← Chapters

ပထမ တေးသွား... ဖျက်ဆီးခြင်းနှင့် သေဆုံးခြင်း

Vol. 83 Ch. 1158

ပထမ တေးသွား... ဖျက်ဆီးခြင်းနှင့် သေဆုံးခြင်း

Vol. 83 Ch. 1158

လွန်ခဲ့သည့် စက္ကန့် အနည်းငယ်ခန့် အကြာက...

အဆုံးမဲ့ မြို့တော်တွင် လျူယင်လန်းမှာ သူမ၏ ကိုယ်ပိုင် ဇိမ်ခံ ကျင့်ကြံခြင်း ကုလားထိုင် ပေါ်တွင် သက်တောင့်သက်သာ ရှိစွာ ထိုင်နေခဲ့၏။ သူမ၏ အမူအရာက နွမ်းလျ နေကာ ခန္ဓာကိုယ်မှာ အားမရှိတော့သလို ပျော့ပျောင်း နေ၏။ မျက်လုံးများကတော့ အနားယူ နေသည့် အခြေအနေ အဖြစ် မှေးစင်း နေခဲ့သည်။

အခန်းအတွင်းတွင်တော့ မိန်းကလေး နှစ်ယောက် ရှိနေခဲ့၏။ သူတို့က ကြာပန်း သဏ္ဌာန် ထိုင်ကာ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။ သူတို့ကတော့ ရဲ့ကျိလင်နှင့် လျူစုယင်တို့ပင် ဖြစ်လေသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က ကာကွယ်သူ မြို့တော်ကို သွားရောက်ပြီး နောက်တွင် လျူယင်လန်းမှာ မျှော်လင့် မထားသည့် ကိစ္စရပ်များနှင့် ကြုံတွေ့ခဲ့ရသည်။ ဝေ့ဝူယင်မှာ ပျောက်ကွယ် နေခဲ့ကာ လျူစုယင်မှာလည်း အကြမ်းဖက် လှုပ်ရှားမှုများကြောင့် ဟု ဆိုကာ အကျဉ်းချ ခံထားခဲ့ရသည်။ သူမ အလျှင်မြန်ပင် လျူစုယင်ကို ကယ်ထုတ်ကာ မည်သည့် အရာများ ဖြစ်ပျက်ခဲ့ကြောင်း အပြင်းအထန် စုံစမ်းခဲ့သည်။

မကြာခင်မှာပင် သူတို့၏ အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်သည့် ဝေ့ဝူယင် တစ်ယောက် အချိန်လေပွေ အတွင်း ကိုယ့်ကိုယ်ကို သေ‌ကြောင်း ကြံစည်သွားကြောင်း ရှာဖွေ တွေ့ရှိခဲ့ရသည်။

ဝေ့ဝူယင် အမှန်တကယ် သေ၊ မသေ စစစ်ဆေးရန် အတွက် အသက် အဆောင်ကို သွားရောက် ရှာဖွေ ခဲ့သော်လည်း ကံဆိုးစွာပင် ဝေ့ဝူယင်မှာ အသက် အဆောင် တစ်ခု ဘယ်တုန်းကမှ ချန်ထားခဲ့ခြင်း မရှိချေ။ ကြည့်ရသည်က ဝေ့ဝူယင်မှာ ကြယ်တာရာ ဝိညာဉ်နှင့် အသက် အဆောင်တို့ အကြား ချိတ်ဆက်မှုအား ပယ်ဖျက်နိုင်သည့် နည်းလမ်း တစ်ခုကို ကျင့်ကြံထားသည့်ပုံ ရသည်။ မချင့်မရဲ ဖြစ်စရာ ကောင်းသည့်တိုင် လျူယင်လန်း အနေဖြင့် ထိုရှင်းလင်းချက်ကို လက်ခံရုံသာ ရှိသည်။

အချက်အလက်များကို ထပ်မံ အတည်ပြုရန် အတွက် ဝေ့ဝူယင်၏ နောက်လိုက် မြေကြီး ရှန့်ထို နှစ်ယောက်အား ချိပ်ပိတ်ထားသည့် ဆိတ်ငြိမ် ကွင်းပြင်ကို သူမ သွားရောက် စစ်ဆေးခဲ့သေးသည်။ ထိုအခါ အသက်မဲ့နေသည့် ရုပ်သေးရုပ် ကဲ့သို့ ကိုယ်ပွားနှစ်ခုကိုသာ သူမ တွေ့ခဲ့ရသည်။

ကြည့်ရသည်က ဝေ့ဝူယင်ဆိုသည့် ကောင်စုတ်လေးမှာ သူ့နောက်ကို မြေကြီး ရှန့်ထို နှစ်ယောက် တောက်လျောက် လိုက်နေသယောင် လူတိုင်း ယုံကြည်စေရန် အကွက်ဆင်ထားဟန် တူသည်။ သို့သော်လည်း... ထိုကိုယ်ပွား ကျင့်စဉ်က အတော်လေးတော့ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ အမှန်တကယ် မြေကြီး ရှန့်ထို တစ်ယောက်၏ ဝိညာဉ် အော်ရာကို ပိုင်ဆိုင်ထားသည့် အပြင် လျှို့ဝှက် အော်ရာကိုပါ ထုတ်ဖော်နိုင်စွမ်း ရှိသည်။

ကိုယ်ပွားများထဲတွင် ဝေ့ဝူယင်၏ ဝိညာဉ် အလင်း အငွေ့အသက်များကိုလည်း သူမ လွယ်ကူစွာ ရှာဖွေ တွေ့ရှိခဲ့သည်။ လျူစုယင်က ဝေ့ဝူယင်ကို ဖမ်းခေါ်လာခဲ့ပြီး နောက်တွင်တော့ ရုပ်သေးရုပ် ကိုယ်ပွားများမှာ သူတို့ ဆက်လက် ရပ်တည်နိုင်ရန် လိုအပ်သည့် စွမ်းအင် ရင်းမြစ်ကို ဆုံးရှုံးသွားသည့်ဟန် ရသည်။

သို့သော်လည်း သူမ မသိလိုက်သည့် အချက်ကား... ထိုအရာမှာ ဝေ့ဝူယင်၏ အတုအယောင် နတ်ဘုရား ကိုယ်ပွား ကျင့်စဉ်ဖြင့် ကျန့်ကျန့် ချန်ရစ်ခဲ့သည့် ကိုယ်ပွားများ ဖြစ်နေခဲ့သည် ဆိုခြင်းပင်။

“ဟမ်...”

ရုတ်တရက် လျူယင်လန်း၏ မျက်လုံးများက ပွင့်ဟလာကာ မျက်မှောင်ကြုတ် သွားခဲ့၏။ သူမက လျှင်မြန်စွာ ထရပ်လိုက်ကာ ထွားကြိုင်းသည့် ရင်သားများက ဖောင်းလိုက်ပိန်လိုက် ဖြစ်လာခဲ့သည်။ ဝိညာဉ် အလင်းများမှာ အလွန် မြင့်မားသော အရှိန်အဟုန်ဖြင့် သူမ မျက်လုံးများ အတွင်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

ရဲ့ကျိလင်မှာ ဆက်လက် ကျင့်ကြံနေဆဲ ဖြစ်သည်။ သို့သော်လည်း... လျူစုယင်ကတော့ ဘိုးဘေး ဖြစ်သူ၏ လှုပ်ရှားမှုကို သတိထားမိလိုက်လေရာ ကျင့်ကြံခြင်းကို ရပ်လိုက်၏။ တစ်နှစ်တိတိ ကြာမြင့်သွားပြီ ဖြစ်သည့်တိုင် မိန်းကလေး၏ အတွေးမှာ ဝေ့ဝူယင်၏ ပုံရိပ်များနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ သူ သေဆုံးသွားပြီ ဖြစ်ကြောင်း သူမ ယနေ့တိုင် လက်မခံနိုင်သေးပါချေ။ ထိုလူငယ်နှင့် ပတ်သက်၍...

“ဟမ်...”

ရုတ်တရက် အလွန်တရာ လှပလှသည့် တေးသွား တစ်ခုကို ကြားလိုက်ရလေရာ မိန်းကလေး၏ အတွေးများမှာ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့် သွားခဲ့၏။ မူလ ဇစ်မြစ်ကို မခန့်မှန်းနိုင်သည့်တိုင် သူမ ကြားနေရသည့် သံစဉ် တစ်ခုချင်းစီက ရှင်းလင်း ပြတ်သားလှသည်။

“သောက်ပြဿနာပဲ...”

လျူယင်လန်း၏ မျက်လုံးများမှာ ကြောက်မက်ဖွယ် အငွေ့အသက်များနှင့် ပြည့်နှက် သွား၏။ သူမက အလျှင်အမြန်ပင် လှုပ်ရှားလိုက်ကာ လျူစုယင်နှင့် ရဲ့ကျိလင်တို့ကို ဆုပ်ကိုင် လိုက်သည်။ တစ်ချိန်တည်း၌ သူမက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့် ဆက်သွယ်သည့် အဆောင်ကို အသက်သွင်း လိုက်၏။

ဝှစ်...

ထို့နောက်တွင်တော့ သူမမှာ ဟင်းလင်းပြင် စွမ်းအင်ကို အသုံးပြုသည့် အာကာသ ရွှေ့ပြောင်းခြင်း နည်းစနစ်နှင့် အတူ ပျောက်ကွယ် သွားခဲ့တော့၏။

ဘုန်း... ဘုန်း...

ထိုအခိုက်တွင်ပင် အလွှာကြားက လောကမှာ စတင်ကာ တုန်ရီ ယိမ်းထိုး လာခဲ့တော့သည်။

...

၇၇၅၄ ခုမြောက် လမ်းကြောင်း၌...

ယခုလေးတွင်ပင် ကွန်မန်ဒါ တစ်ယောက် အစစ်အမှန် မွေးဖွားခြင်းထံတွင် သူတို့ စစ်သားများကို ပြန်လည် အသက်သွင်းနိုင်သည့် ကျင့်စဉ် တစ်ခု ရှိကြောင်း သဘောပေါက် သွားခဲ့၏။ ထိုအတိုင်းသာ ဆိုပါက သူမတို့ ကာကွယ်နေသည့် လောကနယ်မြေမှာ အန္တရာယ် ရှိနေခဲ့ပြီ ဖြစ်သည်။ သူမက ချက်ချင်းပင် အကြီးအကဲများထံ သတင်းစကားပို့ဖို့ ဟန်ပြင်လိုက်၏။

“...”

သတင်း ပို့လာသည့် ကြယ်တာရာ သခင်မှာ ဆက်သွယ်ရေး အဆောင် အတွင်း ဝိညာဉ် အင်အား ထည့်သွင်းနေသည့် ကွန်မန်ဒါကို ကြည့်နေခဲ့၏။ သူက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ကွန်မန်ဒါ၏ လှုပ်ရှားမှုများက အလွန် နှေးကွေးသည်ဟု သူ တွေးလိုက်မိသည်။ လောကနယ်မြေ အတွင်း ရှိနေသည့် မိသားစုများ အပေါ် သူ စိတ်ပူမိပေသည်။ အစစ်အမှန် မွေးဖွားခြင်းသာ ဤနှုန်းအတိုင်း ရှေ့ဆက်တိုးလာပါက အားလုံး ဒုက္ခ ရောက်ကုန်လိမ့်မည် ဖြစ်သည်။

ကြယ်တာရာ သခင်က စိတ်မရှည်စွာဖြင့် မေးလိုက်၏။

“ကွန်မန်ဒါ... ပို့လို့ ပြီး...”

ဘုန်း...

သူ့ မေးခွန်း မဆုံးခင်မှာပင် ဥမင် တစ်ခုလုံးမှာ အလွန် ပြင်းထန်သည့် ပေါက်ကွဲသံ တစ်ခုကို ကြားလိုက်ရ၏။ မျက်တောင် တစ်ခါ အတွင်းမှာပင် ပြင်းထန်သည့် အဖျက် စွမ်းအားက အရာ အားလုံးကို ဖြတ်ကျော် သွားသည်။

ဆက်သွယ်ရေး အဆောင် အဘယ်ကြောင့် နှောင့်နှေး နေရသည်ကို တွေးမရသည့် ကွန်မန်ဒါနှင့် မရေမတွက်နိုင်သည့် ရန်သူများအား သုတ်သင်ခဲ့သည့် ထူးချွန်သော ကြယ်တာရာ သခင်တို့ အပါအဝင် ရှိရှိသမျှ ဖြစ်တည်မှုတိုင်းမှာ မျက်စိကျိန်း မတတ် အလင်းတန်းများ၏ သိမ်းကြုံး ရိုက်ပုတ် သွားမှုကို ခံလိုက်ရလေ၏။

ဖျက်ဆီးခြင်း စွမ်းအားက အစစ်အမှန် မွေးဖွားခြင်းနှင့် ရေစက်ကြိုး ပိုင်ရှင် ဖြစ်စေ... မည်သူ့ကိုမှ ချမ်းသာ မပေးခဲ့ပါချေ။

...

ပုံရိပ်‌ယောင် အမြုတေ ကြယ်တာရာ ထွန်းလင်းနေသည့် လောက နယ်မြေ အတွင်းတွင် မှီတင်း နေထိုင်ကြသည့် သန်းထောင်ပေါင်း များစွာသော အသက်များ၊ လူသားနှင့် ကောင်းကင် မျိုးနွယ် လျှို့ဝှက် အာဏာရှင်များ၊ ‌ရေစက်ကြိုး ပိုင်ရှင်များ၊ ပထမံ မွေးဖွားခြင်းများနှင့် ဒေသခံ ကာကွယ်သူများမှာ အစစ်အမှန် မွေးဖွားခြင်းထံမှ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် အတွက် ပြင်ဆင် နေကြ၏။

သို့သော်လည်း... မှီတင်း နေထိုင်သူ အများစုကတော့ မည်သည့် အန္တရာယ်ကိုမှ မခံစားရပါချေ။ အစစ်အမှန် မွေးဖွားခြင်းမှာ ဘယ်တုန်းက အောင်မြင်ဖူးလို့နည်း။ တစ်ခါတုန်းက မတော်တဆမှု တစ်ခုကြောင့်သာ သူတို့ ပုံရိပ်ယောင် ကြယ်အမြုတေ တစ်ခုကို ဆုံးရှုံးဖူးခြင်း ဖြစ်သည်။ အကယ်၍ သူတို့ အန္တရာယ် ကျရောက်လျှင်ပင် အဆုံးမဲ့ ခရီးသွား နယ်မြေရှိ လောကရှန့်ထိုများ ရောက်ရှိလာကာ နတ်ဘုရား တစ်ပါးလို စွမ်းအားမျိုးနှင့် သူတို့ကို ကယ်တင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူတို့ ထင်မှတ် မထားခဲ့သည့် အခြေအနေတွင်ပင်

ဘုန်း...

ချိပ်ပိတ် နယ်မြေ၊ လက်ကျန် ချိတ်ဆက်နှစ်ခု အနက် တစ်ခုကို ရောင်ပြန်ဟပ် နေသည့် ပုံရိပ်ယောင် ကြယ်တာရာ အမြုတေမှာ ပေါက်ကွဲ သွားခဲ့၏။

အလွန်တရာ ပြင်းထန်လှသည့် ဖျက်ဆီးခြင်း စွမ်းအားက အရပ် ဆယ်မျက်နှာကို ဖြန့်ကျက်လာကာ လောက တစ်ခုလုံးကို ကပ်ဘေးကြီး တစ်ခုလို လွှမ်းခြုံ သွားသည်။ ပိုမို၍ တိတိကျကျ ဆိုရပါက ထိုအရာက ကမ္ဘာဖျက် ကပ်ဘေးကြီးပင်။

ထိုအဖြစ်အပျက်မှာ အလွန် လျှင်မြန်လွန်းရကား မြေကြီးရှန့်ထိုများ ပင်လျှင် တုန့်ပြန် နိုင်ခဲ့ခြင်း မရှိပါချေ။ သူတို့၏ ခန္ဓာကိုယ်နှင့် လျှို့ဝှက် ဝိညာဉ်များမှာ လျှပ်တစ်ပြက် အတွင်းမှာပင် ဖျက်ဆီး ခံလိုက်ရ၏။

အဆုံးမဲ့ သေဆုံးခြင်းနှင့် ပျက်ဆီးခြင်းများ..

အစစ်အမှန် မွေးဖွားခြင်း၏ တေးသွားကား အလွန်ပင် ပြင်းထန်လွန်းခဲ့ပေသည်။

***

All Chapters