← Chapters

စည်းရုံးခြင်း (၂)

Vol. 35 Ch. 520

စည်းရုံးခြင်း (၂)

Vol. 35 Ch. 520

လျိုချွမ်ကျစ် ဖုန်းယွီအား ကြည့်၍..

“မန်နေဂျာဖုန်း.. မင်း လီနိုဗိုရဲ့ ထိန်းချုပ် ရှယ်ယာရှင် ဖြစ်ချင်နေတာလား..”

“ဖြစ်နိုင်ရင်ပေါ့လေ.. မဖြစ်နိုင်စရာ ဘာရှိလို့လဲ..”

လျိုချွမ်ကျစ် ခေါင်းခါလိုက်ပြီး..

“ဒါ မဖြစ်နိုင်ဘူး.. လီနိုဗို ကုမ္ပဏီက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုလို့ မှတ်ပုံတင်ထားပေမယ့် လက်တွေ့မှာ နိုင်ငံပိုင် လုပ်ငန်းနဲ့ အတူတူပဲ.. ကုမ္ပဏီမှာ အတိအကျ မပြောနိုင်တာတွေ အများကြီး ရှိသေးတယ်.. ဒါပေမယ့် မင်းချုပ်နိုင် လောက်တဲ့အထိ အစုရှယ်ယာတွေ ရဖို့ မဖြစ်နိုင်ဘူး..”

“ကျုပ်က အစုရှယ်ယာကိုပဲ ထိန်းချုပ်ချင်တာ.. ကုမ္ပဏီကို လည်ပတ်ဖို့ ခင်ဗျားမှာ လုပ်ပိုင်ခွင့် အားလုံးရှိတယ်.. ငွေရေး ကြေးရေးကလွဲလို့ စီမံခန့်ခွဲမှု၊ လည်ပတ်မှု အဲ့ဒါတွေအားလုံး ကျုပ်ဝင်ရှုတ်နေမှာ မဟုတ်ဘူး.. ကုမ္ပဏီ ဒါရိုက်တာ ဘုတ်အဖွဲ့ တည်ထောင်ပြီး ခင်ဗျား ဥက္ကဋ္ဌ ဖြစ်ဖို့ ကျုပ်ပံ့ပိုးပေးနိုင်တယ်..”

ဗုဒ္ဓေါ..။ ဖုန်းယွီ အာဏာကိုင်ဆွဲ မထားချင်သည်လော။ မိမိသည် ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်မည်လော။ သို့ဆိုလျှင် သူသည် အဘယ့်ကြောင့် ထိန်းချုပ် ရှယ်ယာရှင် ဖြစ်ချင်နေသနည်း။ လျိုချွမ်ကျစ်သည် ဤကဲ့သို့ တာဝန်မဆောင်ရွက်ချင်သူ တစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ဖူး မကြားဖူးခဲ့ချေ။

ဖုန်းယွီ သူ့နေ့ရာ လိုချင်နေသည်လော..။ အမှန်အတိုင်း ပြောနေသည်လော..။

ဖုန်းယွီသည် လျိုချွမ်ကျစ်က သူ့၏စကားများကို သံသယ ဝင်နေသည်ကို တွေသည့်အခါ ရယ်မောရင်း.

“ဥက္ကဋ္ဌလျို ဘီဟဟ ကုမ္ပဏီအကြောင်း ကြားဖူးလား..”

“လီဟဟ လား… ကလေး ကျန်းမာရေး ဖြည့်စွက်စာ ရောင်းတဲ့ ကုမ္ပဏီလေ.. အဲ့ကုမ္ပဏီအကြောင်း ကြားဖူးထားတယ်.. ဘာဖြစ်လို့လဲ..”

လျိုချွမ်ကျစ် မှင်တက်သွားပြန်သည်။ ဖုန်းယွီ ပြောနေသည့် အကြောင်းအရာများမှာ အပြောင်းအလဲ မြန်လွန်းလှသည်။ လီနိုဗိုအကြောင်း ပြောနေရင်းမှ လီဟဟ အကြောင်း ပြောလာပေသည်။

“ကျုပ်က လီဟဟ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်ပါ.. လီဟဟမှာ ဒါရိုက်တာ ဘုတ်အဖွဲ့ မရျိပေမယ့် စီမံခန့်ခွဲရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေအတွက် အမှုဆောင် ဒါရိုက်တာ တစ်ယောက်ရှိတယ်.. အဲ့အမှုဆောင် ဒါရိုက်တာက လီဟဟရဲ့ ပိုင်ရှင်ဟောင်း ကျုံးချင်ရှန့်ပေါ့.. အဲ့မှာ လက်ထောက် အထွေထွေ မန်နေဂျာ ရာထူးပဲရှိတယ်.. ငါ့မှာ ဘာတာဝန်၊ ဘာရာထူးမှ မရှိဘူး… ငါ ကျုံးချင်ရှန့်ကို အကြံပြုချက် နည်းနည်းပဲ ပေးခဲ့ပြီး သူ့ဆုံးဖြတ်ချက်တွေကို ဘယ်တုန်းကမှကို ဝင်မရှုတ်ခဲ့တာ.."

လျိုချွမ်ကျစ် ဖုန်းယွီကို ထိတ်လန့်စွာ ကြည့်နေသည်။ ဖုန်းယွီသည် လီဟဟ၏ အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်သည်။ ဤမန်နေဂျာ ဖုန်းသည် လုပ်ငန်းများစွာတွင် ပါဝင်ပတ်သက်နေသည်။

လျိုချွမ်ကျစ်သည် ကျန်းမာရေး ဖြည့်စွက်စာ လုပ်ငန်းနယ်ပယ်သမား မဟုတ်သော်လည်း လီဟဟ၏ ရောင်းအား အလွန်ကောင်းကြောင်း သူသိပေသည်။ ရောင်းအား ကောင်းသည့် ကုမ္ပဏီက အမြတ်နည်းမည်လော။ ဖုန်းယွီသည် ဤကဲ့သို့ ကုမ္ပဏီကြီးတွင် တာဝန်ခံ မဖြစ်ချင်သည်လော။

“ဘာလို့လဲ .. ကျုပ်ကို မယုံလို့လား..”

“ကျုပ် ယုံသင့်လား..”

“ခင်ဗျား လူကိုကြိး ကျန်းကို လူကိုယ်တိုင် သိနေတာပဲ.. အိုက်ဝါလျှပ်စစ်ရဲ့ လုပ်ငန်းတွေကို ကျုပ်ဝင်ရှုတ်ဖူးလားလို့ မေးကြည့်လိုက်လေ.. ဘဏ္ဍာရေးဌာနက လွဲလို့ မန်နေဂျာကျန်းက ဝန်ထမ်းခန့်အပ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက် အားလုံး သူပဲလုပ်တာ.. သူလဲ ကျုပ်ကို တခါမှ မမေးဖူးသေးဘူး.. လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ အကန့်အသတ် ရှိတယ်.. ကျုပ်က ကုမ္ပဏီအားလုံးကို အနီးကပ် စောင့်ကြည့်နေလို့ မရဘူးလေ.. တကယ်တမ်းကျ ဘယ်ကုမ္ပဏီကိုမှ စီမံခန့်ခွဲတာ မလုပ်ချင်ဘူး.. ကျုပ်က အဓိကရှယ်ယာရှင် ဖြစ်လာရင်ဒါက လီနိုဗိုနဲ့ အတူတူပဲ.. ခင်ဗျားအတွက် သန်း(၁၀၀) ဒါှမဟုတ် သန်း(၂၀၀) ဆိုတာ ငွေပမာဏ အများကြီးလို့ ထင်လိမ့်မယ်.. ဒါပေမယ့် ကျုပ်အနေနဲ့ အဲ့ငွေတွေ ဆုံးသွားလဲ အေးဆေးပဲလေ..”

ဖုန်းယွီ ထိုစကား ပြောလာသည့်အခါ လျိုချွမ်ကျစ်ရင်များ တဆတ်ဆတ် တုန်နေခဲ့သည်။ ဤဖုန်းယွီ မာန်တက်လွန်း နေပေသည်။ သန်း(၁၀၀)၊ သန်း(၂၀၀) အဆုံးရှုံး ခံနိုင်သည်လော။

သို့ရာတွင် လျိုချွမ်ကျစ် ပြန်တွေးကြည့်သောအခါ ဤသည်မှာ အမှန်ပင် ဖြစ်သည်။ ဤမန်နေဂျာ ဖုန်းတွင် လုပ်ငန်းများစွာရှိ၍ ကုမ္ပဏီအားလုံးသည် အမြတ်အစွန်း မျာစွာ ရနေပေသည်။ ဖုန်းယွီ ဖော်ပြထားသည့် ကုမ္ပဏီများ အားလုံးသည် ဈေးကွက်တန်ဖို့ သန်း(၂၀၀)ကျော်နေပေသည်။

“မန်နေဂျာဖုန်း.. မင်းအစီအစဉ်က ဘယ်လိုလဲ..”

လျိုချွမ်ကျစ် မျက်လုံးစုံမှိတ်၍ မေးလိုက်သည်။

“ကျုပ် ရှင်းနှီးမြုပ်နှံမှုကနေ ရှယ်ယာ အများဆုံးရအောင် အကူအညီပေးပါ.. ကျုပ်တို့ (၂)ယောက်ပိုင် ရှယ်ယာ (၅၁)ရာခိုင်နှုန်းထက် ကျော်နသမျှ ကျုပ်တို့တွေ CAS ကို နားထောင်နေစရာ မလိုတော့ဘူး… ရိုးရိုးသားသား ပြောရရင် အဲ့ခေါင်းဆောင်တွေ စီးပွားရေး လုပ်ရမှန်းကို မသိကြတာ.. ခင်ဗျားသာ ဒီကုမ္ပဏီမှာ မရှိရင် လီနိုဗိုမှာ ရင်းနှီးမြုပ်နှံဖို့ ဘယ်တော့မှ စဉ်းစားမှာ မဟုတ်ဘူး..”

ဖုန်းယွီသည် ယခင်ကတည်းက လျိုချွမ်ကျစ်ကို ဖုန်းဖြင့် စကားနှိုက်ခဲ့သေးသည်။ သို့သော် လျိုချွမ်ကျစ်က ငြင်းပယ်ခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် လီနိုဗိုကုမ္ပဏီသည် သူ့ကို အစုရှယ်ယာများ ထုတ်ပေးရန် သဘောတူထားသောကြောင့် ဖြစ်သည်။ သို့ရာတွင် သူပေးထားသည့် ရှယ်ယာများသည် သူ့ကို ကျေနပ်အောင် မလုပ်ပေးနိုင်ချေ။ ဖုန်းယွီ၏ ကုမ္ပဏီမှ အကြီးတန်း အမှုဆောင် အရာရှိများနှင့် နှိုင်းယှဉ်ပါက လျိုချွမ်ကျစ်သည် သူ့ခေါင်းဆောင်များကို အမှန်တကယ် စိတ်ပျက်နေခဲ့သည်။

ယခုမူ ဖုန်းယွီသည် အားလုံးကို ရှင်းရှင်းလင်းလင်း သိသွားပေပြီ။ ရှယ်ယာများ ရရန် လျှိုချွမ်ကျစ်ကို လိုအပ်ပေသည်။ ပိုက်ဆံ ပြဿနာ မဟုတ်ချေ။ ထို့နောက် လျိုချွမ်ကျစ်ကို ကုမ္ပဏီနှင့် ငွေကြေးအပေါ် အခွင့်အာဏာ ပေးအပ်ခဲ့သည်။

လျိုချွမ်ကျစ်တွင် ရွေးချယ်စရာ (၂)ခု ရျိပေသည်။ တစ်ခုသည် ဖုန်းယွီကို ကူညီရန်ဖြစ်ပြီး အနာဂတ်လီနိုဗိုတွင် အခွင့်အာဏာ အရှိဆုံးသူ ဖြစ်လာလိမ့်မည်။ စီးပွားရေး လုပ်ငန်းအကြောင်း မည်သည်မှ မသိသော ထိုအရာရှိများသည် သူ၏ ဆုံးဖြတ်ချက်များကို အနှောက်အယှက် မပေးနိုင်တော့ချေ။ ကိုယ်ရေးကိုယ်တာ အကျိုးကျေးဇူးများလည်း များစွာ ရလာပေလိမ့်မည်။ နောက်တစ်ခုမှာ ဖုန်းယွီ မကူညီခြင်းပင်။ အခွင့်ကောင်းတစ်ခု ဆုံးရှုံးသွားလိမ့်မည်။ သူ့စိတ်ထဲတွင် အကြံအစည်များနှင့် အိပ်မက်များအားလုံး ပြီးမြောက်တော့မည် မဟုတ်ချေ။

“မန်နေဂျာ ဖုန်း.. မင်းကုမ္ပဏီတွေမှာ အကြီးတန်း အင်ဂျင်နီယာတွေက ဆုကြေးတွေ၊ အပိုဆုတွေအဖြစ် ရှယ်ယာတွေ ရတယ်လို့ ပြောလိုက်တာလား..”

လျိုချွမ်ကျစ် စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချခဲ့ပေသည်။

“သေချာတာပေါ့.. လီနိုဗိုလဲ အတူတူပဲ.. အဲ့ဒါကို အစုရှယ်ယာရှင်တွေ အစည်းအဝေးမှာ အကြံပြုမယ်.. မင်းတို့အားလုံး ရှယ်ယာ ဘယ်လောက်ရမယ်ဆိုတာ အာမမခံနိုင်ပေမယ့် မင်းပိုင်ထားတဲ့ ရှယ်ယာ (၁)ရာခိုင်နှုန်း ဆိုတာကတော့ နည်းလွန်းတယ်လို့ ထင်တယ်… အနည်းဆုံး (၃)ရာခိုင်နှုန်းလောက် ရှိသင့်တယ်.. ကျန်တဲ့ တည်ထောင်သူတွေလဲ ဆုအဖြစ် ရှယ်ယာနည်နည်းတော့ ရသင့်တာပဲလေ”

လျိုချွမ်ကျစ် မျက်လုံးများ တောက်ပလာခဲ့သည်။ ဖုန်းယွီသည် သူတို့ကို ရှယ်ယာတွေ ခပ်များများ ပေးလိုသည်အထိ စေတနာရှိနေသည်လော။ သူ့စိတ်ထဲတွင် ကိန်းအောင်နေပေပြီ။ ကျန်တည်ထောင်သူများနှင့် သူပိုင်ဆိုင်သည့် အစုရှယ်ယာ (၈)ရာခိုင်နှုန်းလောက် ရှိပေလိမ့်မည်။ ဖုန်းယွီ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံပြီးနောက် ၎င်းတို့၏ ရှယ်ယာ များကို ပြုပြင်ရန် တိုက်ပွဲဝင်ချင်နေသည်။ သူတို့သည် ကုမ္ပဏီ၏ ရှယ်ယာ(၈)ရာခိုင်နှုန်းကို ထိန်းသိမ်း ထားလိုကြသည်။ သို့ရာတွင် ဖုန်းယွီက သူတို့ မျှော်လင့်ထားသည်ထက် ပိုပေးနေပေသည်။

သို့တိုင်အောင် လျိုချွမ်ကျစ်အနေဖြင့် CAS ခေါင်းဆောင်များထံ မည်သို့ အစီရင်ခံမည်နည်း။ ဤသည်က ပြဿနာ တစ်ခုပင်။ ကွန်ပျူတာ ဌာနခွဲကို တည်ထောင်ရန် လီနိုဗိုသည် ယွမ်သန်း(၅၀)သာ လိုအပ်ကြောင်း ထိုခေါင်းဆောင်များကို ပြောထားဖူးပေသည်။ ဖုန်းယွီကို ယွမ်သန်း(၁၀၀)ကျော် ရင်းနှီးမြုပ်နှံခွင့်ပြုရန် ခေါင်းဆောင်များကို မည်သို့ တင်ပြသင့်သနည်း။

စီဒီဖတ်စက် နည်းပညာနှင့်ပင် ခေါင်းဆောင်များသည် ဤသည်ကို သဘောတူကြမည် မဟုတ်ချေ။ ကုမ္ပဏီသည် အမြတ်အစွန်း များစွာ ရရှိနေသေးပြီး တစ်စုံတစ်ယောက်ကို ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန်နှင့် ၎င်းတို့ရှယ်ယာများ လျော့နည်းသွားရန် အဘယ့်ကြောင့် ခွင့်ပြုပေလိမ့်မည်နည်း။

လျိုချွမ်ကျစ် ငြိမ်နေသည်ကို မြင်သည့်အခါ..

“ဥက္ကဋ္ဌလျို မင်းမှာ စိတ်ပူစရာ ရှိနေလို့လား..”

“ဒါ တော်တော် ခက်တယ်.. မင်းရှင်းနှီးမြုပ်နှံမှုက အရမ်းကြီးတယ်.. ခေါင်းဆောင်တွေ သဘောတူမှာ မဟုတ်ဘူးလေ.. စီဒီဖတ်စက် နည်းပညာက သူတို့ကို ဆွဲဆောင်ဖို့ လုံလောက်မှာ မဟုတ်ဘူး..”

ဖုန်းယွီ အပြုံးဖြင့်ပင်..

“ကျုပ်က မိုက္ခရိုဆော့ဖ်ရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်ဖြစ်နေတယ် ဆိုတာ အဲ့ခေါင်းဆောင်တွေကို ပြောလိုက်ရင်ရော..”

“ဟမ်.. မင်းဘာပြောလိုက်တာလဲ.. ဘယ်ကုမ္ပဏီရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်လဲ..”

လျိုချွမ်ကျစ် သူနားကြား မှားသွားသည် ထင်နေမိသည်။

“အမေရိကန်က မိုက္ခရိုဆော့ဖ်.. အဲ့ကုမ္ပဏီက ‘Windows operating system’ ဖန်တီးတဲ့ ကုမ္ပဏီလေ..”

“မင်း.. မင်း.. မိုက္ခရိုဆော့ဖ်ရဲ့ ရှယ်ယာရှင်လား..”

“ကျုပ်က တတိယ အကြီးဆုံး ရှယ်ယာရှင်ပါ.. ကျုပ်မှာ ဘယ်အစုရှယ်ယာမှ အပိုင်တဲ့အပြင် မဲပေးပိုင်ခွင့်လဲ မရှိဘူး.. ဒါပေမယ့် မိုက္ခရိုဆော့ဖ် နဲ့ လီနိုဗိုကြား မိတ်ဖွဲ့ဖို့တော့ ပြဿနာ မရှိပါဘူးလေ.. မိုက္ခရိုဆော့ဖ် ရဲ့ ဖရိမ်စနစ်က ကွန်ပျူတာ ထုတ်လုပ်သူတွေ အတွက် ရေပန်းအစားဆုံး လွတ်လပ်တဲ့ စနစ်တစ်ခုလေ.. မိုက္ခရိုဆော့ဖ်မှာ အရမ်းကောင်းတဲ့ ဆော့ဖ်ဝဲတွေ၊ အပလီကေးရှင်းတွေ အများကြီး ဖန်တီးထားတယ်.. တကယ်လို့ ငါတို့တွေသာ အဲ့ဒီ ဆော့ဖ်ဝဲတွေ၊ အပလီကေးရှင်းတွေနဲ့ ပူးပေါင်းနိုင်မယ်ဆို လီနိုဗိုရဲ့ အမြတ်အစွန်း ဘယ်လောက်ထိ ဖြစ်သွားမယ် ထင်လဲ..”

လျိုချွမ်ကျစ် အသက်ရှူသံများ မြန်လာတော့သည်။ ဤသဘောတူညီချက် အခက်အခဲကို ကျော်ဖြတ်နိုင်ပါက အခွင့်အလမ်းနှင့် အမြတ်အစွန်းများ မြင်နေရပေသည်။ ၎င်းတို့သည် ထို ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီဖြစ်သည့် မိုက္ခရိုဆော့ဖ် နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ပါက လီနိုဗိုသည် အကျိုးအမြတ် လွန်စွာ ကြီးမားပေလိမ့်မည်။ အမြတ်အစွန်း ကြီးမားယုံတင်မက လီနိုဗိုမှလည်း ၎င်းတို့၏ နည်းပညာများ တိုးမြှင့်နိုင်သည်။ လျိုချွမ်ကျစ်အနေဖြင့် တရုတ်ဈေးကွက်ကို သိမ်းပိုက်ရန် ယုံကြည်မှု ရှိသွားပေလိမ့်မည်။

“မန်နေဂျာဖုန်း.. ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရမယ်ဆိုတာ ငါသိတယ်.. မင်းပိုင်ချင်တဲ့ အစုရှယ်ယာ အနည်းဆုံး ပမာဏကို ပြောပြလို့ ရမလား..”

“(၃၅)ရာခိုင်နှုန်း။ သူ့ထက်များလေ ပိုပျော်လေပဲ.. လိုအပ်အင် ပိုပေးလို့ရတယ်.. CAS က ငါ့ကို သူတို့ရှယ်ယာတွေ ရောင်းပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဈေးကွက်ပေါက်ဈေးထက် (၄)ဆ အထိ ပေးချင် ပေးရပေ့စေ.. CAS ရဲ့ ရှယ်ယာ အချိုးကို (၅၀)ရာခိုင်နှုန်း အောက်ထိ လျော့ချနိုင်မယ် မျှော်လင့်တာပဲ..”

ရှယ်ယာ(၃၅)ရာခိုင်နှုန်းဖြင့် ဖုန်းယွီသည် အစုရှယ်ယာရှင်များ အစည်းအဝေးတွင် တစ်ဦးတည်းသော ဆုံးဖြတ်ပိုင်ခွင့်ကို တားဆီးနိုင်ပေသည်။ ချုပ်ကိုင်နိုင်သည့် ရှယ်ယာရှင် ဖြစ်လာရန် ဖုန်းယွီအတွက် မျှော်လင့်ချက် အလွန်နည်းပါးလွန်းပေသည်။

ဖုန်းယွီသည် ထိန်းချုပ် ရှယ်ယာရှင် ဖြစ်နိုင်သော်လည်း ထိုသို့ မဖြစ်လာလျှင်လည်း အရေးမကြီးချေ။ သူသာ ရှယ်ယာ များများ ပိုင်ဆိုင်နိုင်ပါက ထိုရှယ်ယာများအတွက် အာမခံဈေးနှုန်းများ ပေးဆောင်ရန် စိတ်မဝင်စားချေ။ (၂)နှစ်အတွင်း ယနေ့ သူသုံးခဲ့သည့် ပမာဏထက် (၁၀)ဆ ပြန်ရပေလိမ့်မည်။

“ကောင်းပြီ.. မန်နေဂျာဖုန်း.. ကျုပ်တို့တွေ ကနဦး သဘောတူညီချက် တစ်ခုရှိပြီလို့ သတ်မှတ်ကြတာပေါ့.. CAS ခေါင်းဆောင်တွေနဲ့ စကားပြောဖို့ ပေကျင်းကို ခရီးထွက်လိုက်အုံးမယ်..”

“ပြဿနာမရျိဘူး.. ဒါဆို ပြေလည်သွားပြီပေါ့..”

ဖုန်းယွီ မျက်နှာတွင် အပြုံးပန်းများ ဝေနေတော့သည်။

#ဘာသာပြန်ဆိုသူ မှတ်ချက်။>

‘Windows operating system’ အား မြန်မာပြန်ဆိုပါက အလွန်ရှည်လျားမည့်အပြင် စာစဉ်အတွက် အထောက်အကူပြုခြင်း မရှိပါသဖြင့် အသေးစိတ် သရှိလိုသူများသည် အောက်ပါ link မှတဆင့် သွားရောက် လေ့လာနိုင်ကြပါသည်။

သို့တိုင်အောင် ဘာသာပြန်ဆိုသူ၏ တာဝန်တစ်ရပ်အရ အတတ်နိုင်ဆုံး ဥပမာပေး ခိုင်းနှိုင်း ဖော်ပြလိုက်ပါသည်။

Windows operating system ဆိုသည်မှာ မိမိ လိုအပ်သလို ပြုပြင် ပြောင်းလဲနိုင်သည့် အဆောက်အဦးတစ်ခုနှင့် တူညီ၍၊ Windows (ဝင်းဒိုး) သည်မှာ အဆောက်အဦး ဝင်ပေါက်တစ်ခုနှင့် သဘောတူညီပြီး၊ (software)ဆော့ဖ်ဝဲ နှင့် (application)အပလီကေးရှင်း များမှာ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ မိလ္လာခန်း၊ အားကစားခန်း စသည်ဖြင့် သက်ဆိုင်ရာ အပိုင်းလိုက် သီးသန့်ခွဲခြား လုပ်ဆောင်နိုင်သော အရာများဟု သတ်မှတ်နိုင်ပါသည်။

အထက်ပါ ဆိုညွှန်းချက်များအားလုံးသည် ထိတွေ့ကိုင်တယ်၍ မရနိုင်ဘဲ ကွန်ပျူတာ မျက်နှာပြင် (သို့တည်းမဟုတ်) ယနေ့ လက်ကိုင်ဖုန်း မျက်နှာပြင်များတွင် ရုပ်ပုံများ၊ သင်္ကေတများ၊ ကိန်းဂဏန်းများ စသည်ဖြင့် ကိုယ်စားပြု မြင်တွေ့ရမည့် အရာများဖြစ်ပေသည်။

ထိုရှင်းလင်းချက်များမှာ ပညာရှင်တစ်ယောက်၏ ပြောဆိုသုံးနှုံးမှုများ မဟုတ်ဘဲ လူပြိန်းနားလည်စေရန်၊ မြင်သာ စေရန် သာ မိမိတစ်ကိုယ်ရေ အမြင်ဖြင့် ဥပမာပေး ထားခြင်း ဖြစ်ပါကြောင်း (#ငတက်ပြား)

https://en.wikipedia.org/wiki/Microsoft_Windows

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters