စည်းရုံးခြင်း (၁)
Vol. 35 Ch. 519
လျိုချွမ်ကျစ်သည် ဖုန်းယွီအား အချိန်ကြာအောင် မစောင့်စေခဲ့ချေ။ အမှတ်တကယ်မှာ သူမစောင့်နိုင်ခြင်းဖြစ်သည်။ အစက ဖုန်းယွီသည် လီနိုဗိုတွင် ရင်းနှီးမြုပ်ထားသောကြောင့် ၎င်းတို့၏ မှတ်ပုံတင်ရန်အတွက် အတည်ပြုချက် ရရန် မြန်ဆန်ပေလိမ့်မည်။ ထို့အပြင် ရှယ်ယာဈေးများလည်း မြင့်တက်လာမည်ဖြစ်သည်။
မှတ်ပုံတင်ဝင် ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ မြင့်တက်လာစေရန်အတွက် ကုမ္ပဏီဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကောင်း တစ်ခု လိုအပ်ပေသည်။ ကုမ္ပဏီတွင် လိုအပ်သော ရန်ပုံငွေမရှိပါက ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် မည်သို့ ပြုလုပ်နိုင်မည်နည်း။
လီနိုဗိုသည် ဟောင်ကောင်တွင်သာ မှတ်ပုံတင်သော်လည်း ဟောင်ကောင်ရှိ ၎င်းတို့၏ အဓိကလုပ်ငန်းမှာ ဆာဗာနှင့် ကွန်ပျူတာ ဖြစ်သည်။ လီနိုဗိုသည် ၎င်းတို့တွင် အဆင့်မြင့် စီဒီဖတ်စက် နည်းပညာပါရှိပြီး ၎င်းတို့၏ ကွန်ပျူတာ လုပ်ငန်းသည် ပိုမိုကောင်းမွန်ပြီး အမြတ်အစွန်းများ ရရှိပါက ရှယ်ယာဈေးနှုန်း မြင့်တက်လာမည် ဖြစ်သည်။
လျိုချွမ်ကျစ် သူ့ခေါင်းဆောင်ကို သတင်းပို့ပြီးနောက် ခေါင်းဆောင်များသည် ဆွေးနွေးရန် အစည်းအဝေး လုပ်တော့သည်။ နောက်ဆုံးတွင် ဖုန်းယွီကို ငွေသားနှင့် နည်းပညာသုံးပြီး လီနိုဗိုတွင် ရင်းနှီးမြုပ်နှံခွင့်ပြုရန် သဘောတူခဲ့ကြသည်။ သို့ရာတွင် လျိုချွမ်ကျစ်သည် နည်းပညာ၏ တန်ဘိုးကို သေချာ အကဲဖြတ်စေကြသည်။
အထက်ခေါင်းဆောင်များ သဘောတူပြီး ကတည်းက လျိုချွမ်ကျစ်နှင့် ကျန်တည်ထောင်သူများသည် ဖုန်းယွီနှင့် မတွေ့စုံမှီ စီဒီဖတ်စက် နည်းပညာကို အကဲဖြတ်ရန် ဆွေးနွေးခဲ့ကြသည်။
“မန်နေဂျာဖုန်း.. ငါတို့ အဓိကရှယ်ယာရှင်က မင်းကို နည်းပညာ၊ ငွေကြေးနဲ့ ရင်းနှီးမြုပ်နှံဖို့ သဘောတူထားတယ်.. မင်းရဲ့ စီဒီဖတ်စက် နည်းပညာက ဘယ်လောက် တန်ဘိုးရှိမယ်ဆိုတာ ဆွေးနွေးရအောင်..”
လျိုချွမ်ကျစ် ဝေ့ဝိုက်မနေတော့ချေ။
“အတိုးတက်ဆုံး စီဒီဖတ်စက် နည်းပညာကို ဥက္ကဋ္ဌလျို အနေနဲ့ ဘယ်လောက် တန်ဖိုးရှိမယ် ထင်လဲ..”
ဖုန်းယွီအတွက် အိုက်ဝါသည် တီထွင်ရန် အချိန်မကြာခဲ့သောကြောင့် ထိုနည်းပညာမှ များစွာ တန်ဖိုးမရှိလှချေ။ အိုက်ဝါသည် စီဒီနှင့် ဗွီစီဒီ နည်းပညာများ တီထွင်ခဲ့သည်။ ထိုနည်းပညာကို တီထွင်အားထုတ်မှု များများစားစား မရှိဘဲ ဖုန်းယွီအနေဖြင့် အိုက်ဝါထံမှ ထိုနည်းပညာဝယ်ရန် အများကြီး မသုံးခဲ့ရချေ။
“(၁) မီလီယံ..”
“အမေရိကန် ဒေါ်လာ (၁)သန်းလား.. အနည်းဆုံး အမေရိကန် ဒေါ်လာ (၅)သန်း တန်တယ်..”
“မန်နေဂျာဖုန်း ငါပြောတာ ယွမ်နဲ့ပါ..”
ဤညှိနှိုင်းမှုတွင် ယွမ်ကိုသာ သုံးကြောင်း သိထားသင့်ပေသည်။ ဤနည်းပညာကို အသုံးပြုရန် အခွင့်အရေးကို ဝယ်ယူမည်ဆိုလျှင်ပင် ထိုမျှ ကုန်ကျမည် မဟုတ်ချေ။ အမေရိကန်ဒေါ်လာ (၅)သန်းဟူသလော။ အဘယ့်ကြောင့် ဘဏ်ကို သွားမလုသနည်း။
“ယွမ်(၁)သန်းလား.. ဒါဆို ခင်ဗျား မရိုးသားဘူးပဲ.. ဒီနည်းပညာက လီနိုဗိုအတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ ပြောစရာ လိုသေးလို့လား.. ထပ်တိုးထားတဲ့ သိုလှောင်နိုင်စွမ်းက ကွန်ပျူတာ ကုမ္ပဏီတွေရဲ့ ပစ်မှတ်ပဲ.. အဲ့ဒါကို ငြင်းချင်နေတာလား.. ဒီ ဒုတိယမျိုးဆက် စီဒီဖတ်စက် နည်းပညာကို ကမ္ဘာပေါ်က ကုမ္ပဏီတွေမှာ များများ မရှိဘူး.. အဲ့ အနောက်နိုင်ငံ ကုမ္ပဏီတွေက ခင်ဗျားကို လုပ်ပိုင်ခွင့် ရောင်းမယ် ထင်နေလား.. ရောင်းမယ်ဆိုရင်တောင် ဘယ်လောက်ထိ တောင်းမယ် ထင်လဲ..”
ဖုန်းယွီ ဤနည်းပညာအတွက် များစွာသုံးစွဲမထားသော်လည်း အမေရိကန်ဒေါ်လာ (၂)သိန်း ကုန်ကျထားပေသည်။ ယွမ်ငွေဖြင့်တွက်ချက်ပါက ယွမ်(၁.၁)သန်းကျော် ရှိပေမည်။ ဖုန်းယွီအနေဖြင့် အမြတ်မရနိုင်လျှင်ပင် ဆုံးရှုံးမခံနိုင်ချေ။ တကယ်၍ လီနိုဗို သည် ဤနည်းပညာကို ကိုယ်တိုင် တီထွင်မည် ဆိုပါက အနည်းဆုံး ယွမ်(၅)သန်း လိုအပ်ပေလိမ့်မည်။
“မန်နေဂျာဖုန်း.. နည်းပညာ အပြောင်းအလဲက အရမ်းမြန်တယ်. ဒီတော့ ငါတို့တွေ ဈေးနှုန်းလျော့ဖို့ လိုလိမ့်မယ်.. ဒါပေမယ့် လျော့ဈေးနဲ့ ကမ်းလှမ်းခဲ့မယ် ဆိုရင် ဒီနည်းပညာက အမေရိကန်ဒေါ်လာ (၁)သန်း မတန်ဘူး.. ဒေါလာ(၅)သန်းဆို ဝေးရော..”
“နည်းပညာ တစ်ခုတည်းကြည့်မယ်ဆို အမေရိကန်ဒေါ်လာ (၅)သန်း ဘယ်တန်မှာလဲ.. ဒါပေမယ့် လီနိုဗိုအတွက် ဒီနည်းပညာက ပိုကောင်းမယ့် ကွန်ပျူတာ ထုတ်လုပ်နိုင်လိမ့်မယ်.. စီဒီဖတ်စက်ပါတဲ့ ကွန်ပျူတာက ဖလော်ပီဒစ် ပါတဲ့ ကွန်ပျူတာတွေထက် ပိုရောင်းအားကောင်းလိမ့်မယ်.. ဒီသဘောတူချက်ကနေ အကျိုးအမြတ် တော်တော်ကို များပါလိမ့်မယ်..”
ဖုန်းယွီ တွေ့ကရာ လျောက်ပြောနေခြင်းမဟုတ်ချေ။ စီဒီဖတ်စက်သည် အသစ်အဆန်းဖြစ်ပြီး အလွန်ခေတ်မှီသည့် နည်းပညာဟု လူအများ ခံစားမိပေလိမ့်မည်။ သိုလှောင်စွမ်းအားမှာ ဖလော်ပီဒစ် ထက် အဆရာချီ ပိုများပေသည်။ စာရွက်စာတမ်းများစွာ သိမ်းဆည်းရန် သင့်တော်ပေသည်။ ယခု ကွန်ပျူတာ ဝယ်ယူသည့် အဖွဲ့အစည်း အများစုမှာ ဘဏ်များနှင့် အစိုးရအဖွဲ့အစည်း များ ဖြစ်သည်။ ၎င်းတို့တွင် အချက်အလက်များစွာ ရှိပြီး ဖလော်ပီဒစ်များသည် ၎င်းတို့၏ အချက်အလက်များ သိမ်းဆည်းရန်လုံလောက်ချေ။
စီဒီဖတ်စက်နျင့် လီနိုဗိုသည် ပိုမိုသစ်လွင်၍ ဆေးကွက်ကို ပိုမိုကြီးမားစွာ ဖော်ထုတ်နိုင်ပေလိမ့်မည်။ ဤသည်က လီနိုဗိုအတွက် အလွန်အရေးကြီးပေသည်။ ထို့အပြင် စီဒီဖတ်စက်ဖြင့် ၎င်းတို့၏ ကွန်ပျူတာ အမြတ်အစွန်း ပိုမို မြင့်မား လာပေလိမ့်မည်။
“မန်နေဂျာဖုန်း.. ဒါက မင်းအပြောပဲ ရှိတာလေ.. မင်းမှန်တယ်ဆိုတာ သက်သေပြဖို့ ကိန်းဂဏန်းတွေ ပြပေးနိုင်မလား..”
လျိုချွမ်ကျစ်သည် ဖုန်းယွီ၏ ဈေးနှုန်းကို သဘောမတူနိုင်။
“ကိန်းဂဏန်းတွေ လိုချင်တာလား.. ဒါဆို ကိန်းဂဏန်းတွေ ပြမယ်လေ.. ဒါက စီဒီဖတ်စက် ထုတ်လုပ်မှု ကုန်ကျစရိတ်.. ဒီမှာ စီဒီဖတ်စက် မပါတဲ့ ကွန်ပျူတာတွေရဲ့ ဆေးနှုန်း ကွာခြားချက်.. ဒါ စီဒီဖတ်စက်ကနေ ဘယ်လောက် အမြတ်အစွန်းရနိုင်မယ်ဆိုတာ မင်းမြင်မှာပေါ့.. ဒါ ဟောင်ကောင်မျာ စီဒီဖတ်စက်ပါတဲ့ ကွန်ပျူတာ အရောင်းကိန်းဂဏန်းတွေ.. လမ်းကြောင်းပေါ်ကနေ ဈေးကွက်ဝယ်လိုအား တိုးလာတယ်လို့ ပြောလို့ရမယ်.. ငါတို့ရဲ့ အချက်အလက် သိမ်းဆည်းနိုင်စွမ်း တိုးလာတာနဲ့အမျှ ဖလော်ပီဒစ်တွေကို ဘယ်သူတွေ ဆက်သုံးအုံးမှာလဲ.. ဖလောပီဒစ် ဘယ်လောက်လုပ်နိုင်လဲ.. သီချင်းတစ်ပုဒ်တောင် သိမ်းနိုင်ဖို့ မလွယ်ဘူးလေ..”
ဖုန်းယွီ ဈေးကွက် သုတေသန လုပ်ခဲ့ပေသည်။ ဟောင်ကောင်ရှိ ကွန်ပျူတာ ဈေးကွက်နှင့် ပတ်သက်သော အချက်အလက်များကို ဇယားဆွဲနိုင်ရန် ငွေကြေး သုံးစွဲခဲ့ရပေသည်။ ဤသည်မှာ မြင့်မားသော ဆေးနှုန်း တောင်းခံရသည့် အကြောင်းအရင်း ဖြစ်ပေတော့သည်။
“ဒါ ဟောင်ကောင်အတွက် အချက်အလက်ပဲရှိသေးတယ်.. တခြားနေရာတွေ မပါသေးဘူး.. ကျုပ်တို့ရဲ့ အကြီးဆုံး ဈေးကွက်က တရုတ်ပဲ.. တရုတ်နဲ့ ဟောင်ကောင်မှာ အများကြီး ကွာတာပေါ့..”
“ဥက္ကဋ္ဌလျို ဒီနည်းပညာ ဘယ်လောက် တန်ဘိုးရှိတယ်ဆိုတာ သေချာ သိလောက်ပါပြီလေ.. ဒါပေမယ့် ဒီကိစ္စ မပြောချင်တော့ဘူး.. တကယ်လို့ လီနိုဗိုက ကုျပ်အတွက် ရင်းနှီးမြုပ်နှံမှု တိုးပေးမယ်ဆိုရင် ဒီနည်းပညာ လီနိုဗိုအတွက် အလကားပေးနိုင်သေးတယ်..”
ဖုန်းယွီသည် လျိုချွမ်ကျစ်ကို စည်းရုံးရန် ဤနည်းပညာကို အသုံးချလိုက်သည်။ ဖုန်းယွီ၏ ရည်ရွယ်ချက်မှာ လီနိုဗို၏ ရှယ်ယာများ ပိုမိုပိုင်ဆိုင်ရန်ဖြစ်သည်။ သူသည် အဓိကရှယ်ယာရှင် မဖြစ်နိုင်သော်လည်း ဒုတိယ ရှယ်ယာရှင် ဖြစ်လိုသေးသည်။
လျိုချွမ်ကျစ် ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွ ဘာကို ဆိုလိုသနည်း။ ဖုန်းယွီ ဒီနည်းပညာကို လီနိုဗိုသို့ အခမဲ့ ပေးရန် မည်မျှ ရင်းနှီးမြုပ်နှံချင်သနည်း။ ဖုန်းယွီသည် ထိန်းချုပ်ရှယ်ယာရှင် ဖြစ်လိုနေသည်လော။
“မန်နေဂျာဖုန်း.. မင်း.. မင်းရဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်ချင်တယ်လို့ ပြောနေတာလား.. ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံချင်နေတာလဲ.. ရှယ်ယာ ဘယ်လောက် လိုချင်နေတာလဲ..”
“ဥက္ကဋ္ဌလျို… ခင်ဗျားက လီနိုဗိုရဲ့ ရှယ်ယာ နည်းနည်းပဲ ပိုင်ဆိုင်တယ်လို့ မထင်ဘူးလား.. လီနိုဗိုက ဒီနေ့ ဒီနေရာထိ ရောက်လာနိုင်တာက ခင်ဗျားနဲ့ ကျန်တဲ့ တည်ထောင်သူတွေကြောင့် မဟုတ်ဘူးလား.. ကျုပ်ရဲ့ အင်ဂျင်နီယာတွေနဲ့ သုတေသီတွေဆို ကျုပ်ကုမ္ပဏီမှာ ရှယ်ယာ ဘယ်လောက် ရှိတယ်ဆိုတာ ခင်ဗျားသိလား.. ကျုပ်က အဘိုးကြီးကျန်း၊ ကျန်းဝမ်မုန့်ကို ကုမ္ပဏီရဲ့ ရှယ်ယာ(၄) ရာခိုင်နှုန်း ပေးထားတယ်.. ပြီးတော့ ကျုပ်ရဲ့ အိုက်ဝါပေဂျာက အင်ဂျင်နီယာတွေကို ကုမ္ပဏီရဲ့ ရှယ်ယာ(၁၀)ရာခိုင်နှုန်း ပေးထားတယ်.. တပြား တစ်ချပ်မှကို ပေးစရာမလိုဘူး။ သူတို့ရဲ့ လစာ ဘယ်လောက်လဲ သိလား.. တစ်လကို ယမ်(၁၀၀၀၀).”
အာ… ယွမ်(၁၀၀၀၀)ဆိုသည်မှာ ခေါင်းဆောင်ပိုင်း အတွက်သာဖြစ်သည်။ ကျန်လစာများမှာမူ ထိုလောက် မြင့်မားမည် မဟုတ်ချေ။ သာမန် အင်ဂျင်နီယာများသည် တစ်လလျှင် ယွမ်(၂၀၀)သာ ရှိပေသည်။ ဖုန်းယွီက ဤသည်ကို ရှင်းရှင်းလင်းလင်း မပြောခဲ့ချေ။ လျိုချွမ်ကျစ် ထိုစကားကို နားလည်မှုလွဲ၍ အတွေးများစေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။
လျိုချွမ်ကျစ်သည် ဖုန်းယွီ၏ မြှောက်ထားသောက် လက်ညှိုးကို ကြည့်ရင်း အံ့ဩနေမိသည်။ ဘာသဘောနည်း။ ဖုန်းယွီသည် သူ၏ အင်ဂျင်နီယာများကို ရှယ်ယာ အများကြီး ပေးထားခဲ့သည်။ အဘိုးကြီးကျန်းနှင့် ကျန်လူများသည် အစုရှယ်ယာများကို ပိုင်ဆိုင်ကြပြီး ၎င်းတို့၏ လစာများ တစ်လလျှင် ယွမ်(၁၀၀၀၀)ဖြစ်ပေသည်။
လျိုချွမ်ကျစ်သည် CAS မှ လီနိုဗို ကုမ္ပဏီကို တည်ထောင်ခဲ့သော်လည်း သူ၏လစာမှာ ယွမ်(၁၀၀၀)ခန့်သာ ရှိပေသည်။ ဤသည်မှာ ဟောင်ကောင်၏ စံနှုန်းများအတိုင်း ဖြစ်ပေသည်။ အကယ်၍ သူ့လစာသည် တရုတ်နိုင်ငံ၏ လစာပမာဏကို လိုက်နာပါက ယွမ်(၃၀၀)အောက်သာ ရရှိပေလိမ့်မည်။
လစာကွာခြားချက်မှာ (၁၀)ဆ ဖြစ်ပြီး ရှယ်ယာများသည် အဆများစွာ ပိုများပေသည်။ လျိုချွမ်ကျစ်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်တော့ချေ။ လီနိုဗိုကို တည်ထောင်ရန် သူနှင့်အတူ ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ကြသော လုပ်ဖော်ကိုင်ဖက်များ၏ ငြီးတွားသံများကို သတိရမိနေတော့သည်။ CAS က သူတို့ကို ရှယ်ယာ နည်းနည်းသာ ပေးထားကြောင်း သူတို့အားလုံး ခံစားနေရသည်။ ယခု လျိုချွမ်ကျစ်သည် CAS မှ ခေါင်းဆောင် များအား ၎င်းတို့၏ ရှယ်ယာများ အကြောင်း အမှန်တကယ် ပြောလိုပေသည်။
ဟမ်.။ ဖုန်ယွီ ဤကိစ္စများ မည်သည့်အတွက် ပြောနေသနည်း။ လီနိုဗိုတွင် ရင်းနှီးမြုပ်နှံပြီးပါက မိမိတို့ကို ရှယ်ယာတစ်ချို့တစ်ဝက် ပေးမည်လော။ သူထိန်းချုပ်ထားသည့် ရှယ်ယာများကို လိုချင်နေသလော။
-------*****--------
ဘာသာပြန်သူ . (NTP)