← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

"မင်းအဲ့လိုပြောတော့ အများကြီး စိတ်သက်သာရာ ရသွားတယ်။ ဒါပေမယ့်လည်း ဂရုစိုက်ပြီး သတိနဲ့နေနော်။ ဘော်ဒီဂတ်တွေ ဘာတွေ ငှားထားရင် ကောင်းမယ်"

"ဟုတ်ကဲ့ပါ အမယွမ်"

ချင်းယွီ ခဏလောက် စဉ်းစားလိုက်ပြီးတော့ ရှောင်ဇန်ဂန် အကြောင်းမေးလိုက်သည်။ အဲ့လူက သိုင်းတွေဘာတွေ တတ်လားဆိုပြီးပါ မေးဖို့ တွေးလိုက်သေးသည်။ ဒါပေမယ့်လည်း မမေးဖြစ်ခဲ့ပါဘူး။ နောက်လည်း သိရမှာပဲကို။ ခုမေးလိုက်ရင် သူ့က ဘာမှနားမလည်တဲ့လူသစ်ကလေးလို ဖြစ်နေမှာပေါ့။

ချင်းယွီ တစ်ခုခုကို တွေးမိလိုက်ပြီး မေးဖို့တွေးလိုက်သည်။

"အမယွမ်..."

"ဘာဖြစ်လို့လဲ‌ ပြောလေ"

"ရှောင်ဇန်ဂန်နဲ့ အမနဲ့က ဘယ်လိုပတ်သက်နေတာလဲ။ အမျိုးတော်လို့လား။ အမတို့၂ယောက်က…..”

"မောင်လေးချင်း ဘာလို့ ဒါတွေ လာမေးနေတာလဲ။ ဇန်ဖန်နဲ့ သိလို့လား"

"ဒီနေ့မှ တွေ့ဖူးတာပါ။ ဒီတိုင်းသိချင်လို့ပါ"

"တကယ်တမ်း ဘယ်လိုအမျိုးတော်တာလဲဆိုတော့ အမရဲ့အဘိုးနဲ့ ယွမ်မျိုးနွယ်ရဲ့ ဦးလေးယွမ်နဲ့က ညီအစ်ကိုတွေလေ။ ဒါပေမယ့် အဘိုးက အိမ်ထောင်ကျတော့ မိသားစုတွေ ကွဲသွားကြပြီး ရှီဂျန်းမြို့ကို ရောက်လာခဲ့တာ။ ဒီလောက်ဆို ငါနဲ့ ဇန်ဖန် ဆက်ဆံရေးကို နားလည်လောက်ပါပြီ"

"မိသားစုတွေနဲ့ကြရော ဘယ်လိုဆက်ဆံရေးမျိုး ရှိတာလဲ"

"တအားကြီး ရင်းနှီးတာမျိုးတော့ မဟုတ်ပါဘူး။ နှစ်သစ်ကူးပွဲတော်တို့ ဘာတို့ဆိုရင်တော့ သွားလည်နေကြလေ"

ချင်းယွီနည်းနည်းလောက် ထပ်စဉ်းစားပြီးတော့ မေးလိုက်သည်။

"ယွမ်ဇန်ဂန်က ဂျန်ယွမ် ဟိုတယ်ရဲ့ အရင်ဥက္ကဌမလား။ ဒါဆို အခုဥက္ကဌက သူမဟုတ်တော့ဘူးပေါ့"

"ဟင် ဘာလို့လဲ... ဂျန်ယွမ်ဟိုတယ်က ယွမ်မိသားစုအပိုင်လေ။ ပြီးတော့သူက အိမ်ထောင်ဦးစားပဲဟာကို။ မင်းပြောတဲ့ အရင်ဥက္ကဌဆိုတဲ့ စကားအရဆို ဟိုတယ်ရဲ့ ဥက္ကဌနေရာက ယွမ်မိသားစုဟာ မဟုတ်တော့ဘူးလို့ ပြောချင်တာလား။ ဘာလို့လဲ"

"ဟုတ်တယ်။ ယွမ်မိသားစုမပိုင်တော့ဘူး။ အခုကျွန်တော်က ဂျန်ယွမ် ဟိုတယ်ဥက္ကဌပဲ" ချင်းယီရှက်ရှက်နဲ့ပဲ ပြောလိုက်သည်။

"မင်းက...လာနောက်နေတာလား"

"ကျွန်တော် ဟိုတယ်ရဲ့ ရှယ်ယာအကုန်လုံးကို မတော်တဆ ဝယ်မိသွားတာ။အဲ့တော့ ဟိုတယ်ရဲ့ဥက္ကဌကလည်း ကျွန်တော်ပဲ ဖြစ်လာတော့တာပေါ့"

"မဖြစ်နိုင်တာ။ယွမ်ဇန်ဂန်က ဟိုတယ်ရဲ့ရှယ်ယာတွေကို ထုတ်ရောင်းတယ်ပေါ့။ အဲ့ဟိုတယ်က ယွမ်မိသားစုရဲ့ အဓိက စီးပွားရေးအချက်အချာလေ"

"အစက ကျွန်တော်က ရှီဂျင်ဟွာရဲ့ ရှယ်ယာတွေပဲ ဝယ်လိုက်တာ။ ပြီးတော့ ဘဏ်မှာ အပ်ထားတာတွေထဲလည်း ဂျန်ယွမ်ဟိုတယ်ရဲ့ ရှယ်ယာတွေ ရှိနေသေးတာ။ အဲ့တော့ သူလည်း ကျွန်တော့်ကိုပဲ ရောင်းဖို့ လုပ်လိုက်ရတော့တာ"

"ဘယ်လောက်နဲ့ ဝယ်လာတာလဲ"

"သန်း၁၂၀" ချင်းယွီ ပြောပြလိုက်သည်။

"ဂျန်ယွမ်ဟိုတယ်က အလွန်ဆုံးမှ သန်း၈၀ပဲ တန်တာလေ။ အဲ့တာကို ဘာလို့ အဲ့လောက်သုံးပြီး ဝယ်လိုက်ရတာလဲ"

"အဓိကက ကျွန်တော်အဲ့ဟိုတယ်မှာ နေနေတာလေ။ အဲ့တော့နေလက်စနဲ့ ဝယ်လိုက်တာ ပိုကောင်းမလားလို့ ဆိုပြီး"

ယွမ်ရှောင်တင် ဆွံ့အသွားသည်။ သူချင်းယွီကို ကြည့်လိုက်ပြီး မချိမကဲ ပြုံးပြလိုက်သည်။

ဘလက်ခ်ကဒ် ပိုင်ထားတဲ့ သူဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့။ တကယ့်ကိုပဲ သူဌေးတွေက ပိုက်‌ဆံကို လူမဆန်‌ေလာက်‌ေအာင် သုံးပြနိုင်တာပဲ။ သူအဲ့တာကို တွေးမိပြီး နည်းနည်းစိတ်လှုပ်ရှားလာသည်။

နန်ယွမ်ရှင်ရဲ့ မြေအောက်ထပ်မှာတော့ ကားတစ်စီး ရပ်ထားသည်။ သူ့ဘေးက လူကတော့ မြန်မြန်‌သူ့ဘေးက လိုက်လာသည်။ ဇန်ဖန်မျက်နှာသေနဲ့ ကားထဲဝင်ထိုင်လိုက်သည်။

သူ့ဘေးကပါလာတဲ့သူက ဒါရိုက်ဘာထိုင်ခုံ ဝင်ထိုင်လိုက်တော့ "မင်းကို ဘာမှသိပ်သင်ပေးစရာမလိုဘူးပဲ" ဇန်ဖန်ဆီက အဲ့လိုပြောတာကြားလိုက်ရတော့ သူ့ဘေးကလူကလည်း နည်းနည်းစိတ်သက်သာရာရသွားသည်။

"ဒီ‌ကောင်လေးရဲ့ အကြောင်းကို ပြောရရင်တော့ သူ့မိဘတွေက ဒီနိုင်ငံမှာပဲ။ သူ့ပိုင်ဆိုင်မှုက ဒီနန်ဂျန်းမြို့ထဲမှာ ၂ခုရှိတယ်။ ဟွာဂျန်းပလာဇာနဲ့ ဂျန်ယွမ် ဟိုတယ်။ ဒီနေ့မှ ဟိုတယ်က လွှဲယူထားတာ။ နောက်ထပ်ကတော့ အချိန်သိပ်မရှိလို့ ရှာမရသေးဘူး"

"ဒါလေးနဲ့များ ငါ့ရှေ့လာပြီး မခန့်လေးစား လုပ်ရဲတယ်ပေါ့။ သူဘယ်လိုလိုနေနေ အသေသာ သတ်ပစ်လိုက်။ ဒီကိစ္စကို မင်းကိုလွှဲလိုက်ပြီ။ ဒီကောင်ကို အသက်ရှင်လျက် ထပ်မြင်ရရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်နော်"

"ဟုတ်ကဲ့ပါ သခင်လေး။ သူဒီညအသက်ရှင်မှာ မဟုတ်တော့ပါဘူး"

"အင်း...သူ့ပိုင်ဆိုင်မှု ၂ခုကတော့ ငါ့အတွက် အသုံးဝင်တာမို့ ယူထားလိုက်။ ပလာဇာကတော့ သိပ်အရေးမပါပေမယ့်လည်း ယူထားလိုက်ပါ"

ရှောင်ဇန်ဖန် စိတ်တို‌နေပေမယ့် ရုတ်တရက်ကြီး စိတ်အေးအေးထားလိုက်ပြီးတော့ ပြောလာသည်။

"ရှီဂျန်းမြို့ကို အရင်သွားလိုက်ရကြ‌ရအောင်ပါ။ ဖန်မိသားစုက ဒါပဲရှိတာလေ။ အဲ့‌ကလေးနောက်မှာ ဖန်မိသားစုရှိရင် ပြသာနာတက်နိုင်တယ်"

"သခင်လေး ဖန်မိသားစုကို ဘာတွေ ကြောက်နေတာလဲ။ သခင်ကြီးဖန်လည်း ဆုံးတော့မယ် ကြားတယ်။ သူမရှိတော့ရင် ဖန်မိသားစုရဲ့ သခင်မကြီးကလည်း တစ်ယောက်တည်း ဖြစ်နေတော့မှာ။ သခင်ကြီး မရှိတော့မှတော့ သူတို့က ဘာအင်အားရှိတော့မှာလဲ"

ရှောင်ဇန်ဖန် ပြုံးလိုက်မိသည်။ သူ့လူပြောတာလည်း ဟုတ်တော့ဟုတ်တာပဲ။

"မစ္စတာဖန် ဆုံးတော့မယ်ဆိုရင်တော့မှ ငါတို့ဝင်ပါလို့ ရတဲ့ကိစ္စမဟုတ်ဘူး။ ပြီးတော့ရှီဂျန်းမိသားစုရဲ့ အင်အားကြီးမိသားစုတွေမို့ အဲ့လောက်ကြီး အခြေအနေက ကွာတာမဟုတ်ဘူး။ တစ်ခုပဲ ငါတို့ကအမြဲသူတို့ အမိန့်နဲ့ နေနေရမှာလား။ အထူးသဖြင့် အဲ့မိသားစုရဲ့ မကောင်းဆိုးဝါး ဖန်မင်ယွီနဲ့ ပတ်သက်ပြီးတော့…."

ရှောင်ဇန်ဖန် အံကြိတ်မိလိုက်သည်။ အဲ့မိန်းမက သူ့ရဲ့နာကျင်မှု၊ သူ့ရဲ့စိတ်ထဲက မကောင်းဆိုးဝါးပဲ။ သူနဲ့သွားမရှုပ်ချင်ရင် တစ်နည်းပဲ ရှိတယ်။အဲ့မိန်းမသေဖို့ ကျိန်စာတိုက်ပစ်မှရမှာပဲ။

ရှီဂျန်းမြို့ကို ခဏပြန်သွားရမယ်။ ငါလည်း အဲ့လောက်တော့ လုပ်ပိုင်ခွင့်ရှိတယ်မလား။ ဒါဆိုအဲ့နယ်မြေကလည်း ငါ့အပိုင် ဖြစ်လာမှာပဲ။

ရှောင်ဇန်ဖန်ကားလည်း ထွက်သွားပြီးရော နောက်က အလန်းစားကားတစ်စီး ထွက်လာသည်။ နောက်ပြီး လမ်းမပေါ်တက်သွားခဲ့သည်။ အဲ့ကားကတော့ ချင်းယွီမောင်းလာတဲ့ ညနက်လေပြေကား။ ယွမ်ရှောင်တင်နဲ့ စကားပြောပြီးတော့ သူကားမောင်းပြီး ပြန်ခဲ့လိုက်သည်။ ကားမောင်းနေရင်း ကားထဲက လေထုက တစ်မျိုးကြီးဖြစ်နေတယ်လို့ ခံစားရလို့ ကားမှန်တွေချလိုက်သည်။

All Chapters