အခန်း (၆၈)
Vol. 5 Ch. 68
တစ်ဖက်မှာတော့ လုရှောင်မင်ဆိုတဲ့ ရှီဟန်ကုမ္ပဏီက ဝန်ထမ်းတစ်ေယာက်က တော်တော်မူးနေတာနဲ့ ရေထွက်သောက်သည်။ သန့်စင်ခန်းထဲက ပြန်ထွက်ချိန်မှာတော့ ရုတ်တရက် ပြောလာသည်။
"ကြည့်ဦး။ ဟိုမှာ ရပ်ထားတာ အဆင့်မြင့်ကားကြီးမလား။ အဲ့လိုကားမျိုး တစ်ခါမှ မမြင်ဖူးဘူး"
"ဘယ်မှာလဲ။ ဘာကားလဲ။ ဟျောင့် အဲ့တာ ဘူဂါဒီညနက်လေပြေကြီးမလား။ အဲ့ကားကြီး ငါမြင်ဖူးတယ်"
"ဘာလဲ။ တကယ်ကြီး အဲ့ကားလား။ သိန်းရာချီတန်တဲ့ ကားကြီးမလား"
"ဟုတ်တယ်"
အဲ့အချိန်မှာပဲ ဝန်ထမ်း၂ယောက်ကပါ ရောက်လာပြီး
"ဟမ်။ ဘူဂါဒီညနက်လေပြေ...ဟုတ်လား"
လုရှောင်မင်က အဆင့်မြင့်ကားတွေရဲ့ တကယ့်ဖန်ကြီး။ ယောကျာ်းလေးတိုင်းမှာ ဒီလိုကားမျိုး ပိုင်ချင်တဲ့အိမ်မက် ရှိကြသည်။ ပြီးတော့ ဒီကားက ကန့်သတ်ထုတ်ထားတာဆိုတာလည်း သူသိသည်။ အခု အရှေ့မှာ အဲ့ကားရပ်ထားတယ်လည်း ကြားရော ထွက်မကြည့်ဘဲ မနေနိုင်ဘူး။ ပြီးတော့ သူအခန်းကို ပြန်ပြီးတော့ ဝန်ထမ်းတွေကို အဲ့အကြောင်းပြောပြဖို့ လုပ်လိုက်သည်။
"ဘူဂါဒီညနက်လေပြေ ဒီနေရာကို လာတာဆိုတော့ ကြည့်ရတာ ဧည့်သည်တစ်ယောက်ယောက် ပိုင်တာနဲ့တူတယ်။ တကယ့်ဟိုက်ဘော့စ်တွေပဲ နေမှာပဲ"
ဝန်ဇီနဲ့ ရှောင်ဇန်ဟွာကတော့ ချင်းယွီနဲ့ ခွက်ချင်းတိုက်လိုက်ကြသည်။ လောလောနဲ့တော့ ထိုင်မကြည့်ကြဘူး။ ထိုင်နေပြီးပဲ ဟိုအကြောင်း ဒီအကြောင်း ပြောနေကြသည်။ ဘေးမှာထိုင်နေတဲ့ လူတွေကလည်း ရှိနေသေးသည်။
ချင်းယွီပုံမှန်အတိုင်း စကားပြောလိုက် ရယ်လိုက်မောလိုက် လုပ်နေလိုက်သည်။ သူဌေး၂ယောက်လုံးက ချင်းယွီအပေါ် လေးလေးစားစားနဲ့ပါပဲ။
ဇန်မိုင် ဂေါင်ရာဖန်ကို ကြည့်လိုက်သည်။ ဂေါင်ရာဖန် ဘယ်လောက်တောင် နောင်တရနေလိုက်မလဲ။ ချင်းယွီက သာမန်ပဲနေလာတော့ ဒီလောက်ချမ်းသာနေမယ်လို့ မထင်ထားဘူး။ ရှောင်ဝန်နဲ့ ချင်းယွီနဲ့ ယှဉ်လိုက်ရင် မိုးနဲ့ မြေလိုပဲ။ ချင်းယွီက ချောလည်း ချောတယ်။ ချမ်းလည်း ချမ်းသာတယ်။
ဘေးခုံကလူတွေ ထွက်သွားပြီး ပြန်ဝင်လာတော့ ဘူဂါဒီညနက်လေပြေကား အကြောင်းလည်း ပြန်ပါလာတယ်။
"အောက်က ရပ်ထားတဲ့ ကားတွေထဲမှာ ကန့်သတ်ထုတ်ထားတဲ့ အဆင့်မြင့်ကားတစ်စီး တွေ့ခဲ့တယ်"
"အရင်ထိုင်ဦး။ ဘယ်မှာလဲ။အောက်မှာလား။ ငါဆင်းကြည့်လိုက်ဦးမယ်။ ဓာတ်ပုံလေးဘာလေး ရိုက်ပြီး ပြန်တက်လာခဲ့မယ်"
လီရှောင်တုန် ပြောပြီး ထသွားသည်။ ပြီးတော့ လီရှီပင်နဲ့ ဇန်မိုင်တို့လည်း ထွက်သွားကြသည်။ ရှောင်ဝန်လည်း ဆက်ပြီး မထိုင်ချင်တော့တာနဲ့ ဂေါင်ရာဖန်ကို ဆွဲခေါ်လိုက်သည်။ ဂေါင်ရာဖန် ချင်းယွီကို တစ်ချက်ကြည့်ပြီးတော့ အောက်ထပ်ကို ဆင်းလာလိုက်သည်။ အမဟွမ်ကတော့ စားနေတုန်းပဲ။ အဲ့တော့ လုခယ်ရှင်လည်း ဘေးမှာ ဆက်ထိုင်ပေးနေပြီးတော့ ချင်းယွီတို့ စကားပြောတာကို နားထောင်နေလိုက်သည်။
ထမင်းစားနေရင်းနဲ့ ချင်းယွီလည်း ဝန်ဇီနဲ့ဇောင်ရှန်ဟွာတို့ ပြောတာတွေကို နားထောင်နေသည်။ စားလို့လည်း ပြီးရော
"စားလို့ဝသွားပြီ။ လုပ်စရာလေးလည်း ရှိသေးလို့ ခွင့်ပြုပါဦး"
ပြောပြီး ထရပ်လိုက်သည်။
"မစ္စတာချင်း ဖြေးဖြေးသွားပါ"
ဝန်ဇီနဲ့ ရှန်
ဝန်ဇီနဲ့ ရှန်ဟွာ မတ်တပ်လိုက်ကြသည်။
"ချင်းယွီ မင်းဒီလောက်လေး စားပြီး ဝသွားပြီပေါ့"
"ဒီမလာခင်တုန်းကလည်း စားခဲ့သေးတယ်"
ချင်းယွီ လုခယ်ရှင်ကိုကြည့်လိုက်ပြီးတော့
"အချိန်ရမှပဲ စကားပြောကြတာပေါ့"
"ဟုတ်ပြီလေ"
ချင်းယွီလည်း ဝန်ဇီနဲ့ ရှန်ဟွာကို ကြည့်ပြီး
"စိတ်ဝင်စားစရာ ကောင်းပါတယ်။ လုပ်ဖို့ လိုအပ်တာရှိရင် ကျွန်တော့်ကို ဆက်သွယ်လိုက်လို့ရပါတယ်"
ဇောင်ရှန်ဟွာနဲ့ ဝန်ဇီလည်း ချင်းယွီဆီက အဲ့လိုပြောတာ ကြားရတော့ ဝမ်းသာသွားသည်။
"ဖြေးဖြေးသွားပါ မစ္စတာချင်း"
ချင်းယွီ ပထမထပ်ကို ဆင်းလာခဲ့သည်။ ပြီးတော့ သူရပ်ထားတဲ့ကားဘေးမှာ လူတွေ ဝိုင်းအုံနေတာ တွေ့လိုက်သည်။ ကားနဲ့နီးနီးကပ်ကပ်ရှိနေတဲ့ သူတွေက လှလှပပဝတ်စားထားတဲ့ မိန်းမလှလေးတွေ။ ဖုန်းကိုယ်စီကိုင်ပြီး ကားနဲ့ ဓာတ်ပုံရိုက်နေကြတာ။ ရိုက်ဖို့ စောင့်တဲ့သူကလည်း စောင့်နေသည်။ ဇန်မိုင်နဲ့ လီရှီပင်လည်း စောင့်နေတဲ့ လူထဲမှာ ပါသည်။ လီရှောင်တုန်ကတော့ ဘေးကနေပဲ ရပ်ကြည့်နေသည်။ ညနက်လေပြေက အဲ့လောက်တောင် နာမည်ကြီးတာပဲ။ ကားကြောင့်ပဲ မဟုတ်ဘဲ နံပါတ်ပြားကြောင့်လည်း ပါမှာပဲ။ အကုန်လုံးက ကားပိုင်ရှင် ရောက်လာမှာကို စောင့်နေကြသည်။ ဘယ်လိုလူမျိုးက ဒီကားကို ပိုင်နိုင်တာလဲ သိချင်နေကြသည်။
ဂေါင်ရာဖန်လည်း ဝေးဝေးမှာ ရပ်နေပြီး ညနက်လေပြေကို ကြည့်ရင်း အားကျနေမိသည်။ ဒီလိုကားမျိုးသာ စီးလိုက်ရရင် ဘယ်လိုနေမလဲ။ သူရှောင်ဝန်ကို ကြည့်ပြီး စိတ်ဆုံးဖြတ်လိုက်သည်။
"မန်နေဂျာ အရင်ပြန်နှင့်ပါတော့။ ကျွန်မကို လိုက်မပို့ပါနဲ့တော့။ ဒီမှာနည်းနည်းလောက်နေချင်သေးလို့ပါ"
မန်နေဂျာတဲ့လား... ခုဏကတင် ရှောင်ဝန်လို့ခေါ်ပြီး ခုမန်နေဂျာလို့ ခေါ်တော့ တစ်မျိုးကြီးပဲ။
ရှောင်ဝန် စိတ်ရှပ်သွားပေမယ့် ပြုံးပြလိုက်ပြီးတော့
"ရာဖန် နေချင်သေးရင်လည်း နေပါ။ ညနက်တဲ့ထိတော့ မနေနဲ့နော်။ ကိုယ့်ကိုလည်း ဆက်သွယ်ဖို့ မမေ့နဲ့ဦး။ အဲ့တာဆို နောက်မှတွေ့မယ်နော် တာ့တာ"
အဲ့လိုပြောပြီး ရှောင်ဝန်တစ်ယောက် သူ့ဦးလေး ဝယ်ပေးထားတဲ့ ကားနဲ့ထွက်သွားသည်။ သူစိတ်ထိန်းပြီး ကားမောင်းဖို့လုပ်လိုက်သည်။ နောက်တော့ သူသွားနေကြ နိုက်ကလပ်ဆီကို မောင်းသွားလိုက်သည်။
ချင်းယွီသူ့ကားဘေးမှာ ရင်းနှီးတဲ့ သူတွေကို တွေ့လိုက်ရသည်။ ရာဖန်ကိုရောပဲ။ သူကားထဲ ဝင်ဖို့ပြင်လိုက်သည်။ ကားနဲ့က လူအုပ်ကြီးကိုတော့ နည်းနည်း တိုးသွားရတာပေါ့။ ကားနားက ကောင်မလေးတွေ ပျော်သွားကြပြီးတော့ ချင်းယွီအနားကို ကပ်လာကြသည်။
"ကော ခြေထောက်နာနေလို့ အိမ်ပြန်ပို့ပေးလို့ ရမလားဟင်"
"အချောလေး တို့ကို စိတ်မဝင်စားဘူးလား"
"ကောကော အမှန်တိုင်းပြောရရင်လေ စတွေ့တွေ့ချင်း ချစ်မိသွားတာ"
ခဏလေးအတွင်းမှာပဲ အီစီကလီလုပ်ပြီး ပြောတဲ့ ကောင်မလေးတွေရဲ့ အသံတွေက အဆက်မပြတ်ဘဲ။ ချင်းယွီနှလုံးခုန်တွေ နည်းနည်းလည်း မြန်လာသည်။ သူ့အနားအတင်းကပ်နေတဲ့ ကောင်မလေးကို ထွက်သွားဖို့ ပြောလိုက်သည်။ ကောင်မလေးနောက်တစ်ယောက်ကတော့ အခွင့်အရေး ရပြီဆိုပြီးတော့ ချင်းယွီနားကို ကပ်လာပြန်သည်။ ပြီးတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးလုပ်ပြလိုက်သည်။
"မောင်လေး မမကို ချစ်ဖို့ကောင်းတယ်လို့ မထင်ဘူးလားဟင်...."
ချင်းယွီ ကြက်သီးတွေပါ ထလာသည်။
"တောင်းပန်ပါတယ်။ ကျွန်တော့်ကို ဒီတိုင်း လွှတ်ပေးလိုက်လို့ မရဘူးလား"
ချင်းယွီပြောလည်းပြော ကောင်မလေးကိုလည်း တွန်းထုတ်လိုက်ပြီးတော့ ကားတံခါးဖွင့်လိုက်သည်။
သူ့ကိုလက်မလျော့ချင်တဲ့ ကောင်မလေးလေးတွေ အများကြီးပဲ။ သူတို့တွေ ကားပြတင်းပေါက်မှန်ကိုပါ လက်နဲ့ခေါက်ပြီး
"အချောလေးရေ"
"ကောင်လေး မမကို လမ်းကြုံတင်သွားပေးလို့ ရတယ်နော်"
ချင်းယွီ ဇန်မိုင်၊လီရှောင်တုန်နဲ့ တခြားလူတွေကို ခေါင်းညိတ်ပြပြီးတော့ ကားမောင်းထွက်လာလိုက်သည်။
ပြတင်းပေါက်တံခါးတွေကတော့ ပိတ်ပြီး အချောလေးကတော့ ထွက်ခွာသွားပြီ။
"တအားချောတာပဲ။ မိုက်လိုက်တာ"
"ဆင်လိုက်တာဟယ်"
ကောင်မလေးတစ်ယောက်ကတော့ ကြောင်နေပြီး သူ့ကိုရရင်ကောင်းမှာပဲဆိုပြီး ရေရွတ်နေသည်။
"ဒီကားက ချင်းယွီပိုင်တာလား။ ဒီလိုကားမျိုးကို"
လီရှောင်တုန် သည်းမခံနိုင်တော့ဘဲ ပြောလာသည်။ တစ်ဆက်တည်း သူချင်းယွီပြောတာကိုလည်း တွေးလိုက်မိသည်။ ဒါဆို သူ့မှာသန်း၂၀၀ရှိတာ တကယ်ကြီးပေါ့။
ဇန်မိုင်ကတော့ အတော်ကြာဆွံ့အနေမိသည်။ ဘော့စ်တို့ ချင်းယွီကို ရိုရိုသေသေ ဆက်ဆံနေရတဲ့ အကြောင်းအရင်းကိုလည်း နားလည်သွားသည်။
လီရှီပင်ကတော့ ထခုန်ပြီးတော့ စိတ်လှုပ်ရှားနေမိသည်။ ငါ့ဘေးမှာ သူဌေးသားကောင်လေးတစ်ယောက် ရှိနေခဲ့တာပဲ။ နောက်ကြ ကြွားလို့ရပြီ။
ဂေါင်ရာဖန်ကတော့ အဝေးကြီးမှာ ငတုံးတစ်ယောက်လို ရပ်နေသည်။ သူ့စိတ်ထဲ ဖြစ်နေတာတွေကို ဖော်ပြဖို့ စကားလုံးတောင် ရှာမတွေ့ဘူး
ချင်းယွီ ကားမောင်းထွက်လာပြီး ခဏလောက်ကြတော့ မီးပွိုင့်တွေကိုဖျက်ပြီး ဝူဗန်နယ်မြေထဲက ထွက်သွားသည်။ ကားရဲ့အရှိန်က နှေးမနေပေမယ့် သူအရှိန်လည်း ထည့်မမောင်းဘူး။ ချင်းယွီ ဆက်ပြီးပဲ မောင်းလာလိုက်သည်။ ရီပန်ထန်စားသောက်ဆိုင်ကနေ ထွက်ပြီး တစ်နာရီအကြာ မောင်းပြီးချိန်မှာတော့ ဘူဂါဒီညနက်လေပြေက ရပ်သွားခဲ့သည်။