အခန်း (၆၉)
Vol. 5 Ch. 69
သူရပ်လိုက်တဲ့နေရာကတော့ တစ်ကီလိုမီတာအဝေးလောက်က လမ်းဆုံ။အဲ့နေရာကနေစပြီး လမ်းလည်း မရှိတော့ဘူး။ ခြုံပုတ်တွေပဲ ရှိတော့သည်။ အစောကတည်းက ချင်းယွီသူ့နောက်ကို ကားတစ်စီးလိုက်နေတာ သတိထားမိသည်။ ရီပင်ထန်ကတည်းက လိုက်လာတဲ့ ကားအပြင် နောက်တစ်စီးလည်း ရှိသေးသည်။ ချင်းယွီရဲ့ စိတ်စွမ်းအားက အရမ်းမြင့်လွန်းတော့ အဝေးက နတ်ဆိုးစွမ်းအင်တွေကိုတောင် ခံစားမိနေသည်း ဒီတိုင်းတော့ မဖြစ်သေးပါဘူး။ ဒီလိုလူဆီက ပစ်မှတ်ထားခံနေရတယ် ဆိုကတည်းက ဒီလူဘာလိုချင်နေလဲဆိုတာ ရှင်းရှင်းလေး။ သူ့ကို သတ်ချင်နေတာ။
ကားထဲကနေ ထွက်လိုက်ပြီးတော့ တောက်ပနေတဲ့ လမင်းကြီးကို ကြည့်လိုက်သည်။ ရာသီဥတုက တအားလည်း အေးနေသည်။ သူကားနဲ့ သိပ်မဝေးတဲ့နေရာမှာ မာစီးဒီးကား၂စီးက ရပ်လိုက်ပြီး ဝတ်စုံပြည့်ဝတ်ထားတဲ့ လူ၆ယောက် ထွက်လာကြသည်။ ချင်းယွီမသိဘူးအထင်နဲ့ တိတ်တိတ်လေး ဝိုင်းလာကြသည်။ ခေါင်းဆောင်လုပ်တဲ့လူက အသက်၄၀လောက်ရှိမယ်။ ဆံပင်တစ်ဝက်လောက်ကို နဖူးပေါ်ချထားပြီး မျက်နှာကိုဖုံးထားသည်။ ဖော်ထားတဲ့မျက်နှာဘက်ခြမ်းကလည်း အစက်အပြောက်တွေနဲ့ ဖြစ်နေတာမို့ မျက်နှာကို သေချာမမြင်ရဘူး။
ဒီလူက ရှီဂျန်းနဲ့ နမ်ဂျန်းမြို့ရဲ့ နာမည်ကြီးမျက်နှာတစ်ဝက် ကြေးစားလူသတ်သမား။ သူ့ကိုငှားရတာ ဈေးသိပ်မပေးရပေမယ့် နာမည်ကြီးနေရတဲ့ အကြောင်းအရင်းက ရက်စက်ကြမ်းကြုတ်ပြီးတော့ လူတွေအများကြီး သတ်ခဲ့ဖူးလို့ပဲ။ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် သူ့ဓားအောက်မှာဆို သေရမှာတဲ့။ အဲ့တာကြောင့်မို့ လောင်ရှန်နိုင်ငံရဲ့ ရာဇဝတ်မှုထဲမှာ အမြင့်ဆုံးကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားဖြစ်နေတာ။
"ဆေးလိပ် တစ်လိပ်လောက် မပါဘူးလား"
မျက်နှာတစ်ဝက်နဲ့လူကြီး ချင်းယွီနားကို ကပ်လာသည်။ ချင်းယွီ နဲ့မင်ရွီနဲ့က ငါးမီတာလောက် ကွာသည်။ ချင်းယွီသူ့ကို ကြည့်ပြီး မေးလိုက်ပြီးတော့ ဟိုဟိုဒီဒီကြည့်လိုက်သည်။
ချင်းယွီဆေးလိပ်မသောက်တာ တော်တော်ကြာပြီ။ သောက်ပြီးတိုင်း လည်ချောင်းနာတတ်လို့။ အခုတော့ နည်းနည်း သောက်ချင်စိတ် ပေါ်လာသည်။ စိတ်လှုပ်ရှားနေတဲ့ ခံစားချက်တွေကို ဖျောက်ပစ်ဖို့လိုသည်။ ချင်းယွီသူ့ရှေ့က လူက သာမန်မဟုတ်ဘူးဆိုတာ သိပေမယ့် သူနဲ့ယှဉ်ရင်တော့ အကွာကြီးပဲလေ။
ခဏလောက် ကြောင်သွားပြီးတော့ ချင်းယွီရဲ့ ဖြူဖတ်ဖြူရော်မျက်နှာကို ကြည့်ပြီး ပြုံးလိုက်သည်။
"ပါတယ်"
ဆေးလိပ်ကိုထုတ်လိုက်ပြီး မီးခြစ်အကောင်းစားနဲ့ တစ်ခါတည်း မိးညှိပေးလိုက်သည်။
ချင်းယွီဆေးလိပ်ကို ယူပြီးတစ်ဖွာစဖွာလိုက်တာနဲ့ ချောင်းဆိုးလာသည်။ ဒါပေမယ့် သူဆက်ပြီး သုံး၊လေးဖွာ ဖွာပြီးတော့ ဆေးလိပ်ကို လွှင့်ပစ်လိုက်သည်။ အဲ့နောက်မှာတော့
"ဘယ်သူလွှတ်လိုက်တာလဲ။ ပြောလို့ရပြီ"
မျက်နှာတစ်ဝက်နဲ့ လူကြီးက ချင်းယွီမေးတာကြားပြီး နည်းနည်းတော့ တန့်သွား၏။
"ဒီကိစ္စလား... ငါကလူဘယ်လို သတ်ရမလဲပဲသိတာ။ဘယ်သူ ခိုင်းလဲ ဆိုတာတော့ မသိဘူး"
မျက်နှာတစ်ဝက်နဲ့ လူကြီးရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ ပြီးတော့ ချင်းယွီအမေးကိုလည်း မဖြေဘူး။
"သူဘယ်လောက် ပေးထားလဲ"
မျက်နှာတစ်ဝက်နဲ့လူကြီးက ဆေးလိပ်ကို ဖွာနေရင်းနဲ့
"ကောင်လေး။ မင်းကငါတွေ့ဖူးသမျှ လူတွေထဲမှာ အသတ်ခံရမှာသိရက်နဲ့ တည်ငြိမ်နေတာဆိုလို့ မင်းပဲရှိတယ်။ အဲ့တော့ အမှန်အတိုင်း ပြောပြမယ်။ ငါတို့က ကြေးစားတွေ။ ငွေလိုနေတဲ့ လူစားမျိူးတွေ မဟုတ်လို့ မင်းဒီလိုတွေ လာမေးလည်းအပိုပဲ။ ငါတို့က လောင်ရှန်နိုင်ငံရဲ့ အလိုရှိတဲ့ စာရင်းထဲမှာတောင် ပါတဲ့ ရာဇဝတ်သားတွေ။ အဲ့တော့ အပြင်မှာ ပိုက်ဆံသုံးတာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲမလား။ ငါတို့အကြောင်း သိတဲ့ လူတွေကတော့ ငါတို့ကို အမှောင်ထုထဲက နတ်ဆိုးတွေလို့ခေါ်ကြတယ်။ အဲ့တာကြောင့် လာဘ်ထိုးဖို့ စဉ်းစားမနေနဲ့။ မင်းချမ်းသာတာ သိပြီးသား။ ဆိုတော့ လိမ်လိမ်မာမာနဲ့ပဲ ငါ့ဓားအောက်မှာ အသေခံလိုက်"
"ငွေမလိုဘူးဆိုတော့ ဘာလိုချင်တာလဲ"
ချင်းယွီနည်းနည်း သိချင်သွားသည်။ အမှောင်ထဲမှာ ပုန်းနေတဲ့ လူတစ်ယောက်ရှိနေသေးတာလည်း သိလိုက်သည်။
"အပိုတွေ ပြောမနေပါနဲ့တော့"
မျက်နှာတစ်ဝက်နဲ့ လူကြီးကပြောပြီးပြီးချင်း လက်ကိုဝေ့ပြလိုက်သည်။ အဲ့နောက်မှာတော့ သူ့နောက်က လူတွေကလည်း ချင်းယွီဆီကို ပြေးလားခဲ့သည်။ ၂ယောက်က အရင်ပြေးလာပြီး ချင်းယွီကို တိုက်ခိုက်သည်။ တစ်ယောက်က အပေါ်ပိုင်းကို တိုက်ခိုက်ပြီး တစ်ယောက်က အောက်ပိုင်းကို ပစ်မှတ်ထားသည်။ ဓားတွေကလည်း ပါနေသေးသည်။ ဒါပေမယ့် ချင်းယွီရဲ့ မျက်လုံးထဲမှာတော့ သူတို့လုပ်ရှားမှုတွေက နှေးပြီးတော့ တအား အားပျော့လွန်းနေသည်။
မျက်နှာတစ်ဝက်နဲ့လူကြီး ပျင်းလာသည်။ သူဟိုကြည့်ဒီကြည့်နဲ့ပဲ ဆေးလိပ်ကို ဆက်ဖွာနေသည်။
သာမန်ကောင်လေးတစ်ယောက် တစ်ယောက်က သူ့လူ၆ယောက်လုံးကို ပြန်တိုက်နိုင်နေသည်။ ဒီလိုသာဆို သူ့ကိုခိုင်းတဲ့လူက ဒီကောင်လေးအကြောင်း ဘာမှမသိတာပဲ ဖြစ်ရမယ်။ နည်းနည်းစိတ်ဓာတ်ကျဖို့ပဲ ကောင်းတာပါ။ သူ့ဓားက ဒီတစ်ခါတော့ သွေးမသောက်ရတော့ဘူးပဲ။ သူလုပ်ခဲ့သမျှ သက်တမ်းတစ်လျှောက်လုံး သူ့ဓားက ဒီတစ်ခါပဲ သွေးမသောက်ဖြစ်တာ။
ရုတ်တရက် နောက်ကနေ လေဝေ့လာတာကို ခံစားလိုက်ရသည်။ လူနှစ်ယောက်က နောက်ကပျံပြီး သူ့ရှေ့မှာ ကျလာသည်။ (ပျံပြီး ကျလာတယ်ဆိုတာ ဟိုဘက်က လှမ်းပစ်လိုက်လို့ ရှေ့ကို ကျလာတဲ့သဘောမျိုးကို ဆိုလိုတာပါ။) နောက်ထပ်နှစ်ယောက်လည်း ထပ်ကျလာသည်။ မျက်နှာတစ်ဝက်နဲ့ လူကြီး နည်းနည်းတော့ လန့်သွားသည်။ သူမြန်မြန်ပဲ လှည့်ကြည့်လိုက်တော့ ချင်းယွီက အေးအေးဆေးဆေးပဲ ရပ်နေတာ တွေ့လိုက်ရသည်။
မြေကြီးပေါ်မှာ ဒဏ်ရာရပြီး လဲကျနေတဲ့ သူ့လူ၂ယောက်ကို ကြည့်လိုက်သည်။ ရင်ဘတ်ပေါ်တွေနဲ့ တခြားနေရာတွေမှာ အကုန် အထိုးခံထားရသည်။
"မင်းလည်း တိုက်ရည်ခိုက်ရည် ဘယ်ဆိုးလို့လဲ"
မျက်နှာတစ်ဝက်နဲ့လူကြီး ချင်းယွီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"မင်းအစောကတည်းက ယုံကြည်မှုပြည့်နေတာ မဆန်းတော့ပါဘူး။ လက်စသတ်တော့ မင်းလည်း အဆင့်တစ်ခုရှိပြီးသား ဖိုက်တာတစ်ယောက် ဖြစ်နေခဲ့တာကို။ ဘာလို့မင်းဆီကနေ အဆင့်တစ်ခုရှိတဲ့ ဖိုက်တာတစ်ယောက်ရဲ့ ခံစားချက် မရတာပါလိမ့်"
ချင်းယွီက အဆင့်(၄)ရှိတဲ့ ဖိုက်တာတစ်ယောက်ဆိုတာ သူသိလိုက်ရတော့ နည်းနည်းတော့ အံ့ဩမိသွားသည်။ သူကခုမှ အဆင့်(၃)ပဲ ရှိသေးတာလေ။
အဆင့်(၃)ဖိုက်တာ တစ်ယောက်က အဆင့်(၄)ဖိုက်တာ တစ်ယောက်ကို နိုင်ဖို့ဆိုတာလုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အသက်နဲ့ယှဉ်ကြည့်မယ်ဆိုရင် ဟိုဘက်က လူက အသက်(၂၀)လောက်ပဲ ရှိသေးတာလေ။ အဲ့တော့ ရန်သူနဲ့ တိုက်ခိုက်တဲ့ အတွေ့အကြုံတော့ ရှိလောက်ဦးမှာ မဟုတ်ဘူး။ ပြီးတော့ ၂ယောက် ၁ယောက်လေ။ အဲ့တော့ တစ်ဖက်လူက အဆင့်(၅)လောက် မရှိရင် နိုင်မှာ မဟုတ်ဘူး။ သူချင်းယွီကို အဆင့်(၅)လောက်ရှိနေမယ်လို့တော့ မထင်ဘူး။
သူ့လူနှစ်ယောက်ကို သွားတိုက်ခိုင်းလိုက်သည်။ တစ်ဖက်လူကဖြင့် လက်နက်တောင်မပါဘူး။
"စကားများလိုက်တာ။ လုပ်စရာရှိတာ မြန်မြန်လုပ်"
ဒီတစ်ခါ စပြောလိုက်တာကတော့ ချင်းယွီ။ ဟိုလေးယောက်လုံးတောင် သူ့အားကို မခံနိုင်ဘူး။ အဲ့တာကြောင့် သူအားနည်းနည်းလျော့လိုက်ပြီးတော့ တစ်ချက်စီ ထိုးလိုက်သည်။ ထင်မထားတာက ဒီလောက်လေးထိုးတာတောင် တစ်ခါတည်း မှောက်သွားသည်။ နောက်ခါတွေကြ အားကို ထိန်းမှဖြစ်မယ်။ ဒီလူတွေကို ထိန်းမိတာ ပြသာနာမဟုတ်ပေမယ့် သာမန်လူတွေကို ထိုးမိရင်တော့ ပြသာနာ တက်နိုင်သည်။
မျက်နှစ်တစ်ဝက်နဲ့ လူကြီးက ကျန်တဲ့ လူတွေကို ကြည့်လိုက်ပြီးတော့ သူ့ရဲ့ဓားတိုလေးကို ထုတ်လိုက်သည်။ ဓားသွားက လက်ပြီး အလင်းရောင်သေးသေးလေး ထသွားသည်။ ဒီလက်နက်က အဆင့်(၂)လောက်ရှိသည်။
"လာပြီကွ"
ချင်းယွီမျက်လုံးမှေးပြီး ကြည့်လိုက်သည်။ သူအစောကလူတွေနဲ့ ချရတာ သိပ်အားမရဘူး။ ဒီတစ်ယောက်နဲ့တော့ တိုက်လို့ကောင်းရင် သိပ်မိုက်မှာပဲ။ သူ့စွမ်းအားနဲ့ဆိုရင် ဒီလူရဲ့ အတွင်းကလီစာတွေကို တစ်ချက်တည်းနဲ့တောင် ထုတ်ပစ်လိုက်လို့ရသည်။ သူက သာမန်လူတွေထက် ၁၀ဆလောက် ပိုအားကြီးနေတာလေ။ ဓားရဲ့အလင်းရောင်လေးက ထွက်လာပြီးတော့ ၂ယောက်လုံး တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။ မျက်နှာတစ်ဝက်နဲ့ လူကြီးက ချင်းယွီဆီကို အရိပ်မည်းကြီး တစ်ခုလို ပြေးလာပြီးတော့ ချင်းယွီရဲ့ ခေါင်းကို ဓားနဲ့ထိုးဖို့ လုပ်သည်။
ချင်းယွီ ဓားသွားကို လက်ညိုး၂ချောင်းနဲ့ တားလိုက်သည်။ မျက်နှာတစ်ဝက်နဲ့လူကြီး နေရာမှာတင် ကြောင်ပြီး ဓားကိုင်ထားတဲ့ သူ့လက်တွေကိုလည်း မလှုပ်မရှားပဲ ရပ်နေမိလိုက်သည်။ သူဘာမှ မတွေးနိုင်ခင်မှာပဲ ချင်းယွီလက်က သူ့ရင်ဘတ်ပေါ်ကို ရောက်လာသည်။ အသံအကျယ်ကြီး တစ်ချက်ကြားလိုက်ရပြီးတဲ့နောက် ချင်းယွီ နောက်တစ်ချက် ထပ်ထိုးလိုက်သည်။
မျက်နှာတစ်ဝက်နဲ့လက်က မြေကြီးပေါ်ကို ညွတ်ကျသွားသည်။ ညာဘက်လက်ကတော့ ဓားကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားတုန်းပဲ။ ချင်းယွီ ဓားကို ဖမ်းထားတဲ့ သူ့လက်တွေကို လွှတ်ချလိုက်သည်။
၂ယောက်လုံးရဲ့အားက ကွာလွန်းအားကြီးသည်။ အဆင့်ဘယ်လောက်တောင် ကွာမလဲဆိုတာ မသိဘူး။
အဲ့အချိန်မှာပဲ လူတစ်ေယာက်က ချင်းယွီဆီကို ထပြေးလာပြီးတော့ ချင်းယွီခါးကို တိုက်ခိုက်ဖို့လုပ်သည်။ လှုပ်ရှားပုံတွေက မျက်နှာတစ်ဝက်နဲ့ လူကြီးကိုတော့ မမှီပေမယ့် စောနကမှောက်ကျသွားတဲ့ ကောင်တွေထက်တော့ သာသည်။ ချင်းယွီနောက်ဆုတ်လိုက်ပြီးတော့ ခြေထောက်နဲ့ပဲ ကန်လိုက်သည်။ နောက်တော့အဲ့လူရဲ့ မေးရိုးကျိုးသွားပြီးတော့ မေ့လဲသွားသည်။ တိုက်ပွဲကကြမ်းတမ်းပေမယ့် ရလဒ်ကတော့ ချင်းယွီက အသာလေးနိုင်နေတုန်းပဲ။ အားပျော့လိုက်ကြတာ.....။
ချင်းယွီလူ၆ယောက်ကို အသာလေး သေအောင်လုပ်ခဲ့မိပြီးတော့ လူတစ်ယောက်ကို ဒဏ်ရာအကြီးအကျယ်ရသွားအောင် လုပ်လိုက်မိသည်။
"ခင်...ခင်ဗျားက သိုင်းဆရာလား...။ မ...မဟုတ်။ အ...အမှောင်ထုရဲ့သိုင်းအရှင်သခင်ကြီးလား"
ပါးစပ်မှာ သွေးအပြည့်ဖြစ်နေတာတောင် အံ့ဩလွန်းလို့ မေးလိုက်မိသည်။
ချင်းယွီနည်းနည်း ကြောင်သွားသည်။မျက်နှာတစ်ဝက်နဲ့လူဆီက သူ့ကို သိုင်းဆရာလားလို့ မေးတာ ကြားလိုက်သည်။ဆက်ပြီး ဘာတဲ့...
အမှောင်ထုရဲ့ သိုင်းအရှင်သခင်လားတဲ့။ ကြည့်ရတာ ခုနက အဆင့်တွေက သိုင်းသမားတွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ပြောတာနဲ့ တူတယ်။
သူဘာမှပြန်မဖြေဘဲနဲ့....
"နောက်ဆုံးမှာချင်တာ ရှိလား။အစားလုပ်ပေးမယ်လေ"
မျက်နှာတစ်ဝက်နဲ့လူကြီး ဓားကို ပစ်ချလိုက်သည်။ သူ့ကြည့်ရတာ လက်လျော့လိုက်တဲ့ပုံပါပဲ။