အခန်း (၆၃)
Vol. 5 Ch. 63
ကားမောင်းနေရင်း ကားထဲက လေထုက လေးလံနေတယ်လို့ ခံစားရလို့ သူပြတင်းပေါက်မှန်တွေ ချလိုက်သည်။ ချင်းယွီလည်း ထွက်သွားရော ထိပ်ပြောင်နဲ့လူကြီးရယ်၊ သူ့ကောင်မလေးရယ်က ဆိုင်ထဲကနေ ထွက်လာကြသည်။ ကားတော့ ဝယ်မလာတဲ့ ပုံပဲ…။
သူတို့နှစ်ယောက် အပြင်မှာရပ်နေရင်း ညနက်လေပြေကားကို တွေ့တော့ ချက်ချင်း စိတ်ဝင်စားသွားသည်။ အဲ့ကားကို ချင်းယွီမောင်းလာတာ မြင်တော့ ပိုပြီး အံ့ဩသွားမိသည်။ ကားပုံစံကလည်း အရမ်းမိုက်သည်။ မြင်တဲ့လူတိုင်း ဒီကားက ဈေးကြီးမယ်ဆိုတာ လူတိုင်းသိသည်။ သူကားစက်နိုးမယ့် အင်ဂျင်သံကို စောင့်နားထောင်နေမိသည်။ စက်နှိုးပြီးတာနဲ့ တပြိုင်နက်ကားက သူ့ဘေးကနေ မြှားပစ်လိုက်သလိုပဲ တစ်ချက်တည်းနဲ့ လမ်းမပေါ်တက်သွားပြီး ပျောက်ကွယ်သွားတော့သည်။ (အရှိန် အရမ်း မြန်တာကို ပြောချင်တာပါ)
ရှီဝေလည်း ဘေးမှာရပ်နေတာမြင်တော့ သူသွားပြီး ကားဈေးကို မေးလိုက်မိသည်။ ညနက်လေပြေဘူဂါတီကား သိန်း၈ထောင်ဆိုတဲ့ စကားကို ကြားပြီး ဟူဘိုင် နည်းနည်းယိုင်သွားမိသည်။
ကားလေးတစ်စီးကို သိန်း၈ထောင်တောင်မှ တစ်သက်လုံးရှာရင်တောင် အဲ့ကားဝယ်ဖို့ မဖြစ်နိုင်လောက်ဘူး။ သူခဏလောက် တွေးလိုက်မိသည်။ နောက်ခါဒီကားကို တွေ့ရင် တစ်ခါလောက်တော့ ဓာတ်ပုံရိုက်ရမယ်။
ညရဲ့လေတိုက်နှုန်းကလည်း တအားပြင်း၏။ချင်းယွီ ဝူဗန်နယ်မြေထဲမှာ တအားမမောင်းရဲဘူး။ ခုလေးတင် ရောက်လာတာဆိုတော့ ဒီနေရာနဲ့လည်း တအားမရင်းနှီးသေးဘူး။ အဲ့တာကြောင့် ထိန်းမောင်းဖြစ်သည်။သူအခု သွားနေတာ ဂျန်ယွမ်ဟိုတယ်ဆီ။ ဒါပေမယ့် သူ့စိတ်တွေက သူ့မျက်နှာလိုတော့ မတည်ငြိမ်နေဘူး။ စနစ်နဲ့ ချိတ်မိကတည်းက ဘာလုပ်လုပ် အကျိုးအကြောင်း သိပ်မစဉ်းစားဖြစ်တော့ဘူး။ ပိုက်ဆံရှိသရွေ့က ဖြေရှင်းလို့ မရတဲ့ ကိစ္စဆိုတာမရှိပါဘူး။ အခုသာ ရှောင်ဇန်ဖန်နဲ့တွေ့မိရင် ခေါင်းပေါက်အောင် ထိုးခံရမှာပဲ။
ဟူး... အခုမှပဲ ကောင်းကင်ကြီးပေါ်မှာ သူ့ထက်မြင့်တဲ့ စကြဝဏ္ဍကြီးရှိသေးတာ သဘောပေါက်သွားတော့သည်။ လူအချင်းချင်းတောင် သူ့ထက်ကိုယ့်ထက် မြင့်တဲ့လူတွေဆိုတာ ရှိသေးတာပဲ။ ငွေကအရာရာကို မဖြေရှင်းနိုင်တာတွေရှိနိုင်တာပဲ။ သူမကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုးတွေပေါ့။ အားဘယ်လောက်မှ မသုံးလိုက်ပဲနဲ့ နံရံကြီးပေါ်မှာ အပေါက်ကြီးဖြစ်သွားတာကို ပြန်တွေးမိတော့ ချင်းယွီ ချွေးစီးတွေပါ ကျလာမိသည်။သူသာအထိုးခံလိုက်ရရင် စနစ်တောင် ကယ်နိုင်လောက်မှာ မဟုတ်ဘူး။
ခဏလောက်နေတော့ ဂျန်ယွမ်ဟိုတယ်ရဲ့ ဝင်ပေါက်မှာ ကားရပ်လိုက်သည်။ ချင်းယွီကို မြင်တော့ ရုတ်တရက်ကြောင်နေရာကနေ တလေးတစား နှုတ်ဆက်လာသည်။
"မဂ်လာပါ မစ္စတာချင်း"
သူကားသော့ကို ပစ်ပေးလိုက်ပြီး
"ကားကို ပါကင်ထိုးပြီး ကားသော့ကို လော်ဘီထဲက ကောင်တာမှာ တင်ထားလိုက်ပါ။ ဆင်းရင် ယူလိုက်မယ်"
"ဟုတ်ကဲ့ပါ မစ္စတာချင်း ကျွန်တော် သေချာ ပါကင်ထိုးလိုက်ပါ့မယ်"
"မဂ်လာပါ မစ္စတာချင်း"
ချင်းယွီဝင်လာတော့ ဝန်ထမ်းလေး နှစ်ယောက်က ရပ်စောင့်နေပြီး နှုတ်ဆက်လာသည်။ ချင်းယွီ ပြန်ပြုံးပြလိုက်ပြီး လျှောက်လာခဲ့သည်။
"မဂ်လာပါ ဥက္ကဌချင်း"
ဟိုတယ်လော်ဘီထဲ ဝင်သွားတော့ ဝန်ထမ်းတွေက သူ့ကို နှုတ်ဆက်လာကြသည်။
"ဒီနေ့လည်း အလုပ်ကြိုးစား ပေးကြပါဦး"
ချင်းယွီလည်း တစ်ယောက်ချင်းစီကို စကားပြန်ပြောပြီး ထွက်လာလိုက်သည်။ သူဟိုတယ်ရဲ့ ပိုင်ရှင်ဆိုတဲ့ သတင်းက ပြန့်သွားပြီနဲ့ တူတယ်။ သူ့ဓာတ်ပုံတောင် ဝန်ထမ်းတွေ လက်ထဲမှာ တွေ့ရသည်။
ကြည့်ရတာ ဟန်ရွမ် လက်ချက်ပဲ ဖြစ်ရမယ်။ သူ့ဘောစ့်ကို ဝန်ထမ်းတွေ ဂရုမစိုက်မှာ ကြောက်နေတာလေ။
"ဘော့စ်"
ဟန်ရွမ်လည်း လော်ဘီပထမထပ်မှာ ရှိနေတဲ့ ချင်းယွီကို မြင်တော့ ပြေးလာလိုက်သည်။
"ဟန်ရွမ် ဟိုတယ်ကိစ္စတွေ ဘယ်လိုလဲ။ အကုန်လုံး အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ပြေပါတယ် ဘော့စ်။ ပြီးေတာ့ ဟိုတယ်မှာ ဘော့စ်အတွက် ပြင်ပေးထားတဲ့ အခန်းရှိပါတယ်။ အရင်အခန်းထက်လည်း ပိုကျယ်ပြီး ပိုပြီးအဆင့်မြင့်ပါတယ်။ သွားကြည့်ကြည့်ဦးမလား"
"ရပါတယ်။ အရင်နေတဲ့ အခန်းမှာပဲ နေတော့မယ်။အဲ့အခန်းကို ဒီတိုင်းထားထားလိုက်"
သူအခုစိတ်မကြည်ဘူး။ အခန်းထဲပဲ အရင်ပြန်ချင်နေတယ်။ ဟိုဟိုဒီဒီ လျှောက်ကြည့်ချင်စိတ်လည်း မရှိဘူး။ စနစ်ထဲကိုလည်း ဝင်တောင်မကြည့်ရသေးဘူး။
"ဟုတ်ကဲ့ပါ ဘော့စ်။ ဖြေးဖြေးသွားပါ"
ချင်းယွီအခန်းကို ပြန်လိုက်ပြီး ထိုင်ချလိုက်သည်။ ပြီးတော့ စနစ်ကို ဖွင့်ကြည့်လိုက်သည်။ ဂျန်ယွမ်ဟိုတယ်အား အောင်မြင်စွာ ရယူပြီးဆိုတဲ့ စာလေးလည်း ပေါ်နေသည်။ ဒီတစ်ခါ ဘယ်လိုလက်ဆောင်မျိုး ရမလဲမသိဘူး။
"စနစ်ရေ အဆင့်မြှင့်လိုက်တော့"
သူအမိန့်ပေးပြီးတော့ စိတ်လှုပ်ရှားနေမိသည်။
(ဒင်...! အဆင့်မြှင့်ခြင်း အောင်မြင်သွားပါပြီ။ ပွိုင့် ၁သောင်း....!)
လက်ခံသူ ချင်းယွီ
အသက် ၂၅
ကိုယ်ခန္တာကြံခိုင်မှု - ၅၀ ပုံမှန်
စိတ်စွမ်းအား -၅၀ ပုံမှန်
အရည်အချင်း မရှိ
တာဝန် မရှိ
ဝင်ရောက်ခြင်းအမှတ် - ၁၀၀၀၆
လက်ကျန်ငွေ ၆၂.၉ ဘီလီယမ်
ကျော်ပိုးအိတ် - တစ်
ချင်းယွီ ရေခဲရေနဲ့ ပက်ခံလိုက်ရသလို တောင့်သွားမိသည်။
"စနစ်ရာ မင်းေတာ့ လာနောက်နေတာပဲ။ အဆင့်၅က လက်ဆောင်ကလည်း ဘာကြီးလဲ... အဲ့အစားပိုက်ဆံလေးဘာလေး ပေးရတာပဲကို။ ဘာတွေလာပေးနေတာလဲ"
စနစ်က ငြိမ်နေတာတွေ့တော့ စနစ်ကို မေးလိုက်သည်။
"ဒီပွိုင့်တွေက ဘယ်မှာ သုံးလို့ရလဲ"
(လက်ခံသူချင်း ဝင်ရောက်ခြင်းအတွက် ရရှိသည့် ပွိုင့်တွေအား စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ စကေး မြှင့်တင်ဖို့ အသုံးချနိုင်ပါသည်။ စနစ်မှ အကူအညီတောင်းရန်လည်း အသုံးချနိုင်ပါသည်။)
"အင်း ခန္ဓာကိုယ်ကိုပိုင်းကို အဆင့်မြှင့်လို့ရတာကတော့ မဆိုးပါဘူး။ အဲ့တာဆို တီဗီမှာ ဆယ်လီဖြစ်အောင် လုပ်လို့ရမှာလား"
(လက်ခံသူပြောသည့် ဆယ်လီဆိုသည်ကို မသိပါ။ သို့ရာတွင် စနစ်မှ သတ်မှတ်ထားသည့် ပွိုင့်သို့ရောက်လျှင် ခန္ဓာကိုယ်အား အဆင့်တစ်ခုထိ ရောက်အောင် မြှင့်တင်လို့ရပါသည်။ လက်ခံသူနေထိုင်နေသော ဂြိုလ်အားလည်း လက်ညှိုးတစ်ချက်ဖြင့် ဖျက်စီးနိုင်ပါသည်။)
"ဘာဂြိုလ်..... အာ ငါနေတဲ့ ကမ္ဘာကို ပြောတာလား။ အင်း မဆိုးဘူးပဲ တကယ့်ကို"
ချင်းယွီနှလုံးခုန်တွေမြန်ပြီး စိတ်လှုပ်ရှားလာသည်။ ဒီအမှတ်တွေနဲ့ဆို ရှောင်ဇန်ဖန်ကို အသာလေး အနိုင်ယူလို့ ရပြီပဲ။ ကြည့်ရတာ အမှတ်တွေက အလကားတော့ မဟုတ်ဘူးပဲ။ပိုတောင် အရေးကြီးတာပဲ။ ပိုက်ဆံနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်အောင် လုပ်ဖို့က ခက်တာပဲ။ ခန္ဓာကိုယ်ကြံ့ခိုင်ရင်တော့ ပိုက်ဆံရှာရလွယ်မယ်။
"အဆင့်မြှင့်ရင်ရော ပွိုင့်(အမှတ်)တွေက ဘယ်လောက်ရနိုင်လဲ"
(အဆင့်နှင့် အဆင့်ကြားတွင် အဆင့်မြှင့်ပါက အမှတ်ရရှိမည် မဟုတ်ပါ။ စနစ်မှ ပေးသော မစ်ရှင်များ ပြီးမြောက်ပါက ရရှိနိုင်ပါသည်။)
"အဲ့တာဆိုလည်း အဆင့်မြှင့်ရင် ဘာရဖို့ အလွယ်ဆုံးလဲ"
(အဆင့်မြှင့်ပါက ပိုက်ဆံရဖို့က အလွယ်ဆုံးပါပဲ။)
"တကယ်ပါပဲ။ အမှတ်ရနိုင်ချေက နည်းတာပဲ။ ဒါပေမယ့် အဓိပ္ပာယ်တော့ ရှိပါတယ်။ အမှတ်တွေပဲ ရနေရင် နောက်ကြ ဘယ်ကပိုက်ဆံနဲ့ သွားသုံးရမှာလဲ"
စနစ်ကပေးတဲ့ မစ်ရှင်ကို သူခဏလောက်လျစ်လျုရှုထားလိုက်သည်။ ဒါမျိုးတွေက ဘယ်တော့မှရမလဲမှမသိတာ။
ချင်းယွီစနစ်က ပြထားတဲ့ သူ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"အမှတ်၁သောင်း သုံးရင်ရော ကိုယ်ခန္ဓာစွမ်းဆောင်ရည်က ဘယ်လောက်ဖြစ်သွားမှာလဲ"
(အမှတ်၁သောင်းသုံးရင် ကိုယ်ခန္ဓာစွမ်းဆောင်ရည်မှာလည်း ၁သောင်းဖြစ်သွားမှာပါ)
"အဲ့တာဆိုရင် အမှတ်၁၀၀သုံးလိုက်"
ချင်းယွီတစ်ခါတည်း အများကြီး မသုံးရဲဘူး။ ၁သောင်းလုံး အကုန်သုံးလိုက်ရင် အဆင်မပြေနိုင်ဘူးလေ။ သူအဆင့်မြှင့်ပြီးရင် ဘယ်လို ကောင်မလေးတွေနဲ့ တွေ့မယ်၊ ချီမယ်ဆိုပြီး တွေးလိုက်မိ၏။ ပြီးမှ သူတွေးမိတာတစ်ခုက ဒါတွေ အကုန်လုံးက သူ့ရဲ့ အပြင်ပန်း ပုံပန်းသဏ္ဍာန်ကိုပဲ ကြည့်ပြီး သဘောကျမယ့် သူတွေချည်းပဲ၊အတုအယောင်တွေပါပဲ၊ ဆိုပြီး သတိရလိုက်မိသည်။