← Chapters

ကျွန်ုပ်တွင် နည်းပညာများ ရှိသည်

Vol. 35 Ch. 518

ကျွန်ုပ်တွင် နည်းပညာများ ရှိသည်

Vol. 35 Ch. 518

ဖုန်းယွီသည် လျိုချွမ်ကျစ် ကို ကြည့်ကာ..’ဘယ်နိုင်ငံက ခေတ်နောက်ကျနေတဲ့ လူလဲ.. ကိုယ်တိုင် တပ်ဆင်ထားတဲ့ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် မသိဘူးလား..’။ စိတ်အတွင်း တွေးနေသော်လည်း ပါးစပ်ကမူ အပြုံးဖြင့်ပင်..

“နောက်ဆို ကွန်ပျူတာ အစိတ်အပိုင်းတွေကို သီးသန့်ရောင်းတဲ့ လက်လီအရောင်းဆိုင်တွေ ပေါ်လာပြီး သုံးစွဲသူတွေအတွက် စုပေးသွားလိမ့်မယ်.. ဈေးကွက် ချဲ့ထွင်မှုမရှိဘဲ သူတို့ ကွန်ပျူတာတွေကို သုံးစွဲသူ လက်ရောက် လျော့ဈေးနဲ့ ရောင်းနိုင်လိမ့်မယ်လို့ ခင်ဗျား မထင်ဘူးလား.. ပြီးတော့ သုံးစွဲသူတွေဟာ သူတို့ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေကို ကဏ္ဍအလိုက် ရွေးနိုင်သေးတယ်.. ကွန်ပျူတာကို ကုမ္ပဏီတွေဆီကနေ အစုံလိုက် ရလိုက်တာထက် သူတို့လိုအပ်ချက်နဲ့ ပိုပြီးကိုက်ညီ လိမ့်မယ်..”

ဟောင်ကောင်မှ တရုတ်ပြည်သို့ ပြန်လည်ရောက်ရှိပြီးမှသာ ဤလမ်းကြောင်း ပေါ်လာမည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ယခုအချိန်ထိ ဤကဲ့သို့ ဆိုင်များ မရှိသေးချေ။ ဖုန်းယွီက လျိုချွမ်ကျစ်ကို ခြောက်လှန့်လိုက်ခြင်း ဖြစ်ပြီး ကွန်ပျူတာ လုပ်ငန်းသို့ ဝင်၍ ပိုက်ဆံရှာနိုင်မည်မဟုတ်ကြောင်းသာ ပြောခဲ့ခြင်းဖြစ်သည်။

လီနိုဗိုသည် ဖုန်းယွီ၏ ယခင်ဘဝတွင် ၎င်းတို့ကွန်ပျူတာမှ ငွေများစွာ မည်သို့ ရယူခဲ့သနည်း။ ပထမဦးစွာ ၎င်းတို့သည် ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ချရန်အတွက် စက်ရုံများစွာကို ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းခဲ့သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင် ကွန်ပျူတာ အမှတ်တံဆိပ်အဖြစ် သူတို့အဆင့်အတန်းကို သုံးကား တရုတ်အစိုးရ၏ ကူညီပံ့ပိုးမှု ရရှိခဲ့သည်။ တရုတ်အစိုးရ အေဂျင်စီများနှင့် ဆက်စပ်ပစ္စည်းများ အားလုံးသည် လီနိုဗို ကွန်ပျူတာများ သုံးခဲ့ကြသည်။

အခြားကွန်ပျူတာ အမှတ်တံဆိပ်များတွင် ထိုသို့သော သုံစွဲသူအင်အား ကြီးကြီးမားမား မရှိသဖြင့် ၎င်းတို့၏ ရောင်းအားသည် လီနိုဗိုထက် မသာနိုင်တော့ချေ။ လီနိုဗိုသည် အခြားအမှတ်တံဆိပ်များနှင့် ဈေးနှုန်းစစ်ပွဲကို စတင်သည့် ကုမ္ပဏီလည်း ဖြစ်သည်။ လီနိုဗိုသည် အစိုးရ၏ မြင့်မားသော သွင်းကုန်ခွန်များ ပေးဆောင်ရန် မလိုအပ်ဘဲ ၎င်းတို့သည် တရုတ်နိုင်ငံ ခရိုင်တိုင်းတွင် လက်လီဆိုင်များ ရှိနေသည်။

လီနိုဗိုသည် တရုတ်နိုင်ငံတွင် အောင်မြင်မှုရခဲ့သည့် အကြောင်းအရင်း များစွာရှိပေသည်။ ဖုန်းယွီ ပြောစကားများသည် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိနေသည်။ အကယ်၍ တစ်ယောက်ယောက်မှ ကိုယ်တိုင် တပ်ဆင်နိုင်သည့် ကွန်ပျူတာ ဆိုင်များ တည်ထောင်ပါက ၎င်းတို့၏ ထုတ်ကုန်များ ရောင်းအား ထိခိုက်ပေလိမ့်မည်။

“ဒါပေမယ့် ငါတို့မှာ နည်းပညာတွေ ရှိတဲ့အပြင် ဆော့ဖ်ဝဲ လုပ်နိုင်တယ်.. ပြီးတော့ လူတွေရဲ့ လိုအပ်ချက်တွေလဲ နားလည်တယ်.. ငါတို့က တရုတ်လူမျိုးတွေနဲ့ သင့်တော်တဲ့ အကောင်းဆုံး ကွန်ပျူတာ သေချာပေါက် ထုတ်လုပ်နိုင်မှာ.. ငါတို့က သုံးစွဲသူတွေအတွက် တရုတ်နိုင်ငံရဲ့ ပထမဆုံး ကွန်ပျူတာ အမှတ်တံဆိပ်ဖြစ်တဲ့အပြင် တရုတ်နိုင်ငံဈေးကွက်ကို အုပ်စိုးနိုင်ဖို့ ပြဿနာမရှိဘူး.. ဒီတော့ ငါတို့ ကွန်ပျူတာ ထုတ်ကုန်တွေက ကုမ္ပဏီအတွက် အမြတ်စွန်းများလိမ့်မယ်လို့ ငါထင်တယ်..”

မသိစိတ်ဖြင့် လျိုချွမ်ကျစ်သည် ကွန်ပျူတာ ထုတ်ကုန်များမှ အမြတ်အစွန်း များစွာ ရရှိခြင်းအဖြစ် ပြောင်းလဲသွားသည်။ သူ့ ခံယူချက်မှာမူ တုန်လှုပ်စ ပြုလာပေသည်။

“ခင်ဗျားမှာ နည်းပညာတွေ ရှိတယ်လို့ ပြောတာလား.. ဒါပေမယ့် ခင်ဗျား နည်းပညာတွေက နိုင်ငံခြား နည်းပညာ တွေနဲ့ နှိုင်းယှဉ်လို့ရလား.. ကျုပ်အတွက် အလုပ်လုပ်ပေးတဲ့ အင်ဂျင်းနီယာတွေ အများကြီးရှိတယ်နော်..”

“မန်နေဂျာဖုန်း.. မင်းမှာလဲ လျှပ်စစ်အင်ဂျင်နီယာတွေ ရှိတယ်လား.. ကျန်းဝမ်မုန့်၊ လေနဲ့မိုး ဗွီစီဒီထဲက လုပ်ဖော် ကိုင်ဖက်တွေကို ပြောနေတာလား..”

“ဥက္ကဋ္ဌလျို လဲ ကျန်းဝမ်မုန့်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို သိတယ်လား.. ဒါပေမယ့် သူတို့တွေ ငါငှားထားတဲ့ တစ်ခုတည်းသော လျှပ်စစ်အင်ဂျင်နီယာအဖွဲ့ မဟုတ်ဘူး.. အဲ့ဒီ အိုက်ဝါပေဂျာ မင်းခါးပတ်ထဲ ချိတ်ထားတာလား.. အိုက်ဝါအမှတ်တံဆိပ်ကလဲ ငါ့အမှတ်တံဆိပ်ပဲလေ..”

ဖုန်ယွီ ခြေချိတ်ထိုင် လိုက်ပြန်သည်။

“အိုက်ဝါ အမှတ်တံဆိပ်လား.. အိပ်ဆောင် သီချင်းစက်၊ ဗွီစီဒီစက်နဲ့ ပေဂျာတွေလား..”

လျိုချွမ်ကျစ် မျက်လုံးပြူးနေချေပြီ။

အိုက်ဝါ ဗွီစီဒီစက်သည် လေနှင့်မိုး ဗွီစီဒီစက်နှင့် ပြိုင်ဘက်ဖြစ်သည်ကို တရုတ်နိုင်ငံတစ်ခုလုံး သိကြသည်။ သို့ရာတွင် လျိုချွမ်ကစ်သည် ထိုတံဆိပ်နှစ်ခုစလုံးကို လူတစ်ယောက်တည်းမှ ပိုင်ဆိုင်လိမ့်မည်ဟု မျှော်လင့် မထားမိချေ။

သို့ရာတွင် ထိုကုမ္ပဏီ(၂)ခုသည် လီနိုဗိုနှင့် မည်သို့ သက်ဆိုင်သနည်း။ လျှပ်စစ်အင်ဂျင်နီယာ အမျိုးအစား များစွာရှိပေသည်။ အသံစက်များ၊ ဆက်သွယ်ရေးဆိုင်ရာ အထူးပြု အင်ဂျင်နီယာများသည် ကွန်ပျူတာ အင်ဂျင်နီယာ များနှင့် ကွဲပြားပေသည်။

“မန်နေဂျာဖုန်း.. မင်းမှာ အိုက်ဝါကို ပိုင်ဆိုင်ပြီး လျှပ်စစ်အင်ဂျင်နီယာ အများကြီး ရှိပေမယ့် ကွန်ပျူတာ ထုတ်လုပ်နိုင်မယ်လို့ မဆိုလိုဘူးလေ..”

“ဥက္ကဋ္ဌလျို floppy disk (ဖလော်ပီဒစ်..) ရဲ့ သိုလှောင်နိုင်စွမ်းကို ဘယ်လိုထင်လဲ..”

ဖုန်းယွီ ရုတ်တရက် အကြောင်းအရာ ပြောင်း၍ မေးခွန်းတစ်ခု မေးလိုက်သည်။

“Floppy disk (ဖလော်ပီဒစ်)ရဲ့ သိုလှောင်မှုလား.. သူ့စွမ်းရည် တိုးတက်လာပါပြီလေ.. အခုဆို ပုံမှန် ဖလော်ပီဒစ် ရဲ့ သိုလှောင်နိုင်မှုက (၁.၄၄)မီဂါ ဆိုပေမယ့် (၂.၈၈)မီဂါတွေ ဈေးကွက်ထဲမှာ ရှိနေပြီ..”

လျိုချွမ်ကျစ်မှာ ဤနယ်ပယ်၌ ကျွမ်းကျင်သူ ဖြစ်ပေသည်။

(၁.၄၄)မီဂါကို နှစ်ဆတိုးထားသော်လည်း သာမန် အချက်အလက် များသာ သိမ်းဆည်းနိုင်ပေသည်။ ကွန်ပျူတာ ကစားပွဲ (pc game)တစ်ခုပင် မသိမ်းဆည်းနိုင်ချေ။

“ဒါဆို အဲ့ဖလော်ပီဒစ်ကို သိုလှောင်နိုင်တဲ့ စီဒီပြားဖတ်စက်အဖြစ် ပြောင်းလိုက်ရင် ဘယ်လိုထင်လဲ..”

“စီဒီပြား ဖတ်စက်လား..”

“လေဆာစနစ် စက်.. အဲ့ဒါတော့ ခင်ဗျား သေချာသိမှာပါ..”

စီဒီဖတ်စက်သည် (၁၉၉၁)ခုနှစ်တွင် ဈေးကွက်ထဲ၌ ရှိနေပြီ ဖြစ်သည်။ သို့သော် လက်ရှိတွင် စီဒီဖတ်စက်သည် အလွန်နှေးကွေးပြီး ငွေကုန်ကြေးကျ များနေသည်။ ပုံမှန် ကွန်ပျူတာအတွက် စီဒီဖတ်စက် ထည့်သွင်း အသုံးပြုခြင်းသည် သာမန်မဟုတ်တော့ချေ။

ယခုအချိန်တွင် ကွန်ပျူတာများသည် ဖလောပီဒစ်မျာကို အသုံးပြုကြပြီး၊ ဖုန်းယွီသည် ဟောင်ကောင်ရှိ ကွန်ပျူတာ ဆိုင်များသို့ သွားရောက်လည်ပတ်သည့်အခါ ဖလော်ပီဒစ်(၂)ခုပါသည် ကွန်ပျူတာ တစ်လုံး တွေ့ခဲ့သည်။ တစ်ခုမှာ (၃.၅)လက်မ အတွက်ဖြစ်ပြီး နောက်တစ်ခုမှာ မကြာမှီ ပေါ်ပေါက်လာမည့် (၅.၂၅)လက်မ အတွက် ဖြစ်သည်။

သို့ရာတွင် ထိုဖလော်ပီဒစ်ကို (၆၄၀)မီဂါ သိုလှောင်နိုင်သည့် စီဒီနှင့် နှိုင်းယှဉ်၍ မရချေ။ စီဒီသည် ဒေတာ၊ ကစားပွဲများ၊ ရုပ်ရှင်များ စသည်တို့ကို သိမ်းဆည်းရန် ပို၍ ကောင်းပွန်သင့်လျော်ပေသည်။

စီဒီဖတ်စက်ကို ထုတ်ဖော် သည့်အခါ လျိုချွမ်ကျင့်လည်း ကြည့်ရှုခဲ့သည်။ သို့ရာတွင် စီဒီဖတ်စက်မှာ အရမ်းဈေးကြီး၍ ဆက်စပ်နည်းပညာများ မရှိချေ။ ၎င်းတို့၏ ကွန်ပျူတာတွင် ဤစက်အသုံးပြုရန် မသင့်တော်ချေ။

ဟမ်။ ဖုန်းယွီ၏ ကုမ္ပဏီများသည် စီဒီနှင့် ဗွီစီဒီစက်များ ထုတ်လုပ်နေသည်။ စီဒီနှင့် ဗွီစီဒီစက်များသည် စီဒီရေးစက်နှင့် သက်ဆိုင်ပေသည်။ အခြေခံမှာမူ အတူတူသာပင်။ ဖုန်းယွီသည် စီဒီရေးစက် ထုတ်လုပ်နိုင်ပေ သည်လော။

အကယ်၍ ဖုန်းယွီသည် အဆင့်မှီ စီဒီဖတ်စက် နည်းပညာရှိပါက ဤသည်မှာ လီနိုဗိုအတွက် အခွင့်အရေး တစ်ခု ဖြစ်သည်။ စီဒီဖတ်စက်ဖြင့် ကွန်ပျူတာ ထုတ်လုပ်နိုင်ပေမည်။ ဆော့ဖ်ဝဲလ်နှင့် စီဒီဖတ်စက် ပါလာပါက ၎င်းတို့၏ ကွန်ပျူတာသည် ထိပ်တန်းအဆင့် ဖြစ်လာပေလိမ့်မည်။

“မန်နေဂျာဖုန်း.. မင်းက စီဒီဖတ်စက်အတွက် နည်းပညာ ရှိတယ်လို့ ပြောနေတာလား..”

လျိုချွမ်ကျစ် စိုးရိမ်တကြီး မေးလိုက်မိတော့သည်။

ဖုန်းယွီ ခေါင်းညိတ်ပြီး..

“ဒီနည်းပညာကို တီထွင်ဖို့က ခက်နေလို့လား.. ပုံမှန် စီဒီဖတ်စက် အမြန်နှုန်းက (၁၅၀)ကီလိုစက္ကန့်လေ.. အမြန်ဆုံး စံချိန်က (၃၀၀)ကီလိုစက္ကန့် ဖြစ်တဲ့အပြင် အဲ့အတွက်လဲ အဆင့်မှီတဲ့စက် ထုတ်လုပ်နိုင်နေပြီလေ.. လီနိုဗိုမှာ ရင်းနှီးမြုပ်နှံဖို့ ဒီနည်းပညာကို သုံးနိုင်တဲ့အပြင် အဲ့နယ်ပယ်မှာ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေလဲ ပါတာပေါ့..”

ဟီတာရို နာခါဂျီမာသည် ကွန်ပျူတာဈေးကွက်သို့ ဝင်ရောက်လိုသည့် အကြောင်းအရင်းမှာ စီဒီစက်များကို တီထွင် နေချိန်တွင် စီဒီဖတ်စက် နည်းပညာကိုလည်း စူးစမ်းလေ့လာခဲ့ ခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာလည်း ဟီတာရို နာခါဂျီမာသည် ကွန်ပျူတာများ ထုတ်လုပ်နိုင်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဖုန်းယွီသည် ဖလော်ပီဒစ်မှာ ပင်မ ရေစီးကြောင်း ဖြစ်နေဆဲ ဖြစ်ကြောင်း သိနေသည်။ လက်တော့ပ်၊ ဒက်စ်တော့ ဘာပဲဖြစ်ဖြစ် သိုလှောင်မှုများအတွက် ဖလော်ပီဒစ်များတွင် သိမ်းဆည်းနေကြဆဲ ဖြစ်ပေသည်။

ဖုန်းယွီမှာ ကွန်ပျူတာ ကစားပွဲတစ်ခု ဆော့နေသကဲ့သို့ပင်။ ပြီးစီးသွားသည့် အဆင့်တိုင်းအတွက် သူသည် ဖလော်ပီဒစ် အသစ်တစ်ခု ထည့်သွင်းရန် လိုအပ်နေသည်။ အလွန်ဒုက္ခပေးလွန်း၏။ စီဒီဖတ်စက် ပါဝင်ပါက အားလုံး သိမ်းဆည်းသိုလှောင်ရန် လုံလောက်ပေလိမ့်မည်။ စီဒီဖတ်စက်များသည် ကစားပွဲများစွာကိုပင် သိမ်းဆည်း ထားနိုင်ပေလိမ့်မည်။

စီဒီဖတ်စက်သုံး ကွန်ပျူတာကစားပွဲများ ရှိနှင့်ပြီးသားပင်။ သို့ရာတွင် လူသိယုံသာ ဖြစ်သေးသည်။ စီဒီဖတ်စက်များသည် (၃)နှစ်မှ (၅)နှစ်အကြာတွင် ဖလော်ပီဒစ်များကို အစားထိုးပေလိမ့်မည်။ အကယ်၍ ကုမ္ပဏီများသည် ယခု စီဒီဖတ်စက်များ ပါရှိသော ကွန်ပျူတာများ ထုတ်လုပ်မည် ဆိုပါက အမှတ်တကယ် ပွက်လော ရိုက်ပေလိမ့်မည်။

သို့ရာတွင် ဖုန်းယွီမှာမူ ဟီတာရို နာခါဂျီမာကို ထိုအကြောင်း မပြောခဲ့ချေ။ မြန်နှုန်းမြင့် စီဒီဖတ်စက် သုတေသန အဖွဲ့ တည်ထောင်ရန် ဟီတာရို နာခါဂျီမာကိုသာ ပြောခဲ့သည်။ စီဒီဖတ်စက်များ ထုတ်လုပ်နိုင်ရန် လုံလောက်သော်လည်း ကွန်ပျူတာ လုပ်ငန်းအတွင်း ဝင်ရန် မစဉ်းစားသင့်ချေ။ ယခုလက်ရှိ အခြားပြိုင်ဖက်များနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သေးချေ။

ကွန်ပျူတာများသည် အိပ်ဆောင်သီချင်းစက်ကဲ့သို့ မဟုတ်ချေ။ အိုက်ဝါအမှတ်တံဆိပ်သည် သုံးဆွဲသူများအကြား အိပ်ဆောင် သီချင်းစက်ဖြင့် လူသိများပေသည်။ ဖုန်းယွီသည် နောက်ဆုံး၌ ဟီတာရို နာခါဂျီမာကို ယုံကြည်ထား သော်လည်း ဟီတာရို နာခါဂျီမာသည် စီဒီဖတ်စက်ကို ဆက်လက်၍ သုတေသန လုပ်ရန် မရည်ရွယ်ချေ။ စီဒီစက် နည်းပညာများကို အာရုံစိုက်စေချင်သည်။ ဖုန်းယွီသည် သူ့ထံမှ စီဒီဖတ်စက် နည်းပညာဝယ်ယူရန် ထိုအကြောင်း ပြချက်ကို သုံးခဲ့ပေသည်။

“မန်နေဂျာဖုန်း.. ငါ.. အထက် ခေါင်းဆောင်တွေကို သတင်းပို့ရလိမ့်မယ်.. နောက်ထပ် နှစ်ရက်လောက် စောင့်လို့ရမလား.. ငါမင်းကို ပြန်ဆက်သွယ်လိုက်မယ်လေ..”

လျိုချွမ်ကျစ် လီနိုဗိုတွင် ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားရန် လိုအပ်ပေသည်။ ရင်းနှီးမြုပ်နှံ ရန် နည်းပညာကို အသုံးပြုခြင်းသည် ရန်ပုံငွေသုံးဆွဲခြင်းနှင့် လုံးဝကွာခြားပေသည်။

ဖုန်းယွီ အပြုံးဖြင့် ခေါင်းညိတ်ရင်း..

“ပြဿနာ မရှိဘူး.. ဒါပေမယ့် အကြာကြီးတော့ မစောင့်ခိုင်နဲ့ပေါ့…”

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters