမော့ရင်း ပြောလိုက်သည်။ အရပ် ပိုမြင့်ရန်လည်း ခြေဖျားထောက်လိုက်သေးသည်။

“မင်း ငါ့ကို လူရိုင်းလို့ ပြောနေတာပေါ့.. ဒီတော့ လူရိုင်းတွေက ပြိုင်မငြင်း တတ်ဘူးဆိုတာ မင်းသိအောင် လုပ်ပေးရမှာပေါ့လေ.. ဘာစကားမှ မပြောဘဲ မင်းကို တွယ်ပေးရမှာပေါ့..”

ဖုန်းယွီ ထိုကျောင်းသားကို ကန်ပစ်လိုက်တော့သည်။ ထို့နောက် ချက်ချင်း ပြေးတက်သွားမျက် မျက်နှာကို လက်နှစ်ဖက်ဖြင့် ထိုးလိုက်ပြန်သည်။

ကျန်ကျောင်းသားများ အားလုံး အံ့ဩသွားကြတော့သည်။ သို့ရာတွင် တောင်းပန်ရင်း ဖုန်းယွီကို နောက်သို့ ဆွဲရန် ရှေ့တိုးလာခဲ့သေးသည်။

ထိုကျောင်းသား အုပ်စု အလွန်ကြောက်တတ် ကြသည်။ အားလုံး မတိုက်ခိုက်ရဲကြချေ။ ဖုန်းယွီ စိတ်အတွင်း တွေးနေလိုက်သည်။ ဝမ်သောင်ကျွင်း သာဤနေရာတွင် ရှိပါက ကျောင်းသား (၅)ယောက် ဝိုင်ဆွဲလျှင်ပင် ရမည် မဟုတ်ချေ။ ဝမ်သောင်ကျင်းနှင့် တွေ့ပါက ထိုကျောင်းသား ငပိန် သူ့ဘောင်းဘီသူ ပြန်ကိုက်နေရမည်မှာ ဧကန်ပင်။

ကျောင်းပြီးချိန် ထိုအုပ်စု ဖုန်းယွီကိုစောင့်ရန် သတ္တိရှိပါက ဖြေရှင်းရန် ဖူမိသားစု ထွက်လာပေလိမ့်မည်။ ထိုသို့ မဟုတ်ခဲ့ပါက ကိုယ်ရံတော် (၂)ယောက် ငှားရပေမည်။ ရုပ်ရှင်များ တွင်ကဲ့သို့…

‘ငါ့ကို အနိုင်ကျင့်ဝံ့တဲ့သူ လာရိုက်မယ်ဆို.. ငါကလဲ လာအနိုင်ကျင့်တဲ့သူကို ပြန်ရိုက်ပေးရမှာပေါ့..”

“ငါ့ကိုလွှတ်.. နောက်ဆို အရိုင်းကောင် လို့ပြောသံကြားတာနဲ့ အဲ့လူကို ခြေထောက် ရိုက်ချိုးပစ်ပစ်”

“မင်း.. မင်း.. ငါ့ကို ရိုက်ရဲလား.. ဒီကိစ္စ တက္ကသိုလ်ကို အကြောင်းကြားပြီး ပြည်မကြီးကို ပြန်ပို့ ပစ်မယ်.. မင်းစောင့်နေလိုက်..”

ကျောင်းသား ငပိန် တခြားကျောင်းသားများနောက် ပုန်းအောင်းလျှက် အော်ဟစ်နေလေသည်။

ထိုကျောင်းသားအနေဖြင့် အများရှေ့တွင် ပြည်မကြီး ကျောင်းသား ရိုက်ရဲလိမ့်မည် မထင်မိချေ။ တစ်ချိန် တည်းတွင် သူ၏ အတန်းဖော်များကြောင့် စိတ်ပျက်သွားမိသည်။ ဖုန်းယွီအား အခက်တွေ့အောင် လုပ်ချင်သော်လည်း ဖုန်းယွီ သူ့အား ကိုယ်ထိလက်ရောက် ပြုကျင့်လာသည့်အချိန် မည်သူမှ မကူညီခဲ့ကြချေ။ လူအများနှင့်ပင် ပြည်မကြီးသားကို ကြောက်နေကြသည်လော။

“ဆက်ပြော.. ကထိက ဆိုတော့ရော ဘာဖြစ်လဲ.. မင်း တရုတ်ပြည်ကျောင်းသားကို လူမျိုးခွဲခြား ဆက်ဆံတာလေ.. ဟောင်ကောင် တက္ကသိုလ် ကျောင်းသားတစ်ယောက် ဒီလိုပြုမူသင့်လား..”

ဖုန်းယွီ သွားကြားမှ လေတိုးသံဖြင့် ပြောပြီး ထိုကျောင်းသားကို ကြည့်လိုက်သည်။ ယဉ်ကျေးမှုလော။ သူလိုလူမှ ယဉ်ကျေးမှုအကြောင်း ပြောရဲသေးသည်လော။

ခေါင်းလောင်း မြည်သံကြားသည်နှင့် ကျောင်းသားများ မိမိ ထိုင်ခုံသို့ ပြန်သွားကြတော့သည်။ ထိုကျောင်းသား ငပိန်မှာမူ ဖုန်းယွီအား စိုက်ကြည့်နေဆဲပင်။ ဖုန်းယွီ သည်လည်း ကုလားထိုင်ပေါ် ထိုင်၍ ထိုကျောင်းသားကို လိုက်ကြည့်လိုက်သည်။

ကထိက သည် အခန်းအတွင်း ဝင်လာပြီး သင်ခန်းစာ စသင်တော့သည်။

ရုတ်တရက် ဖန်ခွက်ကွဲသံ တစ်ခုပေါ်လာသည်။ ဖုန်းယွီ ငုံ့ကြည့်လိုက်သည့်အခါ သူ့ဘေးနားတွင် ဖန်ခွက်တစ်ခု ကွဲနေလေသည်။

“အဲ့ကျောင်းသား မတ်တပ်ရပ်ပါ.. အခန်းထဲမှာ ဘာလို့ ဆူညံနေတာလဲ.. ကျန်တဲ့ ကျောင်းသားတွေကို အနှောက်အယှက် ဖြစ်စေမယ်ဆိုတာ မင်းမသိဘူးလား..”

ထို ငပိန်ကောင် ယုတ်မာလွန်းပေသည်။

“ဆရာ.. ကျွန်တော့ကို ပြောနေတာလား.. ဒီဖန်ခွက် ကျွန်တော် ခွဲတာမဟုတ်ဘူး.. မယုံရင် ဖန်ခွက် ဖင်ကို ကြည့်လို့ရပါတယ်.. အဲ့မှာ နာမည်ရေးထားတယ်..”

ဖုန်းယွီ ငပိန်ကောင်ကို ကြည့်လိုက်သည်။ ဝမ့်မင်ကျိ တဲ့လား။ ဒီကောင် သူ့ဉာဏ်ရည်လောက်နဲ့ ဟောင်ကောင် တက္ကသိုလ်ကို ဘယ်လိုများ ရောက်လာပါလိမ့်။

ဝမ့်မင်ကျီ အံ့အားသင့်သွားသည်။ ထိုကထိကသည် သင်ခန်းစာ သင်နေစဉ် နှောက်ယှက်သူအား မုန်းတီးကြောင်း သိထားသည်။ သ့်ကိုယ်ပိုင် ဖန်ခွက်ကို မသုံးသင့်သလို ဖန်ခွက်ဖင်တွင်လည်း သူနာမည် ရေးမထားသင့်ချေ။

“ဝမ့်မင်ကျိ.. စာသင်ချိန် စည်းကမ်းတွေ မသိဘူးလား.. နောက်တခါ ထပ်လုပ်ရင် ငါ့အတန်းက ထွက်သွား..”

ယခုမူ ဝမ့်မင်ကျိ ငုံးတစ်ကောင် ကဲ့သို့ ဖြစ်နေချေပြီ။ ခေါင်းငုံ့၍ ငြိမ်နေတော့သည်။ ဖုန်းယွီကိုလဲ အမုန်းတရား ကြီးထွားလာနေသည်။ ထို ပြည်မကြီးသားကြောင့် အားလုံး သူ့ကို အရူးထင်နေကြသည်။ ကလဲ့စား ချေရပေလိမ့်မည်။

သင်ခန်းစာ ပြီး၍ သိပ်မကြာမှီ တတိယ ကထိက မေးခွန်းတစ်ခု မေးရင်း အခန်းတွင်း ဝေ့ကြည့်ကာ ဝမ့်မင်ကျိကို ညွှန်ပြရင်း..

“ဝမ့်မင်ကျိ.. ဒီမေးခွန်း ဖြေပါ..”

အာ.. ဝမ့်မင်ကျိ အံ့ဩသွားသည်။ သူသည် သင်ခန်းစာကို ဂရုမစိုက်ဘြ ဖုန်းယွီကို လက်စားချေရန်သာ တွေးနေခြင်း ဖြစ်သည်။ မေးခွန်းက ဘာမှန်းကို သူမသိချေ။

“ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းကိုတောင် မင်း မဖြေနိုင်ဘူးလား.. မင်းမိဘတွေ မင်းကို ဒီပို့လိုက်တာ ပိုက်ဆံ ဖြုန်းနေတာပဲ.. ဟိုကျောင်းသား ဖြေနိုင်မလား..”

ကထိက၏ လက်ညှိုး ဖုန်းယွီထံ ရောက်လာသည်။

ဖုန်းယွီ မတ်တပ် ထရပ်ပြီး..

“ထုတ်ကုန်ကို ကြည့်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်.. အသုံးပြုတဲ့ နည်းလမ်းက ကျွန်တော်တို့ သိချင်တဲ့ အချက်အပေါ်မှာ မူတည်မှာပါ.. ဥပမာ အားဖြင့် ကျွန်တော်တို့က ထုတ်ကုန်ကို သိပ္ပံနည်းကျ ဓာတ်ခွဲ အဖြေထုတ်တာ၊ နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖြာမှု၊ ဈေးကွက် သုတေသန စသည်ဖြင့် လုပ်နိုင်ပါတယ်.. ဒီ ထုတ်ကုန် အမျိုးအစား အတွက် ကျွန်တော်တို့ နှိုင်းယှဉ်ခွဲခြမ်း စိတ်ဖြာမှု လုပ်နိုင်ပါတယ်..”

“ကောင်းတယ်.. မင်းက တရုတ်ပြည်က ဖလှယ်ရေး ကျောင်းသားလား.. မင်းတို့အားလုံး သူ့ကို စံနမူနာ ယူသင့်တယ်.. ဒီကျောင်းသား ငါ့သင်ခန်းစာမှာ အလေးအနက် အာရုံစိုက်ပြီး သေချာ သင်ယူတယ်.. ကျန်တဲ့ သူတွေကို ကြည့်စမ်း.. သူနဲ့ အရမ်းကွာတယ်.. ကျန်တဲ့ ကထိကတွေကလဲ တရုတ်ကကျောင်းသားတွေ သူတို့ ပညာရေးအပိုင်းမှာ လေးနက်ပြီး အရမ်း ထက်မြက်တယ်လို့ ပြောကြတယ်.. အစကတော့ ငါမယုံဘူး.. ဒါပေမယ့် အခု ငါယုံသွားပြီ.. ကံကောင်းတာက မင်းတို့တွေ တရုတ်တက္ကသိုလ်ကို ဖလှယ်ရေး ကျောင်းသားအဖြစ် သွားခဲ့ကြလို့ဘဲ။ မဟုတ်လို့ကတော့ မင်းတို့တွေ ငါတို့ ဟောင်ကောင်တက္ကသိုလ်ကို အရှက်ကွဲအောင် လုပ်ကြမှာ..”

ကျန်တြ့ ကျောင်းသားတွေ ဖုန်းယွီကို အံ့ဩတကြီး ကြည့်နေကြသည်။ ဖုန်းယွီ ပြောစကားများသည် သင်ခန်းစာတွင် ဖော်ပြမထားချေ။ ထိုအကြောင်း ပြည်မကြီးက အဘယ့်ကြောင့် သိနေသနည်း။ ကထိကပြောခဲ့သည်နှင့် အမှန်တကယ် တူနေသည်လော။ တရုတ်ကျောင်းသားများ အားလုံး လေ့လာမှုတွင် လေးနက်ကြသည်လော။

ကျောင်းသား အချို့မူက ဝမ့်မင်ကျိ ကဲ့သို့ တွေးနေကြသည်။ ဖုန်းယွီသည် မာနကြီးလွန်းသည်ဟု ခံစားနေရသည်။ ဤမေးခွန်း အဖြေအား သိခဲ့လျှင်ပင် မသိကြောင်းသာ ကထိကကို ပြောပြသင့်ချေသည်။

ထိုသို့ဖြင့် အတန်းချိန် ပြီးသွားတော့သည်။ ဖုန်းယွီ သူ့ပစ္စည်းများ သိမ်း၍ ဝမ့်မင်ကျိ အနီးလျှောက်လာပြီး ရည်ရွယ်ချက် ရှိရှိ ရပ်လိုက်သည်။

“မင်း ဘာဖြစ်ချင်လဲ.. ငါ့ကို ထပ်ရိုက်ရဲရင် တက္ကသိုလ်ကို တကယ်သတင်းပို့တော့မှာ..”

ဝမ့်မင်ကျိ ခြိမ်းခြောက်လိုက်တော့သည်။

ဖုန်းယွီ မထီမဲ့မြင် ပြုံးရင်း..

“မင်းပါးစပ်ကို နောက်တခါ သန့်ရှင်းအောင် လုပ်ထား.. အရိုင်းကောင် မဖြစ်စေနဲ့..”

“မင်း.. မင်းဘယ်သူ့ကို အရိုင်းကောင်လို့ ပြောနေတာလဲ..”

ဝမ့်မင်ကျိ ဖုန်းယွီ၏ စကားများကို နားမလည်သော်လည်း ဖုန်းယွီ၏ စကားလုံးများသည် မကောင်းကြောင်း သိနေပေသည်။

“ငါ ပြောတာ အဲ့ဒါပဲလေ.. ဒီတော့…”

ဝမ့်မင်ကျိသည် ဖုန်းယွီ အခန်းတွင်းမှ ထွက်သွားသည်အထိ စကားတစ်ခွန်းမှ မပြောဝံ့တော့ချေ။

ဖုန်းယွီသည် ဝမ့်မင်ကျိအား ပို၍ပင် မထီမဲ့မြင် လုပ်ခဲ့လိုက်သည်။ ဤလူစားမျိုးသည် အနာဂါတ် ဟောင်ကောင် စီးပွားရေး ကျဆင်းရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်ပေသည်။ သူ့တွင် အရည်အချင်း မရှိသဖြင့် အခြားသူများကို နှိမ့်ချနေခြင်းပင်။ ဤလူစားမျိုးသည် သူ့ဘဝ တစ်သက်တာလုံး သေးငယ်သော အလုပ်သမား အဖြစ် သတ်မှတ်ခံရ ပေလိမ့်မည်။

ဖုန်းယွီ နေ့လည်ပိုင်း သင်ခန်းစာ တက်ရောက်ရန် ရည်ရွယ်မထားချေ။ ဤသင်ခန်းစာများ အားလုံးသည် အခြေခံ အယူအဆများ ဖြစ်ပြီး သူ့အနေဖြင့် စိတ်မဝင်စားချေ။ သင်ကြားပို့ချပေးခဲ့သော အယူအဆများအားလုံး ပေကျင်းတွင် သူပြန်လည် သင်ယူခဲ့သည့် အယူအဆများနှင့် ဆင်တူပေသည်။

ဖုန်းယွီ ကားရပ်နားကွင်းသို့ ရောက်သောအခါ ဝမ့်မင်ကျိသည် တိုယိုတာ အဟောင်းတစ်စီးဖြင့် ဝင်လာသည်ကို တွေ့လိုက်ရသည်။

“ဟေ့ ပြည်ကြီးသား.. မင်း ကားတစ်စီးဝယ်နိုင်လား..”

ဖုန်းယွီ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သဖြင့် ကားသမား အဘိုးကြီးချန် မာစီးဒီးကားကို ဖုန်းယွီနားတွင် ရပ်လိုက်သည်။ ထို့နောက် ဖုန်းယွီအတွက် အနောက်တံခါး ဖွင့်ပေးရန် ဆင်းလာခဲ့သည်။ ဝမ့်မင်ကျိ မေးရိုးများ ပြုတ်ကျမတတ် ဖြစ်သွားတော့သည်။ ထိုပြည်မကြီးသားသည် မာစီးဒီးကားအား တတ်နိုင်သည်လော။ သူ့အနေဖြင့် တိုယိုတာ တစ်ပတ်ရစ် ကလေးကိုသာ စိုက်ကြည့်နေမိတော့သည်။ ဤမျှ ကွာခြားလွန်း သည်လော။

မဖြစ်နိုငချေ။ ပြည်မကြီးသားများသည် ဆင်းရဲတွင်း နက်နေကြသည် မဟုတ်ချေလော။ မာစီးဒီးကို မည်ကဲ့သို့ တတ်နိုင်မည်နည်း။ ထို့အပြင် ယဉ်မောင်းပင် ငှားထားသေးသည်။ မဖြစ်နိုင်ချေ။ ထို ပြည်မကြီးသားသည် ဈေးပေါသည့် နာရီ ဝတ်ထားသည် မဟုတ်ပေလော။

ဖုန်းယွီ ဝတ်ဆင်ထားသည့် နာရီသည် ရှန်ဟိုင်းအမှတ်တံဆိပ် စက်နာရီဖြစ်ကြောင်း ဝမ့်မင်ကျိ ဘယ်တော့မှ သိနိုင်မည် မဟုတ်ချေ။ ဤနာရီသည် အချိန် အလွန်တိကျပြီး ချို့ယွင်းချက် လုံးဝမရှိအောင် ပြုလုပ်ထားပေသည်။ ဖုန်းယွီအတွက်မူ နာရီဆိုသည်မှာ အချိန်ညွှန်ပြ နိုင်ယုံသာဖြစ်သည်။ စိန်တုံး၊ ရွှေလက်ပတ်နာရီ စသည်တို့ ဝတ်ဆင်ရန် မလိုအပ်ချေ။ ချမ်းသာသော သူများသည် သူတို့၏ ကြွယ်ဝမှုကို ပြသရန် ဤကဲ့သို့သော အသုံးအဆောင် ပစ္စည်းများ မလိုအပ်ချေ။

ဝမ့်မင်ကျိ မျက်မှောင်ကြုတ်လိုက်သည်။ ထိုပြည်မကြီးသား မရိုးရှင်းချေ။ သူ၏ လက်စားချေမှု ဆက်လက် လုပ်ဆောင်သင့်သည်လော။ မည်သို့ ဆက်လုပ်သင့်သနည်း။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters