← Chapters

မိမိစိတ်ကြိုက် တပ်ဆင်နိုင်သည့် ကွန်ပျူတာ

Vol. 35 Ch. 517

မိမိစိတ်ကြိုက် တပ်ဆင်နိုင်သည့် ကွန်ပျူတာ

Vol. 35 Ch. 517

ဖုန်းယွီ ထွက်သွားပြီးနောက် လျိုချွမ်ကျစ်သည် လီနိုဗို၏ တည်ထောင်သူများ အပါအဝင် ဟောင်ကောင် လီနိုဗို၏ ထိပ်တန်း စီမံခန့်ခွဲမှုနှင့် စကား ပြောဆိုခဲ့သည်။ ဖုန်းယွီသည် ဟောင်ကောင် လီနိုဗို၏ စတော့ဈေးကွက် မှတ်ပုံတင်မည့် အစီအစဉ်များအကြောင်း သတင်းရယူရန် ၎င်းတို့ထဲမှ တစ်ဦးဦးကို ချဉ်းကပ်ခဲ့ခြင်း ရှိ၊ မရှိ သိလိုခဲ့သည်။

ထိုအကြောင်း ဖုန်းယွီသိထားပါက သူသည် ဈေးလျော့ပေးမည်ဖြစ်ပြီး လီနိုဗိုမှ ဤသဘောတူညီချက် ဆုံးရှုံးသွားပေလိမ့်မည်။

လျိုချွမ်ကျစ် စုံစမ်းမှုအပြီးတွင် အကြီးတန်း စီမံခန့်ခွဲမှုနှင့် အခြားတည်ထောင်သူ မည်သူ့ထံကမှ ထိုသတင်း ပေါက်ကြားခြင်း မရှိကြောင်း သတိပြုမိလိုက်သည်။ အကြီးတန်း စီမံခန့်ခွဲမှု ဝန်ထမ်းများသည် ဖုန်းယွီ၏ လာဘ်ထိုးမှုကို လက်ခံလိမ့်မည် မဟုတ်ချေ။ ဖုန်းယွီသည် လီနိုဗိုတွင် တစ်ယောက်ယောက်ကို လာဘ်ထိုးမည် ဆိုပါက လျိုချွမ်ကျစ်ကိုသာ လာဘ်ထိုးသင့်ပေသည်။

လျိုချွမ်ကျစ် ပေကျင်းသို့ ဖုန်းဆက်၍ သူ့ခေါင်းဆောင်ကို သတင်းပို့လိုက်သည်။ ဖုန်းယွီသည် လေနှင့်မိုး အမှတ်တံဆိပ် ပိုင်ဆိုင်ထားပြီး ဆောင်ကျန်းမော်တာ၏ အဓိကရှယ်ယာရှင် ဖြစ်ကြောင်း ခေါင်းဆောင် သိသွားသည်။

ဆိုလိုသည်မှာ ဖုန်းယွီထံတွင် ငွေအမြောက်အများရှိပေသည်။ ဖုန်းယွီသည် လီနိုဗိုရှယ်ယာများကို ဝယ်ယူရန် စိတ်အားထက်သန်မှုကို ပြသခဲ့သည်။ ဖုန်းယွီကို ဈေးနှုန်း မြင့်မြင့်ဖြင့် ရှယ်ယာ ရောင်းချနိုင်လောက်သည်။

ခေါင်းဆောင်များသည် လျိုချွမ်ကျစ်အား ဖုန်းယွီထံ ရှယ်ယာများ ရောင်းချခွင့် မပေးချေ။ ဖုန်းယွီသာ ရင်းနှီးမြုပ်နှံ နိုင်ပါက ၎င်းတို့၏ ရှယ်ယာတန်ဖိုးများ လျော့သွားလိမ့်မည် မဟုတ်ချေ။ ဖုန်းယွီသာ ထို့ထက်ပို၍ ရင်းနှီးမြုပ်နှံပါက သူတို့၏ ရှယ်ယာဈေးများ တက်လာပေလိမ့်မည်။

သို့ရာတွင် ခေါင်းဆောင်များသည် လျိုချွမ်ကျစ်နှင့် ကျန်တည်ထောင်သူများကို ထည့်သွင်း မစဉ်းစားခဲ့ကြချေ။ သူတို့၏ ရှယ်ယာများ လျော့သွားပေလိမ့်မည်။ အကြီးတန်း စီမံခန့်ခွဲသူများနှင့် တည်ထောင်သူများသည် လီနိုဗိုကို တည်ဆောက်ခဲ့ကြသူများ ဖြစ်သည်။

လျိုချွမ်ကျစ်နှင့် ကျန်သူများသည် ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြပြီး၊ ဝန်ထမ်းများအား အစု ရှယ်ယာများ ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ CAS မှလည်း ထိုတောင်းဆိုချက်ကို သဘောတူခဲ့သည်။ သို့ရာတွင် ထုတ်ပေးထားသည့် အစုရှယ်ယာများသည် သိပ်မများချေ။ အစုရှယ်ယာများသည် ဈေးကွက်တန်ဖိုးအပေါ် အခြေခံ ထားသော်လည်း ပမာဏ အတော်အတန် များသည်ဟု ယူဆရပေသည်။ သို့ရာတွင် ကုမ္ပဏီ ရှယ်ယာ အနည်းငယ်သာ ထုတ်ထားကြောင်း လျိုချွမ်ကျစ်ကို အကြီးတန်း စီမံခန့်ခွဲသူ အများအပြား တိုင်ကြားခဲ့ပေသည်။

ပုဂ္ဂလိက ကုမ္ပဏီပိုင်ရှင်များကို ကြည့်ရပေမည်။ သူတို့နှင့် ယှဉ်ပါက ထိုသို့ မစွမ်းဆောင်နိုင်သော်လည်း လုပ်ငန်းစရန် ချေးငွေယူခဲ့သည်။ ယခုဆိုပါက အကြီးတန်း စီမံခန့်ခွဲမှု ဝန်ထမ်းများထက် ဝင်ငွေ ပိုရနေပေသည်။

ပုဂ္ဂလိက ကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက အကြီးတန်း စီမံခန့်ခွဲမှု ဝန်ထမ်းများသည် ဟန်ချက်မညီကြောင်း ခံစားခဲ့ရသည်။ ထိုကဲ့သို့ အတွေးများ ဝင်လာပါက ၎င်းတို့၏ စိတ်နေစိတ်ထားများ ပြောင်းလဲလာပေလိမ့်မည်။ ထိုအထဲတွင် လျိုချွမ်ကျစ်လည်း ပါဝင်သည်။ ရှယ်ယာ အနည်းငယ်သာ တောင်းဆိုခဲ့၍လော သိချင်နေခဲ့သည်။ ဤကုမ္ပဏီတွင် သူထည့်ထားသည့် အားထုတ်မှုနှင့် နှိုင်းယှဉ်ပါက သူ့ဝင်ငွေ အလွန်နည်းလွန်းနေပေသည်။

မည်သို့ပင် ဖြစ်စေ လျိုချွမ်ကျစ်သည် လီနိုဗိုကို မည်သည့်အချိန်တွင်မှ ထွက်ခွာမည် မဟုတ်ချေ။ ကုမ္ပဏီကို ပံ့ပိုးကူညီခြင်းဖြင့် အနာဂတ်တွင် ရှယ်ယာများ ပိုမိုရရှိလာမည်ဟု အခိုင်အမာယုံကြည်နေသည်။

…*****…

“မန်နေဂျာ ဖုန်း.. ကျေးဇူးပြုပြီး ထိုင်ပါအုံး.. ငါ အထက်လူကြီးတွေကို သတင်းပို့တော့ ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံလို့ ရတယ်လို့ ပြောတယ်.. ဒါပေမယ့် သူတို့တွေ ကုမ္ပဏီရဲ့ ရှယ်ယာတွေကိုတော့ တိုက်ရိုက်ရောင်းမှာ မဟုတ်ဘူး..”

ဖုန်းယွီ ဤသည်ကို စဉ်းစားထားပြီးသားပင်။ ကုမ္ပဏီအပေါ် ယုံကြည်မှုရှိသူ တစ်ဦးသည် ကုမ္ပဏီ မှတ်ပုံမတင်မှီ ၎င်း၏ ရှယ်ယာများကို မည့်သည့်အခါတွင်မှ ရောင်းချမည် မဟုတ်ချေ။ သို့ရာတွင် ကုမ္ပဏီများသည် ၎င်းတို့ကုမ္ပဏီကို မှတ်ပုံမတင်မှီ ရင်းနှီးမြုပ်နှံသူများ ရှာဖွေလေ့ရှိပေသည်။ လျိုချွမ်ကျစ် ဤသို့ ပြောလာသည်ကို ဖုန်းယွီ မအံ့ဩချေ။

“ဥက္ကဋ္ဌလျို … ကျုပ် ဘယ်လောက် ရင်းနှီးမြုပ်နှံနိုင်မလဲ.. ရှယ်ယာ ဘယ်လောက်ရမလဲ..”

“ရှယ်ယာ(၁၈)ရာခိုင်နှုန်းအတွက် မီလီယံ(၅၀)..”

“ဥက္ကဋ္ဌလျို .. ကျုပ်ကို နောက်နေတာလား.. လီနိုဗိုကုမ္ပဏီ နှစ်ခုစလုံးရဲ့ စုစုပေါင်း တန်ဖိုးတောင် ယွမ် သန်း(၁၈၀)မရှိဘူးလေ။ ယွမ်သန်း(၅၀)ရင်းနှီးမြုပ်နှံရမယ်ဆိုရင် အနည်းဆုံး ရှယ်ယာ (၂၁.၇)ရာခိုင်နှုန်း ဖြစ်သင့်တယ်လေ.. ဒီ (၁၈)ရာခိုင်နှုန်းဆိုတာ ဘယ်လို တွက်ချက်လို့ ရလာတာလဲ..”

ဖုန်းယွီအနေဖြင့် တစ်ဖက်မှ ဈေးနှုန်းများ တိုးလာမည်ကို သံသယဖြစ်စရာရှိကြောင်း သိထားပြီး ချက်ချင်း သဘောတူမည် မဟုတ်ချေ။ ထို့အပြင် ကုမ္ပဏီ၏ ရှယ်ယာ (၁၈)ရာခိုင်နှုန်းမှာ အလွန် နည်းပေသည်။ တစ်ဖက်မှ မိမိ အား အစုရှယ်ယာပိုင်ဆိုင်ခါင့်ပေးရန် ဆန္ဒရှိသောကြောင့် ပိုတောင်းလျှင်ပင် ပြဿနာမရှိလောက်ပေ။

ဖုန်းယွီ အတိတ်ဘဝတွင် CAS သည် လီနိုဗိုကို ထိန်းချုပ်ထားသော ရှယ်ယာရှင် မဟုတ်ချေ။ CAS သည် အကြီးမားဆုံး အစုရှယ်ယာရှင်များသာ ဖြစ်သည်။ အဓိပ္ပါယ်မှာ CAS သည် လီနိုဗိုကို ထိန်းချုပ်ရန် မလိုအပ်ချေ။

ဖုန်းယွီသည် အလွန်မြင့်သည့် ပမာဏ ကမ်းလှမ်းခြင်း ရှိ၊ မရှိ စမ်းသပ်ချင်သည်။ CAS သည်၎င်းတို့၏ ရှယ်ယာများကို သူ့ထံ ရောင်းချရန် ဆန္ဒရှိမည် မဟုတ်ကြောင်း စမ်းသပ်ချင်သေးသည်။

ဖုန်းယွီသည်လည်း လီနိုဗို၏ ထိန်းချုပ်ထားသော အစုရှယ်ယာများကို ချက်ချင်း ပိုင်ဆိုင်ရန် မဖြစ်နိုင်ကြောင်း ခံစားမိထားသည်။ လျိုချွမ်ကျစ်နှင့် ကျန်သူများ မည့်သည့်အခါတွင်မှ သဘောတူမည် မဟုတ်ချေ။ သို့ရာတွင် သူ့အနေဖြင့် ဤကုမ္ပဏီ၏ ဒုတိယ အကြီးဆုံး အစုရှယ်ယာဝင် ဖြစ်နိုင်ရန် ပြဿနာမရှိလောက်ချေ။

“မန်နေဂျာဖုန်း.. ကုမ္ပဏီနှစ်ခုလုံး ဒီလောက်ထိ ဈေးကွက်တန်ဖိုး မရှိဘူးဆိုတာ ကျုပ်သိတယ်.. ဒါပေမယ့် ငါတို့ ကုမ္ပဏီက နည်းပညာမူပိုင်ခွင့်တွေ အများကြီး ပိုင်ထားတာဆိုတော့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ အများကြီး ရှိနေတယ်လေ.. ပြီးတော့ ငါတို့ရဲ့ ကျွန်ပျူတာ စီမံချက်တွေမှာ အကဲဖြတ်မထားတဲ့ စီမံကိန်းတစ်ခု ရှိသေးတယ်.. အဲ့ဒါကြောင့် ရှယ်ယာ (၁၈)ရာခိုင်နှုန်းအတွက် သန်း(၅၀)ဆိုတာ ဆီလျှော်တယ်လို့ ယူဆထားပါတယ်”

“အို့.. လီနိုဗိုရဲ့ ကွန်ပျူတာ စီမံကိန်းက အချိန်ကြာပြီ မဟုတ်ဘူးလား.. ကျုပ် တရုတ်နိုင်ငံမှာ လီနိုဗို ကွန်ပျူတာ တစ်လုံး ဝယ်ပြီးပြီလို့ ပြောဖူးတယ်နော်..”

ဖုန်းယွီသည် လျိုချွမ်ကျစ်၏ ဝှက်ဖဲရှိနေပါက ဤဈေးနှုန်းသည် အလါန် နိမ့်နေသည်ဟု ခံစားမိပေလိမ့်မည်။ ယွမ်သန်း(၅၀)သည် အများဆုံး ကုမ္ပဏီ၏ (၁၀)ရာခိုင်နှုန်းသာ ရသင့်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လီနိုဗို၏ ကွန်ပျူတာ လုပ်ငန်းသည် လာမည့်နှစ်အနည်းငယ်အတွင်း ကုမ္ပဏီ၏ ငွေသားခိုင်းနွား တစ်ကောင် ဖြစ်လာနိုင်သော ကြောင့်ဖြစ်သည်။

သို့ရာတွင် လျိုချွမ်ကျင့်သည် ကွန်ပျူတာသည် ဤမျှလောက် အကျိုးအမြတ်ရှိမည်ကို မသိသဖြင့် ဖုန်းယွီ သူ့ကို ပြောပြရလောက်သည်အထိ မမိုက်မဲချေ။ ထို့သို့ လုပ်မည့်အစား ဖုန်းယွီသည် ထိုရှယ်ယာ ရာခိုင်နှုန်းကို သူလက်မခံနိုင်ဟန်ဆောင်လိုက်သည်။

“အဲ့ဒါက မတူပါဘူး.. အရင်တုန်းကတော့ ကျုပ်တို့ရဲ့ အာရုံစိုက်မှုက ကွန်ပျူတာ မဟုတ်ဘူး.. ဒါပေမယ့် ဒီကဏ္ဍကို အာရုံစိုက်ဖို့ ငါတို့တွေ ကွန်ပျူတာ ဌာနခွဲတည်ထောင်မှာပါ.. အဲ့လုပ်ငန်းကနေ ကုမ္ပဏီအတွက် အမြတ်အစွန်း အများကြီး ရှာပေးနိုင်မျာဖြစ်ပြီး အစုရှယ်ယာရှင်တွေအတွက်လဲ အမြတ်ဝေစု မြင့်မြင့်မားမား ထုတ်ပေးနိုင်မှာပါ..”

“ကွန်ပျူတာ ဌာနခွဲလား.. မူပိုင်ခွင့် ရှိပြီးပြီလား.. ကွန်ပျူတာ အစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်လား.. ခင်ဗျားတို့ လုပ်နေတာက မားသားဘုတ်၊ ချိစ်ပ်တွေ၊ ဟာ့ဒ်ဒစ် အဲ့ဒါတွေကို တင်သွင်းပြီး ကိုယ့်ဟာကိုယ် တပ်ဆင်ဖို့ထင်တယ်.. ပြီးတော့ အဲ့မှာ တရုတ်ဘာသာစကား ကဒ်တစ်ခုထည့်ပြီး ခင်ဗျားတို့ ကိုယ်ပိုင်ထုတ်ကုန်လို့ ပြောလိမ့်မယ် ထင်တယ်.. ကျုပ်ပြောတာ မှန်လား..”

ဖုန်းယွီ၏ ယခင်ဘဝတွင် ကွန်ပျူတာ အစိတ်အပိုင်းများ၏ (၉၀)ရာခိုင်နှုန်းကို ပြင်ပမှ ဖြစ်သည့်အတွက် လူများစွာ၏ လှောင်ရယ်စရာ ဖြစ်ခဲ့ပြီး တပ်ဆင်ရန်အတွက် စက်ရုံတစ်ခု ရှိခဲ့ပေသည်။ အပြင်ပိုင်း ပုံစံများ၊ ဖွဲ့စည်းပုံများနှင့် ဆော့ဖ်ဝဲလ် များကိုသာ သူတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုမူ လီနိုဗိုသည် အလွန်ညံ့ဖျင်းပြီး ယင်းအစိတ်အပိုင်းများကို ထုတ်လုပ်ရန် မဖြစ်နိုင်တော့ချေ။ ဆိုလိုသည်မှာ ကွန်ပျူတာတစ်လုံး၏ ထုတ်လုပ်မှု ကုန်ကျစရိတ်သည် အလွန်အမင်း မြင့်မားလာမည် ဖြစ်သည်။ လီနိုဗိုသည် အခြားကုမ္ပဏီများနှင့် ဈေးနှုန်း စစ်ပွဲများတွင် ပါဝင်နိုင်မည် မဟုတ်သည့်အပြင် တရုတ်နှင့် အာရှဈေးကွက်ကို ထိန်းချုပ်နိုင်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ချေ။

လျိုချွမ်ကျစ် ဖုန်းယွီစကား ကြားပြီးနောက် ရှက်စိတ်ဖြင့် နီရဲသွားတော့သည်။ ဖုန်းယွီ ထိုအကြောင်း သိထားမည်ဟု ထင်မထားမိချေ။ သို့ရာတွင် ဖုန်းယွီ ပိုင်ဆိုင်သည့် လုပ်ငန်းအကြောင်း တွေး၍ အရင်က ကွန်ပျူတာ သုံးဖူးသူတိုင်း ကွန်ပျူတာနှင့် ပတ်သက်သည့် ဗဟုသုတ အနည်းနည်း ရှိလောက်ပေသည်။

“ငါတို့အတွက် အစိတ်အပိုင်းတွေ ထုတ်လုပ်မယ့် စက်ရုံတွေ ရှာမယ်.. မူပိုင်ခါင့်နဲ့ ပတ်သက်ပြီး ငါတို့က အဲ့ဒါတွေကိုပဲ သုံးပြီး ဝယ်ရမှာ.. အဲ့လိုဆို ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသွားပြီး ငါတို့ရဲ့ ထုတ်ကုန်တွေ ပိုပြီး ယှဉ်ပြိုင်နိုင်လိမ့်မယ်..”

“ဥက္ကဋ္ဌလျို ကိုယ်တိုင် တပ်ဆင်ထားတဲ့ ကွန်ပျူတာအကြောင်း ကြားဖူးလား..”

၂၀၀၀ခုနှစ် နောက်ပိုင်းတွင် ကွန်ပျူတာများသည် အိမ်ထောင်စုအားလုံးနီးပါး သုံးစွဲကြပေလိမ့်မည်။ ထိုအချိန်တွင် လက်ပ်တော့ဈေးနှုန်းများ အလွန်မြင့်မားဆဲဖြစ်ပြီး ဒက်စတော့ ကွန်ပျူတာသည် လူတိုင်းအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

ထိုအချိန်တွင် ကုမ္ပဏီများနှင့် အစိုးရ အေဂျင်စီများမှ လွဲ၍ ကျောင်းသားများနှင့် မိသားစုများသည် ၎င်းတို့အတွက် ကွန်ပျူတာ တပ်ဆင်ရန် တစ်ယောက်ယောက်အကူမလိုဘဲ လျှပ်စစ်ပစ္စည်းဆိုင်များသို့ သွားရောက် ဝယ်ယူတတ်ကြသည်။ သူတို့ လိုအပ်သော အစိတ်အပိုားကို ဆိုင်ပိုင်ရှင်အား ပြောယုံနှင့် အဆင်သင့် ရနိုင်ကြပေလိမ့်မည်။

ကိုယ်တိုင် တပ်ဆင်ထားသော ကွန်ပျူတာသည် ယွမ်ထောင်ဂဏန်းရှိသော နာမည်ရကွန်ပျူတာထက် ဈေးသက်သာပေသ်။ အမှတ်တံဆိပ်ပါ ကွန်ပျူတာသည် အာမခံချက် ပါရှိသော်လည်း ဆိုင်များသည် ရောင်းချပြီးနောက် ဝန်ဆောင်မှုများလည်း ပေးတတ်ကြသည်။ အမှန်တကယ်တွင် ကိုယ်ပိုင် ကွန်ပျူတာ အရောင်းဆိုင်များသည် နာမည်ကြီး ကွန်ပျူတာ ကုမ္ပဏီများထက် ဖောက်သည်များအား ဝန်ဆောင်ပို ပိုမိုကောင်းမွန်စွာ ပေးတတ်ကြပေသည်။

သို့ရာတွင် ယခုအချိန်၌ ကိုယ်တိုင် တပ်ဆင်ရသည့် ကွန်ပျူတာ မရှိသေးချေ။ အဘယ့်ကြောင့်ဆိုသော် ဈေးကွက်တွင် ကျွမ်းကျင်သော နည်းပညာရှင်များ နည်းပါးပြီး အဆိုပါ ကွန်ပျူတာ အစိတ်အပိုင်းများသည် နုညံ့လွန်းသောကြောင့် ဖြစ်ပေသည်။ ယခုအခါ တက္ကသိုလ် ကျောင်းသားများနှင့် အထက်တန်း ကျောင်းသားများသည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ကွန်ပျူတာ တပ်ဆင်နည်း သိရှိနိုင်မည့် နောင်အနာဂတ်နှင့် ကွဲပြားပေသည်။

လျိုချွမ်ကျစ် ခေတ္တရပ်၍..

“မင်း ဘာပြောလိုက်တာလဲ.. ကိုယ်တိုင် တပ်ဆင်ထားတဲ့ ကွန်ပျူတာလား..”

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters