← Chapters

၁၀၀၀၁ ယောက်မြောက် စစ်ဝိညာဉ်

Vol. 83 Ch. 1154

၁၀၀၀၁ ယောက်မြောက် စစ်ဝိညာဉ်

Vol. 83 Ch. 1154

ရှုယုက နောက်ဆုံး ထွက်သက်ကို ညင်သာစွာပင် ရှိုက်ထုတ်လိုက်၏။ လောကရှန့်ထို တစ်ပါး၏ ကျရှုံးမှုကို မြင်ရသည်မှာ ဝမ်းနည်း ကြေကွဲဖွယ်ရာ ကောင်းပေသည်။ တပ်မဟာကြီး တစ်ခုလုံးမှာ သူတို့၏ လေစားမှုကို ပြသသည့် အနေဖြင့် တိတ်ဆိတ် နေကြ၏။

ရှုယုမှာ ယုတ်မာသည့် လူတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ရန်ငြိုးကြီးသည့် မိစ္ဆာ တစ်ကောင်လည်း ဖြစ်ချင် ဖြစ်နိုင်သည်။ သူ့ဘဝ တစ်လျှောက် မရေမတွက်နိုင်သည့် မကောင်းမှုများကို ကျူးလွန်ကောင်း ကျူးလွန် ခဲ့နိုင်ပေသည်။

သို့သော်လည်း... ကြီးကျယ် ခမ်းနားလှသည့် ကျင့်ကြံခြင်း အခြေခံမှာ သူ၏ ကြိုးစားမှု၊ ကျင့်ကြံခြင်း အပေါ် စိတ်အား ထက်သန်မှုနှင့် ပြတ်သားသော ခရီးလမ်းတို့ကို ရှင်းလင်းစွာပင် ဖော်ပြနေပေသည်။ ထိုကဲ့သို့သော ကျင့်ကြံသူများမှာ လေးစားခံထိုက်ပေသည်။

ဝေ့ဝူယင်၏ ဆေဘာ ဓားသွားက အနည်းငယ် တုန်ခါသွားကာ ရှုယု၏ လျှို့ဝှက် ဝိညာဉ် အကြွင်းအကျန်များကို နိဂုံးချုပ်၍ ခန္ဓာကိုယ် အတွင်း ကျန်ရှိနေသေးသည့် အသက် လက္ခဏာများကို ချေမှုန်း ပစ်လိုက်သည်။

“...”

လောကရှန့်ထို တစ်ပါး၏ ရုပ်အလောင်းကို ဝေ့ဝူယင် အတည်ငြိမ်ဆုံးသော မျက်လုံးများဖြင့် တိတ်တဆိတ် စောင့်ကြည့် နေခဲ့သည်။

မိနစ် အနည်းငယ် ကြာပြီးနောက်တွင်မှ သူက ဒြပ်စင်ကို ဆွဲထုတ်လိုက်၏။ သူ၏ လှုပ်ရှားမှုတိုင်း၌ သတိလက်လွတ် အပြုအမူ တစ်ချက်မှ မပါဝင်ပါချေ။ ရှုယု၏ လျှို့ဝှက် ဝိညာဉ်မှာ မရေမတွက်နိုင်သည့် အလင်းစက်များ အနေဖြင့် သူ့ ခန္ဓာကိုယ် အတွင်း ထွန်းလင်း နေကြသည်။ ရှုယု၏ ဝိညာဉ်မှာ သဘာဝ တရားကြီး၏ လှည့်ပတ်မှု အတိုင်း သံသရာ စက်ဝိုင်း အတွင်း ပြန်လည် ဝင်ရောက်တော့မည် ဖြစ်သည်။ ကောင်းကင်မှာ သူတို့ လိုအပ်သည့် အရာကို ယူပေတော့မည်။

ဝေ့ဝူယင် ဆက်စပ်မှု စစ်အလံကို ထုတ်ယူလိုက်၏။ ထို့နောက် သူက ၎င်းကို ရှုယု၏ အလောင်းရှေ့တွင် နေရာ ချထားလိုက်သည်။ စစ်ပွဲ၏ ပြင်းထန်သော အသံများမှာ အလံထဲမှ ထွက်ပေါ်လာကာ သွေးရနံ့မှာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်း သွား၏။

“မင်းသတ်တာကို မင်းရမယ်...”

ထိုအရာမှာ စစ်တာအို၏အခြေခံ စည်းမျဉ်း ဖြစ်သည်။ သို့သော်လည်း စစ်တာအိုတွင် ကန့်သတ်ချက် များစွာ ရှိနေပေသေးသည်။

ဝေ့ဝူယင်မှာ ရှုယုကို နောက်ဆုံး အချိန်အခါတွင်မှ အဆင်သင့် ဝင်ရောက် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ချေ။ အစောပိုင်း သူ၏ လုပ်ရပ်များနှင့် အကြံအစည်များမှာ ရှုယု၏ သေဆုံးခြင်းတွင် အများဆုံး အထောက်အကူ ဖြစ်ခဲ့သည်။

ဆပ်စပ်မှု စစ်အလံ၏ စည်းမျဉ်း အရ ကျင့်ကြံသူသည် ကိုယ်တိုင် ပါဝင်ခြင်း မပြုပဲ စစ်တပ်တစ်ခုကို အသုံးပြု၍ အခြားလူများ၏ ကံကြမ္မာကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ပါက၊ သို့မဟုတ်... နောက်ဆုံး သတ်ဖြတ်မှုကိုသာ တောင်းဆိုခြင်း ပြုခဲ့ပါက စစ်တာအိုမှာ ၎င်းကို ငြင်းပယ်ရုံမျှသာ မကပဲ အပြစ်ပေးဖို့ပင် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။ ထိုလုပ်ရပ် အပေါ် ကောင်းကင် တာအိုကလည်း ဝင်ရောက် စွက်ဖက်လိမ့်မည် မဟုတ်ချေ။ ၎င်းကို “စံထားခြင်း ဥပဒေသ” ဟု ခေါ်ကာ စစ်တာအိုမှာ ၎င်း၏ အာဏာကို စော်ကားရန် ကြိုးပမ်းလာသူ မှန်သမျှကို ကျိန်ဆဲ လိမ့်မည် ဖြစ်သည်။

ပြစ်ဒဏ်က အခြေအနေကို လိုက်၍ ပြင်းထန်နိုင်ကာ တစ်ခါတစ်ရံ နာကျင် ထိတ်လန့်ဖွယ် သေခြင်းတရားကိုပင် ဦးတည် သွားစေလိမ့်မည် ဖြစ်သည်။

ဆက်စပ်မှု စစ်အလံသည် စစ်ပွဲ အတွက် အလွန် အဖိုး ထိုက်တန်သည့် လက်နက် တစ်ခု ဖြစ်ကာ စစ်တာအို အမှတ်အသား ပြုထားသည့် မိုးကောင်းကင် အောက်ရှိ “စံထားခြင်း ဥပဒေသ” စွမ်းအားကိုပါ သုံးနိုင်သည့် စစ်ဥပဒေသ တစ်ခု ဖြစ်သည်။

ဝေ့ဝူယင် ထိုအချက်အလက်များကို ကောင်းကင် စစ်ဝိညာဉ်ထံမှ သင်ယူထားခဲ့ခြင်း မဟုတ်ပါချေ။ မှတ်ဉာဏ်များမှ တစ်ဆင့် သူ ကိုယ်တိုင် သိရှိခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်မှု စစ်အလံမှာ သူ သိရှိထားခဲ့သည်ထက် အဆပေါင်းများစွာ အဖိုး ထိုက်တန်လှ၏။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ပင်လျှင် ၎င်းနှင့် ယှဉ်ပါက နိမ့်ပါးလိမ့်မည် ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်က အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အစွမ်း သတ္တိမှာ ကြီးစွာသော အားထုတ်မှုတို့နှင့် မွမ်းမံခြင်းတို့ မပြုလုပ်ပါက ကောင်းကင် ရတနာ အဆင့်မှာ တည်မြဲ နေလိမ့်မည် ဖြစ်ပြီး ဆက်စပ်မှု စစ်အလံ၏ အနာဂတ် အလားအလာကတော့ ပိုင်ဆိုင်သူပေါ် မူတည်၍ အလွန်ပင် မြင့်မားပေသည်။

ဟူး... ဟူး...

ဆက်စပ်မှု စစ်အလံမှာ ရှုယု၏ လျှို့ဝှက် ဝိညာဉ် အလင်းမှုန်များကို ဆက်စပ်မှု စစ်အလံ အတွင်း စုပ်ယူလိုက်၏။ ထို့နောက်တွင်တော့ သူ၏ အရေပြားက ရေစက်ရေပေါက်များ ကဲ့သို့ အရည်အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထို့နောက် သူ၏ ကြွက်သားများ... သူ၏ အတွင်း ကလီစာများ... ထို့နောက် သူ့ အရိုးများ... နောက်ဆုံး ဘာမှ ကျန်တော့...။

စစ်တာအို၏ စွမ်းအားကို ဖြတ်သန်း၍ ဝိညာဉ် တစ်ခုတည်းကိုသာ ယူဆောင်၍ မရကြောင်း ဝေ့ဝူယင် သိပေသည်။ ဝိညာဉ်ကို ထုတ်ယူခြင်းမှာ ကောင်းကင်၏ သတ်မှတ်ချက် အောက်၌ အပြင်းထန်ဆုံးသော အမှားတစ်ခု ဖြစ်ကာ ၎င်းတို့ကို ထိခိုက်စေခြင်းမှာလည်း အကြီးကျယ်ဆုံးသော ပြစ်မှု တစ်ခု ဖြစ်သည်။

သို့သော်လည်း... သူ စုပ်ယူထားသည့် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ အရ ဆိုလျှင် ပဲ့တင်သံ ဝိညာဉ် အဆင့်ကို ရောက်ရှိပြီးနောက်၌ ထိုဥပဒေက ကျင့်ကြံသူများကို ကာကွယ် မပေးတော့ဟု ဆိုသည်။ အနည်းဆုံး တိုက်ရိုက် ကာကွယ်မှု ပြုမပေးကြတော့ချေ။

ဝေ့ဝူယင်မှာ အသက် ၁၂၈ နှစ် အရွယ် ဝေ့ဝူယင်ထံမှ များစွာသော အကြောင်းအရာများကို သင်ယူနိုင်ခဲ့ပေသည်။ သူ မသင်ယူနိုင်ခဲ့သည့် အရာ ဟူ၍ တစ်ခုသာ ရှိသည်။ ၎င်းက တတိယမြောက် ငရဲ၏ ကပ်ဘေးပင် ဖြစ်လေသည်။ အချိန်ကာလ ယန္တရားအား တွက်ချက်ရပါက... ဝေ့ဝူယင် အနေဖြင့် မည်သည့် ကောင်းချီးခံ တစ်ယောက်ကိုမှ မသတ်ဖြတ်ခဲ့ပဲ ဒုတိယမြောက် ကပ်ဘေး၌ အသက်ရှင်ခဲ့လျှင်ပင် အသက် တစ်ရာ နှစ်ဆယ့် ရှစ်နှစ်၌ တတိယမြောက် ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

သူက တတိယမြောက် ကပ်ဘေးကို ရင်ဆိုင်ရခါနီး ဖြစ်သည်။ ထို့အပြင်... အောင်မြင်ရန် ယုံကြည်ချက်လည်း မရှိချေ။ ထို့အပြင်... ဝေ့ဝူယင် ဝမ်မင်ယာထံမှ အကူအညီကို ရခဲ့သလိုမျိုးလည်း သူ့ဘဝ၌ မရှိဖူးချေ။

ဝေ့ဝူယင် အမြင်အရ... လက်ရှိ အဆင့်၊ လက်ရှိ ကျင့်ကြံခြင်း အခြေခံဖြင့် ထိုဝေ့ဝူယင် တတိယမြောက် ကပ်ဘေးတွင် ကျရှုံးမှာ ကျိန်းသေပေသည်။ ထိုရလဒ်အပေါ် သူ သံသယ မရှိပါချေ။ ထို့အပြင်... အမှန်အတိုင်း ဝန်ခံရပါက ထိုဝေ့ဝူယင် အပြိုင် စကြဝဠာ တစ်နေရာတွင် တကယ်ရှိခဲ့လေသလား၊ ပုံရိပ်ယောင် သက်သက်လား ဝေ့ဝူယင် မသိပါချေ။

နာရီပေါင်းများစွာ သန့်စင်ပြီး နောက်၌ ဆက်စပ်မှု စစ်အလံမှာ ၁၀၀၀၁ ယောက်မြောက် စစ်ဝိညာဥ်ကို ပိုင်ဆိုင် လာခဲ့သည်။ သို့သော်လည်း ၎င်းမှာ မှေးမှိန်ကာ အသက်မဲ့ နေဆဲ ဖြစ်သည်။ ထိုစစ်သည် အသက်ဝင်လာစေဖို့ အတွက် ဝေ့ဝူယင် ဝိညာဉ် အလင်းနှင့် သန့်စင်ပေးဖို့ လိုအပ်ပေသည်။ ထိုအရာကား အောင်နိုင်သူ အတွက် စစ်တာအို ချီးမြှင့်သည့် အကျိုးအမြတ်ပင် ဖြစ်လေသည်။

“ရှုယုရဲ့ အသက်ကျောက်ပြားက သူ သေသွားပြီ ဆိုတာကို ဖော်ပြမှာ မဟုတ်သေးဘူး”

ဝေ့ဝူယင်က သေချာသည့် လေသံဖြင့် ဆိုလိုက်ရင်း လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ အစစ်အမှန် နဂါး အင်အားမှာ ရှုယု နောက်ဆုံး တည်ရှိခဲ့သည့် ဟင်းလင်းပြင်နှင့် ချိတ်ဆက်သွားကာ တိုကင် ကျောက်ပြား တစ်ခု၏ ပုံရိပ် ထွက်ပေါ်လာ၏။ ၎င်းမှာ ရွှေရောင် နေကြယ် တစ်ခု ပုံသဏ္ဌာန် ရှိကာ တည်ငြိမ်စွာပင် တည်ရှိ နေခဲ့၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက ထိုတိုကင်ကို စိုက်ကြည့်ရင်း အနည်းငယ် တောက်ပသွားခဲ့သည်။

၎င်းမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ထိန်းချုပ်ထားသည့် အဆောင်ပင် ဖြစ်ကာ ရှုယု၏ သွေးအမတေကို အသုံးပြု၍ လျှို့ဝှက် ဝိညာဉ်နှင့် ချိတ်ဆက် သန့်စင်ထားခြင်း ဖြစ်သည်။ ရှုယုမှာ သေဆုံးသွားပြီ ဖြစ်သော်လည်း လျှို့ဝှက် ဝိညာဉ်မှာ အမှန်တကယ် မသေသေးချေ။ အသက် ကျောက်ပြား အတွင်းရှိ ယန္တရားများမှာ ရှုယု အမှန်တကယ် သေဆုံးသွားကြောင်းမဆုံးဖြတ်နိုင်ခင် အချိန်အထိ ဆက်လက် အလုပ်လုပ် နေကြလိမ့်မည် ဖြစ်သည်။ ရှုယု၏ လျှို့ဝှက် ဝိညာဉ် အကြွင်းအကျန်များကို ဝိညာဉ် အလင်းဖြင့် သန့်စင် အသွင်ပြောင်းပြီးချိန်တွင်ပင် ၎င်းက ဆက်လက် တည်မြဲ နေလိမ့်မည် ဟု ဝေ့ဝူယင် ခန့်မှန်းထားသည်။

ဟူး... ဟူး...

ရုတ်တရက် ဝိညာဉ် အလင်းတန်း လေးခုမှာ ဝေ့ဝူယင် ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကာ ရောင်စုံ အလင်းတန်းများနနှင့် အတူ ရှုယု၏ ခန္ဓာကိုယ်ကို ဝန်းရံ သွားခဲ့သည်။ခုနစ်သွယ် ရင်းမြစ် ဝိညာဉ် အလင်းနှင့် အသွက် သဏ္ဌာန်မဲ့ ကောင်းကကင် အလင်းတို့မှာ ဦးဆောင်သူ နေရာကို ယူထား၏။ တစ်ချိန်တည်း၌ ရွှေ့ပြောင်းခြင်း ဒြပ်စင် ဝိညာဉ် အလင်းမှာ သဘာဝ အတိုင်း ပံ့ပိုးသူ နေရာကို ယူထားကာ အိုမီဂါ ဆေဘာ ဝိညာဉ် အလင်းကတော့ အခြား ဝိညာဉ် အလင်းများနှင့် ပူးပေါင်းရုံသာ ဖြစ်သည်။

ဆယ်နာရီမျှ ကြာမြင့်ပြီး နောက်၌ ဝေ့ဝူယင်က ဝိညာဉ် အလင်းများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ တိုကင်မှာ မူလက အတိုင်း ရှိနေသေးဆဲ ဖြစ်သည်။ မည်သည့် အရာမှ ပြောင်းလဲခြင်း မရှိသေးချေ။ သို့သော်လည်း ဝေ့ဝူယင်၏ အမူအရာကတော့ အနည်းငယ် ဖြူရော်နေကာ အားအင် များစွာ အသုံးပြုခဲ့ရကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

“ငါတို့ အတွက် အချိန်တစ်ချို့တော့ ရလိမ့်မယ်”

စိတ်ထဲမှ တွက်ချက်လိုက်ရင်း ဝေ့ဝူယင်၏မျက်လုံးများက မသိမသာ တောက်ပသွား၏။ ထို့နောက် သူက တိုကင်ကို တို့ထိကာ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်း အတွင်းပို့လွှတ် လိုက်သည်။ ၎င်းမှာ ရေထဲကျသည့် ကျောက်ခဲ တစ်ခုလိုမျိုး ပျောက်ကွယ် သွား၏။

“ဒီဟင်းလင်းပြင်က မကြာခင် ပြိုကျတော့မှာ နှမြောစရာပဲ... လုပ်ကြံ သတ်ဖြတ်ဖို့ အတွက် တကယ့်ကို ကောင်းတဲ့ နေရာ”

သက်တံ့ရောင် နံရံများကို လှမ်းကြည့်ရင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်သည်။ ၎င်းမှာ သူ့ထံမှ အာကာသ ကျင့်စဉ် တစ်ခုကို ရရှိပြီးနောက် မြေကြီး ရှန့်ထို သုံးယောက် ပူးပေါင်း အားထုတ်ထားသည့် နေရာ တစ်ခု ဖြစ်သည်။ ၎င်းမှာ ပြင်ပ လောကနှင့် လုံးဝ သီးခြား ဖြစ်ကာ အချိန်လေပွေ အတွင်း တည်ရှိသည်။ ၎င်း၌ သီးခြား ဝင်ပေါက် မရှိချေ။ တစ်ခုတည်းသော ဝင်ပေါက်ကို ချိပ်ပိတ်ထားလိုက်ပါက လောကရှန့်ထိုများပင်လျှင် ၎င်းကို ရှာဖွေ တွေ့ရှိဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့အပြင်... ဝိညာဉ် ဆက်သွယ်ခြင်းများမပြုလုပ်နိုင်စေရန် အတွက်လည်း နံရံများကို ဝေ့ဝူယင် သေချာစွာ စီမထားသေးသည်။

သို့သော်လည်း... အကန့်အသတ် ကင်းမဲ့သည်တော့ မဟုတ်။ လောကရှန့်ထို တစ်ပါးကို ကိုင်တွယ်နိုင်လျှင်ပင် နှစ်ပါးကို ကိုင်တွယ်ရန် အတွက်တော့ မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။ လေးယောက် ငါးယောက် ဆိုလျှင် စဉ်းတောင် မစဉ်းစားဝံ့ချေ။ စစ်ကူသာ ရောက်ရှိလာပါက သူ၏အစီအစဉ်မှာ ကျိန်းသေပင် ကျရှုံးလိမ့်မည် ဖြစ်သည်။

“သွားကြရအောင်...”

ဝေ့ဝူယင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ ထို့နောက်တွင်တော့ တပ်မဟာ တစ်ခုလုံးကို အစောင့်အရှောက်များ ....

အလွန် ဝေးကွာလှသည့် နေရာ တစ်ခုတွင်တော့ ဟစ်ကြွေးသံများမှာ လောက တစ်ခုလုံးကို တုန်ဟီးအောင် ထွက်ပေါ် နေခဲ့လေ၏။

“အစစ်အမှန် မွေဖွားခြင်း အတွက်ဟေ့...”

***

All Chapters