← Chapters

လီနိုဗိုတွင် ရင်းနှီးမြုပ်နှံရန် အခွင့်အရေး

Vol. 35 Ch. 516

လီနိုဗိုတွင် ရင်းနှီးမြုပ်နှံရန် အခွင့်အရေး

Vol. 35 Ch. 516

“ဥက္ကဋ္ဌလျို.. ကုမ္ပဏီရဲ့ အနာဂတ်အစီအစဉ်တွေ အခု ပြောစရာ မလိုသေးပါဘူး.. အဲ့အပိုင်းမှာ ခင်ဗျားကို ကျုပ်ယုံတယ်.. ခင်ဗျားတို့ထဲက တစ်ချို့ ဒီကုမ္ပဏီရဲ့ ရှယ်ယာတွေ ပိုင်တယ်လို့ ကျုပ်ကြားတယ်..”

ဖုန်းယွီအနေဖြင့် ယခု လျိုချွမ်ကျစ်တွင် ရှယ်ယာမည်မျှ ရှိသည်ကို မသေချာချေ။ သူ၏ ယခင်ဘဝက လျိုချွမ်ကျစ်၏ ရှယ်ယာ အများဆုံးမှာ (၃.၈)ရာခိုင်နှုန်း ဖြစ်ပေသည်။

“အခုတော့ ရှယ်ယာတွေ အများကြီး ပိုင်မထားဘူး.. ကျုပ်မှာ (၁)ရာခိုင်နှုန်းပဲ ရှိတယ်.. ကုမ္ပဏီမှာ ကျုပ်လိုပဲ လူနည်းနည်း ရှိတယ်.. ဒီကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်က တရုတ်သိပ္ပံအကယ်ဒမီ (CAS) ပဲ.. ကျန်တာတွေတော့ ဝန်ထမ်းတွေ ပိုင်တယ်..”

ဖုန်းယွီ မျက်ခုံး ပင့်လိုက်သည်။ ဝန်ထမ်းများကို ရှယ်ယာ ဝေထားပြီးပြီလော။ သူ၏ ယခင်ဘဝတွင် (CAS)သည် ကုမ္ပဏီ၏ ရှယ်ယာ (၆၅)ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး လျိုချွမ်ကျစ်နှင့် အခြားတည်ထောင်သူများ အပါအဝင် ဝန်ထမ်းများသည် ကျန် (၃၅)ရာခိုင်နှုန်း ပိုင်ဆိုင်ပေသည်။ ဖုန်းယွီအနေဖြင့် လက်ရှိအခြေအနေတွင် ဝန်ထမ်းများသည် ရှယ်ယာ မည်မျှ ပိုင်ဆိုင်ထားကြောင်း သိချင်နေသည်။

ဖုန်းယွီ လီနိုဗိုတွင် ရင်းနှီးမြုပ်နှံမည် ဆိုပါက အကောင်းဆုံးမျာ (CAS) ၏ ရှယ်ယာပိုင်ဆိုင်မှု ရာခိုင်နှုန်း လျော့ချရန် ဖြစ်သည်။ သို့ရာတွင် (CAS)သည် ဤသည်ကို ခွင့်ပြုမည် မဟုတ်ချေ။ လီနိုဗိုသည် မကြာမီစာရင်း ဝင်တော့မည် ဖြစ်ပြီး ရှယ်ယာဈေးများ တက်လာပြီးနောက် အမြတ်အစွန်းများ ရရှိရန် ၎င်းတို့၏ ရှယ်ယာအချို့ကို ထုတ်ပယ်သွားမည် ဖြစ်သည်။

လျိုချွမ်ကျစ်သည် ဖုန်းယွီထံ ချဉ်းကပ်လာသည့်အတွက် ဆိုလိုသည်မှာ ကုမ္ပဏီအတွင်း ငွေးကြေးပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိခြင်း သို့တည်းမဟုတ် ရန်ပုံငွေ အလုံအလောက် မရှိခြင်းတို့ကို ဆိုလိုသည်။ ဖုန်းယွီသည် ပိုမို သုံးစွဲရမည် ဖြစ်သော်လည်း ရှယ်ယာ များများ ပိုင်ဆိုင်နိုင်ရန် ခက်ခဲမှုကို စဉ်းစားနေသည်။

အနာဂတ်တွင် လီနိုဗို၏ အမြတ်အစွန်းသည် မြင့်မားမည် မဟုတ်သော်လည်း ကုမ္ပဏီအနေဖြင့် ကောင်းမွန်စွာ လုပ်ဆောင်နေမည် ဖြစ်သည်။ ကုမ္ပဏီသည် မြင့်မားသော အမြတ်အစွန်းများကို ဆက်လက် ထိန်းသိမ်းထားရန် နယ်ပယ်များတွင် လမ်းကြောင်း ပြောင်းကာ ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ ဤသည်မှာ လျိုချွမ်ကျစ်နှင့် သူ့အဖွဲ့ ကြောင့် ဖြစ်သည်။

အရေးအကြီးဆုံးမှာ (CAS) သည် ကုမ္ပဏီတွင် ယွမ် (၂၀၀၀၀၀)သာ ရင်းနှီးမြုပ်နှံခဲ့ပြီး နောက်ပိုင်းတွင် (၁)ရာခိုင်နှုန်းမျှ မသုံးဆွဲခဲ့ချေ။ ဆယ်စုနှစ် တစ်စု ကြာပြီးနောက် ကုမ္ပဏီရှိ (CAS)၏ ရှယ်ယာများသည် ယွမ်(၁၅၀) ဘီလီယံကျော် တန်ဖိုးရှိသည်။

ရင်းနှီးမြုပ်နှံမှုအတွက် ပြန်လည်ရရှိငွေ အရမ်းများပေသည်။ ဖုန်းယွီသည် ကုမ္ပဏီ အစုရှယ်ယာ (၁၀)ရာခိုင်နှုန်း အတွက် သန်း(၁၀၀)ရင်းနှီးမြုပ်နှံထား သော်လည်း ရှယ်ယာများသည် (၁၀)နှစ်အတွင်း ယွမ် ဘီလီယံ(၂၀)ကျော် အထိ ရှိပေလိမ့်မည်။

ဝါရန်ဘတ်ဖက် သည်ပင် ဤမျှ အမြတ်အစွန်း မြင့်မားစွာ ရနိုင်လိမ့်မည် မဟုတ်ချေ။

ဖုန်းယွီသည် အစုရှယ်ယာများအတွက် (၂)ဆ သို့တည်းမဟုတ် (၃)ဆ ပေးဆောင်ရနိုင်သော်လည်း တတ်နိုင်သမျှ ရှယ်ယာ များများ ယူရန် ဆုံးဖြတ်ခဲ့သည်။

ကွန်ပျူတာနှင့် နည်းပညာ လုပ်ငန်းသည် လာမည့်(၁၀)နှစ်အတွင်း အမြတ်အစွန်း အရှိဆုံး လုပ်ငန်းတစ်ခု ဖြစ်လာပေမည်။

“ဥက္ကဋ္ဌလျို ပေကျင်းနဲ့ ဟောင်ကောင် လီနိုဗို စုစုပေါင်း တန်ဖိုး ဘယ်လောက်လဲ..”

“ဟောင်ကောင် လီနိုဗိုရဲ့ တန်ဖိုးက ကောင်ဟောင်ဒေါ်လာ သန်း(၁၀၀)လောက်ရှိပြီး၊ ပေကျင်းလီနိုဗိုက ယွမ် သန်း(၇၀)လောက် ရှိလိမ့်မယ်”

‘ဟား..။ ဒီလောက်သာရှိသည်လား။ ယွမ်(၂)သိန်းနှင့် နှိုင်းယှဉ်ပါက အဆရာချီ ကွာသော်လည်း ကုမ္ပဏီ(၂)ခုစလုံး၏ စုစုပေါင်း ဈေးကွက်တန်ဖိုးသည် ဖုန်းယွီ ခန့်မှန်းတန်ဖိုးထက် အလွန်နိမ့်နေပေသည်။

ဆိုလိုသည်မှာ ဖုန်းယွီအနေဖြင့် ဖိစီးမှုမရှိဘဲ အလွယ်တကူ ရင်းနှီမြုပ်နှံ နိုင်ခဲ့ပေသည်။ အစုရှယ်ယာများအတွက် (၅)ဆ ပိုပေးရလျှင်ပင် ယွမ် သန်း(၅၀၀)သည် ရှယ်ယာ(၅၀)ရာခိုင်နှုန်းကျော် ဝယ်ယူနိုင်ပေလိမ့်မည်။

“ဒါဆို လီနိုဗို ရှယ်ယာ ဘယ်လောက် ထုတ်ရောင်းဖို့ ရှိလဲ..”

ဖုန်းယွီသည် လျိုချွမ်ကျစ်ကို အကန့်အသတ်မရှိဟု ပြောစေချင်နေသည်။ သို့ရာတွင် ဤသည်က မဖြစ်နိုင်ချေ။ ဖုန်းယွီအနေဖြင့် သူပိုင်ဆိုင်ထားသည့် (၃)ရာခိုင်နှုန်း သို့တည်းမဟုတ်(၅)ရာခိုင်နှုန်းကဲ့သို့ မနည်းစေရန် မျှော်လင့်ထားသည်။ သို့ဆိုပါက အဓိပ္ပါယ်မရှိတော့ချေ။

“ရှယ်ယာ ဘယ်လောက် ဝယ်ချင်လို့လဲ..”

“ခင်ဗျား ရောင်းချင်သဘောက် ရှယ်ယာ အားလုံးဝယ်မှာ..”

လျိုချွမ်ကျစ် စိတ်အတွင်း တွေးနေမိတော့သည်။ ဤသည်မှာပင် သူ့စိတ်ကူးပင်ဖြစ်သည်။ သို့ရာတွင် ခေါင်းဆောင်များအား ပြောသည့်အခါ ရင်းနှီးမြုပ်နှံမှုသာ လိုချင်၍ ရှယ်ယာများ မရောင်းချင်ကြချေ။

ကုမ္ပဏီသည် မှတ်ပုံတင်ရန် စီစဉ်နေပြီး၊ ပြီးစီးသါားပါက ရှယ်ယာဈေးများ တက်လာမည် ဖြစ်သည်။ အဆများစွာ တိုးလာနိုင်ပေသည်။ ယခုအချိန် ကုမ္ပဏီရှယ်ယာများကို ထုတ်ရောင်းပါက အများကြီး ဆုံးရှုံးရပေလိမ့်မည်။

လျိုချွမ်ကျစ် ဖုန်းယွီကို သွေးတိုးစမ်းသည့် အနေဖြင့် မေးခဲ့ခြင်း ဖြစ်သည်။

“အင်း.. ငါ ခေါင်းဆောင်တွေကို ပြန်သတင်းပို့မှ ရလိမ့်မယ်.. ဟောင်ကောင်မှာ ဘယ်လောက် ကြာအုံးမလဲ..”

“ဒီနှစ် အချိန်တော်တော်များများ ဟောင်ကောင်မှာပဲ ရှိနေအုံးမှာ.. ခင်ဗျား ခေါင်းဆောင်တွေ အကြောင်းပြန်ရင် ကျုပ်ကို ဖုန်းဆက်လိုက်ပေါ့.. ဟောင်ကောင် လီနိုဗိုက ဟောင်ကောင်မှာ မှတ်ပုံတင်တော့မယ်လို့ ကျုပ် ကြားထားတယ်.. ကျုပ်က ဟောင်ကောင်မှာ ဖူမိသားစုနဲ့ တော်တော်ရင်းနှီးတယ်ဆိုတော့ ဒီမှာ အတိုင်ပင်ခံ ကုမ္ပဏီ တစ်ခုရှိတယ်လေ.. မှတ်ပုံတင် အတည်ပြုချက်ရဖို့ ကျုပ်ကူညီနိုင်လောက်ပါတယ်..”

“ဒါဆို အရမ်းကောင်းတယ်.. အဲ့လိုဆို ကျုပ်တို့ တော်တော် ဒုက္ခနည်းသွားမှာ..”

လျိုချွမ်ကျစ် ပြုံးထားသော်လည်း စိတ်အတွင်း၌မူ တုန်လှုပ်နေပေသည်။

ဟောင်ကောင်တွင် မှတ်ပုံတင်လိုကြောင်း ဖုန်းယွီမည်ကဲ့သို့ သိသနည်း။ ဤသည်မှာ စီစဉ်ဆဲအဆင့်သာ ရှိပြီး (CAS) အဖွဲ့ ထိပ်တန်းခေင်းဆောင် အနည်းငယ်သာ သိပေသည်။ ဤသတင်း မည်သို့ ပေါက်ကြားခဲ့သနည်း။

ဖုန်းယွီသည် ဟောင်ကောင် လီနိုဗိုရှိ ထိပ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်းကို လာဘ်ထိုးထားသည်လော။ သို့ရာတွင် မဖြစ်နိုင်ချေ။ အကြီးတန်း စီမံခန့်ခွဲရေး ဝန်ထမ်းများ အားလုံးသည် သူနှင့်အတူ လီနိုဗိုကို တည်ထောင်ခဲ့ကြသူများ ဖြစ်ပြီး ၎င်းတို့အားလုံးသည် ကုမ္ပဏီ၏ ရှယ်ယာများကို ပိုင်ဆိုင်ကြသည်။ ဤသတင်း ပြောရန် အကြောင်းမရှိချေ။

မည်သို့ပင်ဖြစ်စေ လျိုချွမ်ကျစ်အနေဖြင့် ဤကိစ္စ စုံစမ်းရပေလိမ့်မည်။ ဖုန်းယွီကို ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန် အကြံပြုခဲ့သူဖြစ်သည်။ တစ်စုံတရာ ဖြစ်သွားပါက အပြစ်ပေးခံရပေလိမ့်မည်။

ဟောင်ကောင် လီနိုဗိုမှ ထွက်လာပြီးနောက် ဖုန်းယွီ ဝူကျစ်ကန်းကို ဖုန်းခေါ်၍ ထိုင်ဟွာ၌ အရန်ငွေ မည်မျှရှိကြောင်း မေးလိုက်သည်။ ဝူကျစ်ကန်းထံမှ အဖြေရသည့်အခါ ဖုန်းယွီ ပို၍ပင် ယုံကြည်ချက် ရှိလာသည်။

ထိုင်ဟွာ ကုန်သွယ်ရေးသည် လီနိုဗို ကုမ္ပဏီ (၂)ခုစလုံးကို ဝယ်ယူရန် ရန်ပုံငွေ အလုံအလောက် ရှိနေပေသည်။ လျိုချွမ်ကျစ် ကြောင့်သာ မဟုတ်ပါက ကျန် တည်ထောင်သူများသည် အရည်အချင်းရှိသော်လည်း ထိန်းသိမ်းထားနိုင်ရန် မဖြစ်နိုင်ပါက ဖုန်းယွီသည် ဟီတာရို နာခါဂျီမာ ၏ ကျွန်ပျူတာ ဈေးကွက်အတွင်းသို့ အိုက်ဝါ အတွင်း ဝင်ရောက်ရန် တောင်းဆိုထားမှုကို သဘောတူပေလိမ့်မည်။

ယခုနှစ်အတွင် အိုက်ဝါ အိပ်ဆောင်ဗွီစီဒီသည် ဈေးကွက်တွင် ဆိုနီ ကို အောင်မြင်စွာ အနိုင်ယူခဲ့သည်။ ဖုန်းယွီ၏ ယခင်ဘဝတါင် ဆိုနီမှာ မိတ်ဆက်ခဲ့သည့် ပါးလွှာသော အိပ်ဆောင်ဗွီစီဒီ စီးရီးသည် ဤဘဝ၌ အိုက်ဝါမှ စော၍ ထုတ်လုပ်ခဲ့သည်။ ဆိုနီသည် နောက်လိုက် ဖြစ်လာတော့သည်။

ဟီတာရို နာခါဂျီမာ အလွန် ဝမ်းသာသွားသည်။ သူ၏ အိပ်ဆောင် ဗွီစီဒီ ရောင်းချမှုသည် အမေရိကန် ဒေါ်လာ (၁)ဘီလီယံ ကျော်ရှိပြိး ၎င်းတို့မှ အမြတ်ငွေသည် အမေရိကန်ဒေါ်လာ သန်း(၁၀၀)ထက် မနည်းရှိလိမ့်မည်ဟု ခံစားနေရသည်။

စီဒီ စက်များကိုလည်း ဈေးကွက်ထဲသို့ မိတ်ဆက်ခဲ့သည်။ အိုက်ဝါ အမှတ်တံဆိပ်၏ လွှမ်းမိုးမှုအောက်တွင် ရောင်းအားလည်း ကောင်းမွန်ခဲ့ပေသည်။ ဆိုနီ၊ ပန်နက်ဆိုးနစ် တို့နှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း အိုက်ဝါတွင် ဗွီစီဒီ နည်းပညာများပါ ရှိနေသည်။ စီဒီ နည်းပညာများနှင့် ပတ်သက်၍ ကျန်ကုမ္ပဏီများနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အိုက်ဝါ စီဒီစက်များ၏ အရည်အသွေးသည် အခြားကုမ္ပဏီများထက် မနိမ့်ဘဲ အမှတ်တံဆိပ်ကို အသံစက်ပစ္စည်း လုပ်ငန်း စတင်တည်ထောင် ထားပြီးဖြစ်သည်။ ဖွဲ့စည်းထားသော အရောင်း ဖြန့်ဖြူးရေး လမ်းကြောင်း များနှင့် အတူ အိုက်ဝါ ကျရှုံးမည့်အရေး စိုးရိမ်စရာ မရှိချေ။

အိုက်ဝါ စီဒီစက်များ နေ့ချင်းညချင်း ရေပန်းစားလာမှု မရှိသော်လည်း ရောင်းအားသည် သတ်မှတ်လျာထားချက်သို့ ရောက်ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားကုမ္ပဏီများ၏ ဈေးကွက်ဝေစု ကျဆင်းသွားသည်။ အထိခိုက်ဆုံး ကုမ္ပဏီမှာ ဆိုနီပင် ဖြစ်တော့သည်။

ဟီတာရို နာခါဂျီမာ ပို၍ ရည်မှန်းချက် ကြီးလာသည်။ အိုက်ဝါသည် ဗွီဒီယိုဂိမ်းများ တီထွင်၍ ကွန်ပျူတာ နယ်ပယ် သို့ ဝင်ရောက်စေလိုခဲ့သည်။ သူသည် ဈေးကွက် သုတေသနများ ပြုလုပ်ခဲ့ပြီး ကွန်ပျူတာဈေးကွက်၏ အနာဂတ်သည် တောက်ပလျှက်ရှိကြောင်း ခံစားခဲ့ရသည်။ ထို့အပြင် အိုက်ဝါ၏ လက်ရှိ အင်ဂျင်နီယာများသည် စွမ်းဆောင်နိုင်ကြပေသည်။ အကယ်၍ သူသည် အခြားကုမ္ပဏီများမှ နည်းပညာ အနည်းငယ် စုဆောင်း နိုင်ပါက အိုက်ဝါသည်လည်း ကွန်ပျူတာဌာနကို ထူထောင် နိုင်ပေလိမ့်မည်။

ဖုန်းယွီသည် အမျှော်အမြင် ကြီးမားပြီး ကွန်ပျူတာလုပ်ငန်းအတွက် ဟီတာရို နာခါဂျီမာ၏ အကြံကို လက်ခံနိုင် သော်လည်း ဖုန်းယွီအနေဖြင့် လီနိုဗိုတွင ရင်နှီးမြုပ်နှံခြင်းက ပို၍ လွယ်ကူမည်ဟု ခံစားနေမိသည်။ မည်သို့ပင်ဖြစ်စေ လီနိုဗိုသည် ဤနယ်ပယ်၌ ကျွမ်းကျင်သူများ ဖြစ်သည်။

ထို့အပြင် ဖုန်းယွီသည် လက်ရှိဘဝသို့ ပြန်လည်ရောက်ရှိသည့် နေ့အထိ ဂျပန်နိုင်ငံ၏ ရောင်းအားအကောင်းဆုံး ကွန်ပျူတာ အမှတ်တံဆိပ် (၃)ခုမှာ ပြည်တွင်း အမှတ်တံဆိပ်များသာ ဖြစ်သည်။ Dell, Apple, Lenovo နှင့် Samsung တို့သည် ဂျပန်တွင် ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ကြချေ။ ဤနယ်ပယ်တွင် ဂျပန်နိုင်ငံ၏ အကာကွယ်ရေး မူဝါဒများသည် နိုင်ငံခြားကုမ္ပဏီ အမှတ်တံဆိပ်များအတွက် ပြဿနာ တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

ထို့အပြင် အိုက်ဝါသည် ကွန်ပျူတာ ဈေးကွက်သို့ ဝင်ရောက်ပါက ဆိုနီ၊ ပန်နက်စိုးနစ် နှင့် အခြား MNC ကုမ္ပဏီများသည် အိုက်ဝါကို တိုက်ခိုက်ရန် သေချာပေါက် ပူးပေါင်း ဆောင်ရွက်ကြပေလိမ့်မည်။ ဖုန်းယွီသည် ထိုသို့ သော MNC များနှင့် ယှဉ်ပြိုင်နိုင်ရန် နည်းလမ်း မရှိသေးချေ။

ဖုန်းယွီသည်လည်း အိုက်ဝါသည် ကွန်ပျူတာတီထွင်မှုတွင် အောင်မြင်လိမ့်မည် မထင်ချေ။ သူတို့ ထုတ်လုပ် လိုက်သည့် ထုတ်ကုန်များသည် ကျန်ကွန်ပျူတာများထက် သာလွန်နိုင်မည် မဟုတ်ချေ။ အိုက်ဝါသည် အသံစက်ပစ္စည်းများကိုသာ အာရုံစိုက်ထားသင့်ပေသည်။ ဖုန်းယွီသည် အိုက်ဝါ၏ အနာဂတ် လမ်းကြောင်းကို ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ အပ်ဆောင် ဗွီစီဒီစက်နှင့် စီဒီစက် အထွတ်အထိပ်သို့ ရောက်သောအခါ အိုက်ဝါသည် MP3 ကို မိတ်ဆက်ပေးပေလိမ့်မည်။

ဖုန်းယွီသည် နည်းပညာနှင့် ကွန်ပျူတာနယ်ပယ်တွင် လီနိုဗိုကို ယုံကြည်နေဆဲ ဖြစ်သည်။ ဖုန်းယွီသည် လီနိုဗိုတွင် အစုရှယ်ယာတစ်ခု ပိုင်ဆိုင်ရမည် ဖြစ်ပါသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters