အခန်း (၆၄)
Vol. 5 Ch. 64
(ဒင်! ပွိုင့်၁၀၀သုံးပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်မြှင့်ပြီးပါပြီ။ ၁မိနစ်အတွင်း ပြီးမြောက်ပါမည်)
ချင်းယွီရုတ်တရက်ကြီး ခန္ဓာကိုယ်တစ်ခုလုံး ပူလာသလို ခံစားလိုက်ရသည်။ သူအရေပြားနဲ့ အရိုးတွေကနေ ပူနွေးနွေးခံစားချက်ကြီး ရလာသည်။ ဒါပေမယ့် ခဏကြာတော့ အဲ့ခံစားချက်ကြီး ပျောက်ပြီး တစ်ကိုယ်လုံး ယားလာသည်။
(လက်ခံသူ၏ ခန္ဓာကိုယ်အဆင့်မြှင့်မှု အောင်မြင်ပါသည်။)
စနစ်ကပြောလိုက်တာနဲ့ ယားနေတာတွေလည်း ပျောက်သွားသည်။ချင်းယွီလူသစ် တစ်ယောက် ဖြစ်သွားတယ်လို့ ခံစားမိလိုက်သည်။ အားတွေလည်း ပြည့်လာပြီး သက်သောင့်သက်သာ ဖြစ်လာသလိုပဲ။ ချင်းယွီမှန် သွားကြည့်လိုက်သည်။ ဘာမှတော့ ပြောင်းလဲမသွားဘူး။ နည်းနည်းတော့ ပိုချောလာသလ်ုပဲ။ မဆိုးပါဘူး ချောလာတာဆိုတော့လည်း။ အဆင့်မြှင့်တာကလည်း ရုပ်ပါချောလာတာပဲ။ စနစ်ကိုတော့ ချစ်သွားပြီ။
စနစ်ကိုခဏလောက် ကြည့်လိုက်သည်။
(၁၅၀-ပုံမှန်) ပုံမှန်တဲ့လား....
"စနစ်ရေ ပွိုင့်၅ထောင်သုံးပြီး အဆင့်မြှင့်လိုက်"
(သတိပေးပါသည်။ ပွိုင့်၅ထောင်လုံး တပြိုင်နက် အသုံးပြုပါက လက်ခံသူ သည်းမခံနိုင်မှာကို စိုးရိမ်မိပါသည်။ ပွိုင့်၂၃၀၀ဖြင့် အရင်ဆုံး စမ်းကြည့်ရန် အကြံပြုပါသည်။)
"ဟုတ်ပြီလေ။ ပွိုင့်၂၃၀၀ အရင်သုံးလိုက်"
(ဒင်...! ပွိုင့်၂၃၀၀ နှုတ်လိုက်ပါပြီ။ ၁၀မိနစ်ခန့် စောင့်ပေးပါ။)
အားး နာတယ်။ ဘယ်လိုမှ မခံစားနိုင်လောက်တဲ့ထိပဲ။ သူ့တစ်ခေါင်းလုံး အပ်တွေနဲ့ ထိုးနေသလိုပဲ။ မေ့ပါမေ့လဲချင်သွားတယ်။ ၅မိနစ်လောက်နေတော့ ဘာ်လိုမှ မခံနိုင်တော့ဘူး။ လိပ်ပြာလွင့်နေငလိုပဲ။ တခြားလက္ခဏာတွေ ဖြေးဖြေးချင်းပျောက်သွားပေမယ့် နာနေတုန်းပဲ။ ချင်းယွီ ဒီလိုနာကျင်မှုမျိုး တစ်သက်နဲ့တစ်ကိုယ်မကြုံဖူးဘူး။ ၂မိနစ်လောက်နေတော့ ခေါင်းကြည်ပြီး နည်းနည်းနေရသက်သာလာသည်။နာကျင်မှုတွေ ပြီးတော့ သက်သောင့်သက်သာ ဖြစ်လာသည်။ စိန်တွေ၊ကျောက်တွေရဲ့ တောက်ပတဲ့ ကြည်လင်မှုမျိုးနဲ့ သူ့စိတ်တွေလည်း ကြည်လာသည်။
(ဂုဏ်ယူပါသည်။ ခန္ဓာကိုယ်အား ပွိုင့်၂၃၀၀သုံးပြီး အဆင့်မြှင့်ခြင်း အောင်မြင်ပါသည်။)
အဆင့်မြှင့်နေတဲ့ အချိန်တွင်းတော့ နာပေမယ့် တန်ပါတယ်လေ...။
ချင်းယွီမျက်လုံးတွေလည်း အရင်ကထက် ပိုဖောက်ထွင်း မြင်နိုင်သလိုတောင် ဖြစ်နေသည်။ မိုင်ရာချီကလာနေတဲ့ အသံတွေပါ ကြားနိုင်လာသည်။ ဟိုးအဝေးကြီးက ခြေသံကိုတောင်ကြားရသည်။ တစ်ယောက်ယောက် လမ်းလျှောက်လာရင်တောင် သူသိနိုင်လောက်သည်။ မျက်လုံးတွေကလည်း အမြင့်ဆုံး၃၆ထပ်ကနေ အောက်ဆုံးထပ်ထိကို မြင်နိုင်လာသည်။ ဒီလိုတွေ ပြောင်းလဲကုန်တာက စိတ်ပိုင်းဆိုင်ရာကိုပါ အားအင်တွေ ပြည့်လာစေသည်။
ချင်းယွီအဲ့အချိန်မှာ စိတ်အေးအေးနဲ့ စဉ်းစားလိုက်ပြီး မေးလိုက်သည်။
"စနစ်ရေ ငါ့ဆီမှာရှိသမျှ ပွိုင့်အကုန် သုံးလိုက်မယ်ဆိုရင် ဘယ်အဆင့်ထိ ရောက်သွားမှာလဲ"
(ရှိသမျှ ပွိုင့်အကုန် အဆင့်မြင့်မည်ဆိုပါက အဆင့်၁၀သို့ ရောက်ရှိပါမည်။)
"အဆင့်၁၀ ရောက်ဖို့ဆို ပွိုင့်ဘယ်လောက် လိုမှာလဲ"
(ပွိုင့်၇၂၅၀လိုပါသည်။)
"အဲ့လိုဆိုရင် ၇၂၅၀လုံးသုံးပြီး အဆင့်မြင့်လိုက်"
(အမှတ်၇၂၅၀နှုတ်လိုက်ပါသည်။မြှင့်တင်မှု စတင်ပါမည်။ ၁၅မိနစ်ခန့် ကြာမြင့်နိုင်ပါသည။)
ချင်းယွီခန္ဓာကိုယ် တစ်ခုလုံး အပူလှိုင်း ဖြတ်သွားသလိုပဲ။ တစ်ကိုယ်လုံးလည်း ပူနေပြီး မီးလောင်နေသလိုပဲ။ ခဏလောက်ကြာတော့ မုန်တိုင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ပုရွက်ဆိတ် အကောင်သောင်းချီ သူ့ပေါ်တက်ကိုက်နေသလို နာကျင်လာသည်။ တစ်ကိုယ်လုံးက အရေပြားတွေ၊ သွေးတွေ၊ အတွင်းကလီစာတွေထိပါ သူခံစားမိနေသည်။ ပြောပြလို့တောင် မရတဲ့ နာကျင်မှုတွေက ပိုပိုတိုးလာသည်။ချင်းယွီ ဒါတွေ အကုန်လုံးကို သည်းခံနိုင်ပါတယ်။ ဒါပေမယ့် တော်တော်တော့ အဆင်မပြေဘူး။ ဓားတွေနဲ့ သူအရေပြားတွေကို လာလှီးနေသလိုပဲ။ စနစ်ကိုကြည့်လိုက်တော့ သူ့စွမ်းဆောင်ရည် ဇယားက တိုးလာနေတာ တွေ့ရသည်။ တစ်နာရီလောက်ကြာတော့ သူ့အခန်းအပြင်က ရေကူးကန်ဆီကို ထွက်လာလိုက်ပြီး ရေငုပ်ကြည့်လိုက်သည်။ တစ်နာရီလောက် ရေငုပ်တာတောင် အသက်ရှူကြပ်တာ ဘာညာမဖြစ်ဘူး။
သူ့ခန္ဓာကိုယ်ပေါ်က အရေပြားတွေ ကွာကျပြီး ချွေးတွေလည်း အကုန် ဆေးချလိုက်သလိုပဲ။ တအားလန်းဆန်းသွားသည်။ ဒါကမှ စွမ်းရည်အစစ်ပဲ။ နဂါးကြီးတစ်ကောင်လိုပဲပေါ့။ ရှိရှိသမျှ အားတွေနဲ့ ထိုးပစ်ချင်နေေပမယ့် သူရှိသမျှ အားနဲ့အကုန် ထိုးလိုက်ရင် အကုန် အမှုန့်ဖြစ်သွားမှာ သူသိတာမို့ ဘာမှေတာါလုပ်မကြည့်ဘူး။ မှန်ထဲကို ကြည့်လိုက်တော့ အရပ်တောင်ရှည်လာသလိုပဲ။ နည်းနည်းလည်း ပိန်ပြီးတော့ ပုံကျလာသည်။ အရင်ကထက်လည်း ပိုပြီးချောလာသည်။ သူခဏလောက် ရပ်ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"ဘယ်လိုတောင် ကြီးပြင်းလာတာပါလိမ့်။ ဘယ်သူမှ မယှဉ်နိုင်တဲ့အာဏာနဲ့ ရုပ်ချောချောလေး နောက်ကြ သူ့ကို ဘယ်သူမှတ်မိမလဲတောင် မသိတော့ဘူး"
သူအခန်းထဲဝင်ပြီး ဘရမ်းတွေ လဲဝတ်လိုက်ပြီးနောက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးလို ဖြစ်နေတာ တွေ့လိုက်သည်။ အဲ့အချိန်မှာ ဖုန်းမြည်လာလို့ ကိုင်လိုက်တော့ ထန်ရှင်ဖြစ်နေသည်။ ဖုန်းခေါ်တာလည်း အလုပ်ကိစ္စ ပြောတာပါ။
"ကုမ္ပဏီလည်း မှတ်ပုံတင်ပြီး တရားဝင်အကောင့်ဖွင့်ပြီးပါပြီ။ ဘဏ်ကို လွှဲလိုက်တဲ့ ငွေတွေကိုလည်း ကုမ္ပဏီ အကောင့်ထဲကို ပြောင်းပြီးသွားပါပြီ။ အခုဟွာဂျန်းပလာဇာကို သွားပြီး နေရာလည်း ရှာပြီးပါပြီ။ မနက်ဖြန်ရုံးကို ပစ္စည်းတွေ စရွှေ့တော့ပါေတာ့မယ်"
ကုမ္ပဏီအဖွဲ့ ဖွဲ့တာနဲ့ ဝန်ထမ်းရှာဖို့လည်း ထန်ရှင်ကိုပဲ တာဝန်ပေးထားသည်။
"အင်း ပြီးတော့ အချိန်တိုအတွင်း အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားတာ လိုချင်တယ်။ ခက်ခဲေနရင် ငွေပိုပေးလိုက်။ ပိုက်ဆံနဲ့ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ ကုမ္ပဏီလစာကို သူများတွေထက် ၂ဆ တိုးပေးလည်း ဖြစ်တယ်"
သူချင်းယွီဆီက အဲ့စကားတွေလည်း ကြားရော ဘာကိုမှဂရုမစိုက်တော့ဘူး။
ချင်းယွီပြောတဲ့စကားတွေက တကယ့်ကိုပဲ အာဏာပြင်းသည်။ သူချင်းယွီနဲ့ ခဏလောက် ဆက်ပြောပြီးတော့ ဖုန်းချလိုက်သည်။ ဖုန်းပြောပြီးတော့ သူဗိုက်ဆာလာသည်။ ခန္ဓာကိုယ်ပြောင်းလဲသွားတာနဲ့လည်း ဆိုင်မှာပေါ့။ အချိန်ကြည့်တော့ ညနေခြောက်နာရီ ဖြစ်နေပြီ။ ဟိုတယ်ဝန်ထမ်းဆီ ဖုန်းဆက်ပြီး မှာတော့မယ့်အချိန် ဖုန်းထပ်မြည်လာသည်။ ဒီတစ်ခါ ဖုန်းခေါ်လာတာကတော့ လုခယ်ရှင်....
"ချင်းယွီငါ လုခယ်ရှင်ပါ။ ဒီည ငါရာထူးတိုးလို့ ညစာစားပွဲရှိတယ်။ ကုမ္ပဏီက ဝန်ထမ်းတွေ အကုန်လာမှာ။ လွမ်းနေလို့လေ မင်းကို။ရီပင်ထန်မှာ ဒီည၇နာရီတွေ့မှာ။ မင်းအားတယ်ဆို လာခဲ့ပါလား။အချိန်မှီလာခဲ့နော်"
"အခန်းကြီးထဲမှာလား။ အဲ့တာအဆင့်မြင့် စားသောက်ဆိုင်လေ။ လူတွေအများကြီးနဲ့ တတ်နိုင်မှာလား မင်း"
"မင်းဒါ...အထင်သေးလိုက်တာပဲ"
"ဒေါ်လာထောင်ချီတန်တဲ့ အသားတွေနော်"
"ဟမ် ဒေါ်လာထောင်ချီ တန်တာလား"
"မင်းဒီလောက် ကပ်စီးကုပ်နေပြီးတော့များ။ ၁၀၊၂၀လောက်ကုန်တာတောင် သွေးတက်နေတဲ့ ကောင်က"
ချင်းယွီ လုခယ်ရှင်အကြောင်း ကောင်းကောင်းသိတာမို့ ပြောလိုက်သည်။
"ဘယ်သူ့ကို ကပ်စီးကုပ်တယ် ပြောနေတာလဲ။ငါက မင်းလောက် ကပ်စီးကုပ်ပါ့မလား။ ဟဲဟဲ တကယ်တော့ ကုမ္ပဏီက မန်နေဂျာက ရှင်းမှာတဲ့။ ဝန်ထမ်းတွေကို ညစာလိုက်ကျွေးလိုက်တဲ့။ ပြီးကြ မင်းနဲ့ တွေ့ချင်လို့ လို့လည်း ပြောတယ်။ အော်အဲ့ကိစ္စကို မင်းကို မပြောဖို့လည်း ပြောသေးတယ်"
"အော် သိပြီ..."
"အဲ့တာဆိုလည်း လာခဲ့။ငါ့ကို မျက်နှာ မပြတ်စေနဲ့နော်။ မင်းအသားစား ရတာနဲ့တင် တန်ပါတယ်။ သူ့ပိုက်ဆံကို သုံးထားမှတော့ တစ်ခုခုတော့ ပြန်လုပ်တော့ ပေးရမှာပေါ့"
"မင်းအဲ့လိုတွေထိ ပြောပြီးမှတော့ ငါကမလာစရာလား"
"အိုခေ။ အဲ့တာဆို သေချာမှတ်ဦးနော်။ ရီပင်ထန်မှာ ည၇နာရီ။ ဒါဆိုနောက်မှတွေ့မယ်”
အခန်း-65
စကားပြောပြီးတော့ ချင်းယွီဖုန်းမချခင် သူ့ဘက်က အရင်ဖုန်းချသွားသည်။ တစ်ဖက်က ပြောနေတဲ့အသံက အလုပ်များနေတဲ့ အသံဆိုတော့ ချင်းယွီ စိတ်တိုတိုနဲ့ အံကြိတ်လိုက်မိသည်။ ပြီးတော့ ဖုန်းကိုလည်း လွှင့်ပစ်လိုက်သည်။ ခဏနေတော့ ဟိုတယ်ဝန်ထမ်းကို ဖုန်းဆက်ပြီး ညစာယူလာဖို့ ပြောလိုက်သည်။ ဗိုက်ကတော်တော်ဆာနေတာမို့ ဟိုမသွားခင် တစ်ခုခု စားသွားမှဖြစ်မယ်။ ၁၀မိနစ်လောက်နေတော့ ချင်းယွီညစာလည်း စားပြီးသွားပြီ။ ဗိုက်လည်း ဝသွားသည်။ သူအစားစားနှုန်းက အရင်ကနဲ့ မတူတာလည်း သတိပြုလိုက်မိသည်။ အရင်ကဆိုရင် ဒီလိုမျိုးစားရရင် တစ်ဝက်တောင် ကုန်တာမဟုတ်ဘူး။
ပြီးတော့ သူအောက်ထပ်ကို ဆင်းလာပြီး ညနက်လေပြေထဲ ဝင်လိုက်ပြီး သွားဖို့ ပြင်လိုက်သည်။ ခဏနေတော့ ကားစက်နိုးလာပြီး ကားကလည်း လမ်းမပေါ်ကို တက်သွားသည်။ ချင်းယွီအခု ကိုယ်ခံအားနဲ့ ကားမောင်းရတာ ပိုတောင် ကျွမ်းလာတယ်လို့ ခံစားမိသည်။ ကားနဲ့လည်း လိုက်ရောညီထွေ ဖြစ်လာသလိုပဲ။ လမ်းပေါ်မှာ မောင်းနေတဲ့ကားတွေက ချင်းယွီရဲ့ ကားကို ရှောင်မောင်းကြသည်။ ကားရဲ့အရှိန်က အရမ်းကိုမြန်တော့ ခဏလေးနဲ့ ရီပင်ထန်ကို ရောက်လာသည်။ သူကားရပ်လိုက်ပြီး နာရီကြည့်လိုက်သည်။
"၇နာရီထိုးဖို့ လိုသေးတာပဲ။ နောက်ကျမယ် ထင်ထားတာ စောရောက်လာတာပဲ။"
သူ့ကားနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ မာစီးဒီးအနက်ရောင်ကို သူကြည့်မိလိုက်သည်။
ဒီကားသူ့နောက်က တောက်လျှောက် လိုက်နေတာ သူသတိထားမိသည်။ ဘယ်သူများလဲ။ အဲ့လူက သူ့သတ်ချင်နေတာများလား။ ရှောင်ဇန်ဖန်များလား။ ချင်းယွီ လျှောက်တွေးလိုက်သည်။ ဘယ်သူဖြစ်ဖြစ်ပါ ခုအခြေအနေနဲ့ သူဘယ်သူကိုမှ ကြောက်မနေပါဘူး။ သူ့ကိုယ်ခံစွမ်းအား ပြောင်းလဲသွားကတည်းက ယုံကြည်ချက်တွေလည်း ရှိလာသည်။ သူတကယ် စမ်းထိုးကြည့်ချင်နေတာ။ ကြည့်ရတာသူနဲ့လေ့ကျင့်ဖို့ ရောက်လာပေးတဲ့ပုံပဲ။
လုခယ်ရှင်ကို ဖုန်းဆက်ပြီးတော့ ဘယ်နားမှာလဲလို့ မေးလိုက်သည်။ ပြီးတော့ ရီထန်ပင်ထဲက အခန်းနံပါတ်(၃)ဆီ တက်သွားလိုက်သည်။ အခန်းထဲမှာ စားပွဲ ၃ခု ရှိနေသည်။ ပထမစားပွဲက ရှီဂျန်းအရောင်းဌာနက သာမန်ဝန်ထမ်းတွေ ထိုင်နေတာ။ အလယ်စားပွဲမှာတော့ HRဌာနက လူတွေနဲ့ တခြားလူတွေ။ လီရှင်ပိုင်၊လီရှောင်ထန်၊ လီပင်၊ ဇန်မိုင် စတဲ့ စီနီယာဝန်ထမ်းတွေကတော့ ကျန်တဲ့ ဘယ်ဘက်က ခုံမှာ ထိုင်နေကြသည်။ ချင်းယွီရောက်လာတော့ ခုံတွေက ပြည့်နေပြီ။ သူအကုန်လုံးကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်ပြီး လျှောက်လာလိုက်သည်။
အခုထိ အကုန်လုံးနဲ့လည်း အဆင်ပြေသေးတယ်။ ရာထူးတွေတော့ ကွာသွားပေမယ့် ချင်းယွီကတော့ သူတို့ကို အမြဲသတိရနေပါတယ်။ သူ….သူများတွေကို အထင်မကြီးရင်တောင်မှ အထင်တော့ မသေးပါဘူး။ သူလူချမ်းသာတွေနဲ့ပဲ တွေ့ရတဲ့အချိန်ဆို လူချမ်းသာဆိုပေမယ့် သာမန်လူတွေနဲ့ တွေ့ရင်လည်း သူကသာမန်လိုပဲ။ ဘေးနားကစားပွဲကို ထပ်ကြည့်လိုက်တော့ နည်းနည်းတော့ ကြောင်သွားမိ၏။
သူလုခယ်ရှင်ကိုတွေ့တော့ ပြုံးပြလိုက်ပြီး ဘေးနားက ထိုင်ခုံတစ်ခုံကို ယူထိုင်လိုက်သည်။ အကြီးဆုံးအမကြီးဟွမ်က အသက်၄ဝနားနီးပြီ။ ဒါပေမယ့် ခါးသေးသေး၊ လက်မောင်းသေးသေးနဲ့ ဆံပင်အတိုလေးနဲ့ပဲ။ မိန်းမတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်မျိုးတော့ မရှိပေမယ့် သဘောတော့ ကောင်း၏။ ဒါပေမယ့် အတင်းတုပ်ရတာတော့ ကြိုက်သည်။ အရင်တစ်ခေါက်က စီလု သူ့ကို လာတွေ့တဲ့ နေ့တုန်းကလည်း အဲ့အကြောင်းကို အကြာကြီး မေးနေခဲ့သေးတာ။ အဲ့တာတွေကြောင့် ချင်းယွီသူ့ကို သိပ်တော့ မတွေ့ချင်ဘူး။ ဒါပေမယ့်လည်း မတတ်နိုင်ဘဲ ဝင်ထိုင်လိုက်ရသည်။ လုခယ်ရှင်ဖုန်းခေါ်တော့ ပိုင်ရှင်လည်း လာမယ်ပြောသည်။ ဒါပေမယ့် သူသတ်ခံရမယ်ဆိုရင်တောင် ဒီကိုတော့ သူဌေးအဖြစ်နဲ့ ပေါ်လာမှာ မဟုတ်ဘူး။
"ချင်းယွီ ရောက်လာပြီပဲ"
"ခယ်ရှင်နဲ့ မင်းနဲ့က တစ်တိုက်တည်းမှာပဲ မလား။ ဘာဖြစ်လို့ မတွေ့မိတာပါလိမ့်"
"အမဟွမ်၊ အမရှောင်တုန်၊အမလီတို့ ကျွန်တော်ရောက်လာပါပြီ"
"ချင်းယွီ အချိန်ကောင်းမှာ ရောက်လာတာပဲ။ မင်းအကြောင်းခုတင် ပြောနေတာ။ အရင်တခေါက်တုန်းက ကုမ္ပဏီမှာ အရမ်းတွေ သတ္တိကောင်းနေခဲ့တာဆို။ ဟိုဝက်ကောင်နဲ့ သူ့တူနှစ်ယောက်လုံးကိုလည်း ပညာပြခဲ့သေးတယ်ဆို။ ကောင်းတယ်။ နောက်ဆုံးတော့ တူဝရီးနှစ်ယောက်လုံး ပြန်ပေးဆပ်ရတာပဲပေါ့"
ချင်းယွီထိုင်တာတွေ့တော့ ဘေးကရယ်လာသည်။ လီရှီပင်နဲ့ လုရှောင်တုန် နှစ်ယောက်လုံးကို စိုက်ကြည့်လိုက်ပြီးတော့ တစ်ခစ်ခစ်နဲ့ ရယ်နေတာတွေ့တော့ ရုတ်တရက် တွေးလိုက်မိသည်။ နှစ်ယောက်သားက တော်တော်လိုက်တာပဲ။ ရုပ်ရှင်လေးဘာလေး တွဲရိုက်ကြပါ့လား...။
"ချင်းယွီ နင်က အရင်တုန်းက အလုပ်လုပ်ဖို့က လွဲပြီး ကျန်တာဘာမှမသိဘူးလေ။ ခုကြနှမြောစရာကြီး။ နင့်ကိုစိတ်ဝင်စားနေတဲ့ ကောင်မလေးတွေ ရှိရင်ရှိနေမှာပေါ့"
ပြောပြီး သူမရယ်လိုက်၏။
"အမဇန်က ကျွန်တော်ကို လာနောက်နေတာပဲ"
"ချင်းယွီ ဘာဖြစ်လို့လဲ။ ကုမ္ပဏီကနေ ထွက်သွားပြီလို့လည်း ကြားတယ်။ ဘာလို့လဲ။ ဂုတ်သွေးစုပ်တဲ့ကောင်ကြီးကို ပြန်တိုက်ခဲ့ပြီးပြီပဲကို"
အမဟွမ်ကတော့ အမြဲအတင်းပဲတုပ်နေတော့တာပဲ။
"အမဟွမ် အဲ့တာ သူတို့လျှောက်ပြောနေတာ မယုံကြနဲ့။ ဒီတိုင်းဒီမှာ ဆက်မလုပ်ပဲ နေရာသစ်ကို သွားချင်လို့ အလုပ်ထွက်လိုက်ရုံပါပဲ။ အဲ့တော့ မေးမနေနဲ့တော့"
"ချင်းယွီ ငါမင်းကိုတွေ့တွေ့ချင်း တခြားသူထင်နေတာ။ပလက်စတစ်ဆာဂျယ်ရီတွေ ဘာတွေများ လုပ်လိုက်တာလား။ အရပ်တွေလည်း ပိုရှည်လာသလိုပဲ။ နည်းနည်းလည်း ပိုချောလာသလိုပဲ။ မဟုတ်ဘူး အများကြီး ပိုချောလာတာ။ တီဗီထဲက မင်းသားတွေထက်ေတာင် ပိုပြီး ချောနေသေးသလိုပဲ"
လီရှီပင်ကတော့ ကမ္ဘာကြီး အသစ်ကို ရှာတွေ့သွားတဲ့အတိုင်း ချင်းယွီကို မျက်တောင်တစ်ချက် မခတ်ပဲ စိုက်ကြည့်နေသည်။
"တော်တော်ချောလာတယ်။ဓာတ်ပုံရိုက်ရင် အဖက်ထည့်စရာတောင် မလိုလောက်ဘူး"
လုခယ်ရှင်လည်း ခေါင်းညိတ်လိုက်သည်။
"နင်တို့ပဲ အဲ့လိုခံစားရတာ။တကယ်က ငါကအစောကြီးကတည်းက သတိထားမိနေတာ။နင်တို့မသိတာ တစ်ခုရှိသေးတယ်"
ဇန်မိုင် ဘေးက ၂ယောက်ကို ပြုံးပြလိုက်သည်။
"ဘာလဲ အမဇန်။ ပြောပြပါဦး"
"ချင်းယွီ အနီမာ(ဘရမ်းဆိုင်နာမည်)ကို မတွေ့လိုက်ဘူးမလား။ဝတ်စုံက ဈေးမကြီးပေမယ့် ဖိနပ်ကတော့ ဈေးသေချာပေါက် ကြီးတယ်။ သူဝတ်ထားတာအကုန်ဆို မနည်းဘူး ရှိလောက်ရှိမှာ"
"မဖြစ်နိုင်တာ။ သူပြောတာ ဟုတ်လား ချင်းယွီ"
လုရှောင်တုန်က ချင်းယွီကို ခေါင်းအစခြေအဆုံးကြည့်ပြီး
"အဲ့တာဆို ချင်းယွီ နင်က ချမ်းသာတယ်ပေါ့။ဒီလိုဆ်ိုမှေတာ့ နင်အလုပ်ထွက်ချင်တာလည်း မဆန်းပါဘူး။ နင်ဝတ်ထားတာတွေက ငါ့တစ်နှစ်စာလခလောက်ရှိတယ်။ ဒီလိုသာဆို နောက်ကို နာမည်တပ်မခေါ်တော့ဘူး။ ငါ့ကိုညီလေး တော်ချင်လားမသိပေမယ့် ငါကတော့ ကိုကြီးချင်းလို့ပဲ ခေါ်တော့မယ်နော်"
လူတော်တော်များများက သူ့ကို ချောတယ် ဝိုင်းပြောတုန်းက သိပ်သတိမထားမိပေမယ့် ဇန်မိုင် ခုနကပြောတာ ကြားပြီးတော့ နည်းနည်းတော့ စိတ်ထဲတစ်မျိုး ဖြစ်သွားသည်။
ချင်းယွီလည်း ဘာမှမတတ်နိုင်ဘဲ လိမ်ပြောလိုက်ရသည်။
"ဘာမှလျှောက်တွေးမနေနဲ့။ ဒါတွေက ကြည့်ရင်သာ ဈေးကြီးတယ်ထင်ရတာ တကယ်တည်းက အပြင်က ဝယ်လာတာ။ယွမ်၁၀၀/၂၀၀လောက်ပဲ ရှိတာ”
"ချင်းယွီ လာလိမ်မနေနဲ့။ မင်းအမဇန်က ဘရမ်းတွေ အများကြီး မြင်ဖူးနေကြ။ဒီရှီဂျန်းကို မရောက်ခင်က အနီမာမှာ အရောင်းဝန်ထမ်း လုပ်ခဲ့တာ။အဲ့တော့ ဒါအတုလား။အစစ်လား ကြည့်တာနဲ့ သိတယ်"
"အမဇန် အနီမာမှာ အရောင်းဝန်ထမ်း လုပ်ခဲ့တာလား"
ချင်းယွီ ဇန်မိုင်ကို အကူအညီမဲ့နေတဲ့ အကြည့်မျိုးနဲ့ကြည့်လိုက်သည်။
လီရှီပင်လည်း ဝင်ေပြာလိုက်သည်။
"ချင်းယွီ ဟန်ဆောင်မနေနဲ့တော့။ဘာလို့ ပိုချောလာပြီး ဘယ်လိုချမ်းသာလာတာလဲပဲဖြေ။ ရိုးရိုးသားသားဖြေနော်။ လိမ်ဖို့မကြံနဲ့တော့....”