လီနိုဗိုတွင် အောင်မြင်စွာ ရင်းနှီးမြုပ်နှံနိုင်ခြင်း
Vol. 35 Ch. 524
ယနေ့ ပေကျင်းလီနိုဗိုတွင် အလွန် စည်ကားနေပေသည်။ ကားအမြောက်အများပင် ဝင်ပေါက် အပြင်ဘက်၌ ရပ်ထားပေသည်။ အပြင်တွင် ထိုင်စောင့်နေသည့် ဟောင်ကောင်မှ သတင်းထောက်များပင် ရှိနေသေးသည်။
လီနိုဗိုတွင် ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းရှင်တစ်ဦးမှ စာရင်းသွင်းရန် စီစဉ်နေကြောင်း လီနိုဗိုက ကြေငြာခဲ့သည်။ သို့ရာတွင် သတ်မှတ်ရက် မပါရှိချေ။
လီနိုဗိုသည် ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အကြီးဆုံး နည်းပညာ ကုမ္ပဏီဖြစ်သည်။ ၎င်းတွင် အထူးခြားဆုံးနှင့် ရံပုံငွေ အများဆုံးရှိသည်။ ထိုသို့ အောင်မြင်သည့် ကုမ္ပဏီသည် အဘယ့်ကြောင့် အခြားသူအား ရင်းနှီးမြုပ်နှံခွင့် ပေးခဲ့သနည်း။ လီနိုဗိုတွင် ရင်းနှီးမြုပ်နှံထားသည့် အသစ်တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း ကြားသိထားကြသည်။ ဤသည်မှာ လေနှင့်မိုး ပုဂ္ဂလိကကုမ္ပဏီ ဖြစ်ပေသည်။
ထို လေနှင့်မိုး သည် ထိုင်ဟွာ ကုန်သွယ်ရေး၊ လေနှင့်မိုး လျှပ်စစ်၊ လေနှင့်မိုး အိမ်သုံးပစ္စည်းများ ပိုင်ဆိုင်ထားသည့် လေနှင့်မိုး နှင့် သက်ဆိုင်သည်လော လူအများ တွေးနေကြသည်။
သို့ရာတွင် သတင်းအချက်အလက် နည်းလွန်းလှသည်။ ထိုအကြောင်း သတင်းထောက်များ သိရှိရန် မဖြစ်နိုင်ချေ။ လေနှင့်မိုး အကြောင်း ပထမဆုံး ကြားသိခဲ့ရမည် မည်သူ တာဝန်ခံမှန်းပင် မသိကြချေ။
ဤ လီနိုဗို ကုမ္ပဏီကို တရုတ်အစိုးရမှ ပံ့ပိုးထားခြင်း မဟုတ်ပေလော။ ဤကုမ္ပဏီသည် တရုတ်အစိုးရထံမှ အထူးအခွင့်အရေးများ ခံစားနေရသည်။ သူတို့ရှယ်ယာများကို လေနှင့်မိုးသို့ အဘယ့်ကြောင့် ရောင်းချခဲ့သနည်း။ ဤလေနှင့်မိုး ကုမ္ပဏီသည် အစိုးရပိုင် ဖြစ်နေသည်လော။
……
အစည်းအဝေးခန်းအတွင်း၌ ဖုန်းယွီနှင့် ဒါရိုက်လာ လီတို့သည် စာချုပ်(၂)ခု လက်မှတ်ရေးထိုးခဲ့ကြသည်။ တစ်ခုသည် လီနိုဗိုတွင် ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှု အတွက်ဖြစ်ပြီး နောက်တစ်ခုမှာ CAS ၏ လီနိုဗိုရှယ်ယာများကို ဖုန်းယွီဝယ်ယူမှုအတွက် ဖြစ်သည်။
စာချုပ် (၂)ခုအကြား များစွာ ကွာခြားချက် ရှိပေသည်။ သို့ရာတွင် CAS သည် စာချုပ်နှစ်ခုစလုံးမှ အကျိုးအမြတ် များစွာ ရရှိခဲ့ပေသည်။
CAS ခေါင်းဆောင်များ အားလုံးနှင့် တွေ့ဆုံးစဉ် ဒါရိုက်တာလီသည် CAS မှ ဖုန်းယွီ၏ တောင်းဆိုချက်ကို လက်ခံပြီး ရင်းနှီးမြုပ်နှံမှုကို သဘောတူကြောင်း ကြေညာခဲ့သည်။ CAS သည် ၎င်းတို့၏ ရှယ်ယာအချို့ကို ဖုန်းယွီသို့ ရောင်းချမည် ဖြစ်သည်။ လက်ထောက် ညွှန်ကြားရေးမှူးကျောင်း ချက်ချင်းပင် သဘောမတူကြောင်း ထုတ်ဖော်ခဲ့သည်။
သို့ရာတွင် ဆန့်ကျင်သူသည် လက်ထောက်ညွှန်ကြားရေးမှူး ကျောင်း (၁)ဦးတည်းသာ ဖြစ်ပြီး ဤသည်မှာ သံသယ ဖြစ်ဖွယ်ပင်။ ပုဂ္ဂလိက ကုမ္ပဏီများ၏ စီးပွားရေး လုပ်ငန်းများသည် တရုတ်နိုင်ငံ၏ နည်းပညာ လုပ်ငန်းကို ပံ့ပိုးရန် ငွေကြေးများ သုံးစွဲခဲ့ကြချိန်မှ စ၍ ကောင်းလှပေသည်။
ဒါရိုက်တာလီက ဖုန်းနေဂျာဖုန်းသည် ပင်းမြို့တော် ဆေးဝါးစီမံကိန်း၏ အကြီးဆုံး ရှယ်ယာရှင် ဖြစ်ပြီး ခေါင်းဆောင်ကြီး၊ သံလက်သီးကျူး တို့နှင့်ပင် တွေ့ဆုံခဲ့ကြောင်း အသာပင် ဖြေကြားခဲ့သည်။ ဖုန်းယွီသည် မြင့်မြတ်သူ မဟုတ်ပါက တရုတ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင် (၂)ယောက် အဘယ့်ကြောင့် တွေ့ဆုံရမည်နည်း။
လက်ထောက် ကျောင်းသည် ဒါရိုက်တာလီကို ပြန်မငြင်းနိုင်တော့ချေ။ ဖုန်းယွီသည် ရင်းနှီးမြုပ်နှံမှုမှတဆင့် CAS သို့ အမှန်တကယ် လှူဒါန်းနေကြောင်း ကောလဟလများ ရှိနေပေသည်။ ဤသည်ကို အလှူတစ်ခုဟု မယုံကြည် ပါက ပေကျင်း တက္ကသိုလ်မှ ပါမောက္ခများကို မေးမြန်းနိုင်သေးသည်။ ဖုန်းယွီသည် တက္ကသိုလ်မှ ပါမောက္ခများ၏ သုတေသနများအတွက် ငွေကြေးထောက်ပံ့ပေးခဲ့သည်။ ပေကျင်း တက္ကသိုလ်၏ ပါမောက္ခအချို့သည်လည်း CAS တွင် ရာထူးတာဝန် ထမ်းဆောင် နေကြပေသည်။
CAS ခေါင်းဆောင်များ အနေဖြင့် ထိုကဲ့သို့သော အကျိုးအမြတ်များပါသည့် စာချုပ်ကို သဘောမတူပါက မိုက်မဲရာ ကျပေလိမ့်မည်။ ၎င်းတို့အနေဖြင့် လျိုချွမ်ကျစ်၏ ကြိုးစား အားထုတ်မျုကို အလဟသ ဖြုန်းတီးမိပေလိမ့်မည်။ အထက် အကြီးအကဲများထံ မည်သို့ တင်ပြမည်နည်း။
CAS သည် ငွေရှာရန် အခွင့်အလမ်း ရှိပေသည်။ အကယ်၍ ဤသဘောတူညီချက်ကို ပယ်ချလိုက်ပါက အထက်အကြီးအကဲများထံမှ မည်ကဲ့သို့ ရန်ပုံငွေတောင်းခံနိုင်မည်နည်း။ အထက်အရာရှိများသည် ၎င်းတို့၏ တောင်းဆိုချက်များကို သဘောတူညီမည် မဟုတ်ချေ။
ရင်းနှီးမြုပ်နှံမှု တစ်ခု ရှိနေကြောင်းနှင့် CAS သည် ယွမ်သန်း(၁၀၀) ရရှိမည် ဖြစ်ကြောင်း အထက်အရာရှိများ ကြားသိသောအခါ ဝမ်းသာနေကြပေသည်။ အချို့ အစည်းအဝေးများတွင် အထက်အရာရှိများက CAS ခေါင်းဆောင် များကို ချီးကျူးနေကြပေသည်။ အဆိုပါ စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ အဆင့်မြင့် အရာရှိ အချို့ပင် တက်ရောက်ခဲ့ကြပေသည်။
CAS ခေါင်းဆောင်များကို အံ့ဩသင့်ဆုံး ဖြစ်စေသည်မှာ သံလက်သီးကျူး ရုံးခန်းမှ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်သည်။ သံလက်သီးကျူးသည် ဤရင်းနှီးမြုပ်နှံမှုအကြောင်း ပိုမို သိရှိရန် သူ့လူကို စေလွှတ်လိုက်ခြင်းလော။ သို့တည်းမဟုတ် အချိန်ကြာမြင့်စွာကပင် လီနိုဗိုတွင် ရင်းနှီးမြုပ်နှံမည့် ဖုန်းယွီ၏ အစီအစဉ်ကို သိရှိထားသည်လော။
ထို အချက်(၂)ချက်မှာ လွန်စွာ ခြားနားလွန်းလှပေသည်။
မည်သို့ပင်ဖြစ်စေ သံလက်သီးကျူးက ဤလက်မှတ်ရေးထိုးပွဲသို့ သူ့လူကို စေလွှတ် တက်ရောက် စေခြင်းဖြင့် ရင်းနှီးမှုကို ထောက်ခံကြောင်း ပြသခဲ့သည်။
သံလက်သီးကျူး၏ ထောက်ခံမှုနှင့် ဒါရိုက်တာလီ ယုံကြည်ချက် ပိုရှိလာသည်။ လီနိုဗိုသည် အခြားကုမ္ပဏီများကို ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံခွင့် မပြုသင့်ဟု မည်သူမျှ မပြောဝံ့တော့ချေ။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကို အစုရှယ်ယာ အဖြစ် ပြန်လည် ဖွဲ့စည်းခြင်းသည် သံလက်သီးကျူး ၏ မူဝါဒလည်း ဖြစ်ပေသည်။
ဤသဘောတူညီချက်၏ အငြင်းပွားဖွယ် တစ်ခုမှာ လျိုချွမ်ကျစ်နှင့် အခြားဝန်ထမ်းများ ပိုင်ဆိုင်သည့် ရှယ်ယာ ရာခိုင်နှုန်းများ အပြောင်းအလဲ မရှိခဲ့ချေ။ ရင်းနှီးမြုပ်နှံထားသည့် ပမာဏသည် လီနိုဗို၏ စုစုပေါင်း တန်ဘိုးထက်ပင် ပိုများနေပြီး လျိုချွမ်ကျစ်နှင့် အခြားဝန်ထမ်းများ ပိုင်ဆိုင်သော ရှယ်ယာများကို သိသိသာသာ လျော့ချသင့်ပေသည်။ သို့ရာတွင် စီမံခန့်ခွဲမှု ဝန်ထမ်းများ မိမိရှယ်ယာများအတိုင်း ကိုင်ဆောင် ထားဆဲ ဖြစ်ပေသည်။
ထို့ကြောင့် လျှိုချွမ်ကျစ်နှင့် အခြား စီမံခန့်ခွဲရေး ဝန်ထမ်းများသည် ဤအကျိုးခံစားခွင့်ကို ခံစားခွင့် မသင့်ကြောင်း လက်ထောက်ကျောင်းမှ ပြောခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရှယ်ယာအချို့ကို CAS သို့လွှဲပြောင်း ပေးသင့်ပေသည်။ သို့တည်းမဟုတ် ၎င်းတို့၏ ရှယ်ယာများကို အခြားဝန်ထမ်းများထံ ဖြန့်ဝေသင့်သည်။ လျိုချွမ်ကျစ်နှင့် ကျန်သူများ ရှယ်ယာများစွာကို ကိုင်မထားသင့်ချေ။
လီနိုဗိုသည် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း မဟုတ်သော်လည်း ကနဦးစီမံ ခန့်ခွဲမှုပုံစံသည် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းနှင့် အတူတူပင်။ လက်ထောက်ကျောင်း၏ လုပ်ဆောင်ပုံမှာ မည်သည့်အခါတွင်မှ မပြောင်းလဲဘဲ ယခင်အတိုင်းပင်။ လျိုချွမ်ကျစ်နှင့် စီမံခန့်ခွဲမှု ဝန်ထမ်းများအတွက် အကျိုးခံစားခွင့် အချို့ရရှိလျှင် လုံလောက်ပေပြီ။ အဘယ့်ကြောင့် ရှယ်ယာ များစွာ ရသင့်သနည်း။ ဤအစုရှယ်ယာများအားလုံးသည် အစိုးရပိုင်ဖြစ်ပြီး ၎င်းတို့ကို ပိုင်ဆိုင်မှု အလွဲသုံးစား လုပ်နေကြခြင်းပင်။
လီနိုဗိုသည် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်ခဲ့သော်လည်း ကျိုးကြောင်း မဆီလျော်ခဲ့ချေ။ လျိုချွမ်ကျစ်နှင့် ကျန်သူများ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ ရှယ်ယာများကို အဘယ့်ကြောင့် ဤမျှ များနေသနည်း။ ကုမ္ပဏီမှ ၎င်းတို့ကို အိမ်တစ်လုံး ကားတစ်စီး ပေးထားပြီးသားပင်။ မည်မျှ ထပ်မံလိုချင်နေသနည်း။ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို အလွဲသုံးစား မလုပ်သင့်ချေ။ ကုမ္ပဏီမှ များစွာ မယူသင့်ချေ။
သို့ရာတွင် CAS မှ အခြားခေါင်းဆောင်များသည် ထိုလူများသည် ကုမ္ပဏီကို များစွာ ပံ့ပိုးပေးခဲ့သဖြင့် ဆုချသင့်ကြောင်း တရုတ်အစိုးရမှ ပြောခဲ့ဖူးသည်။ ထိုလူများသည် CAS ကို ဤသဘောတူညီချက်မှ အကျိုးများအောင် ကူညီခဲ့ကြပေသည်။ ဤသည်မှာ အခြားလူများ လုပ်နိုင်သည့်အရာ မဟုတ်ချေ။ CAS သည် ဤသဘောတူညီချက်မှ အမြတ်နှင့် နှိုင်းယှဉ်ပါက သူတို့ ရှယ်ယာမှာ များသည်ဟု မပြောနိုင်ချေ။
အကယ်၍ လက်ရှိအခြေအနေ ကြောင့်သာ မဟုတ်ပါက လျိုချွမ်ကျစ်နှင့် ကျန်လူများသည် ဤသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ခက်ခဲမည်လော။ အကယ်၍ ၎င်းတို့ ရှယ်ယာများ လျော့သွားပါက ဖုန်းယွီ၏ ရှယ်ယာသည် (၅၁)ရာခိုင်နှုန်း ထက်ပိုပေလိမ့်အုံးမည်။
နောက်ဆုံးတွင် စာချုပ် ချုပ်ဆိုပြီး ဖြစ်၍ ပြောင်းလဲ၍ မရတော့ချေ။ စာချုပ်ကို လက်မှတ် ရေးထိုးပြီးနောက် ဖုန်းယွီသည် CAS ၏ ဘဏ်အကောင့်သို့ ငွေလွှဲခိုင်းရန် လေနှင့်မိုးသို့ ချက်ချင်း ဖုန်းခေါ်ခဲ့သည်။ ဖုန်းယွီသည် ဤသဘောတူညီချက်ကို တတ်နိုင်သမျှ အမြန်ဆုံး အသက်ဝင်စေလိုပြီး CAS ၎င်းတို့၏ သဘောထားများ ပြန်မပြောင်း စေချင်ပေ။
အခြားသော အသေးစိတ် အချက်အလက်များအတွက် ဖုန်းယွီသည် ဆက်လက် လုပ်ဆောင်ရန် မလိုအပ်တော့ချေ။ လေနှင့်မိုးမှ တစ်ယောက်ယောက်သည် အသေးစိတ်အချက်အလက်များကို ဖြေရှင်းသွားပေလိမ့်မည်။ လေနှင့်မိုးမှ သူ့ဝန်ထမ်းများသည် ဟောင်ကောင်မှ ငှားရမ်းထားသော အရည်အချင်းရှိသည့် အုပ်စုဖြစ်သည်။ ထိုလူများသည် အနာဂတ်တွင် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်များ မဟုတ်သော်လည်း တွေ့ဆုံမေးမြန်းမှုများ ပြီးသည်နှင့် ထိုလူများသည် ပေးအပ်သော တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်သူများဟု ဖုန်းယွီ ခံစားမိပေသည်။
လာမည့်နှစ်များတွင် ဖုန်းယွီသည် သူ၏ ကုမ္ပဏီရှယ်ယာများ အားလုံးကို ဤ လေနှင့်မိုးသို့ လွှဲပြောင်းရန် စီစဉ်ထားသည်။ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း မဟုတ်သေးဘဲ ၎င်း၏ ပိုင်ဆိုင်မှုများ လွှဲပြောင်းပေးရန် မလွယ်ကူသေးချေ။ ဟောင်ကောင် ပြန်ရောက်မှသာ လုပ်ဆောင် နိုင်ပေလိမ့်မည်။
မစ္စတာလူသည် ဟောင်ကောင်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ကြောင်း အခြားပါတီမှ လက်ခံခွင့်ပြုရန် စီမံကိန်း ကော်မတီတွင် ၎င်း၏ အချိတ်အဆက်များ သုံးခဲ့ရပြီး ဖုန်းယွီသည် အဆိုပါ ပိုင်ဆိုင်မှုများကို တရုတ်နိုင်ငံမှ လွှဲပြောင်း ပေးမည်မဟုတ်ချေ။ သံလက်သီးကျူး၏ ရုံးမှ ဤသည်တို့ကို သံလက်သီးကျူးထံ သတင်းပို့ခဲ့ပေသည်.
သံလက်သီး ကျူးက သူ့လူများကို ဖုန်းယွီထံ အကြောင်းကြားခိုင်းသည်။ လီနိုဗိုသည် ပြည်ပ နည်းပညာ ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန် တရုတ်အစိုးရမှ ပံ့ပိုးပေးထားသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။ ဤသည်ကို ဖုန်းယွီ သတိရစေချင်သည်။ လီနိုဗိုသည် တရုတ်နိုင်ငံ၏ မျှော်လင့်ချက် ဖြစ်ပေသည်။
ဖုန်းယွီ သံလက်သီးကျူးကို အမှန်တကယ် ပြောချင်သည်မှာ လီနိုဗိုသည် သူ၏ အကြံပြုချက်မျာကို လိုက်နာပါက အနာဂတ်တွင် ပိုမိုအောင်မြင်လာပေလိမ့်မည်။ သို့ရာတွင် ဖုန်းယွီ ထုတ်မပြောခဲ့ချေ။ သူသည် လီနိုဗိုကို ပိုမို အောင်မြင်အောင် လုပ်နိုင်ပုံနှင့် ပြဿနာ များစွာ အတွက် ဖြေရှင်းချက် များစွာလုပ်ရပေလိမ့်မည်။
ဖုန်းယွီ ငြိမ်၍သာ နေလိုက်သည်။ ရလဒ်က အဖြေပေးသွားပေလိမ့်မည်။
ဖုန်းယွီသည် ဒါရိုက်တာလီ၊ လျိုချွမ်ကျစ်နှင့် ကျန်သူများအား သတင်းထောက်များ တွေ့ဆုံမေးမြန်းနေသည်ကို ကြည့်၍ တိတ်တဆိတ် ထွက်သွားလိုက်သည်။
-------*****--------
ဘာသာပြန်သူ . (NTP)