ဖူမုန့်ယင်၏ နာကြည်းမှုများ
Vol. 35 Ch. 514
ကားသည် ဖူရုံပမ့်၏ အိမ်မှ ထွက်သွားသည်နှင့် ဖူမုန့်ယင်သည် ဖုန်းယွီနားမှ ချက်ချင်း ခွာလိုက်သည်။ သူသည် ဖုန်းယွီထံမှ တတ်နိုင်သမျှ ဝေးတေးနေချင်တော့သည်။ သို့ရာတွင် မာစီးဒီး၏ အနောက်ဘက် ထိုင်ခုံနေရာမှာ မည်မျှ ကျယ်မည်နည်း။ မည်သို့ ပြေးနိုင်မည်နည်း။
ဖုန်းယွီ ဖူမုန့်ယင်နားသို့ တမင်ကပ်၍..
“ညီမ မုန့်ယင် နင်နေမကောင်းဘူးလား..”
“ငါနဲ့ ဝေးဝေးနေစမ်းပါ..”
“ညီမ မုန့်ယင်.. မင်းအဖေ ဘာကို ရည်ရွယ်ထားတယ်ဆိုတာ နင်မသိဘူးလား.. ငါ့မှာ ရည်းစားရှိတယ် ပြောထားတာတောင် ငါတို့နှစ်ယောက်ကို အောင်သွယ်ဖို့ ကြိုးစားနေတုန်းပဲ.. နင်ကရော ငါ့သခင်မ ဖြစ်ဖို့ စိတ်မဆိုးဘူးမို့လား..”
“သေလိုက်..”
ဖုန်းယွီ မျက်ခုံး ပင့်လိုက်ပြီး ဖူမုန့်ယင်ကို အံ့အားသင့်စွာကြည့်ပြီး..
“မင်းတော်တော် အောက်တန်းကျတာပဲ.. ဒီကိစ္စ ဦးလေးဖူ သိလား..”
“ဖုန်းယွီ.. လူယုတ်မာ.. နင် ငါ့အပေါ် ညစ်ညစ်ပတ်ပတ်တွေ တွေးရဲ တွေးကြည့်.. မဟုတ်ရင် ငါခွင့်မလွှတ်ဘူး..’
ဖူမုန့်ယင် သူ့တစ်သက် ထိုသို့သော အရှက်မရှိသူမျိုး မတွေ့ဖူးသေးချေ။ ဟောင်ကောင်တွင် သူတစ်ခွန်းပြောယုံဖြင့် မည်သူက အနိုင်ကျင့်ရဲမည်နည်း။ ယခုမူ သူတစ်ချိန်လုံး အနိုင်ကျင့်နေချေသည်။
ဖုန်းယွီ၏ မျက်နှာ ပို၍ပင် အပြုံးပီပြင်လာပြီး..
“ညစ်ညမ်းတာတွေ တွေးမနေနဲ့.. မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် ကြည့်အုံး.. နင့်မျက်နှာရော ခန္ဓာကိုယ်ရော မက်လောက်စရာ ဘာမှမရှိဘူး.. နင့်ကို ငါ ဘာကြောင့် မှန်းနေရအုံးမှာတုန်း.. နင်သာ ဖူမိသားစုက မဟုတ်ရင် ကားပေါ်က ကန်ချပစ်လိုက်မိမှာ.. ကောင်းပြီလေ.. ငါ နင့်ကို ရှေ့နားက ကားမှတ်တိုင်မှာ ချပေးခဲ့မယ်..”
ဖူမုန့်ယင်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်..
“နင် ငါ့ကို ဒီလိုချောင်ကျတဲ့ ကားမှတ်တိုင်မှာ ထားခဲ့မလိုလား..”
မိမိတွင် ကြိုက်လောက်စရာ မရှိဘူးလော။ မိမိသာ ယောက်ျားလေးလို ဝတ်လိုက်ပါက ကောင်မလေး တော်တော်များများ ကြွေကြသည်သာပင်။
“ဘာဖြစ်လို့လဲ.. ငါနင့်ကို ဆရာဝန်ဆီ လိုက်ပို့မယ် ထင်နေတာလား.. လိုင်းကားစီးဖို့ ပိုက်ဆံမပါလို့လား.. အဘိုးကြီး ချန်.. မင်းမှာ အကြွေလဲဖို့ မရှိဘူးလား… (၂၀၀)လောက် လဲပြီး အမျိုးသမီး ဖူကို ပေးလိုက်ကွာ..”
ဖုန်းယွီ (၅၀၀)တန် တစ်ရွက်ထုတ်၍ ယဉ်မောင်းကို ပေးလိုက်သည်။
ဖူမုန့်ယင် ရူးမတတ် ဖြစ်သွားတော့သည်။ ဖုန်းယွီ မည်သည်ကို ဆိုလိုသနည်း။ လိုင်းကား စီးစရာ ပိုက်ဆံ မရှိဟု ဆိုလိုသည်လော။ မိမိ ပြောချင်သည်မှာ အများသုံး လိုင်းကားကို မည်သည့်အချိန်က သုံးခဲ့ဖူးသနည်း။
ဖူမုန့်ယင်၏ မှတ်ဉာဏ်အတွင်းတွင် ယခင် သူ့မိခင်နှင့် အငှားကားပေါ်တွင် ထိုင်ခဲ့ဖူးသည်။ သူ့ ဖခင်တွင် သူသွားလိုရာ သွားနိုင်ရန် ကားသမား အသင့်ရှိလေသည်။ ယခုမူ ယဉ်မောင်းလိုင်စင် ရှိနေပြီဖြစ်သဖြင့် ကားတစ်စီး ထပ်မံဝယ်ပေးထားလေသည်။ သူမအနေဖြင့် အများသုံးလိုင်းကား၊ မြေအောက်ရထား တစ်ကြိမ်မှ မစီးခဲ့ဖူးချေ။ ဖုန်းယွီ ဤသည်ကို မသိသလော။
ထို့အပြင် ယခုဝတ်ဆင်ထားသည့် ဝတ်စုံနှင့် အများသုံး လိုင်းကား စီးရမည်လော။ စိတ်အနှောက်အယှက် အဖြစ်ဆုံးမှာ ဖုန်းယွီ၏ ယဉ်မောင်းသည် အမှန်တကယ် အကြွေလဲ၍ (၂၀၀)တန်အား ဖူမုန့်ယင်ရှေ့ ပစ်ချလိုက်ခြင်း ဖြစ်ပေသည်။ ဟောင်ကောင် ဇာတ်ကားများတွင် ဇာတ်ရှိန်ပိုတက်စေရန် အထက်စီးရောက်နေသူမှ ငွေဖြင့် ပစ်ပေါက်သကဲ့သို့ပင်။
“အဲ့မှာ နင့်ကို ပိုက်ဆံပေးထားတယ်.. ကောက်လိုက်..”
ရုတ်တရက် ဖူမုန့်ယင် မျက်နှာကို အောက်ငုံ့ထားသည်ကို တွေ့လိုက်ရသည်။ သူ့ပုခုံးများ တုန်ခါနေပြီး ငိုသံကြား လာရတော့သည်။
ဤအမျိုးသမီးလေး အငိုလွယ်သည်လော။
“ဟေ့.. ဟေ့.. နင်တကယ်ငိုနေတာလား..”
ဖုန်းယွီ ဖူမုန့်ယင်၏ ပုခုံးကို လက်ညှိုးဖြင့် တို့လိုက်သည်။
ဖုန်းယွီ မော့ကြည့်လိုက်စဉ် ယဉ်မောင်းမှာလည်း ကားနောက်ကြည့်မှန်မှတဆင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ထိုယဉ်မောင် ပြဿနာ ရှိနေသည်လော။ မိမိ၏ ခရီးသည်များ ဘာတွေဖြစ်နေသည်ကို မမြင်ချင်ယောင်ဆောင်၍ မောင်းနှင်ရန်သာ တာဝန်ရှိသည် မဟုတ်ပေလော။
“ကောင်းပြီ.. ကောင်းပြီ.. နင်နိုင်တယ်.. အခု ဘယ်သွားချင်လဲ.. အဘိုးကြီးချန်ကို ပြောလိုက်မယ်..”
“ငါ တစ်ခုခု ဝယ်ချင်တယ်..”
ဖုန်းယွီ နှုတ်ခမ်းများ လှုပ်သွားသည်။ ထိုကောင်မလေး၏ အလိမ် မိလု နီးနီး ဖြစ်သွားသည်။ ငိုနေသူ၏ အသံမှာ တုန်နေရပေမည် မဟုတ်ချေလော။
“ဘာဝယ်မှာလဲ.. အမျိုးသား ဝတ်စုံတွေလား.. ကောင်မလေးတွေနဲ့ သွားတွေ့မယ်ပေါ့..”
ဖူမုန့်ယင် ဆက်ဟန်မဆောင်တော့ဘဲ ဖုန်းယွီကို စိုက်ကြည့်ကာ…
“နင်.. ငါ့အကြောင်း ဘယ်လိုသိလဲ.. ငါက..”
“နင်ကဘာဖြစ်လဲ.. ဆက်ပြောလေ..”
ဖုန်းယွီ ဖူမုန့်ယင်ကို ခပ်နောက်နောက် ကြည့်ပြီး ယဉ်မောင်းဘက် လှည့်ကြည့်လိုက်သည်။
ဖူမုန့်ယင်မှာလည်း အဘိုးကြီး ချန်းကို ခိုးကြည့်နေပေသည်။ သူ့လျို့ဝှက်ချက်အား လူများ မသိစေချင်ပေ။
“ငါဘာပြောတယ်ဆိုတာ နင်မသိဘူးလား.. နင်ဘယ်လို သိလဲလို့.. ငါ့မိဘတွေတောင် မသိဘူးလေ..”
ဖုန်းယွီ သူ့ကို လိင်တူချစ်သူဖြစ်ကြောင်း ဟောင်ကောင် ဖျော်ဖြေရေး သတင်းတွင် ဖော်ပြခဲ့ခြင်းအကြောင်း မပြောနိုင်ချေ။ ထိုသတင်း မကြည့်ဖြစ်ပါက သိနိုင်လိမ့်မည် မဟုတ်ချေ။ သူ့တစ်သက်တာတွင် ထိုသို့လူမျိုး များများ မတွေ့ခဲ့ရချေ။
သို့ရာတွင် ဖုန်းယွီ ဟန်ဆောင်၍..
“အဲ့နေ့ညက ကောင်မလေး (၂)ယောက်နဲ့ နင့်ပုံစံကြည့်ပြီး ငါပြောနိုင်တာပေါ့..”
“လူလိမ်.. သူတို့က လိင်တူ ချစ်သူတွေ မဟုတ်ဘူး.. ငါတို့ကို ကြည့်ယုံနဲ့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ..”
ထို မိန်းကလေး(၂)ယောက်သည် လိင်တူချစ်သူများ မဟုတ်ဆိုပါလား။ ဖူမုန့်ယင်၏ မျက်လုံးများသည် ခနအကြာတွင် အသာမှေးသွားပြန်သည်။
“နင်ငါ့ကို ယုံတာမယုံတာ နင့်အပိုင်းပဲ.. နင် ဘယ်မှာ ဆင်းမှာလဲ.. ငါ့မှာ ရှင်းရမယ့် ကိစ္စတွေ ရှိသေးတယ်..”
ဖုန်းယွီ ကားတံခါးဘက်လှည့်၍ စတင်လေချွန်နေလိုက်တော့သည်။
“ငါ့ကို နည်းနည်းလေး ကူညီပေးလို့ မရဘူးလား..”
“မရဘူး..”
ဖူမုန့်ယင်စကားမဆုံးမှီပင် ဖုန်းယွီ ကြားဖြတ်ငြင်းလိုက်သည်။ အကယ်၍ ဤမိန်းကလေးသည် မူမိသားစုမှ မဟုတ်ဘဲ ဖူမုန့်ယင်ကဲ့သို့ လိင်တူချစ်သူတစ်ယောက် တွေ့ပါက စိတ်ဝင်စားကောင်း ဝင်စားမိပေလိမ့်မည်။ ထိုသိုသော မိန်းကလေးတစ်ယောက်၏ အချစ်ကိုကိုရရန်မှာ သူ့အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်ပေသည်။
သို့ရာတွင် ဖုန်းယွီ၏ ဆင်ခြင်တုံတရားသည် ဖူမုန့်ယင်နှင့် မပတ်သက်မိစေရန် သတိပေးနေပေသည်။
ဖုန်းယွီသည် ဖူမိသားစုနှင့် များစွာ ပူးပေါင်းဆောင်ရွက် ခဲ့ပေသည်။ အတိုင်းအတာ တစ်ခုအထိ ဖုန်းယွီ အသာစီး ရနေသေးသည်။ ထို့အပြင် ဖုန်းယွီ၏ အနာဂတ်တွင် သူ့လက်အောက်အင်ပါယာရှိ ဘဏ္ဍာရေး တစ်စိတ်တစ်ပိုင်း ဖြစ်စေရန် အစီအစဉ် ရှိနေသေးသည်။
ဖူမုန့်ယင်နှင့် ပတ်သက်မိပါက သူ့အားသာချက်များ ဆုံးရှုံးသွားမည်ဖြစ်ပြီး ဤသည်က သူ့အစီအစဉ်အတွက် မကောင်းချေ။
ဖုန်းယွီ ထိုကဲ့သို့ စိတ်အားထက်သန်သူမျိုး မဟုတ်ချေ။
ဖူမုန့်ယင်မှ..
“ငါပြောချင်တာ မပြီးသေးဘူး..”
မည်ကဲ့သို့ လူနည်း။ မိမိမှာ မည်သည့် အကူအညီလိုချင်မှန်းတောင် မသိဘဲ ချက်ချင်းငြင်းခဲ့သည်လော။
“ငါ နင့်စကား နားထောင်နေစရာ အကြောင်းမရှိဘူး.. ပထမ ငါတို့က သူငယ်ချင်းတွေလို့ ထင်နေလား.. ထင်မနေနဲ့.. ငါတို့ကြားမှာ ဆက်ဆံရေး ရှိလို့လား.. မရှိဘူး.. နင် ငါ့ကို ကားနဲ့တိုက်ပြီး သေစေချင်ခဲ့သေးလား.. ဒါမှမဟုတ် ပြတင်း ပေါက်က ပြုတ်ကျတာ… ဒါမှမဟုတ် လေဖြတ်သေစေချင်တာမျိုးလေ..”
ဖူမုန့်ယင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဒီလူ သူ့အတွေးများ မည်သို့ သိနေသနည်း။
“နင့်မျက်လုံးတွေက ငါ့ကို ပြောနေတယ်လေ.. နင် ငါ့ကို သေစေချင်နေမှတော့ ငါဘာလို့ ကူညီရအုံးမှာတုန်း”
သူ့ကိုသာ တစ်ခြားလူတစ်ယောက်ယောက်က ဖော်ထုတ်ခံရပါက ထိုသူကို သေစေချင်မိလိမ့်မည်။
ထို့ပြင် ဖူမုန့်ယင်သည် အဘယ့်ကြောင့် အကူညီ လိုမည်နည်း။ ဖူမိသားစုသည် ဟောင်ကောင်တွင် အလွန် ဩဇာ ကြီးမားလွန်းလှသည်။ သူ့လျှို့ဝှက်ချက်ကို သူတစ်ယောက်တည်း ဖုံးကွယ်ထားပြီး အခြားမည်သူ့ကိုမှ လိုအပ်မည် မဟုတ်ချေ။
ဖုန်းယွီအနေဖြင့် ဤကိစ္စ၌ ကင်းရှင်းပေသည်။ တွေးချင်ရာတွေးတော၍ တစ်ခုခု ပြုလုပ်လိုပါက သဘောတူမည် မဟုတ်ချေ။ ဖူမုန့်ယင်တွင် ကူညီရန် ဝမ်းကွဲများစွာရှိပြီး လိုလေသေး ရှိမည် မဟုတ်ချေ။ သူသာ ကူညီလိုက်ပါက ဖူမုန့်ယင် အထင်လွဲသွားပေလိမ့်မည်။ ဤကိစ္စအား ဝမ်းကွဲများကို မပြောပြနိုင်ခြင်းသည် ကောင်းသည့်ကိစ္စ မဖြစ်နိုင်ချေ။ ဖုန်းယွီ သူနှင့် ဝေးဝေးနေသင့်ပေသည်။
“ကားကို အခုရပ်လိုက်..”
ဖူမုန့်ယင် မော်လိုက်သည်။ သို့ရာတွင် အဘိုးကြီးချန်းဆက်မောင်းရင်း နောက်ကြည့်မှန်မှတဆင့် ဖုန်းယွီကို ကြည့်နေပေသည်။
ဖုန်းယွီ ခေါင်းညိတ်ပြရင်း..
“အဘိုးချန်း ကားရပ်ပေးလိုက်ပါ..”
ဤသည်မှာ မိမိ၏ ယဉ်မောင်းဖြစ်သည်။ မိမိ လစာပေးထားခြင်းဖြစ်သည်။ မည်သူ့စကား နားထောင်မည်နည်း။
“နင်တို့ မိသားစုနဲ့ စကားပြောဖြစ်ရင် နင် ငါ့ကို ကြိုက်တယ်လို့ ပြောထားတာ ပိုကောင်းလိမ့်မယ်.. ငါ နင့်ကို မကြိုက်ဘူး ဆိုပြီး သူတို့ကို ပြောတာထက် ပိုကောင်းမယ်ထင်တယ်..”
ဖူမုန့်ယင် ကားပေါ်မှ ဆင်းနေစဉ် ဖုန်းယွီ ပြောလိုက်ခြင်း ဖြစ်သည်။
ဖုန်းယွီအနေဖြင့် လက်ရှိအခြေအနေ ဆက်မတိုးအောင် တားဆီးရပေမည်။ ဖူမုန့်ယင်ကိုယ်တိုင် သူ့မိသားစုနှင့် စကားပြောသည်က ပိုကောင်းပေလိမ့်မည်။ သို့ကြောင့်ပင် ဆရာဝန်ထံ ပို့ရန် သဘောတူခဲ့ခြင်း ဖြစ်ပေသည်။
“ဂျိုင်း….”
ဖူမုန့်ယင် ကားတံခါး စောင့်ပိတ်၍ ဒေါက်မြင့်ဖိနပ်စီးကာ ပြေးထါက်သွားတော့သည်။
ထိုကဲ့သို့သော ဗီလိန်နေရာတွင် အလွန် ကျွမ်းကျင်သော သရုပ်ဆောင် အဘွားကြီး တစ်ယောက် တွေ့ဖူးခဲ့လေသည်။ ထိုအမည်မှာ တျဲဖုန်းယွီ ဟူ၏။
-------*****--------
ဘာသာပြန်သူ . (NTP)