← Chapters

သူဌေး ငတုံး

Vol. 35 Ch. 522

သူဌေး ငတုံး

Vol. 35 Ch. 522

“ဒါရိုက်တာ.. ခင်ဗျား ဘာပြောလိုက်တာလဲ.. လျိုချွမ်ကျစ်က မန်နေဂျာ ဖုန်းကို ရှယ်ယာတွေ ထုတ်ရောင်းရင် ဈေးကွက်တန်ဘိုးရဲ့ (၃)ဆ ပေးဖို့ စည်းရုံးနိုင်မယ် ဟုတ်လား..”

ညွှန်ကြားရေးမှူး ကျောက် မေးလိုက်ခြင်းဖြစ်သည်။

“သူပြောသလို အောင်မြင်မယ်လို့ ကတိပေးထားတယ်..”

“ဘယ်လို အောင်မြင်မှာလဲ.. ရှယ်ယာဝယ်ဖို့ (၃)ဆတောင် ဘယ်လိုလူက သုံးမှာလဲ.. လျိုချွမ်ကျစ် ဖုန်းယွီကို ငတုံးလို့ ထင်နေလား.. ဖုန်းယွီ ချမ်းသာမှန်း သူသိပေမယ့် စီးပွားရေး သမားတိုင်း ထက်မြက်တယ်.. စီးပွားရေးသမား ငတုံး တစ်ယောက်မှ မတွေ့ဖူးသေးဘူး.. ဒီလောက် တုံးတဲ့ လူတစ်ယောက်က အောင်မြင်တဲ့ လုပ်ငန်းတွေ ဘယ်လိုလုပ် နိုင်မှာတဲ့လဲ..”

ဒါရိုက်တာလီ စိတ်မသက်မသာဖြင့်..

“လျိုချွမ်ကျစ်က ဖုန်းယွီကို တကယ်သဘောကျနေရင် ငါတို့ ဘာလုပ်သင်တယ်ဆိုတာ ဆွေးနွေးနေတာလေ.. ဖုန်းယွီရဲ့ ရင်းနှီးမြုပ်နှံမှုကို သဘောတူပြီး လျိုချွမ်ကျစ်နဲ့ သူ့လူတွေရဲ့ ရှယ်ယာတွေ ထိန်းသိမ်းနိုင်မှာ တဲ့လား..”

“လျိုချွမ်ကျစ်ကတော့ သူ့ရှယ်ယာတွေ လျော့မသွားချင်ဘူးဆိုတာ ငါပြောနိုင်တယ်.. တစ်ယောက်ယောက်က ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံပြီး အစုရှယ်ယာရှင် အားလုံးရဲ့ ကိုင်ထားတဲ့ အစုရှယ်ယာ ရာခိုင်နှုန်းတွေ သေချာပေါက် လျော့ချမှာပဲ.. အဲ့ရှယ်ယာတွေအတွက် ငွေချေခဲ့လို့လား.. သူတို့ရဲ့ အစုရှယ်ယာတွေကို ကုမ္ပဏီက ဆုကြေးအဖြစ်နဲ့ ပေးထားတာလေ.. အစုရှယ်ယာတွေ ဒီလောက်ရထားတာတောင် မကျေနပ်သေးဘူးလား.. ဒီကောင်တွေ ရှယ်ယာ ထပ်မတောင်းဘူးလား..”

လက်ထောက် ညွှန်ကြားရေးမှူး ကျောက် လှောင်လိုက်ခြင်း ဖြစ်သည်။

လက်ထောက်ညွှန်ကြားရေးမှူး ကျောက်သည် လျိုချွမ်ကျစ်နှင့် စတင်တည်ထောင်သူ ဝန်ထမ်းများကို ရှယ်ယာများ ပေးခြင်းအား ဆန့်ကျင်ခဲ့သူဖြစ်သည်။ စီမံကိန်းကို CAS မှ ထောက်ပံ့ပေးခဲ့ပြီး လျိုချွမ်ကျစ်နှင့် သူ့လူများသည် အိမ်၊ ကား၊ စရိတ်စက နှင့် လစာ၊ ခံစားခွင့်များကို မြင့်မားစွာ ယူခဲ့ကြသည်။ ဤခံစားခွင့်များသည် လက်ထောက် ညွှန်ကြားရေးမှူးနှင့် တန်းတူ ဖြစ်ပေသည်။ ၎င်းတို့ ဘာ ထပ်လိုချင်သနည်း။

ဤမျှ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သော ကုမ္ပဏီကို အစုရှယ်ယာမဖြစ် ပြန်လည် ဖွဲ့စည်းသင့်သည်။ ထိုအရာ အားလုံးသည် ပိုက်ဆံများပင် ဖြစ်သည်။ ဤကဲ့သို့ ကုမ္ပဏီကြီးတစ်ခုနှင့် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ၎င်းတို့သည် ယွမ် (၂)သိန်း အရင်းသာ ပြန်ပေး ပေသည်။ အမြတ်ငွေ (၁)ရာခိုင်နှုန်းလေးပင် CAS သို့ လွှဲပြောင်း ပေးခဲ့သနည်း။

ကုမ္ပဏီ ဘဏ်အကောင့်တွင် ငွေများ ရှိပေသည်။ အဘယ့်ကြောင့် ထိုငွေအားလုံး လွှဲပြောင်း မပေးသနည်း။ ယခင်က ခေါင်းဆောင်များသည် လီနိုဗိုမှ ပြန်လည်ပေးအပ်ရန် ကြိုးပမ်းခဲ့သော်လည်း လျိုချွမ်ကျစ်က ငြင်းပယ်ခဲ့သည်။ လျိုချွမ်ကျစ်သည် သူတို့အပေါ် လေးစားမှု မရှိခဲ့ချေ။

သူသည် ကုမ္ပဏီပိုင် ငွေကြေးများ သုံးဆွဲနိုင်ပြီး မိမိတို့မှ အဘယ့်ကြောင့် မသုံးနိုင်သနည်း။ လီနိုဗိုကို သူပိုင်ဆိုင်သည်ဟု အထင်ရောက်နေသည်လော။

“အဘိုးကြီး ကျောင်း၊ ဒါလေး စဉ်းစားကြည့်လေ.. တကယ်လို့ ငါတို့က ဖုန်းယွီကို ဈေးကွက်တန်ဘိုး (၃)ဆနဲ့ ရှယ်ယာတွေ ထုတ်ရောင်းမယ်ဆို.. ငါတို့ ကိုင်ထားတဲ့ ရှယ်ယာတွေ လျော့ချနိုင်လိမ့်မယ်.. ငါတို့ ထိန်းချုပ်ထားရင် လျိုချွမ်ကျစ်နဲ့ သူ့လူတွေ ငါတို့ဘက်မှာ ရှိနေဖို့လိုတယ်.. လျိုချွမ်ကျစ်နဲ့ သူ့ရှယ်ယာတွေ အချိုး ထိန်းသိမ်းထားရင်း ငါတို့လဲ လျိုချွမ်ကျစ်နဲ့ သူလူတွေကို ထိန်းထားနိုင်မှာပေါ့.. အဲ့ဒါ မကောင်းဘူးလား..”

“ကောင်းသားပဲ.. ကုမ္ပဏီမှာ သူတို့ရှယ်ယာတွေ ဆက်ထိန်းထားဖို့ ခွင့်ပြုထားရင် ငါတို့ရဲ့ အစုရှယ်ယာတွေ ပိုလျော့သွားမှာ.. သူတို့ရဲ့ ရာခိုင်နှုန်း လျောချထားလိုက်ရင် ငါတို့အပေါ် သက်ရောက်မှု လျော့သွားမှာဆိုတော့ ထိန်းထားနိုင်အုံးမှာပဲလေ..”

ကျန် အမတ်များလည်း ခေါင်းညိတ်ကြပေသည်။ လျိုချွမ်ကျစ်ကို ဂရုစိုက်ချင်သဖြင့် CAS ၏ အားနည်းချက်ကို သတိမထားမိကြချေ။

“လျိုချွမ်ကျစ်က ဖုန်းယွီကို အများကြီး ရင်းနှီးမြုပ်နှံရမယ်လို့ ကတိပေးထားပေမယ့် သူရထားတဲ့ အစုရှယ်ယာတွေလဲ ပမာဏ လျော့သွားလိမ့်မယ်.. ဖုန်းယွီက ကုမ္ပဏီကို အရေးကြီးတဲ့ နည်းပညာတစ်ခု ပေးမယ့် အပြင် မိုက္ခရိုဆော့ဖ် နဲ့ ပူးပေါင်းပေးလိမ့်မယ်.. ဒါဆို ငါတို့ရဲ့ နည်းပညာတွေ အများကြီး တိုးတက်သွားလိမ့်မယ်.. အရေးအကြီးဆုံးက လီနိုဗိုက လာမယ့်နှစ်မှာ အမြတ်ဝေစုတွေ ထုတ်ပေးလိမ့်မယ်.. ပြောချင်တာက လီနိုဗိုကနေ အကျိုးအမြတ် များများ ရလိမ့်မယ်.. မင်းအနေနဲ့ ဒါတွေ အားလုံး လုပ်နိုင်တဲ့သူ ဘယ်သူထင်လဲ..”

“ခနလေး ဒါရိုက်တာ.. ငွေအများကြီး ရင်းနှီးပေမယ့် ရှယ်ယာ နည်းသွားမှာလား.. ဖုန်းယွီက ချမ်းသာသလောက် တုံးမယ်လို့ မင်းထင်လား.. ဒါတော့ အဓိပ္ပါယ်မရှိဘူး.. လျိုချွမ်ကျစ် ငါတို့ဆီကနေ တစ်ခုခု ဖုံးကွယ်ထား သလားလို့..”

လက်ထောက်ကျောင်း အခိုင်အမာ ပြောနေပေသည်။

အမှန်တကယ် သံသယ ဖြစ်စရာပင်။ သို့ရာတွင် လျိုချွမ်ကျစ်က ဒါရိုက်တာလီအား အသေးစိတ် ရှင်းပြခြင်း မရှိချေ။ သူ့အနေဖြင့် ဖုန်းယွီကို စည်းရုံးနိုင်မည်ဟုသာ ဒါရိုက်တာလီ ယုံကြည်ထားခဲ့သည်။

“ဒီရင်းနှီးမြုပ်နှံမှုမှာ ငါးစာ ရှိမရှိ ငါ ဂရုမစိုက်ဘူး.. လျိုချွမ်ကျစ်သာ သူ့ကို စည်းရုံးနိုင်ရင် ဖုန်းယွီရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး မင်းဆုံးဖြတ်ချက် ငါသိချင်တယ်..”

လက်ထောက် ညွှန်ကြားရေးမှူး ကျောင်း ဘာမှ ထပ်မပြောချေ။ ကျန်အမတ်များလည်း သဘောတူကြပေသည်။ ဖုန်းယွီ၏ အခွင့်ကောင်းကို အသုံးချနေသောကြောင့် ၎င်းတို့ သဘောမတူစရာ မရှိချေ။ ဤကုမ္ပဏီကို ငွေရှာရန် တည်ထောင်ထားခြင်း ဖြစ်သည်။ ရန်ပုံငွေများ ရလေလေ သုတေသနနှင့် လေ့လာမှု ပိုမို လုပ်ဆောင်နိုင်လေလေ ဖြစ်သည်။ ထို့အပြင် အဆိုပါ အမတ်များသည် လျိုချွမ်ကျစ်၏ တည်ထောင်သူများနှင့် နီးစပ်ပြီး ၎င်းတို့သည် ဤကိစ္စအတွက် သီးသန့် စကား ပြောဆိုခဲ့ကြပေသည်။

လက်ထောက်ညွှန်ကြားရေးမှူး ကျန်း၏ မေးခွန်းအပေါ် ကျန်အမတ်များအနေဖြင့် အဖြေ သိရန် မလိုအပ်ကြချေ။ သူတို့အနေဖြင့် လျိုချွမ်ကျစ်ကို အချိန်မရွေး ခေါ်ယူ မေးမြန်းနိုင်ပေသည်။ ထို့အပြင် လျိုချွမ်ကျစ်၏ ဖခင်နှင့် ဒါရိုက်တာလီတို့သည် အတန်းဖော်များ ဖြစ်ကြောင်း အမတ်များ သိကြပြီး ဒါရိုက်တာလီသည် လျိုချွမ်ကျစ်ကို ထောက်ခံနေသည်မှာ ထင်ရှား ပေသည်။ အမတ်များကလည်း ခေါင်းဆောင်ကို မလွန်ဆန်ချင်ကြချေ။

လျိုချွမ်ကျစ် အောင်မြင်ပါက ဤသဘောတူညီချက်မှ ၎င်းတို့အားလုံး အကျိုးရှိမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ပိုင် ရှယ်ယာများ ရောင်ချခြင်းမှ သုတသန ရန်ပုံငွေတစ်ချို့ ပြန်လည်ရရှိပေလိမ့်မည်။ ၎င်းတို့အားလုံးသည် သုတေသန လုပ်ရန်အတွက် ရန်ပုံငွေ ချို့တဲ့နေကြပေသည်။

အမတ်များ အားလုံးသည် လက်ထောက်ညွှန်ကြားရေးမျူ ကျောင်းအနေဖြင့် ဒါရိုက်တာ ရာထူးကို ဒါရိုက်တာလီထံ ဆုံးရှုံးခဲ့ရသဖြင့် ဤကိစ္စကို ကန့်လန့်တိုက်နေခြင်းဖြစ်ကြောင်း သံသယ ရှိနေကြသည်။ နှစ်ယောက်စလုံး အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ပြီး တစ်ဘောက်ကိုတစ်ယောက် မတည့်နိုင်ကြချေ။

“အားလုံးပဲ.. အဲ့ဖုန်းယွီက လူကောင်း တစ်ယောက် ဖြစ်နိုင်တယ်လို့ မင်းတို့တွေ မထင်ဘူးလား.. ဒီလို ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေ ဘယ်လိုရနိုင်မှာလဲ.. ကောင်းပြီ.. လျိုချွမ်ကျစ် ဖုန်းယွီကို ဘယ်လိုစည်းရုံးခဲ့လဲဆိုတာ ငါတို့စောင့်ကြည့်ရသေးတာပေါ့.. ဟွင့်..”

……

“မန်နေဂျာဖုန်း.. ငါမိတ်ဆက်ပေး ပါရစေ.. ဒါ CAS ရဲ့ ဒါရိုက်တာ.. ဒါရိုက်တာ လီဖန့်ယွမ် ပေါ့.. ဒါရိုက်တာ လီ.. ဒါ ဖုန်းယွီတဲ့.. မန်နေဂျာ ဖုန်းပေါ့.. သူက လီနိုဗိုမှာ ရင်းနှီးမြုပ်နှံချင်တဲ့ စီးပွားရေးသမားပါ..”

လျိုချွမ်ကျစ်သည် စားသောက်ဆိုင် တစ်ခု၏ သီးသန့်ခန်းတွင် စုံတွေ့ပေးခဲ့ပေသည်။

“တွေ့ရတာ ဝမ်းသာပါတယ် ဒါရိုက်တာလီ.. ခင်ဗျားအကြောင်း ကျုပ် ကြားဖူးပါတယ်.. တရုတ်ပြည်မှာ အကျော်ကြားဆုံး သိပ္ပံပညာရှင်ပဲ..”

ဖုန်းယွီ အပြုံးဖြင့်ပင် လက်ဆန့်ပေးလိုက်သည်။

“ဟူး… ငါ အသက်ကြီးနေပါပြီကွာ.. အိုလာပြီဆိုတော့ အုပ်ချုပ်ရေး ကိစ္စတွေပဲ ကိုင်တွယ်နိုင်တော့တယ်.. အရည်အချင်းရှိတဲ့ သိပ္ပံပညာရှင်တွေ အများကြီး ရှိနေပါပြီလေ..”

ဒါရိုက်တာလီ နှိမ့်နှိမ့်ချချဖြင့် ပြောလိုက်သည်။

“ဘယ်လိုဖြစ်နိုင်မျာလဲ.. သိပ်မကြာခင်ကပဲ ခင်ဗျားဆောင်းပါးတစ်ပုဒ် ကျုပ်ဖတ်လိုက်ရသေးတယ်.. ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များရဲ့ ဆောင်ပါးတွေကိုပဲ အဲ့မဂ္ဂဇင်မှာ ထုတ်ဝေတာလေ..”

ထိုကိစ္စကို လျိုချွမ်ကျစ်ကပင် ဖုန်းယွီအား ပြောထားပေးခြင်း ဖြစ်သည်။

“ဟား ဟား ဟား.. မန်နေဂျာ ဖုန်း.. မင်းလဲ သိပ္ပံမဂ္ဂဇင်းတွေ ဖတ်ရတာ ကြိုက်တယ်လား.. အဲ့ဆောင်းပါးကို ငါနဲ့ တခြား ပါမောက္ခတစ်ချို့ ရေးထားတာ.. ငါအားလုံး မရေးနိုင်ပါဘူးကွာ..”

ဒါရိုက်တာလီ ထိုကဲ့သို့ ပြောနေသော်လည်း ဂုဏ်ယူစွာ ပြုံးနေဆဲပင်။ မန်နေဂျာဖုန်းသည် မည်သို့သောလူ ဖြစ်မည်နည်း။ ဤအချက်ကို ထောက်ဆကြည့်ပါက လူကောင်းတစ်ယောက်ဟု ပြော၍ ရပေသည်။

“ငယ်ငယ်တုန်းကတော့ သိပ္ပံပညာရှင် ဖြစ်ဖို့ အိပ်မက် မက်ခဲ့တာပဲ.. ဒါပေမယ့် ကျွန်တော့မှာ အရည်အချင်းမရှိလို့ ပေါ့ဗျာ.. သိပ္ပံပညာရှင်တွေအကုန်လုံး ဉာဏ်ရည်ထက်မြက်ပြီး ထူးချွန်ကြတယ်လို့ ကြားဖူးတယ်.. ကံဆိုးတာက ကျုပ်အဲ့လောက် ဉာဏ်မကောင်းဘူး.. ဒါကြောင့် စီးပွားရေး လုပ်ရတာပဲ ကြိုက်တော့တယ်.. ဉာဏ်ကြီးရှင်တွေ တီထွင်ထားတဲ့ ထုတ်ကုန်တွေက ညံ့ဖျင်းနိုင်ပါ့မလား..”

ဖုန်းယွီ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်း ဖြစ်သည်။

ဒါရိုက်လီ ဖုန်းယွီအား ကြည့်လိုက်မိသည်။ ထိုလူငယ်သည် ထိုကဲ့သို့သော ထုတ်ကုန်များအား နှစ်သက်သောကြောင့် လီနိုဗိုတွင် ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိနေပေသည်။ လျိုချွမ်ကျစ်၏ ပြောစကားအရ ဖုန်းယွီ၏ စီးပွားရေး လုပ်ငန်းအားလုံးတွင် အဆင့်မြင့်နည်းပညာ များစွာ ပါဝင်နေပုံရပေသည်။ သို့ရာတွင် ထိုကြောင်းပြချက်သည် အနည်းငယ် ရယ်စရာ ကောင်းနေပုံပင်။

“ငါကတော့ ဉာဏ်ကြီးရှင်လို့ မယူဆပါဘူး.. မင်း ငါ့ကို တော်တော် စကားပြောတတ်တာပဲ.. မင်းတို့နှစ်ယောက် တစ်ကြိမ်ထက်မက တွေ့ပြီး ကနဦး သဘောတူထားတယ်လို့ လျိုချွမ်ကျစ် ပြောမိုလား..”

ဒါရိုက်တာလီ မေးမြန်းလိုက်သည်။ သဘောတူထားသည့် အခြေအနေများသည် CAS အတွက် အကျိုးရှိသည်ဟု ခံစားမိနေသည်။ လျိုချွမ်ကျစ်သည် ရှယ်ယာများ ရယူပြီး စည်းကမ်းများ ထုတ်လိုခြင်း ဖြစ်နိုင်သည်လော။

“ဟုတ်ပါတယ်.. ကျုပ် ဥက္ကဋ္ဌလျိုနဲ့ အကြိမ်ကြိမ် စကားပြောပြီး ဒီသဘောတူချက်နဲ့ ကနဦးသဘောတူညီချက် လုပ်ထားပါတယ်.. စီမံခန့်ခွဲရေး ဝန်ထမ်းတွေနဲ့ အဓိက အင်ဂျင်နီယာတွေရဲ့ ရှယ်ယာ ပိုင်ဆိုင်မှုရာခိုင်နှုန်း လျော့မချသင့်ဘူးလို့ သဘောတူထားပါတယ်.. ယွမ် သန်း(၃၀၀)နဲ့ စီဒီဖတ်စက် နည်းပညာကို သုံးပြီး ရင်းနှီးမြုပ်နှံ မှာပါ.. လီနိုဗိုနဲ့ မိုက္ခရိုဆော့ဖ် အကြား ပူးပေါင်းဖို့လဲ လုပ်ပေးမှာပါ.. ဒီသဘောတူချက် ပြီးရင် ကျုပ်က လီနိုဗိုရဲ့ (၄၉)ရာခိုင်နှုန်း ရှယ်ယာ ပိုင်ဆိုင်မှာဖြစ်ပြီး CAS ရဲ့ ရှယ်ယာက (၃၇)ရာခိုင်နှုန်း လျော့သွားမှာမို့ ယွန်သန်း(၁၂၀) ငွေသား ရမှာ ဖြစ်ပါတယ်.. ဝန်ထမ်းတွေရဲ့ အစုရှယ်ယာ (၆)ရာခိုင်နှုန်းအထိ တိုးလာမှာပါ.. ဥက္ကဌလျို ကျုပ်ပြောတာ ဟုတ်တယ်မို့လား..”

လျိုချွမ်ကျစ် ခပ်မြန်မြန်ပင်..

“ဟုတ်တယ်..ဟုတ်တယ်.. ဟုတ်တယ်.. ကျုပ်တို့ ကြိုပြီး သဘောတူထားပါတယ်…”

ဒါရိုက်တာလီ သက်သာရာ ရသွားသည်။ CAS မှ မည်သူမဆို ဤအခြေအနေကို သဘောမတူပါက လူမိုက် ဖြစ်ပေတော့မည်။ သူသည် ဖုန်းယွီအား ကြည့်၍ ငွေများကို အတိုးနှင့် သုံးနေသည်လားတွေးမိတော့သည်။ ထိုမန်နေဂျာ ဖုန်းသည် မိုက်မဲသော သူဌေးတစ်ယောက်၏ ဂန္တဝင် စံနမူနာပြ ဖြစ်ပေတော့သည်။

ဘာသာပြန်သူ မှတ်ချက်။ ရှယ်ယာတွက်ချက်မှုတါင် (၁၀၀)ရာခိုင်နှုန်း မပြည့်မှီချေ။

ဖုန်းယွီ-- (၄၉)ရာခိုင်နှုန်း

လုပ်သားများ -- (၆)ရာခိုင်နှုန်း

CAS – (၃၇)ရာခိုင်နှုန်း

စုစုပေါင်း(၉၂)ရာခိုင်နှုန်း။

စီးပွားရေးသဘောအရ တွက်ချက် ချန်လှပ်ထားခြင်း ဖြစ်နိုင်ပေသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters