← Chapters

လျှိုချွမ်ကျစ်၏ ကျိုးစားအားထုတ်မှု

Vol. 35 Ch. 521

လျှိုချွမ်ကျစ်၏ ကျိုးစားအားထုတ်မှု

Vol. 35 Ch. 521

လျိုချွမ်ကျစ် ဖုန်းယွီနှင့် တွေ့ပြီးနောက် အလွန်စိတ်လှုပ်ရှားနေမိတော့သည်။ ထို့နောက် တည်ထောင်သူများ အားလုံးကို ချက်ချင်း စုစည်းဖိတ်ခေါ်၍ အစည်းအဝေး လုပ်လိုက်သည်။ CAS မှ ခေါင်းဆောင်များနှင့် ညှိနှိုင်း ဆွေးနွေးရန် လိုအပ်ပေသည်။

ဖုန်းယွီက ၎င်းတို့၏ ရှယ်ယာများကို လျော့ချရန် မပြုလုပ်ဘဲ ထပ်မံ တိုးလာမည်ဟု ထိုလူများ သိသောအခါ သူတို့မျက်နှာများတွင် တူညီသော ပုံရိပ်များ ပေါ်နေပေတော့သည်။

ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုမှာ ဖြတ်ကျော်ရမည့် အခက်အခဲ တစ်ခုသာဖြစ်သည်။ သူတို့အတွက်မူ ရှားရှားပါးပါး အခွင့်အရေး မဟုတ်ပေလော။

ထိုသူတို့မှာ CAS မှဖြစ်သည်။ လီနိုဗိုကို ယွမ်(၂)သိန်းဖြင့် တည်ထောင်ခဲ့သည်။ သူတို့နေရာတွင် အခြားသူများ ဆိုပါက အောင်မြင်နိုင်မည်လော။

အထက်အရာရှိများက ကုမ္ပဏီအား အစုရှယ်ယာကုမ္ပဏီအဖြစ် ပြန်လည် ဖွဲ့စည်းရန် သဘောတူညီ ထားသဖြင့် အထက်အရာရှိများသည် အဘယ့်ကြောင့် အစုရှယ်ယာ ထပ်မပေးနိုင်ကြသနည်း။ မန်နေဂျာဖုန်း၏ လက်ဖွာမှုကို ကြည့်ရှုနိုင်ပေသည်။

ဖုန်းယွီသည် လီနိုဗိုတွင် မပါဝင်ပါက ထိုလူများသည် ၎င်းတို့အား ပေးထားသည့် ရှယ်ယာများ အကြောင်းသာ ငြီးတွား နေကြပေလိမ့်မည်။ အကျိုးခံစားခွင့် ပိုပေးရန် အထက်အရာရှိများကို တောင်းရမ်းယုံမှလွဲ၍ ဘာလုပ်နိုင်မည်နည်း။ လီနိုဗိုမှ ထွက်ခွာရန်ကိုမူ မစဉ်းစားခဲ့ကြချေ။ လွန်ခဲ့သော (၂)နှစ်ခန့်က ထွက်ခွာသွားသူ (၂)ယောက်သည် အဆင်မပြေခဲ့ကြချေ။

သို့ရာတွင် ယခုမူ ကွဲပြားသွားပေသည်။ လျိုချွမ်ကျစ်မှ ဖုန်းယွီသည် အဓိကရှယ်ယာရှင် ဖြစ်လာပါက အစုရှယ်ယာရှင် များအစည်းအဝေးကျင်းပ၍ အကြီးတန်း စီမံခန့်ခွဲသူများကို ဆုအဖြစ် အစုရှယ်ယာများ ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤသည်က အကြီးတန်း စီမံခန့်ခွဲသူများ ကုမ္ပဏီကို စီမံခန့်ခွဲရာတွင် ပိုမိုလွယ်ကူစေရန် ကူညီမည်ဖြစ်ပြီး ပိုမို အကျိုးရှိမည် ဖြစ်သည်။ ကုမ္ပဏီသည် အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် လုံလောက်သော ရန်ပုံငွေများ ရှိမည် ဖြစ်သည်။ ကုမ္ပဏီ စာရင်းဝင်ရန် စောင့်ဆိုင်းနေစရာ မလိုတော့ချေ။ ကုမ္ပဏီကို စာရင်းသွင်းလိုက်သည့် အခါ ရှယ်ယာဈေးများ တက်လာပေလိမ့်မည်။

ကုမ္ပဏီ၏ အစုရှယ်ယာများနှင့် ကုမ္ပဏီမှ အမြတ်ခွဲဝေသည့်အခါ အမြတ်ဝေစု ရရှိပေလိမ့်မည်။ ထိုလများသည် သူတို့၏ အိပ်မက်များ အကောင်အထည်ဖော်ရန် ငွေချွေတာနိုင်ပေလိမ့်မည်။

ထိုသူများ အားလုံးသည် တူညီသော အတွေးများနှင့် လျိုချွမ်ကျစ်က ၎င်းတို့အား ရင်းနှီးမြုပ်နှံမှုကို ပံ့ပိုး ကူညီရန် ၎င်းတို့နှင့် ရင်းနှီးသည့် ခေါင်းဆောင်များကို တွေ့ဆုံရန် ပြောခဲ့ကြသည်။ ထိုခေါင်းဆောင်များကို တွေ့ဆုံး၍ ကူညီရပေလိမ့်မည်။

……

“ဒါရိုက်လာလီ.. မန်နေဂျာဖုန်းမှာ ရန်ပုံငွေတင် မကဘူး.. သူ့မှာ နည်းပညာနဲ့ အဆက်အသွယ်တွေလဲ ရှိနေတယ်.. သူ့ကို ရင်းနှီးမြုပ်နှံခွင့်ပေးလိုက်ရင် ကုမ္ပဏီရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်နိုင်တယ်..”

“သူ မလိမ်ဘူးလို့ မင်းဘယ်လိုလုပ် သိလဲ.. မိုက္ခရိုဆော့ဖ် ရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်လား.. အဲ့အကြောင်း ငါတခါမှ မကြားဖူးတာ ဘာလို့လဲ.. မိုက္ခရိုဆော့ဖ်မှာ ရှယ်ယာရှင်ကြီး (၂)ယောက်ပဲ ရှိတာ မဟုတ်ဘူးလား..”

“မန်နေဂျာဖုန်းက အဲ့ကိစ္စ စာချုပ်မှာ ထည့်သွင်းဖို့ ဆန္ဒရှိတယ်.. ဒီကိစ္စ အလိမ်အညာ မဟုတ်တာ ကျုပ်ယုံတယ်.. ဒီကိစ္စတော့ ခင်ဗျား မသိလောက်သေးဘူး.. မန်နေဂျာဖုန်းရဲ့ လုပ်ငန်းတွေ အားလုံး အမြတ်အစွန်း အများကြီး ရနေတယ်..”

“သူ့မှာ ဘာစီးပွားရေးတွေ ရှိလို့လဲ. လေနဲ့မိုး အမှတ်တံဆိပ်လား..”

“အဲ့ဒါတင် ဘယ်ကမလဲ.. အိုက်ဝါ ကိုလဲ ပိုင်ထားတယ်.. စီဒီဖတ်စက် နည်းပညာကို အိုက်ဝါက ဖန်တီးထားတာလေ.. ပြီးတော့ လီဟဟ ရဲ့ အကြီးဆုံး ရှယ်ယာရှင်လဲ ဖြစ်နေတယ်.. ကလေးတွေအတွက် ကျန်းမာရေး ဖြည့်စွက်စာ ထုတ်တဲ့ ကုမ္ပဏီလေ.. ခင်ဗျား မြေးတောင် အဲ့ ဖြည့်စွက်စာ သောက်နေတာ မှတ်မိပါသေးတယ်.. အဲ့ဒါ ပိုင်ဆိုင်မှုတန်ဖိုး (၂)ဘီလီယံ ကျော်တဲ့ ကုမ္ပဏီ တစ်ခုပဲလေ”

လျိုချွမ်ကျစ် (၂)ဘီလီယံ ဆိုသည်ကို အလေးထား ပြောခဲ့ပေသည်။

“လီနိုဗိုမှာ ရင်းနှီးမြုပ်နှံတဲ့ ကိစ္စ ငါတို့ မကန့်ကွက်ပါဘူး.. ဒါပေမယ့် သူ့ရှယ်ယာကို (၄၉)ရာခိုင်နှုန်း ထားစေချင်တယ်.. CAS ပိုင်ထားတဲ့ ရှယ်ယာ ရာခိုင်နှုန်း ရုတ်တရက် ကျလာပြီးမှ ဈေးနှုန်း မြင့်သွားရင် ငါဘယ်လို ဖြေရှင်းနိုင်မှာတုန်း..”

“သူ ပိုက်ဆံ အများကြီး ရင်းနှီးမြုပ်နှံတယ်.. ကျုပ်တို့ ကုမ္ပဏီက ပိုက်ဆံမရှိရင် ဘယ်လိုလုပ် တိုးတက်မှာလဲ.. ကျုပ်တို့က နိုင်ငံခြား ကွန်ပျူတာ ကုမ္ပဏီတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ.. ဒီကုမ္ပဏီကို တည်ထောင်ဖို့ ကျုပ်တို့ ရည်ရွယ်ချက်က ဘာလဲ.. ကျုပ်တို့နိုင်ငံ လျှပ်စစ်အင်ဂျင်နီယာစွမ်းရည် မြှင့်တင်ဖို့ မဟုတ်ဘူးလား..”

ဒါရိုက်တလီသည် သဘောထား ပျော့ပျောင်းသူ တစ်ယောက်ဖြစ်သည်။ ကွန်ပျူတာများသည် နိုင်ငံရပ်ခြားတွင် ရှားပါးသည့်အခါ လျိုချွမ်ကျစ်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များအား ယွမ်(၂)သိန်း ထုတ်ပေးခဲ့သည်။ ၎င်းသည် စမ်းသပ်မှု တစ်ခုသာ ဖြစ်သော်လည်း အခြားသူများအတွက်မူ တရုတ်နိုင်ငံ၏ လျှပ်စစ်အင်ဂျင်နီယာ စွမ်းရည်ကို မြှင့်တင်ရန်ဟု ပြောဆိုထားပေသည်။

သို့ရာတွင် ယခုအချိန်တွင် လီနိုဗို၏ တိုးတက်မှုသည် မျှော်လင့်ထားသည်ထက် ပိုကောင်းနေခဲ့သည်။ ဒါရိုက်တာ လီကိုလည်း လက်ထောက် ဒါရိုက်တာ အဆင့်မှ လက်ရှိရာထူးအထိ တိုစေခဲ့ပေသည်။

ဒါရိုက်တာ လီသည် ပိုက်ဆံကို စိတ်မဝင်စားချေ။ သူသည် ရာထူးတက်ရန် လုံလောက်သော နိုင်ငံရေး အောင်မြင်မှုနှင့် ဂုဏ်ဒြပ်များကိုသာ လိုချင်ပေသည်။ သို့ရာတွင် သူ၏ အောင်မြင်မှုများနှင့် ဂုဏ်ပြုမှတ်တမ်း အားလုံးကို လျိုချွမ်ကျစ်နှင့် ကျန်တည်ထောင်သူများ၏ အကူအညီ လိုအပ်နေသေးသည်။

လျိုချွမ်ကျစ်နှင့် ကျန်သူများ မရှိပါက လီနိုဗိုသည် ယနေ့အချိန် အတိုင်းအတာတစ်ခုအထိ မည်သည့်အခါတွင်မှ တိုးတက်လာမည် မဟုတ်ကြောင်း ဒါရိုက်တာ လီ သိထားပေသည်။ လျိုချွမ်ကျစ်နှင့် ကျန်သူများသည် လီနိုဗိုမှ ထါက်ခွာသွားပါက အလွန် ဆိုးရွားပေလိမ့်မည်။

လျိုချွမ်ကျစ်၊ ကျန်လူများနှင့် အခြားလူများ လီနိုဗို၏ ဆန်းသစ်တီထွင်မှုများ မလုပ်နိုင်တော့သည့်အတွက် သေချာပေါက် ဆုတ်ယုတ်သွားပေလိမ့်မည်။ အခြား ကုမ္ပဏီများသည် လျိုချွမ်ကျစ်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များကိုသာ သိနေကြသည်။ ကုမ္ပဏီ နာမည်ကို မသိကြချေ။

လျိုချွမ်ကျစ်နှင့် ကျန်လူများကို ခိုယူသွေးဆောင်ရန် အခြားကွန်ပျူတာ ကုမ္ပဏီများမှ ကောလဟလ များကို ဒါရိုက်တာလီလည်း ကြားခဲ့ရပေသည်။ ၎င်းတို့သာ အခြားကွန်ပျူတာ ကုမ္ပဏီနှင့် ပူးပေါင်းမည် ဆိုပါက ကုမ္ပဏီ၏ ရှယ်ယာများကိုပင် ထည့်သွင်း ကတိပြု ခဲ့ကြသေးသည်။

လျိုချွမ်ကျစ်မှ ကုမ္ပဏီကို အစုရှယ်ယာအဖြစ် ပြန်လည်ဖွဲ့စည်းရန် တောင်းဆိုသောအခါ ဒါရိုက်တာလီက ချက်ချင်း သဘောတူခဲ့ခြင်း ဖြစ်သည်။ ထိုလူများကို ရှယ်ယာများ မပေးပါက အခြားကုမ္ပဏီများသို့ ထွက်သွား ပေလိမ့်မည်။

“သူ ကုမ္ပဏီမှာ ငွေအများကြီး ရင်းနှီးမြုပ်နှံနေတာကို ဘာလို့ စာရင်းသွင်းဖို့ လိုနေအုံးမှာလဲ.. ကွန်ပျူတာ ဌာနခွဲကို တည်ထောင်ရာမှာ သူရင်းနှီးမြုပ်နှံထားတဲ့ ပိုက်ဆံတွေကို ဘာလို့ မသုံးနိုင်ရမှာလဲ..”

ဒါရိုက်တာလီ မျက်မှောင်ကြုတ်၍ မေးလိုက်တော့သည်။

“ဒီကိစ္စက ကျုပ်တို့ရဲ့ စာရင်းသွင်းမယ့်အစီအစဉ်ကို ထိခိုက်မှာ မဟုတ်ဘူး.. ကုမ္ပဏီမှာ ရန်ပုံငွေ လုံလုံလောက်လောက် ရှိမယ်ဆိုလဲ ကျုပ်တို့တွေ စာရင်းသွင်းနိုင် သေးတယ်လေ.. ဟောင်ကောင်နဲ့ ပေကျင်း လီနိုဗိုကုမ္ပဏီတွေကို ပေါင်းပြီး စာရင်းသွင်းနိုင်တယ်လေ.. စာရင်းသွင်းတဲ့အချိန် စာရင်းဝင် (၁၀)သန်း ကုမ္ပဏီနဲ့ စာရင်းဝင် သန်း(၅၀) ကုမ္ပဏီ လုံးဝ ကွာခြားတယ်.. ပြီးတော့ ကျုပ်တို့ရဲ့ CAS မှာ ရံပုံငွေ ချို့တဲ့နေတယ်လေ.. ရန်ပုံငွေရှာဖို့ ဖုန်းယွီကို အစုရှယ်ယာတွေ ရောင်းဖို့ အခွင့်အရေး ကောင်းပဲ.. အဲ့လိုသာဆို CAS က တခြား သုတေသနအတွက် ရန်ပုံငွေ လုံလုံလောက်လောက် ရလိမ့်မယ်..”

လီနိုဗိုသည် ကြီးထွားလာခဲ့သော်လည်း ဒါရိုက်တာလီ မကျေမနပ် ဖြစ်နေသည်။ လီနိုဗိုသည် အမြတ်အစွန်း များစွာ ရှိခဲ့သော်လည်း ဝင်ငွေ၏ အနည်းငယ်ကိုမျှ CAS သို့ မပေးခဲ့ဖူးသေးချေ။ လျိုချွမ်ကျစ်က အမြတ်အားလုံး သုံးစွဲထားသော ကြောင့် ဖြစ်သည်။

သို့ရာတွင် လျိုချွမ်ကျစ်သည်လည်း ထိုအမြတ်ငွေများကို ဖြုန်းတီးခဲ့ခြင်း မရှိချေ။ သူသုံးသည့် ရာခိုင်နှုန်းတိုင်းအတွက် (၁)ယွမ် ပြန်ရခဲ့ပေသည်။ ဤသည်ကို သွားဝေဖန်၍ မရနိုင်ချေ။

လျိုချွမ်ကျစ်သည် ကုမ္ပဏီ ကြီးထွားဆဲဖြစ်ပြီး ငွေကြေးများစွာ လိုအပ်နေသေးကြောင်း ခေါင်းဆောင်များအား ဆက်လက် ပြောပြခဲ့သည်။ သို့အတွက် အမြတ်ငွေများကို CAS သို့လွှဲပြောင်း မပေးနိုင်ချေ။ သို့ရာတွင် ခေါင်းဆောင်များမှ ထိုသို့ မထင်မိချေ။ လီနိုဗို ကုမ္ပဏီ (၂)ခုလုံးသည် သန်း(၂၀)နီးပါး တန်ကြေး ရှိပေသည်။ သို့တိုင်အောင် (၂)သန်းပင် လွှဲပြောင်း မပေးနိုင်သေးချေ။

လျိုချွမ်ကျစ်သည် အမြတ်ငွေ၏ တစ်စွန်းတစကိုပင် CAS သို့ လွှဲပြောင်းပေးရန် ငြင်းဆိုထားပေသည်။ လက်ထဲ၌ ယွမ်(၂)သောင်းပင် မရှိချေ။ ကုမ္ပဏီ၏ ဝင်ငွေများကို CAS ကို စမပေးချင်သေးချေ။ သူစလုပ်ပါက ယနေံ (၂)သန်း ဆိုပါက နောက်နေ့တွင်လည်း (၂)သန်း ဖြစ်သွားပေလိမ့်မည်။ ကုမ္ပဏီသည် မကြာမီတွင် ငွေကြေးဆိုင်ရာ ပြဿနာများ ရှိလာမည်မှာ သေချာပေသည်။

လျိုချွမ်ကျစ်ကို နှစ်ရှည်ထောက်ခံ အားပေးခဲ့သည့် ဒါရိုက်လျိုပင် စိတ်ပူပင် ခဲ့ရပေသည်။ လီနိုဗိုသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာ၍ ဝမ်းမြောက်ခဲ့ရသည်။ သို့ရာတွင် လီနိုဗိုမှ သူတို့၏ အမြတ်ငွေ အနည်းငယ်မျှ CAS ကို ပြန်မပေးပါက အခြားခေါင်းဆောင်များအား ဖြေရန် ခက်ပေတော့မည်။

“ဒါဆို ငါတို့တွေ ဘာလုပ်သင့်တယ် ထင်လဲ..”

“ဖုန်းယွီက CAS သာ သူ့ကို ရှယ်ယာတွေ ရောင်းမယ်ဆိုရင် ဈေးကွက်တန်ဖိုးရဲ့ (၃)ဆ ပေးမယ်လို့ အာမခံနိုင်တယ်..”

လျိုချွမ်ကျစ် ယုံကြည်မှု အပြည့်နှင့် ပြောလိုက်ပေတော့သည်။

“(၃)ဆလား.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. သူ့မှာ အောင်မြင်တဲ့ လုပ်ငန်းတွေ အများကြီး ရှိတယ်လို့ မင်းပဲ ပြောတာပဲလေ.. အဲ့လိုသာဆို သူ ငတုံးမဟုတ်ဘူး.. အစုရှယ်ယာကို (၃)ဆ ပိုပေးစရာ ဘာအကြောင်း ရှိလဲ..”

“ဒါတင်မကဘူး ကျုပ်တို့ စီမံခန့်ခွဲရေး ဝန်ထမ်းတွေရဲ့ အစုရှယ်ယာတွေကို သူရင်းနှီးမြုပ်နှံပြီးရင် လျှော့ချသွားမှာ မဟုတ်ဘူးဆိုတာ ပြောလို့ရသေးတယ်.. အဲ့လိုသာဆို ဖုန်းယွီ ငွေပိုသုံးမယ်ဆိုရင်တောင် လီနိုဗိုကို ကျုပ်တို့ ထိန်းချုပ် ထားနိုင်သေးတယ်လေ..”

“စီမံခန့်ခွဲရေး ဝန်ထမ်းတွေရဲ့ အစုရှယ်ယာတွေကို လျော့မချ ဘူးတဲ့လား.. ဒါဆိုရင် ငါတို့ ရှယ်ယာတွေ ဒီထက် ပိုလျော့သွားမျာပေါ့..”

ဒါရိုက်တာလီ မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့လို မဖြစ်ဖို့ ကျုပ်အာမခံတယ်.. သူ့ရင်းနှီးမြုပ်နှံမှုကို သဘောတူမယ်ဆိုရင် ဒီသဘောတူညီချက်ကနေ အရှုံးမခံရဖို့ ကတိပေးတယ်.. မန်နေဂျာ ဖုန်းက စွန့်ဦးစီးပွားရေးသမား တစ်ယောက်ပဲ.. ကုမ္ပဏီ စာရင်းသွင်းပြီးတာနဲ့ သူထါက်သွားလိမ့်မယ်.. ကျုပ်တို့က အခု ငွေအများကြီး ထုတ်ပြီး ခင်ဗျားရဲ့ အထက်အရာရှိတွေကို ဖြေလို့ရပြီပေါ့.. ကျုပ်တို့တွေ (၂)နှစ်အတွင်း ငွေပြနိုင်မယ်ဆိုရင် ထိန်းချုပ်ထားတဲ့ အစုရှယ်ယာတွေ ရဖို့ CAS အတွက် အဲ့ရှယ်ယာတွေကို ပြန်ဝယ်လို့ရတယ်လေ.. ဒါတောင် အခု လီနိုဗိုနဲ့ ပတ်သက်ပြီး နောက်ဆုံး ပြောစရာ တစ်ခု ရှိသေးတယ်..”

၎င်းတို့ (၂)ယောက်သည် ရင်းနှီးမြုပ်နှံမှုအတွက် ဆက်လက် ဆွေးနွေးခဲ့ကြပြီး ဒါရိုက်တာလီက လျိုချွမ်ကျစ်အား..

“ဒီကိစ္စ ဆွေးနွေးဖို့ အစည်းအဝေး တစ်ခု လုပ်မှရမယ်.. မင်းအရင် ပြန်လိုက်လေ..”

When Liu Chuanzhi leaves Director Li’s office, he knew that Director Li was persuaded…..

လျိုချွမ်ကျစ် ရုံးခန်းမှ ထွက်လာသည့်အခါ ဒါရိုက်တာလီကို သဘောကျနေပေတော့သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters