← Chapters

အခန်း (၇၁)

Vol. 5 Ch. 71

အခန်း (၇၁)

Vol. 5 Ch. 71

ခဏလောက် နားလိုက်တော့ ခန္ဓာကိုယ်က အားပြည့်လာတယ်လို့ ခံစားလိုက်ရသည်။ ချင်းယွီ ခန္ဓာကိုယ်ကို လိုသလို အသုံးပြုလို့ရတာ သိလိုက်ရတော့ ပျော်သွား၏။

တကယ် မိုက်လိုက်တာ...။

"ထပ်ချချင်ကြ ဦးမလား။ သေချာမချရသေးဘူးလေ"

ချင်းယွီပြုံးလိုက်ပြီးတော့ မေးလိုက်သည်။ သူတို့ချပြီးတော့ အဘိုးအိုရသွားတဲ့ ဒဏ်ရာက မသေမှန်း သူသိ၏။ သူ့ထက်တောင် ပိုဆိုးနေသေးတာ။

အဘိုးအိုက အသက်လုရှူနေရာကနေ ချင်းယွီပြောတာကို ကြားတော့ ပြုံးလိုက်ပြီး အသံတိုးတိုးလေးနဲ့

"ဒီတစ်ခါတော့ တကယ်ပြီးပြီ။ မင်းပြန်တော့"

"ဟုတ်ပြီလေ။ ဒါဆိုလည်း ကျွန်တော် ပြန်တော့မယ်"

ချင်းယွီလည်း ခေါင်းညိတ်ပြပြီး အရင်ထွက်သွားလိုက်သည်။ ချင်းယွီ ထွက်သွားတာနဲ့ တပြိုင်နက် အဘိုးအိုလည်း မနေနိုင်တော့ဘဲ သွေးတွေ အန်ချလာသည်။

ဘယ်လိုမကောင်းဆိုးဝါးများလဲ။ အသက်၂၀လောက်ပဲရှိသေးပေမယ့် သူ့စွမ်းအားက ငါ့အောက် ရောက်မနေဘူး။ ကြည့်ရတာ ငါဒီလိုလူမျိုးနဲ့ မတိုက်ခိုက်ဘူးလို့ပဲ ဖြစ်မယ်။ ငါ့စွမ်းအားကို သေချာပြန်တည်ဆောက်ရမယ်။

ချင်းယွီသူ့ညနက်လေပြေထဲကို ဝင်လိုက်ပြီးတော့ လက်၁ဖက်တည်းနဲ့ ဖုန်းကိုထုတ်လိုက်ပြီးတော့ ဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်သွားတော့ ရှီဂျင်ဟွာရဲ့အသံထွက်လာသည်။

"ညီလေးချင်း ဘာလိုလို့လဲ"

ချင်းယွီပြုံးပြုံးလေးနဲ့ပဲ

"ကိုကြီးဟွာ ဒီချိန်ကြီးဖုန်းခေါ်လိုက်တာ နှောင့်ယှက်သလိုများ ဖြစ်သွားလား"

"အာ ညီလေးချင်းကလည်း နှောင့်ယှက်တာတွေ မနှောက်ယှက်တာတွေ ပြောမနေနဲ့။ ညီလေးခေါ်တာနဲ့တင်ကို ကိုကြီးကပျော်နေပြီ"

"လူတစ်ယောက်အကြောင်း မေးချင်လို့။ ရှီဂျန်းမြို့က ရှောင်မိသားစုက ရှောင်ဇန်ဖန်ဆိုတဲ့လူကို သိလား"

"ရှောင်ဇန်ဖန်လား"

ရုတ်တရက်ကြီး အသံတိတ်သွားပြီး ခဏလောက်နေမှ ရှီဂျင်ဟွာရဲ့ အသံထွက်လာသည်။

"ညီလေးချင်း ဘာလို့ရုတ်တရက်ကြီး အဲ့လူအကြောင်းမေးတာလဲ။ သူ့ကို ရန်သွားစမိတယ်လို့တော့ မပြောနဲ့နော်"

"ဟုတ်တယ်။အဲ့တာကြောင့်မို့ မေးတာ အဲ့လူကိုသိလား"

"ရှောင်ဇန်ဖန်အကြောင်းက နည်းနည်းတော့ သိထားတယ်။ ရှီဂျန်းမြို့မှာ နာမည်အကြီးဆုံးလူ၂ယောက် ရှိတယ်။ တစ်ယောက်က ရှောင်ဇန်ဖန်။ ရှောင်မိသားစုရဲ့ အဖိုးတန်လေး။ နောက်တစ်ယောက် ရှန်ဘူခန်။ ရှန်မိသားစုရဲ့ မင်းသားလေး။ အဲ့၂ယောက်ထဲမှာ ရှောင်ဇန်ဖန်က ပိုပြီးတော့ နာမည်ကြီးတယ်။ အဲ့တော့ သူ့ကို ရှီဂျန်းမြို့ရဲ့ လူငယ်မျိုးဆက်တွေထဲက နံပါတ်တစ်လို့တောင် ပြောလို့ရတယ်။ ရှောင်ဇန်ဖန်ရဲ့ မိသားစုကလည်း ရှီဂျန်းမြို့ရဲ့ ထိပ်တန်းမိသားစုတစ်စုပဲ။ သူတို့နောက်က အာဏာက သာမန်မိသားစုတွေနဲ့ လုံးဝကြီးကို ကွာခြားတယ်။ နောက်ပြီး ရှောင်ဇန်ဖန်က တအားရက်စက်တယ်။ ဘယ်သူမှသူ့ကို သွားမစရဲဘူး။ အဲ့တော့ညီလေးချင်း သူ့ကို သွားစမိထားတယ်ဆိုရင်တော့ သတိထားမှဖြစ်မယ်"

ချင်းယွီ ကားမောင်းရင်း နားထောင်နေပြီးတော့ မေးလိုက်သည်။

"ရှောင်မိသားစုနဲ့ ရှီမိသားစုနဲ့ဆို ဘယ်သူက ပိုပြီးအားနည်းနေမလဲ"

"ညီလေးချင်း ညီလေးက ကိုကြီးတို့ မိသားစုကို တအားအထင်ကြီးတာပဲ။ ရှောင်မိသားစုနဲ့ မပြောနဲ့။ ရှောင်ဇန်ဖန်ကိုတောင် ပြိုင်ဘက်အနေနဲ့ တွေးလို့မရဘူး။ ကိုကြီးအဖေက ဟွာရှန်ဆေးဝါးထုတ်လုပ်ရေးရဲ့ ရှယ်ယာ ၅၀ရာခိုင်နှုန်း ပိုင်တယ်။ ဒီနှစ်ဟွာရှန်ဆေးဝါးထုတ်လုပ်ရေးရဲ့ တန်ဖိုးက ၂၅၀၀အထိကျသွားတယ်။ ဒီတိုင်းကြည့်ရင်တော့ ရှီမိသားစုက နန်ဂျန်းမြို့မှာ အချမ်းသာဆုံးမိသားစုပေါ့။ ဒါပေမယ့် ရှောင်မိသားစုနဲ့ ယှဉ်လိုက်ရင် စာရွက်လေးတစ်ရွက်လိုပဲ။ ထိလိုက်တာနဲ့လွင့်သွားမှာ။ အဲ့တော့ညီလေးချင်း ရှောင်ဇန်ဖန်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ သိထားမှဖြစ်မယ်"

ချင်းယွီ ရှီဂျင်ဟွာ ဘာပြောချင်တာလဲဆိုတာ နားလည်လိုက်သည်။ ပြီးတော့ ပြုံးလိုက်ပြီး

"ကိုကြီးဟွာ ဒီညကျွန်တော့်ကို ဒါတွေပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ရှောင်ဇန်ဖန်က ကိုကြီးမျက်လုံးထဲမှာ အင်အားအကြီးဆုံးလို့ ထင်ရပေမယ့် ကျွန်တော့်မျက်လုံးထဲမှာတော့ ဘာမှဟုတ်မနေဘူး"

"ဘာပဲပြောပြော ရှောင်ဇန်ဖန်ကိုတော့ မင်းသတိထားမှဖြစ်မယ်"

"ဟုတ်ကဲ့ပါ ကိုကြီးသတိပေးတာကို ကျွန်တော်နားလည်ပါတယ်"

"ဟုတ်ပါပြီ မင်းသိထားရင် ရပါပြီ"

"ဟုတ်။ ကျွန်တော်ကားမောင်းနေရင်းနဲ့မို့ ဖုန်းချလိုက်တော့မယ်နော်"

ချင်းယွီဖုန်းချလိုက်ပြီးတော့ အများကြီး တွေးနေမိသည်။

ကြည့်ရတာ ရှောင်ဇန်ဖန်က သွားထိလို့ မဖြစ်တဲ့လူနဲ့ တူတယ်။ ဒါပေမယ့်လည်း ငါနဲ့မှလာရှုပ်မိတာကတော့ နှမြောစရာပဲ။

ချင်းယွီ မောင်းနေရင်း ဆီဆိုင်တွေ့တော့ ဆီဝင်ဖြည့်လိုက်သည်။ ပြီးတော့ လမ်းဘေးမှာထောင်ထားတဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်မိသည်။ အဲ့ဆိုင်းဘုတ်မှာ ရေးထားတာက ဖန်ရှန်ထရပ်ကား ဆယ်ကီလိုမီတာ ဆီမီးဖိုင်နယ်ပွဲ။ ကားချစ်သူတွေလည်း ဝင်ပြီးကြည့်လို့ရသည် ဆိုပြီး။ ချင်းယွီအဲ့ဘုတ်ပြားကို မြင်တော့ စိတ်လှုပ်ရှားမိသွားသည်။ ဒီအနီးနားမှာ ကားပြိုင်ပွဲလိုမျိုး ရှိနေမယ်လို့ သူမထင်ထားဘူး။

သွားကြည့်ကြတာပေါ့။ အမြန်နှုန်းမြှင့်ပြီး မောင်းလို့ရတယ်။ ကားမောင်းစွမ်းရည်ကိုလည်း မြှင့်လို့ရတယ်။

အဲ့လိုတွေးလိုက်မိတော့ လီဗာကိုနင်းပြီး ကားပြိုင်ပွဲရှိတဲ့‌ နေရာကိုမောင်းသွားလိုက်ပြီး ခဏနေတော့ ကားပြိုင်ပွဲဂိတ်ပေါက်ကို တွေ့လိုက်ရသည်။ အစောင့်၂ယောက်က စောင့်နေသည်။ အထဲကို မဝင်ခင် လက်မှတ်ဝယ်ဖို့ ဖောင်တွေ ဖြည့်ရသည်။ ကားခဏရပ်လိုက်ပြီး ကောင်တာမှာ အချက်အလက်တွေ ဖြည့်လိုက်သည်။ ချင်းယွီယာဉ်အမျိုးအစားကိုလည်း ရှင်းပြရသေးသည်။ ထရပ်ကားမျိုးမဟုတ်တော့ ဒဏ်ကြေးလိုမျိုး ငွေပမာဏအနည်းငယ်လည်း ပေးလိုက်ရသေးသည်။

"ဆရာ လုံခြုံရေးအတွက် အကာအကွယ်အစုံလိုက်ရော ဝယ်ချင်သေးလား မသိဘူး။ ဘေးနားက မောင်းပေးမယ့်သူ မလိုချင်ရင် ဒီလိုပဲလုပ်လည်း ရပါတယ်"

ဘေးကကောင်မလေးက ရှက်နေတဲ့ ပုံစံနဲ့ ပြောလာသည်။

"ရတယ်နော်။ တစ်ယောက်တည်းပဲ မောင်းချင်လို့"

ချင်းယွီအသာလေး ငြင်းလိုက်ပြီးတော့ ကောင်တာက ကောင်မလေးတွေရဲ့ အကြည့်ကို ရှောင်ပြီး ထွက်လာလိုက်သည်။

"ရှောင်လန် ပေါ‌တောတော ကြောင်တောင်တောင်တွေ လုပ်မနေနဲ့။ သူမောင်းလာတဲ့ ကားကိုလည်း ကြည့်ဦး။ ဘယ်လိုမှ နင့်ကိုမျက်လုံးထဲ မဝင်ဘူး"

ဘေးနားက အသက်ကြီးကြီးနဲ့ဝန်ထမ်းက ဝင်ပြောသည်။

"စမ်းမကြည့်ဘဲ ဘယ်လိုလို့သိမှာလဲ။ ဒီလောက်ချောတဲ့ လူကို လက်လွှတ်စရာလား။ မသိနိုင်ဘူးလေ။ ကြိုက်ချင်ကြိုက်လာမှာကို"

ပြီးတော့ သူတို့နှစ်‌ယောက်လုံး စကားများနေကြတုန်း အသက်၃၀လောက်ရှိမယ့် အထက်လူကြီးက ပြေးလာပြီး အမိန့်ပေးလိုက်သည်။

"ပြိုင်ပွဲလုပ်တော့မယ်ဆိုပြီး အသိပေးစာ ရောက်လာတယ်။ နောက်ပြီး မသက်ာစရာ ပြိုင်ပွဲဝင် တစ်ယောက်လည်း ဝင်ခိုင်းလိုက်တယ်ဆို"

ရှောင်လန်မျက်နှာ ချက်ချင်းဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

"မန်နေဂျာရေ သွားပြီပဲ။ အခုလေးတင် လူတစ်ယောက် ဝင်သွားတာ"

မန်နေဂျာ‌ရဲ့ မျက်နှာကလည်း ပြောင်းသွားပြီး

"ကားတစ်စီးမှ ရှိမနေတာကို သူတစ်စီးတည်းဝင်မောင်းနေတာလေ။ အဲ့တာကြောင့် အသိပေးစာရောက်လာတာပေါ့။ ကားပိုင်ရှင်ရဲ့ဖုန်းနံပါတ်သိလား"

(ဒီနေရာမှာ အသိပေးစာရောက်လာတယ်ဆိုတာမျိုးကနေ စက်ကနေ အသိပေးတဲ့ဟာမျိုးလို့ပဲ ထင်ပါတယ်။ သူရေးထားတာကိုက စာရောက်လာတယ်ဆိုပြီး ရေးထားတော့ ဘယ်လိုလဲဆိုတာ နားလည်ဖို့ခက်လို့ပါ။ အဲ့တာကြောင့် စက်တွေဘာတွေက အချက်ပေးသံလို ပုံစံမျိုးလို့ပဲ ယူဆပြီးရေးလိုက်တာပါ။)

ရှောင်လန် ချင်းယွီဖြည့်ခဲ့တဲ့ အချက်အလက်တွေကို သွားကြည့်လိုက်ပြီးတော့

"ဟို....သူ့ကို ဖုန်းနံပါတ်တောင်းဖို့ မေ့သွားတယ်"

"မင်းကတော့"

မန်နေဂျာဇောင် သက်ပြင်းချလိုက်ပြီးတော့

"အထက်လူကြီးတွေကို တင်ပြဖို့ပဲ လုပ်လိုက်တော့မယ်။ ဝင်မောင်းနေတဲ့ လူနာမည်သာပြော"

သူပြောပြီးတော့ ဖုန်းဆက်ဖို့ လုပ်လိုက်သည်။ ဖုန်းဆက်ပြီးတော့ မန်နေဂျာဇောင် ဝန်ထမ်းတွေရှိတဲ့ဘက်ကို လှည့်လာသည်။

"မန်နေဂျာဇောင် ဘာဖြစ်လို့လဲ"

သူတို့ရဲ့ အထက်လူကြီးက မျက်နှာမကောင်းတော့ ဝန်ထမ်းတွေလည်း မေးလိုက်ကြသည်။

"သွားပြီ။ လွန်ခဲ့တဲ့၂မိနစ်က‌တင် ပြိုင်ပွဲက စသွားပြီတဲ့....”

All Chapters