အခန်း (၆၅)
Vol. 5 Ch. 65
စကားပြောပြီးတော့ ချင်းယွီဖုန်းမချခင် သူ့ဘက်က အရင်ဖုန်းချသွားသည်။ တစ်ဖက်က ပြောနေတဲ့အသံက အလုပ်များနေတဲ့ အသံဆိုတော့ ချင်းယွီ စိတ်တိုတိုနဲ့ အံကြိတ်လိုက်မိသည်။ ပြီးတော့ ဖုန်းကိုလည်း လွှင့်ပစ်လိုက်သည်။ ခဏနေတော့ ဟိုတယ်ဝန်ထမ်းကို ဖုန်းဆက်ပြီး ညစာယူလာဖို့ ပြောလိုက်သည်။ ဗိုက်ကတော်တော်ဆာနေတာမို့ ဟိုမသွားခင် တစ်ခုခု စားသွားမှဖြစ်မယ်။ ၁၀မိနစ်လောက်နေတော့ ချင်းယွီညစာလည်း စားပြီးသွားပြီ။ ဗိုက်လည်း ဝသွားသည်။ သူအစားစားနှုန်းက အရင်ကနဲ့ မတူတာလည်း သတိပြုလိုက်မိသည်။ အရင်ကဆိုရင် ဒီလိုမျိုးစားရရင် တစ်ဝက်တောင် ကုန်တာမဟုတ်ဘူး။
ပြီးတော့ သူအောက်ထပ်ကို ဆင်းလာပြီး ညနက်လေပြေထဲ ဝင်လိုက်ပြီး သွားဖို့ ပြင်လိုက်သည်။ ခဏနေတော့ ကားစက်နိုးလာပြီး ကားကလည်း လမ်းမပေါ်ကို တက်သွားသည်။ ချင်းယွီအခု ကိုယ်ခံအားနဲ့ ကားမောင်းရတာ ပိုတောင် ကျွမ်းလာတယ်လို့ ခံစားမိသည်။ ကားနဲ့လည်း လိုက်ရောညီထွေ ဖြစ်လာသလိုပဲ။ လမ်းပေါ်မှာ မောင်းနေတဲ့ကားတွေက ချင်းယွီရဲ့ ကားကို ရှောင်မောင်းကြသည်။ ကားရဲ့အရှိန်က အရမ်းကိုမြန်တော့ ခဏလေးနဲ့ ရီပင်ထန်ကို ရောက်လာသည်။ သူကားရပ်လိုက်ပြီး နာရီကြည့်လိုက်သည်။
"၇နာရီထိုးဖို့ လိုသေးတာပဲ။ နောက်ကျမယ် ထင်ထားတာ စောရောက်လာတာပဲ။"
သူ့ကားနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ မာစီးဒီးအနက်ရောင်ကို သူကြည့်မိလိုက်သည်။
ဒီကားသူ့နောက်က တောက်လျှောက် လိုက်နေတာ သူသတိထားမိသည်။ ဘယ်သူများလဲ။ အဲ့လူက သူ့သတ်ချင်နေတာများလား။ ရှောင်ဇန်ဖန်များလား။ ချင်းယွီ လျှောက်တွေးလိုက်သည်။ ဘယ်သူဖြစ်ဖြစ်ပါ ခုအခြေအနေနဲ့ သူဘယ်သူကိုမှ ကြောက်မနေပါဘူး။ သူ့ကိုယ်ခံစွမ်းအား ပြောင်းလဲသွားကတည်းက ယုံကြည်ချက်တွေလည်း ရှိလာသည်။ သူတကယ် စမ်းထိုးကြည့်ချင်နေတာ။ ကြည့်ရတာသူနဲ့လေ့ကျင့်ဖို့ ရောက်လာပေးတဲ့ပုံပဲ။
လုခယ်ရှင်ကို ဖုန်းဆက်ပြီးတော့ ဘယ်နားမှာလဲလို့ မေးလိုက်သည်။ ပြီးတော့ ရီထန်ပင်ထဲက အခန်းနံပါတ်(၃)ဆီ တက်သွားလိုက်သည်။ အခန်းထဲမှာ စားပွဲ ၃ခု ရှိနေသည်။ ပထမစားပွဲက ရှီဂျန်းအရောင်းဌာနက သာမန်ဝန်ထမ်းတွေ ထိုင်နေတာ။ အလယ်စားပွဲမှာတော့ HRဌာနက လူတွေနဲ့ တခြားလူတွေ။ လီရှင်ပိုင်၊လီရှောင်ထန်၊ လီပင်၊ ဇန်မိုင် စတဲ့ စီနီယာဝန်ထမ်းတွေကတော့ ကျန်တဲ့ ဘယ်ဘက်က ခုံမှာ ထိုင်နေကြသည်။ ချင်းယွီရောက်လာတော့ ခုံတွေက ပြည့်နေပြီ။ သူအကုန်လုံးကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်ပြီး လျှောက်လာလိုက်သည်။
အခုထိ အကုန်လုံးနဲ့လည်း အဆင်ပြေသေးတယ်။ ရာထူးတွေတော့ ကွာသွားပေမယ့် ချင်းယွီကတော့ သူတို့ကို အမြဲသတိရနေပါတယ်။ သူ….သူများတွေကို အထင်မကြီးရင်တောင်မှ အထင်တော့ မသေးပါဘူး။ သူလူချမ်းသာတွေနဲ့ပဲ တွေ့ရတဲ့အချိန်ဆို လူချမ်းသာဆိုပေမယ့် သာမန်လူတွေနဲ့ တွေ့ရင်လည်း သူကသာမန်လိုပဲ။ ဘေးနားကစားပွဲကို ထပ်ကြည့်လိုက်တော့ နည်းနည်းတော့ ကြောင်သွားမိ၏။
သူလုခယ်ရှင်ကိုတွေ့တော့ ပြုံးပြလိုက်ပြီး ဘေးနားက ထိုင်ခုံတစ်ခုံကို ယူထိုင်လိုက်သည်။ အကြီးဆုံးအမကြီးဟွမ်က အသက်၄ဝနားနီးပြီ။ ဒါပေမယ့် ခါးသေးသေး၊ လက်မောင်းသေးသေးနဲ့ ဆံပင်အတိုလေးနဲ့ပဲ။ မိန်းမတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်မျိုးတော့ မရှိပေမယ့် သဘောတော့ ကောင်း၏။ ဒါပေမယ့် အတင်းတုပ်ရတာတော့ ကြိုက်သည်။ အရင်တစ်ခေါက်က စီလု သူ့ကို လာတွေ့တဲ့ နေ့တုန်းကလည်း အဲ့အကြောင်းကို အကြာကြီး မေးနေခဲ့သေးတာ။ အဲ့တာတွေကြောင့် ချင်းယွီသူ့ကို သိပ်တော့ မတွေ့ချင်ဘူး။ ဒါပေမယ့်လည်း မတတ်နိုင်ဘဲ ဝင်ထိုင်လိုက်ရသည်။ လုခယ်ရှင်ဖုန်းခေါ်တော့ ပိုင်ရှင်လည်း လာမယ်ပြောသည်။ ဒါပေမယ့် သူသတ်ခံရမယ်ဆိုရင်တောင် ဒီကိုတော့ သူဌေးအဖြစ်နဲ့ ပေါ်လာမှာ မဟုတ်ဘူး။
"ချင်းယွီ ရောက်လာပြီပဲ"
"ခယ်ရှင်နဲ့ မင်းနဲ့က တစ်တိုက်တည်းမှာပဲ မလား။ ဘာဖြစ်လို့ မတွေ့မိတာပါလိမ့်"
"အမဟွမ်၊ အမရှောင်တုန်၊အမလီတို့ ကျွန်တော်ရောက်လာပါပြီ"
"ချင်းယွီ အချိန်ကောင်းမှာ ရောက်လာတာပဲ။ မင်းအကြောင်းခုတင် ပြောနေတာ။ အရင်တခေါက်တုန်းက ကုမ္ပဏီမှာ အရမ်းတွေ သတ္တိကောင်းနေခဲ့တာဆို။ ဟိုဝက်ကောင်နဲ့ သူ့တူနှစ်ယောက်လုံးကိုလည်း ပညာပြခဲ့သေးတယ်ဆို။ ကောင်းတယ်။ နောက်ဆုံးတော့ တူဝရီးနှစ်ယောက်လုံး ပြန်ပေးဆပ်ရတာပဲပေါ့"
ချင်းယွီထိုင်တာတွေ့တော့ ဘေးကရယ်လာသည်။ လီရှီပင်နဲ့ လုရှောင်တုန် နှစ်ယောက်လုံးကို စိုက်ကြည့်လိုက်ပြီးတော့ တစ်ခစ်ခစ်နဲ့ ရယ်နေတာတွေ့တော့ ရုတ်တရက် တွေးလိုက်မိသည်။ နှစ်ယောက်သားက တော်တော်လိုက်တာပဲ။ ရုပ်ရှင်လေးဘာလေး တွဲရိုက်ကြပါ့လား...။
"ချင်းယွီ နင်က အရင်တုန်းက အလုပ်လုပ်ဖို့က လွဲပြီး ကျန်တာဘာမှမသိဘူးလေ။ ခုကြနှမြောစရာကြီး။ နင့်ကိုစိတ်ဝင်စားနေတဲ့ ကောင်မလေးတွေ ရှိရင်ရှိနေမှာပေါ့"
ပြောပြီး သူမရယ်လိုက်၏။
"အမဇန်က ကျွန်တော်ကို လာနောက်နေတာပဲ"
"ချင်းယွီ ဘာဖြစ်လို့လဲ။ ကုမ္ပဏီကနေ ထွက်သွားပြီလို့လည်း ကြားတယ်။ ဘာလို့လဲ။ ဂုတ်သွေးစုပ်တဲ့ကောင်ကြီးကို ပြန်တိုက်ခဲ့ပြီးပြီပဲကို"
အမဟွမ်ကတော့ အမြဲအတင်းပဲတုပ်နေတော့တာပဲ။
"အမဟွမ် အဲ့တာ သူတို့လျှောက်ပြောနေတာ မယုံကြနဲ့။ ဒီတိုင်းဒီမှာ ဆက်မလုပ်ပဲ နေရာသစ်ကို သွားချင်လို့ အလုပ်ထွက်လိုက်ရုံပါပဲ။ အဲ့တော့ မေးမနေနဲ့တော့"
"ချင်းယွီ ငါမင်းကိုတွေ့တွေ့ချင်း တခြားသူထင်နေတာ။ပလက်စတစ်ဆာဂျယ်ရီတွေ ဘာတွေများ လုပ်လိုက်တာလား။ အရပ်တွေလည်း ပိုရှည်လာသလိုပဲ။ နည်းနည်းလည်း ပိုချောလာသလိုပဲ။ မဟုတ်ဘူး အများကြီး ပိုချောလာတာ။ တီဗီထဲက မင်းသားတွေထက်ေတာင် ပိုပြီး ချောနေသေးသလိုပဲ"
လီရှီပင်ကတော့ ကမ္ဘာကြီး အသစ်ကို ရှာတွေ့သွားတဲ့အတိုင်း ချင်းယွီကို မျက်တောင်တစ်ချက် မခတ်ပဲ စိုက်ကြည့်နေသည်။
"တော်တော်ချောလာတယ်။ဓာတ်ပုံရိုက်ရင် အဖက်ထည့်စရာတောင် မလိုလောက်ဘူး"
လုခယ်ရှင်လည်း ခေါင်းညိတ်လိုက်သည်။
"နင်တို့ပဲ အဲ့လိုခံစားရတာ။တကယ်က ငါကအစောကြီးကတည်းက သတိထားမိနေတာ။နင်တို့မသိတာ တစ်ခုရှိသေးတယ်"
ဇန်မိုင် ဘေးက ၂ယောက်ကို ပြုံးပြလိုက်သည်။
"ဘာလဲ အမဇန်။ ပြောပြပါဦး"
"ချင်းယွီ အနီမာ(ဘရမ်းဆိုင်နာမည်)ကို မတွေ့လိုက်ဘူးမလား။ဝတ်စုံက ဈေးမကြီးပေမယ့် ဖိနပ်ကတော့ ဈေးသေချာပေါက် ကြီးတယ်။ သူဝတ်ထားတာအကုန်ဆို မနည်းဘူး ရှိလောက်ရှိမှာ"
"မဖြစ်နိုင်တာ။ သူပြောတာ ဟုတ်လား ချင်းယွီ"
လုရှောင်တုန်က ချင်းယွီကို ခေါင်းအစခြေအဆုံးကြည့်ပြီး
"အဲ့တာဆို ချင်းယွီ နင်က ချမ်းသာတယ်ပေါ့။ဒီလိုဆ်ိုမှေတာ့ နင်အလုပ်ထွက်ချင်တာလည်း မဆန်းပါဘူး။ နင်ဝတ်ထားတာတွေက ငါ့တစ်နှစ်စာလခလောက်ရှိတယ်။ ဒီလိုသာဆို နောက်ကို နာမည်တပ်မခေါ်တော့ဘူး။ ငါ့ကိုညီလေး တော်ချင်လားမသိပေမယ့် ငါကတော့ ကိုကြီးချင်းလို့ပဲ ခေါ်တော့မယ်နော်"
လူတော်တော်များများက သူ့ကို ချောတယ် ဝိုင်းပြောတုန်းက သိပ်သတိမထားမိပေမယ့် ဇန်မိုင် ခုနကပြောတာ ကြားပြီးတော့ နည်းနည်းတော့ စိတ်ထဲတစ်မျိုး ဖြစ်သွားသည်။
ချင်းယွီလည်း ဘာမှမတတ်နိုင်ဘဲ လိမ်ပြောလိုက်ရသည်။
"ဘာမှလျှောက်တွေးမနေနဲ့။ ဒါတွေက ကြည့်ရင်သာ ဈေးကြီးတယ်ထင်ရတာ တကယ်တည်းက အပြင်က ဝယ်လာတာ။ယွမ်၁၀၀/၂၀၀လောက်ပဲ ရှိတာ”
"ချင်းယွီ လာလိမ်မနေနဲ့။ မင်းအမဇန်က ဘရမ်းတွေ အများကြီး မြင်ဖူးနေကြ။ဒီရှီဂျန်းကို မရောက်ခင်က အနီမာမှာ အရောင်းဝန်ထမ်း လုပ်ခဲ့တာ။အဲ့တော့ ဒါအတုလား။အစစ်လား ကြည့်တာနဲ့ သိတယ်"
"အမဇန် အနီမာမှာ အရောင်းဝန်ထမ်း လုပ်ခဲ့တာလား"
ချင်းယွီ ဇန်မိုင်ကို အကူအညီမဲ့နေတဲ့ အကြည့်မျိုးနဲ့ကြည့်လိုက်သည်။
လီရှီပင်လည်း ဝင်ေပြာလိုက်သည်။
"ချင်းယွီ ဟန်ဆောင်မနေနဲ့တော့။ဘာလို့ ပိုချောလာပြီး ဘယ်လိုချမ်းသာလာတာလဲပဲဖြေ။ ရိုးရိုးသားသားဖြေနော်။ လိမ်ဖို့မကြံနဲ့တော့....”