← Chapters

ပထမ တေးသွား... စတင်ခြင်း

Vol. 83 Ch. 1157

ပထမ တေးသွား... စတင်ခြင်း

Vol. 83 Ch. 1157

နတ္ထိ ဟင်းလင်းပြင် တစ်နေရာ၌ အရိပ်ဥ သုံးခုမှာ တစ်စုံတစ်ရာကို ရှာဖွေ နေသည့် အလား လပေါင်းများစွာ ကြာအောင် လှည့်ပတ် သွားလာနေကြ၏။ ယနေ့တွင်တော့ ၎င်းတို့မှာ ရှာဖွေမှုကို အသုံးသတ် လိုက်ကြကာ တိကျ သေချာသည့် နေရာ တစ်ခုကို ဝိုင်းပတ်၍ တြိဂံ သဏ္ဌာန် ဖွဲ့စည်း လိုက်ကြ၏။ ထို့နောက်တွင်တော့ ၎င်းတို့၏ ကိုယ်ထည်များမှာ ငွေရောင် အလင်းများဖြင့် စတင် တောက်ပ လာကြတော့သည်။

အဆိုပါ ဟင်းလင်းပြင်ကျယ်၏ အစွန်အဖျား အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ နယ်စပ်နှင့် နီးသည့် နေရာ တစ်ခုတွင်တော့ မိန်းကလေး တစ်ယောက်မှာ ဟင်းလင်းပြင် သင်္ဘော တစ်ခု ပေါ်တွင် ထိုင်နေခဲ့၏။ ၎င်းအား ဖုံးကွယ်ထားသည့် ဝင်္ကပါများမှာ အရိပ်ဥများ၏ ဝင်္ကပါများထက် အားနည်းခြင်း မရှိပါချေ။

မိန်းကလေးမှာ ပတ္တမြား ရတနာ အလား သွေးရောင် တဖျပ်ဖျပ် တောက်ပနေသည့် မျက်ဝန်းများဖြင့် အမှောင် ဟင်းလင်းပြင် တစ်နေရာကို လေ့လာနေခြင်း ဖြစ်သည်။ အဖြူရောင် ဆံနွယ်စများမှာ သူမ၏ မျက်နှာထက်တွင် ယိမ်းကာ နွဲ့ကာ လှုပ်ရှား နေခဲ့၏။

မိန်းကလေး၏ နဖူးထက်တွင်တော့ ရွှေ့ရောင် အလင်း တစ်ခုမှာ ခပ်ဖျော့ဖျော့ဖြင့် တောက်ပ နေခဲ့သည်။ သူမ၏ နောက်တွင်တော့ သေမျိုးတစ်ပိုင်း အဆင့် အော်ရာများနှင့် ပုံရိပ် နှစ်ခု ရပ်နေခဲ့၏။ သူတို့ နှစ်ယောက် စလုံးမှာ မိန်းကလေးများ ဖြစ်ကြကာ ပြိုင်စံရှားသည့် အလှတရားများကို ပိုင်ဆိုင် ထားကြပေသည်။

“အရိပ်ဥတွေရဲ့ အမြုတွေက အရင်အတိုင်းပဲ ရှိ‌သေးတယ်”

သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်က မသေချာ၊ မရေရာသည့် လေသံဖြင့် ပြောလိုက်၏။ ရေခဲ ကဲ့သို့ အေးစက်သည့် အော်ရာများမှာ သူမ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

"သူတို့ ကျိန်းသေ ဖြစ်လာပါလိမ့်မယ်”

အဖြူရောင် ဆံပင်နှင့် မိန်းကလေးက သေချာစွာဖြင့် ပြောလိုက်သည်။ သူမ၏ အနီ‌ရောင် မျက်ဝန်းများမှာ မလှုပ်မရှား တည်ငြိမ်နေ၏။

“ငါတော့ မိန်းကလေးစန်းကို ယုံတယ်... နင်လည်း ယုံသင့်တယ်”

အခြား ပုံရိပ် တစ်ခုက ပြုံးရင်း ပြောလိုက်သည်။ အကယ်၍ ဝေ့ဝူယင်သာ သူမ၏ အော်ရာကို ခံစားမိပါက မိစ္ဆာ စစ်ပွဲ လောက နယ်မြေတွင် သူ့အစီအစဉ်များအား နှောက်ယှက်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက်ကို ချက်ချင်းပင် မှတ်မိလိမ့်မည် ဖြစ်ပေသည်။

“အဲဒါက မကြာခင် စတော့မယ်”

ဟူး... ဟူး...

သူတို့ စောင့်ဆိုင်းနေချိန်တွင်ပင် အရိပ်ဥ သုံးခု ထုတ်လွှတ်နေသည့် အလင်းတန်းများမှာ ပိုမို၍ သိပ်သည်း လာခဲ့လေ၏။ တစ်ချိန်တည်း၌ စိတ်နှင့် ဝိညာဉ်ကိုပါ သက်ရောက်နိုင်စွမ်း ရှိသည့် ထူးဆန်းသော အသံများလည်း ထွက်ပေါ်လာသည်။ အဝေးမှ ကြည့်ပါက ငွေရောင် နေသုံးစင်း တစ်ချိန်တည်း၌ ထွက်ပေါ်လာကာ တစ်ခုကို တစ်ခု ထူးဆန်းသော ဝင်္ကပါများနှင့် လှည့်ပတ် နေသယောင် ထင်ရလေသည်။

“ငါတို့ လုံတော့ လုံခြုံပါရဲ့နော်”

ရေခဲအော်ရာများ ထွက်ပေါ်နေသည့် အမျိုးသမီးက မေးလိုက်၏။ အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်သည့် သူမ၏ အသံက ယုံကြည်ချက် ကင်းမဲ့မှုကို သစ္စာဖောက်နေသည်။

သူမက တော်ဝင် မျိုးနွယ် ရှစ်ခု အနက် တစ်ခု ဖြစ်သည့် ပင်းမျိုးနွယ်ဝင်မှ ပင်းထျန်းပင် ဖြစ်လေသည်။ ပင်းထျန်းမှာ ပင်မျိုးနွယ် အတွင်း ထိပ်ဆုံး ရာထူး တစ်နေရာကို ဆုပ်ကိုင်ထားသူ ဖြစ်ကာ မျိုးနွယ် ခေါင်းဆောင်နှင့်ပင် ကိုယ်ပိုင် ခွန်အား၊ သြဇာ အာဏာ အရာတို့တွင် ယှဉ်ပြိုင်နိုင်သူ ဖြစ်သည်။ သူတို့ အကြား တစ်ခုတည်းသော ကွာခြားချက်က စီနီယာ၊ ဂျူနီယာ အဆင့်အတန်းပင် ဖြစ်သည်။

အကယ်၍ ဝူယုသာ ဤနေရာတွင် ရှိပါက ပင်းထျန်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ... သူ လျှို့ဝှက် ဝိညာဉ် အဆင့်တွင် ရှိစဉ်တုန်းက အဆုံးမဲ့ ကြယ်တာရာ နယ်မြေကို ဖြတ်သန်း၍ အမဲလိုက်ခဲ့သည့် သေမျိုး တစ်ပိုင်း အရှင် အဆင့် ဖြစ်ကြောင်း ချက်ချင်းပင် တန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။

“အဲဒီအတွက် ပူစရာ မလိုပါဘူး...”

သွေးရောင် မျက်ဝန်း၊ အဖြူရောင် ဆံနွယ်များနှင့် မိန်းကလေးက ဆိုလိုက်၏။ သေမျိုး အဆင့်တွင်သာ ရှိသေးသည့်တိုင် သူမမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အလွန်ပင် လူသိများ ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူမမှာ ထာဝရ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး စန်းလော့ယန်၏ ချစ်လှစွာသော မွေးစားသမီး စန်းယွန်းလီ ဖြစ်နေသောကြောင့်ပင်။

“...”

နောက်ဆုံးသော အမျိုးသမီးကတော့ စန်းယွန်းလီကို ယုံကြည်စွာပင် ဆက်လက် တိတ်ဆိတ် နေ၏။ သူမ၏ မျက်ဝန်းများက ဝိညာဉ်အလင်းရောင်များနှင့် တောက်ပနေကာ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးကို လှမ်းကြည့် နေသည်။

သူမမှာ မကြာသေးခင်ကမှ သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို တက်ရောက်လာသည့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှ ဝိညာဉ် လမ်းလျှောက်သူ ခန်းမ သခင်ဟောင်း အရှင် ဝိညာဉ် လမ်းလျှောက်သူပင် ဖြစ်လေသည်။

အပြင်ပန်း၌ တည်ငြိမ်မှုကို အပြည့်အဝ ဖော်ပြထားသည့်တိုင် ဝိညာဉ် လမ်းလျှောက်သူ၏ စိတ်နှလုံသားကတော့ စိတ်လှုပ်ရှားမှုများကြောင့် တိတ်တခိုး တုန်ရီနေသည်။ ကြောက်ရွံ့စိတ်ကို သူမ ထိန်းချုပ်နိုင်စွမ်း မရှိပါချေ။ သူတို့ ပိုနီးကပ်အောင် သွားဖို့ လိုသည်။ စန်းယွန်းလီ ပြောတာသာ အမှန်တရား ဆိုလျှင် ထိုကဲ့သို့ ပိုမို နီးကပ်အောင် သွားပါက အရိပ်ဥများ၏ လောက်ကဖျက် စွမ်းအား အောက်တွင် ပိတ်မိသွားနိုင်ခြင်း ဖြစ်သည်။

သူတို့ အနေဖြင့် ဖမ်းမိခံ မထိစေပဲ၊ သက်သေ အထောက်အထား မကျန်ခဲ့စေပဲ ထိုအရာကို လုပ်ဖို့ လိုသည်။ အစစ်အမှန် မွေးဖွားခြင်း၏ အမဲလိုက် ခံရခြင်း အကြောင်း တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာ ကောင်းလှသည်။ မည်ကဲ့သို့မှန်း မသိပဲ သူတို့၏ အဆက်အသွယ်များ၊ မိသားစုများ၊ ဆက်စပ် ပတ်သက်နေသည့် အဖွဲ့အစည်းများ အားလုံး သေဆုံး သွားရလိမ့်မည် ဖြစ်သည်။

ကံမကောင်းစွာပင် အလောင်းအစားကို သူတို့ စတင်ခဲ့ပြီး ဖြစ်သည်။ ချမှတ်ထားသည့် အစီအစဉ်များ အလုပ်ဖြစ်ဖို့သာ သူတို့ မျှော်လင့်နိုင်ပေသည်။ အလုပ်ဖြစ်ပါကလည်း အကျိုးအမြတ်က တစ်နင့်တစ်ပိုးပင် ဖြစ်လေသည်။

“ဘုန်း...”

“ဒီအချိန်ပဲ...”

ငွေရောင် အလင်းတန်းများ ကောင်းကင်ကို ပေါက်ကွဲ ထိုးတက်သွားကာ မိုင်သောင်းပေါင်းများစွာသော အကွာအဝေးအား ဖုံးလွှမ်း သွားသည်နှင့် တစ်ပြိုင်နက် စန်းယွန်းလီက ‌အော်ဟစ်လိုက်၏။ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ငလျင်လှိုင်းများကို ထုတ်လွှတ် လိုက်သည့် အလား အာကာသ တစ်ခုလုံးက တုန်ယင်နေ၏။ ထိုအရာမှာ ကြယ်တာရာ အမြုတေများ၏ ပြိုင်စံရှား လက္ခဏာ တစ်ခု ဖြစ်သော ကြယ်ပေါက်ကွဲခြင်းပင် ဖြစ်လေသည်။

ထိုအခိုက်၌ အရိပ်ဥများမှာ အစစ်အမှန် နေကြယ်များလိုပင် ဖြစ်သည်။ ၎င်းတို့မှာ သေမျိုး တာအို အောက်တွင် အပြင်းထန်ဆုံးသော နက္ခတ္တ ပြောင်းလဲခြင်း ဖြစ်စဉ် တစ်ခုကို ကျော်ဖြတ် နေရသည့်ပုံ ပေါ်သည်။

စူပါနိုဗာ...

တောက်ပမှုများ ပိုမို၍ နက်ရှိုင်းလာသည်နှင့် အမျှ အရိပ်ဥများမှာ စတင် ကျုံ့ဝင်လာကာ အလင်းတန်းများကို စုပ်ယူ လာကြ၏။ ၎င်းတို့မှာ တည်ရှိသမျှ အရာအားလုံးကို အာကာသ အတွင်းရှိ တစ်ခုတည်းသော မော်လီကျူးများ အတွင်း စုပ်ယူရန် ဦးတည်နေပုံ ရလေသည်။

အမှောင် ဟင်းလင်းပြင်မှာ အသံ ကူးပြောင်းခြင်း မပြုနိုင်သည့် နေရာ တစ်ခု အဖြစ် ပြောစမှတ် ပြုကြသည်။ သို့သော်လည်း... လေထု ကင်းမဲ့ စေကာမူ အပျက်အစီး မန်နာများမှာ မည်သည့် ဓာတ်ငွေ့ ပုံစံကို မဆို ယူနိုင်စွမ်း ရှိပေသည်။

“...”

စန်းယွန်းလီတို့ သုံးယောက်မှာ ဟင်းလင်းပြင် သင်္ဘော အတွင်းရှိ ဝင်္ကပါများ၏ အကာအကွယ်ကို ယူကာ တိတ်တဆိတ် စောင့်ကြည့် နေကြ၏။ ငွေရောင် အလင်းများ ပြန်လည် ကြုံ့ဝင်လာသည်နှင့် အမျှ လှိုင်းများ လှိုင်းများက အရပ် မျက်နှာ ပေါင်းစုံထံ ပြန့်ကျဲလာနေသည်ကို သူတို့ တွေ့မြင် နေရသည်။ သို့သော်လည်း... သူတို့၏ နှလုံးသားများကို တုန်ယင် သွားစေခဲ့သည်ကတော့..

အသံပင်...

ဟုတ်သည်။ အသံ...။ နေကြယ် သုံးခု ပြိုင်စံရှား ဖိအား အောက်တွင် ကျုံ့ဝင်သွားသည့် အသံ။ ထိုအသံမှာ လောကကိုယ်တိုင် တီးခတ်နေသည့် ဂန္တဝင် တေးသွား တစ်ခု အလား။ ယင်းမှာ ဖော်ပြရန် မစွမ်းနိုင်ခြင်းငှာ လှပလွန်းလှ၏။

“အံ့သြစရာပဲ...”

ဝိညာဉ် လမ်းလျှောက်သူက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ အာရုံ ငါးပါးထံ မည်သည့် လှုံ့ဆော်မှုမှ ရောက်မလာသည့်တိုင် လျှို့ဝှက် ဝိညာဉ်ကို ဖြတ်သန်း၍ သူမ အရာအားလုံးကို ရှင်းလင်း ကြည်လင်စွာ ကြားနေရပေသည်။

သံစဉ်တေးသွား တစ်ခု...

ထိုသံစဉ် တေးသွားမှာ သေဆုံးခြင်း၊ ဖျက်ဆီးခြင်းများနှင့် ပြည့်နှက် နေသည်။ တစ်ချိန်တည်း၌ ထိုတေးသွားတွင် ချိပ်ပိတ် နယ်မြေ အတွင်းရှိ ကျင့်ကြံသူတိုင်း၏ အနက်ရှိုင်းသော ဆန္ဒ ဖြစ်သော လွတ်လပ်ခြင်းတို့ ရောင်ပြန်ဟပ် နေလေ၏။

ထို့နောက်တွင်တော့ အရိပ်ဥများမှာ ပြန့်ကားလာလေသည်။

ဘုန်း...

***

All Chapters