အခန်း (၆၁)
Vol. 5 Ch. 61
"သခင်လေးချင်း ခဏစောင့်ပေးပါ။ ကားသော့နဲ့ စာရွက်စာတမ်းတွေ ယူလာခဲ့ပါ့မယ်"
"အင်း သွားယူလေ။ ဒီကပဲ စောင့်နေပါ့မယ်"
သူအဲ့လိုပြောလိုက်တော့ ရှီဝေထွက်သွားသည်။ ရှီဝေပြန်လာတော့ သူ့လက်ထဲမှာ အချက်အလက်အိတ် ကိုင်လာသည်။ ပြီးတော့သူ့နောက်မှာလည်း လူ၃ယောက်လိုက်လာသည်။ ယွမ်ရှောင်တင်လည်း ပါသည်။ကျန်တဲ့လူတွေကတော့ မျက်နှာမှာ အမာရွတ်တွေနဲ့ သက်လတ်ပိုင်းလောက် လူ၂ယောက် ဖြစ်သည်။
"မောင်လေးချင်း ကားလည်း ပြင်ပြီးသွားပြီ။ အတွင်းရော၊အပြင်ရော သန့်ရှင်းပြီးပြီ။ ကျေနပ်မှုရှိမယ်လို့ ထင်ပါတယ်"
"စိတ်ကျေနပ်တာပေါ့ အမယွမ်ရယ်။ကျေးဇူးပါ"
"ဒီညီလေးက ဒီကားကို ဝယ်သွားတာပဲ။ ဒီနေ့ကားကြည့်ဖို့ လာတာကို။ ရှောင်တင်က သူများ ဝယ်သွားပြီလို့ ပြောလို့ တွေ့ချင်နေတာ"
ဘေးက တစ်ယောက်က ပြောလာသည်။
"ကျွန်တော်ဆီက ဘာလိုချင်လို့လဲ"
ချင်းယွီလည်း နည်းနည်းကြောင်သွားသည်။
"ကိုယ့်ကိုကို မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်က ယွမ်ဇန်ဖန်ပါ။ ကျွန်တော့်မိသားစုက ရှီဂျန်းမြို့ကပါ။ ဒီကညီလေးကရော ဘယ်မိသားစုကလဲ"
သူ့ကိုယ့်သူ မိတ်ဆက်ပြီးတော့ ချင်းယွီကိုလည်း အကြာကြီး စိုက်ကြည့်နေလိုက်သည်။
"ကျွန်တော့်နာမည် ချင်းယွီပါ။ ဒီတိုင်းသာမန်မိသားစုလေးပါ။ ကျိကျိတက်ချမ်းသာတဲ့ သူဌေးမိသားစုတွေ ဘာတွေက မဟုတ်ပါဘူး"
"ဒီကားကိုဝယ်ဖို့ သိန်း၇ထောင်ကျော်တောင် အကုန်ခံထားတယ်ကြားတာ။ ဒီငွေပမာဏက တကယ့်သူဌေးကြီးတွေမှ အကုန်ခံနိုင်တဲ့ ပမာဏမျိုးလေ"
"ဘာပြောချင်တာလဲ... တစ်ခါတည်း ပြောလိုက်ပါလား"
"ဟုတ်ပြီလေ အဲ့တာဆိုလည်း။ ဒီကားကို ကျွန်တော်လည်း သဘောကျနေတာမို့ ပြန်ဝယ်ချင်ပါတယ်။ အဲ့ဘက်က ဈေးခေါ်လိုက်ပါ။ တောင်းတဲ့ဈေး ပေးပါ့မယ်"
"အော် အဲ့တော့ ကျွန်တော့်ဆီက ကားပြန်ဝယ်ချင်တာလား။ ဆောတီးနော် ကျွန်တော်လည်း ဒီကားကို အရမ်းကြိုက်နေတာမို့ ပြန်မရောင်းပေးနိုင်ပါဘူး"
"ဈေးခေါ်ရမှာ ရှက်နေလို့မလား။ ဒီတိုင်းပြောသာ ပြောလိုက်ပါ"
"ဟုတ်ပြီလေ။ အဲ့တာဆိုလည်း ဒီကားဝယ်ဖို့ မင်းဘယ်လောက် သုံးချင်လဲ"
"သုံးသန်း...လောက်လား"
"မလောက်ဘူး။လုံးဝ မလောက်ဘူး"
ယွမ်ရှောင်တင်လည်း ချင်းယွီအဲ့လို ပြန်ဖြေတာ ကြားတော့ နည်းနည်းအံ့ဩသွားသည်။ ရှောင်ဇန်ဖန်ကလည်း အဲ့လောက်ပေးလိမ့်မယ် သူမထင်ထားဘူး။ ချင်းယွီဆိုသည်မှာလည်း ဒီပိုက်ဆံကိုတောင် စိတ်ထဲမထားတဲ့ပုံပဲ။ အင်းလေ သူကိုင်ထားတဲ့ ဘလက်ခ်ကဒ်ကို တွေးကြည့်ရင် ဖြစ်သင့်ပါသည်။ သူနည်းနည်းလေး အံ့အားသင့်သွားရုံပါ။ ပြီးတော့ သူချင်းယွီနဲ့ ယွမ်ဇန်ဖန်ကိုလည်း ရန်မဖြစ်စေချင်ဘူး။ ချင်းယွီကလည်း ဇန်ဖန်အကြောင်းကို မသိတော့ သူဘာကို ကြိုတွေးထားမရလဲမသိဘူး။ သူသာဒီလိုတွေ ဖြစ်မှာ ကြိုသိရင် ဇန်ဖန်ကို အထဲဝင်မခိုင်းလိုက်ပါဘူး။
"မတ်ရိုင်းလိုက်တာ။ ငါတို့သခင်လေးအပေါ်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတယ်ပေါ့"
ရှောင်ဇန်ဖန်ဘေးက လူကြီးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ သူချင်းယွီဆီက မလောက်ဘူးလို့ ပြောတာကြားတော့ အော်တောင် အော်ပစ်လိုက်ချင်သည်။
ရှီဂျန်းမြို့မှာသူ့ကို မျက်နှာသာမပေးရဲတဲ့လူ မရှိဘူး။ နန်ဂျန်းမြို့က ဒိတ်ဒိတ်ကြဲ မိသားစုတွေတောင်မှ ရှောင်ဇန်ဖန်ဆိုတဲ့ အသံကို ကြားရင် ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံကြရတာ။ အခုတော့ ဒီဘာမဟုတ်တာလေးရဲ့ အရုပ်လေးလို လာကစားတာ ခံနေရတယ်။
သူစိတ်တိုသွားပေမယ့် သည်းခံလိုက်ပါတယ်။သူချစ်ရတဲ့ မိန်းမရှေ့မှာဆိုမှတော့ လူကြီးလူကောင်းဆန်ဆန် ပြုမူရမှာပေါ့။
"မရိုင်းနဲ့"
"ဟုတ်ကဲ့ပါ သခင်လေး"
ဘေးကတစ်ယောက်လည်း အမြန် ပြန်ဖြေလိုက်ရသည်။
ချင်းယွီ သူတို့ပြောတာ ကြားပြီး တစ်ခုခုမူမမှန်ဘူးလို့ ခံစားလိုက်ရပေမယ့် ဘာမှတော့ အရေးလုပ် မမေးလိုက်ဘူး။
"ယွမ်သုံးသန်းကို မလောက်ဘူးဆိုရင်…
ဘယ်လောက်နဲ့ ရောင်းချင်လဲဆိုတာကိုပဲ... တန်းပြောလိုက်ပါ။ ကြိုက်တဲ့ဈေးကို သတ်မှတ်လိုက်ပါ"
တကယ်တော့ စပေါ့ကားတစ်စီးကို သူအဲ့လောက် ဂရုစိုက်မနေပါဘူး။ ဒါပေမယ့်သူချစ်ရတဲ့ မိန်းကလေးက တခြားတစ်ယောက်နဲ့ ဖက်လှဲတကင်း နေနေတာကို မြင်တော့ စိတ်တိုပြီး ဒီကားကို ဝယ်ချင်လာတာ။ ပြီးတော့ ရှောင်တင်ကိုလည်း မြင်စေချင်တာ တခြားသူ တတ်နိုင်တာထက် သူကပိုပြီး တတ်နိုင်တယ်ဆိုတာ။
ချင်းယွီလည်း ပြုံးလိုက်ပြီး
"အဲ့လိုပြောနေမှတော့ ဈေးခေါ်ပေးရမှာပေါ့။ သန်း၁၀၀.... သန်း၁၀၀ပေးမယ်ဆို ရောင်းပေးမယ်"
"သန်း၁၀၀! သန်း၁၀၀လား"
"ဟုတ်တယ်။ သန်း၁၀၀။ ဒါကျုပ်စိတ်ထဲမှာရှိတဲ့ ဈေးပဲ"
"ဟားဟား" ဇန်ဖန်ရယ်ရလွန်းလို့ မျက်ရည်ပါထွက်သွားသည်။
ချင်းယွီလည်း ထပ်ပြုံးပြလိုက်သည်။
"ခင်ဗျားက စိတ်ဝင်စားဖို့ကောင်းသားပဲ။ ကျုပ်ခင်ဗျားလို လူမျိုးမတွေ့ဖူးသေးဘူး။ တကယ်...တကယ်။"
သူပြုံးတာ ရပ်လိုက်ပြီး မျက်နှာတည်လိုက်သည်။
"ကျုပ်ကို လူမထင်နိုင်လောက်တဲ့ အရည်အချင်း ရှိပါစေလို့ပဲ မျှော်လင့်ပါတယ်။ ထပ်ပြီး သတိပေးအုံးမယ်။ ရှောင်တင်က ကျုပ်အချစ်ရဆုံးအမျိုးသမီးပဲ။ အဲ့တော့ ဘယ်ယောကျာ်းမှ သူ့အနားကို မကပ်တာအကောင်းဆုံးပဲ။ မဟုတ်ရင်....."
သူပြောပြီး လက်သီးဆုပ်လိုက်ပြီးတော့ ဘေးကနံရံကို လက်သီးနဲ့ ထိုးလိုက်သည်။ နံရံမှာလည်း အပေါက်ကြီး တစ်ခုကျန်ခဲ့သည်။
"မဟုတ်ရင် မင်းလည်း ဒီနံရံလိုပဲ ထိခိုက်ရလိမ့်မယ်……
ရှောင်တင် ကိုယ်တောင်းပန်ပါတယ်။ ကိုယ်စိတ်လွတ်သွားတယ်။ ကိုယ်ပြန်တော့မယ်....."
ရှောင်ဇန်ဖန် သက်ပြင်းရှည်ကြီးချပြီး ထွက်သွားသည်။ သူဘေးကလူကလည်း ချင်းယွီကို ခပ်ကြမ်းကြမ်း ကြည့်ပြီး နောက်က လိုက်သွားသည်။
ရှီဝေဇောင်ကတော့ တစ်ကိုယ်လုံး ပြာနှမ်းပြီး တုန်နေသည်။ ချင်းယွီ နံရံပေါ်ကို အပေါက်ကြီးကို ကြည့်ပြီး သူ့မျက်လုံးတောင် သူမယုံနိုင်ဖြစ်သွားသည်။ နံရံက အုတ်နီခဲတွေနဲ့ လုပ်ထားတာကိုတောင် ဒီလိုပေါက်အောင် ထိုးသွားတယ်။ ဘုရားရေ...!စူပါမန်းများလား။ဒါမှမဟုတ် ဂျူဒို ခါးပတ်နက်ရထားတဲ့သူနဲ့ တွေ့လိုက်ရတာလား။ အဲ့ကောင်လေးက သိုင်းဆရာများလား။ သူကြောင်ပြီး ဘာမှကို နားမလည်ဖြစ်နေသည်။
"ရှီဝေ မင်းသွားတော့။ ဒီနေရာမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်မှာမှ ပြန်မပြောနဲ့"
"ဟုတ်ကဲ့ပါ မစ္စယွမ်"
ရှီဝေလည်း ချင်းယွီလက်ထဲကို အချက်အလက်ပါတဲ့အိတ်ကို ပေးလိုက်ပြီး မြန်မြန်ထွက်သွားတော့သည်။
"ချင်းယွီ မင်းမသိဘူးလား။ သူကရှီဂျန်းမြို့က ယွမ်မိသားစုရဲ့သခင်လေး ဇန်ဖန်လေ။ မင်းတကယ်ကြီးမသိတာလား"
"တကယ်ကြီးမသိတာ။ ဒီနေ့မှသူ့နာမည် ပထမဆုံးကြားဖူးတာ"
"နောက်တစ်ခါ သူ့ရှေ့မှာ သတိထားနေဖို့ပဲ မင်းကိုအမ မှာချင်တယ်။ အခုသူ့ကို သွားစလိုက်ပြီဆိုတော့ သူ့ပုံစံနဲ့ဆို မင်းကိုလွယ်လွယ်နဲ့ခွင့်လွှတ်မှာ မဟုတ်ဘူး။အမယွမ် သတိမထားမိလိုက်တာပါ။ ဒီလိုဖြစ်မယ်ဆိုတာသာ သိရင်သူ့ကို မင်းနဲ့ မပေးတွေ့လိုက်ပါဘူး။ သူသာမင်းကို လာနှောင့်ယှက်ရင် အမကို အချိန်မရွေးလာပြောနော်"
ယွမ်ေရှာင်တင် သက်ပြင်းချပြီး ပြောလိုက်သည်။
ယွမ်ရှောင်တင် စိတ်ပူနေတာမြင်တော့ သူ့ကိုယ်သူ မိန်းမတစ်ယောက် ကာကွယ်ပေးတာ ယူနေရမှာလားလို့ တွေးလိုက်မိသည်။ စနစ်လည်းရှိပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်ချင်ဖြစ်လို့ရတဲ့ ငါကလေ။
ဒီအခြေအနေကြီးက မဟုတ်သေးပါဘူး...။
ငါလည်း နောက်ကြ ကိုယ်ရံတော်တွေ အများကြီးငှားပြီးတော့ အဲ့ကောင်လို နေရမယ်။အဲ့တာမှ တစ်ယောက်ယောက် လာရန်စခဲ့ရင် အကုန်ရိုက်ချိုးပစ်လို့ရမှာ။ သူအဲ့လို တွေးလိုက်မိတော့ ပိုပြီးအားတက်သွား၏။
"အမယွမ် စိတ်မပူပါနဲ့။ ကျွန်တော် သူ့ကို အဲ့လောက်ကြီးလည်း စိတ်ထဲမထားပါဘူး။ ကျွန်တော်ကိုလည်း ပူနေစရာမလိုဘူး"
ယွမ်ရှောင်တင် ချင်းယွီအကြောက်အလန့်မရှိတာ မြင်တော့နည်းနည်း အံ့ဩမိသွားသည်။ သူက သူပြောတဲ့အတိုင်း လုပ်နိုင်တဲ့ သူပဲလေ။ သူ့မှာ အထူးဘလက်ခ်ကဒ်လည်း ရှိတယ်ဆိုတော့....အင်းလေ စိတ်မပူလည်း ဖြစ်မှာပါ။