အခန်း (၆၇)
Vol. 5 Ch. 67
အကုန်တိတ်သွားကြတဲ့ အချိန်မှာ ချင်းယွီက အရွက်သုပ်ကို စားလက်စတန်းလန်းကြီး။
"ကြည့်ရတာ ဒီက အစ်ကိုက ကျွန်တော့်မိသားစုဝင် ဖြစ်လာမယ့် သူကို သဘောကျနေတဲ့ပုံပဲ။ အင်းလေ... ကျွန်တော်ကောင်မလေးကလည်း ချောတာကို"
စောနကတည်းက ချင်းယွီသူ့လုပ်ငန်းကဒ်ကို စားပွဲပေါ်ပစ်တင်လိုက်လို့ သူနည်းနည်း တင်းနေတာ။ နောက်ပြီး ချင်းယွီရဲ့ ရုပ်ရည်ကြောင့် မနာလိုဖြစ်မိတာလည်း ပါသည်။
ချင်းယွီ လီရှောင်ဝန်အမူအယာ ပြောင်းလဲသွားတာ ခံစားမိလိုက်သည်။
"ရာဖန်က တကယ်လှပါတယ်။ ချောတာလှတာဆို လူတိုင်းက သဘောကျတာပဲမလား။ ဒါပေမယ့် ခင်ဗျားနဲ့ကတော့ တကယ်မလိုက်ဘူး"
"ညီလေး ဘာကို ပြောချင်တာလဲ။ ကျုပ်က ရာဖန်ရည်းစားဖြစ်ဖို့ မတန်ဘူးလို့ ပြောချင်တာလား"
လီရှောင်ဝန် စိတ်တိုတိုနဲ့ မေးလိုက်သည်။
အခြေအနေက တစ်မျိုးဖြစ်သွားပြီ။ အကုန်လုံးကလည်း တူတွေချပြီး ပွဲကြည့်ဖို့ အဆင်သင့်ဖြစ်နေကြသည်။
"ဘယ်လိုဖြစ်နေကြတာလဲ။ ခုမှ တွေ့ရုံလေးကို"
ဂေါင်ရာဖန် အကျယ်ကြီး အော်ပြောပြီး ချင်းယွီကို ကြည့်လိုက်သည်။ ချင်းယွီကို ကြည့်လိုက်ရုံလေးကို ဘာလို့ ရင်ထဲ တစ်မျိုးကြီးဖြစ်သွားရတာလဲ။ သာမန်ထက်ပိုချောနေပြီး ဝတ်ထားတာနဲ့လည်း အရမ်းလိုက်နေသည်။ အဲ့အချိန်မှာပဲ အသံတစ်သံကြားလိုက်ရသည်။
အခန်းထဲကို လူ၂ယောက် ဝင်လာသည်။သူတို့ကတော့ ဇောင်ရှန်ဟွာနဲ့ ဝန်ဇီ...။ ဂျီယွမ်ဂိမ်းကုမ္ပဏီရဲ့ အထွေထွေမန်ေနဂျာနဲ့ ရှီဟွမ်လုပ်ငန်းစုရဲ့ သူဌေး။ ဇောင်ရှန်ဟွာက ဝင်လာပြီး ဝန်ထမ်းတွေနဲ့ စကားနည်းနည်းပါးပါး ပြောအပြီး လုခယ်ရှင်က အလယ်စားပွဲမှာ ထိုင်ဖို့ နေရာလိုက်ချပေးဖို့ပြင်သည်။
ဇောင်ရှန်ဟွာခေါင်းခါလိုက်ပြီး မေးလိုက်သည်။
"မန်နေဂျာလု မစ္စတာချင်း ဘယ်ရောက်နေလဲ"
"မစ္စတာချင်း...? အော် ချင်းယွီကိုလား။ ဟိုဘက်မှာပါ"
လုခယ်ရှင်လည်း ချင်းယွီရှိတဲ့နေရာဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ ဇောင်ရှန်ဟွာလည်း စားပွဲမှာ ထိုင်နေတဲ့ ချင်းယွီကို တွေ့လိုက်ရသည်။ သူအပျော်လွန်သွားပြီး ဝန်ဇီနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။
ပြီးတော့လုခယ်ရှင်ကို
"မင်းလုပ်စရာရှိတာ လုပ်နေပါ။မပူပါနဲ့ ငါတို့မစ္စတာဝန်နဲ့ အဲ့ဘက်သွားလိုက်မယ်"
အဲ့လိုပြောပြီးတော့ သူနဲ့ ဝန်ဇီ ခွက်အလွတ်ကို ဝိုင်နည်းနည်းစီ ထည့်ပြီး စားပွဲဘက်ကို လျှောက်လာလိုက်ကြသည်။
"ကြည့်အုံး။ ဘော့စ်တို့ ကျွန်တော်တို့ဘက်ကို လာနေပြီ။ ကြည့်ရတာ ခွက်ချင်း တိုက်ဖို့နဲ့တူတယ်။ ဝိုင်ခွက်ကိုယ်စီနဲ့ လာနေတာ”
လီရှောင်တုန် သူတို့သူဌေး စားပွဲဘက်လာနေတာကို တွေ့တော့ ပြောလိုက်သည်။
"ဒါနဲ့ဘာလို့ ဘော့စ်တူတူ မစ္စတာဝန်ကပါ ပါလာရတာလဲ။"
"ဘာမှတွေးမနေနဲ့။ ဝိုင်သာသွားယူလိုက်"
"နည်းနည်းနောက်ကျသွားတယ်"
သူတို့ပြောနေတုန်း စားပွဲဆီကို သူဌေးက ရောက်ချလာသည်။ဇန်မိုင်၊လီရှောင်တုန်နဲ့ လီပင်တို့ မတ်တပ်ရပ်တော့မယ့်အချိန်မှာပဲ...
"ကျွန်တော်တို့ကို စိတ်ထဲမထားပါနဲ့။စားစရာရှိတာ စားနေကြပါ။ ကျွန်တော်နဲ့ မစ္စတာဝန်က မစ္စတာချင်းနဲ့ ခွက်ချင်းတိုက်ပြီး ပြန်တော့မှာပါ"
"မစ္စတာချင်း...? မစ္စတာချင်းက ဘယ်သူလဲ"
အကုန်လုံး ကြောင်ကုန်ပြီး စဉ်းစားကုန်ကြသည်။ ချင်းဆိုတဲ့ မျိုးရိုးက ဒီမှာ ချင်းယွီပဲရှိတာလေ။ ဘော့စ်တို့က သူတို့သူငယ်ချင်း ချင်းယွီနဲ့ ခွက်ချင်းတိုက်ချင်နေကြတာလား။
အကုန်လုံး မသက်မသာ ဖြစ်နေကြတဲ့ အချိန်မှာပဲ ရှောင်ဝန်က ပြုံးပြုံးလေးနဲ့ ဝန်ဇီကို
"ဦးလေးဝန်...ဦးလေးဝန်ပဲ။ကျွန်တော့်ကို မှတ်မိသေးလား။ ရှောင်ဝန်လေ"
"ရှောင်ဝန်...? မင်း...မင်းက"
ဝန်ဇီ ပြန်မေးလိုက်သည်။
"ကျွန်တော့်ဦးလေးနာမည်က လီဒယ်ခန်ပါ။ဦးလေးနဲ့ ရုံးတူတူပဲလေ။ ကလပ်မှာလည်း တွေ့ဖူးသေးတယ်လေ"
ရှောင်ဝန် မြန်မြန်ပဲ ရှင်းပြလိုက်သည်။
"အော်မှတ်မိပြီ။ထန်ဝူပရောဂျက်က မန်နေဂျာလီပဲ။ မင်းမပြောရင် မှတ်မိမှာတောင် မဟုတ်ဘူး"
ဝန်ဇီ ကလပ်ဆိုတဲ့ စကားကြားတော့ မသက်မသာ ဖြစ်သွားသည်။ လူတွေအများကြီး ထိုင်နေတာကို ကြားသွားကြမှာပေ့ါ။ ဂေါင်ရာဖန်ကလည်း နေရခက်သွားသည်။
"ထင်သားပဲ မစ္စတာဝန်"
ရှောင်ဝန် အကုန်လုံးကို ဂုဏ်ယူနေတဲ့ မျက်နှာထားမျိုးနဲ့ ကြည့်လိုက်သည်။အထူးသဖြင့် ချင်းယွီကို။ မစ္စတာဝန်နဲ့ ငါက ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတယ် တွေ့လားဆိုတဲ့ အကြည့်မျိုး...။
ကလပ်ဆိုတဲ့ စကားပါလာတော့ ဝန်ဇီလည်းမဲ့ပြုံးလေးပြုံးပြလိုက်သည်။ ရှောင်ဝန်ကိုလည်း မကြည်မသာကြည့်လိုက်ပြီး တိတ်တိတ်လေးဆဲလိုက်သည်။
ကံဆိုးတာပဲ....ချီး။
သူချင်းယွီဘက်ကို ကြည့်လိုက်တော့ ခုံ၂ခုံလွတ်နေတာနဲ့ မစ္စတာဇောင်နဲ့ တူတူ ဝင်ထိုင်လိုက်သည်။ ပြီးတော့ ချင်းယွီကို
"မစ္စတာချင်း...မစ္စတာချင်းရော ဒီရောက်နေတာလား။ တိုက်ဆိုင်လိုက်တာ။ကျွန်တော်နဲ့ မစ္စတာဇောင် စိတ်ကူးပေါက်ပြီး အထူးအနေနဲ့ လာလည်လိုက်တာ။ မဆိုးပါဘူး။ အော်ပြီးတော့ မန်နေဂျာလုရဲ့ပွဲကို လာလည်ရင်း မစ္စတာချင်းနဲ့ တွေလိမ့်မယ်လို့ မထင်ထားဘူး။"
"ဒီလောက်တောင် တိုက်ဆိုင်နေတာမို့ စိတ်မရှိရင် တစ်ခွက်လောက် လက်ခံပေးလို့ရမလား မသိဘူး"
ဇောင်ရှန်ဟွာ မြန်မြန်ပဲ ပြောလိုက်သည်။
ချင်းယွီ လက်ထဲက ခွက်တွေကို ကြည့်ပြီးတော့
"ဒါပေမယ့် ကျွန်တော်ခွက်ထဲက ဝိုင်ဖြူမဟုတ်ဘူး။ စိတ်မရှိပါနဲ့"
"အာ မဟုတ်တာ။မစ္စတာချင်း ပြောသလိုပဲ အရက်ထပ်ပိုကောင်းတာရှိသေးတာပဲကို။ ဝိုင်ဖြူမဟုတ်လည်း ခွက်ချင်းပဲ တိုက်ကြရအောင်လေ။ မစ္စတာချင်း အဆင်ပြေသလိုလုပ်လိုက်ပါ"
အဲ့လိုပြောပြီးတော့ နှစ်ယောက်လုံးခွက်တွေကို မြှောက်လိုက်တာမို့ ချင်းယွီလည်း ခွက်ချင်းတိုက်ပေးလိုက်သည်။ ဝန်ဇီကတော့ အရင်သောက်လိုက်သည်။သုံးယောက်လုံး စကားပြောလိုက် သောက်လိုက်နဲ့ လုပ်နေကြ၏။ သူတို့ပုံစံက သာမန်ပါပဲ။ လုခယ်ရှင်ကတော့ မစ္စတာချင်းဆိုတာ ချင်းယွီကို ပြောတာပဲ ဆိုပြီး တွေးလိုက်မိသည်။ ဇန်မိုင်နဲ့ တခြားလူတွေကတော့ ဖယောင်းရုပ်တွေလိုပဲ တောင့်ပြီးရပ်နေကြသည်။ သူတို့ဘာတွေ မြင်လိုက်ရတာလဲ။
ဘာကအရက်ထပ် ပိုကောင်းတာလဲ။ဘာမို့လို့လဲ။ဘာတွေလဲ။ ချင်းယွီ မင်းက မိုက်လိုက်တာ။တကယ့်သူေဌး အကြီးစား ဖြစ်နေတာပဲ။ ပုံမှန်မဟုတ်တာ မဆန်းေတာ့ပါဘူး။ဒီတိုင်း သာမန်လူလို ဟန်ဆောင်နေတာပေါ့...။
လူတိုင်း ဒီလိုမျိုး တွေးလိုက်ကြပေမယ့် ရှောင်ဝန်တစ်ယောက်တော့ မျက်နှာကြီး ပူထူနေပြီ။ချင်းယွီအနေအထားကလည်း ပုံမှန်မဟုတ်တာ သူသိလိုက်သည်။ ကုမ္ပဏီရဲ့သူဌေးကတောင် ချင်းယွီကို တစ်ရိုတသေ တစ်လေးတစားနဲ့ ဆက်ဆံပေးနေတာ။ ပြီးတော့ ချင်းယွီက ဂေါင်ရာဖန်ကို သဘောကျနေတာ။ ဂေါင်ရာဖန်ကို သူလှည့်ကြည့်တော့ သူမ မျက်နှာက တော်တော်လေး နောင်တရနေတဲ့ပုံပဲ။ ချင်းယွီက သူဘယ်သူဘယ်ဝါဆိုတာ ဖုံးပြီး နေထားခဲ့တဲ့ပုံပဲ။အခုသူသိလိုက်ရတော့ ကြွေမိသွားတာ ဖြစ်ရမယ်။ အဲ့လိုတွေ တွေးလိုက်မိတော့ သူမျက်နှာက ပိုပြီးအလိုမကျဖြစ်လာရသည်။သူဂေါင်ရာဖန်ကို ၂နှစ်နီးပါး လိုက်ခဲ့ရတာ။ သူကြောင့်နဲ့ တခြားမိန်းမတွေနဲ့ပါ မပတ်သက်ပဲနေခဲ့တာ။ သူခက်ခက်ခဲခဲ ကြိုးစားပြီး ဒီနေ့မှ အဖြေရထားတာကို။ချင်းယွီဆိုတဲ့ တစ်ယောက်ကြောင့်နဲ့ ပျက်စီးရတော့မှာလား။ ချင်းယွီက ဘာလဲဆိုတာ တစ်ယောက်ယောက် ပြောပြမှ ဖြစ်တော့မယ်။ ချင်းယွီအကြောင်းကို စုံစမ်းပြီး သူသာ သာမန်ကောင်လေးဆိုရင်တော့ သူ့အဆိုးမဆိုနဲ့ပေါ့။ သူဒီလိုတွေ တွေးလိုက်ရင်း သူ့သွေးသောက်ညီကို ဟူဘိုင်အကြောင်း စိတ်ထဲမှာ တစ်ခါတည်း တွေးလိုက်မိသည်။