← Chapters

အခန်း (၇၂)

Vol. 5 Ch. 72

အခန်း (၇၂)

Vol. 5 Ch. 72

တစ်ဖက်မှာလည်း ချင်းယွီကကောင်တာကနေ ထွက်လာတော့ ကားပြိုင်ပွဲရဲ့ မိတ်ဆက်စာတွေကို မြင်လိုက်ရသည်။

ပြေးလမ်းက တောင်အလယ်မှာ‌ ဆောက်ထားတာ။ ကီလိုမီတာ ၂၀၀လောက်ရှိသည်။ ဝောာင်ကုန်းတောင်ဇောင်းတွေ ဘေးမှာ လမ်းဖောက်ထားတာ။

သူကားထဲဝင်လိုက်ပြီးတော့ လမ်းမတွေကိုကျော်ပြီး ပြေးလမ်းထဲ ဝင်သွားလိုက်သည်။ ကားရဲ့မောင်းနှင်တဲ့စနစ်ကလည်း စပေါ့ကားပုံစံကနေ ပြေးလမ်းထဲဝင်မယ့်ပုံစံဖြစ်သွားသည်။ ပြေးလမ်းဘေးကမီးတွေက တစ်လမ်းလုံး တောက်ပနေသည်။

ချင်းယွီညနက်လေပြေရဲ့ အမြန်နှုန်းကို လုံးဝအဆုံးထိရောက်တဲ့ထိ ခံစားကြည့်ချင်သည်။ ခြေထောက်တစ်ဖက်နဲ့ အရှိန်မြင့်လိုက်တော့ အင်ဂျင်သံအကျယ်ကြီး ထွက်လာသည်။ သူ့တစ်ကိုယ်လုံးကို အဆုံးထိထိုးဖောက်ပြီး မောင်းပစ်လိုက်ချင်တဲ့ ခံစားချက်မျိုးလည်း ရနေသည်။

ဒီကားက စပေါ့ကားဈေးကွက် စကတည်းကနေ အခုချိန်ထိ အမြန်ဆုံးကားလို့ ပြောလို့ရသည်။ ၁၀ ကီလိုမီတာထိရောက်ဖို့တောင် စက္ကန့်ပိုင်းပဲကြာသည်။ အမြန်နှုန်းပြတဲ့ ဒိုင်ခွက်မှာ ကီလိုမီတာက တော်တော်လေးမြင့်နေပြီ။ အဲ့အရှိန်နှုန်းနဲ့ ဆက်မောင်းနေရင်း တစ်နာရီလောက်ကြာတော့ ကီလိုမီတာက တဖြည်းဖြည်းနဲ့ ပိုပိုများလာသည်။

ပြေးလမ်းတစ်လျှောက်လုံးလည်း တအားမြန်လာပြီးတော့ မျက်စိတွေပါ ပြာလာသည်။ ဒါပေမယ့် ချင်းယွီဆီမှာ စိတ်စွမ်းအားရှိနေသေးတော့ မူးတာဝေတာ မရှိဘဲ ပုံမှန်ပဲ။ ကားတစ်စီးလုံးကလည်း အနက်ရောင်အလင်း‌တန်းလေး ဖြတ်ပြေးသွားသလိုပဲ။ အဝေးကနေသာ ကြည့်ရင် အရိပ်တောင် မြင်ရမှာမဟုတ်ဘူး။ အမြန်နှုန်းက တအားမြင့်လာပေမယ့် ကားကအမြန်နှုန်းကြောင့် ဝိတ်လျော့သွားတာလည်း မရှိဘူး။ ထောင့်ကို ဖြတ်ပြီးတော့ အမြန်နှုန်းကို ပိုတိုးလိုက်သည်။

ချင်းယွီက စိတ်စွမ်းအားမြင့်ပေမယ့် ကားမောင်းစွမ်းရည်ကတော့ သိပ်မတိုးတက်သေးဘူး။ ကွေ့တာဝိုက်တာဆို လိုနေတုန်းပဲ။ သင်ဖို့ကလည်း နည်းနည်းခက်သည်။ သာမန်လူတွေထက် ပိုသာတဲ့သူ့စိတ်စွမ်းအားနဲ့ဆို ဒီကွင်းကို ခဏခဏလာလေ့ကျင့်လိုက်ရင် ပရော်ဖက်ရှင်နယ် ကစားသမားတွေထက်တောင် ပိုသာသွားဦးမှာ။

ခဏလောက် အရှိန်‌ေလျှာ့ပြီးတော့ မောင်းနေတုန်း နောက်ကြည့်မှန်ကနေ ကားတစ်စီးကို မြင်လိုက်ရသည်။ အဲ့ကားက အရှိန်တအားမြှင့်ပြီးတော့ မောင်းလာနေတာ။ အဲ့ကားက တစ်ရှိန်ထိုး တိုးလာပြီးတော့ သူ့ညနက်လေပြေကို ကျော်သွားသည်။

ချင်းယွီလည်း စိတ်ထဲကနေ ပြိုင်ဆိုင်လိုစိတ်တွေ ပေါ်လာပြီးတော့။ လီဗာကို တစ်ရှိန်ထိုးနင်းချလိုက်သည်။ သူ့နောက်ကကား သူနဲ့ဝေးသွားတာကို ကြည့်ပြီး ချင်းယွီပြုံးလိုက်သည်။ ဒါပေမယ့် အကွေ့တစ်ခုကိုလည်း ရောက်ရော သူ့နောက်က ကားက သူ့ကိုအမှီလိုက်လာနိုင်သွားသည်။ ရှေ့မှာနောက်ထပ် ထောင့်ချိုးတစ်ခုက ရှိနေသေးတော့ ချင်းယွီလည်း မတတ်နိုင်ဘဲ အရှိန်လျှော့လိုက်ရသည်။

ထောင့်ချိုးကို ကျော်လာလိုက်တော့ သူ့နောက်က ကားကသူ့ကို ကျော်သွားသည်။ အဲ့ကားသမားက သူ့ဘက်ကို လှည့်ကြည့်ပြီးတော့ ခေါင်းခါပြသည်။

အဲ့ကားက ဘူဂါတီစပေါ့ကားအနီရောင်။ စိတ်ကြိုက် ပြန်ပြင်ဆင်ထားတဲ့ ပုံပဲ။ အဲ့လိုကားမျိုးက ဈေးလည်းအတော်မြောက်သည်။ ချင်းယွီရဲ့ ညနက်လေပြေနဲ့ သိပ်မကွာဘူး။ သူ့ရှေ့ကကားက တဖြည်းဖြည်းနဲ့ သူ့မျက်စိရှေ့က ပျောက်သွားတော့ ချင်းယွီရှုံးသွားသလို ခံစားလိုက်ရသည်။

"‌ဒီလိုမျိုးနဲ့ ရှုံးသွားရင် သေချာပေါက် တစ်ဖက်လူက အထင်သေးမှာပဲ။ ငါကစနစ်တစ်ခုလုံးတောင် ပိုင်ဆိုင်ထားတဲ့လူလေ။ ဘာလို့ဒီလိုပုံစံနဲ့ အရှုံးပေးရမှာလဲ"

သူစနစ်အကြောင်းတွေးမိမှ စနစ်ကို သတိရသွားပြီး ‌ဖွင့်လိုက်သည်။

"စနစ်ရေ စပေါ့ကားမောင်းစကေးရော ထည့်ပေးလို့ရလား"

(ကား‌မောင်းစကေး ထည့်သွင်းရန် အမှတ်၅၀ လိုအပ်ပါသည်။)

ချင်းယွီအံကြိတ်လိုက်ပြီးတော့

"အဲ့တာဆိုလည်း ထည့်ကွာ"

(ဒင်! စပေါ့ကားမောင်းစကေးအား ထည့်သွင်းပြီးပါပြီ။)

စနစ်က အသံထွက်လာတော့မှာ စိတ်ထဲရှင်းသွားသည်။ ပြီးတော့ ကားမောင်းတဲ့ပုံစံမျိုးစုံကိုလည်း မှတ်ညဏ်ထဲ ရောက်လာသလိုပဲ။ ထိပ်တန်းကားမောင်းသမားတွေရဲ့ မှတ်ညဏ်တွေ‌ အကုန်မှတ်မိသွားသလိုပဲ။

ချင်းယွီ စတီယာတိုင်ကို ကိုင်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကားတစ်စီးလုံးနဲ့ ချိတ်ဆက်မိသွားသလိုပဲ။ ကားမောင်းတာဘယ်လောက် ခက်ခက် ငါလုပ်နိုင်တဲ့ဆိုတဲ့အတွေးလည်း ဝင်လာသည်။

လီဗာကို နင်းပြီးတော့ ပြေးလမ်းကိုတောက်လျှောက် အရှိန်မြှင့်မောင်းလာလိုက်သည်။ ထောင့်ချိုးတွေကိုလည်း အသာလေးပဲ ကွေ့ချလိုက်သည်။ သိပ်မကြာခင်မှာပဲ အနီရောင်ဘူဂါတီကားရဲ့ နောက်ခြမ်းလေးကို မြင်လိုက်ရသည်။ သူအမြန်နှုန်းမြှင့်ပြီးတော့ ကပ်သွားလိုက်တော့ ရှေ့ကကားကလည်း အရှိန်ပိုပိုတိုး‌ပြီး မောင်းလိုက်သည်။ ကားတစ်စီးနဲ့ တစ်စီး ကပ်သွားပြီးတော့ နောက်ဆုံးကျာ်ချလို့ရသွားသည်။

အဲ့ကားကကီလိုမီတာ၃၅၀နှုန်းနဲ့ မောင်းနေတာဖြစ်ပေမယ့် ညနက်လေပြေကတော့ အသာလေးနဲ့ပဲ မှီသွားသည်။ ရှေ့မှာထောင့်ချိုးရှိနေသေးတော့ အနီရောင်ဘူဂါတီလည်း အရှိန်မလျှော့ချင်ပဲ လျှော့လိုက်ရသည်။ အဲ့အချိန်မှာပဲ ညနက်လေပြေက အသာလေးအဲ့ကားကို ကျော်သွားလိုက်ပြီး ရှေ့ရောက်သွား‌သည်။ ကားနှစ်စီးကြားက အကွာအဝေးကလည်း ‌အတော်လေး လှမ်းသွားသည်။

ခဏနေတော့ အရှေ့မှာ ထောင့်ချိုးလေးတစ်ခုရောက်လာသည်။ ဒီတစ်ခါတော့ ချင်းယွီစိတ်ကို သေချာထိန်းချုပ်ထားလိုက်သည်။

သူသေချာလုပ်မှဖြစ်မယ်။ ထောင့်ချိုးသေးသေးလေးဆိုပေမယ့် ဒီလိုအမှားသေးသေးလေးကနေ အမှားကြီးတစ်ခုဖြစ်သွားနိုင်သည်။

အဲ့အချိန်မှာပဲ ကားကွေ့လိုက်တြာ အဆင်မပြေဘဲနဲ့ စက်ဝိုင်းတစ်ခုလိုလည်ထွက်သွားသည်။ အနောက်ကနေ တာယာပေါက်သွားတဲ့အသံနဲ့အတူ အနက်ရောင်မီးခိုးတွေ ဘီးထဲကနေထွက်လာသည်။

သွားပြီ....။ ချင်းယွီကားရပ်လိုက်ပြီးတော့ ဆင်းကြည့်လိုက်သည်။ ကားမောင်းတဲ့လူကတော့ ဘာမှမဖြစ်တဲ့ပုံပဲ။ သူကားနားကို ကပ်မသွားရ‌ေ‌သးခင်မှာပဲ အနီရောင်ဘူဂါတီကားထဲကနေ မိန်းကလေးတစ်ယောက် ထွက်လာသည်။

မိန်းကလေးက လုံခြုံရေးအဝတ်အစားအပြည့်အစုံနဲ့ ဦးထုပ်အထိပါ ဆောင်းထားသည်။ ဦးထုပ်ချွတ်လိုက်တော့ ဆံပင်အရှည်ကြီး ကျလာသည်။ တအားလည်းလှ၏။ ကားထဲကထွက်လာတဲ့ သူမရဲ့ပုံစံက စိတ်တိုနေတဲ့ပုံပဲ။ သူမရဲ့အနီရောင်ဘူဂါတီကားကို ဆောင့်ကန်လိုက်ပြီး ဆဲတဲ့အသံတွေလည်း ထွက်လာသည်။

"စောက်ကောင် သူများနဲ့ ယှဉ်မရမှတော့ နင့်ကိုဘာလုပ်ဖို့ ‌လိုနေဦးမှာလဲ"

အသံလေးကတော့ ချိုပေမယ့် ထွက်လာတဲ့စကားတွေက နည်းနည်းတော့ ရိုင်းသည်။ ကားကိုကန်လွန်းလို့ ကားက ချောက်ထဲတောင် ပြုတ်ကျတော့မယ်။ ခါးသေးသေးလေးနဲ့ ကောင်မလေးက အံ့ဩဖို့ကောင်းလောက်အောင် အားကောင်းပြီး ရက်စက်နေတာတွေ့တော့ ချင်းယွီပြုံးပဲပြုံးလိုက်မိသည်။ သူထွက်ပြီးတော့ ကြည့်နေရင်း ဆက်ကြည့်နေဖို့ကလည်း တစ်မျိုး၊ ရပ်ကြည့်နေဖို့ကလည်း တစ်မျိုးကြီးဖြစ်လာ၏။

ကောင်မလေးက ဟိုဆဲဒီဆဲလုပ်နေရင်း သူ့‌ဆီကို မျက်နှာမှာဘာခံစားချက်မှ ရှိမနေတဲ့ပုံနဲ့ လျှောက်လာ‌သည်။

"ကားမောင်းတာ တော်သားပဲ။ အရင်ကတည်းက ဘာလို့မတွေ့ပါလိမ့်"

ကောင်မလေးက နည်းနည်းဂျစ်ကန်ကန်ဆိုပေမယ့် ချင်းယွီလန့်သွားတာဘာညာတော့ မဖြစ်မိပါဘူး။

"ထူးဆန်းလို့လား။ ငါလည်းမင်းကို မတွေ့ဖူးဘူးလေ"

တစ်ဖက်ကမိန်းကလေးက ရုတ်တရက် ပြောစရာပျောက်သွားသည်။ ချင်းယွီရဲ့ နံပါတ်ပြားကို ကြည့်လိုက်ပြီး ပိုပြီးအံ့ဩသွားသည်။

"ငါ့ကို နင့်ကားခနငှားပါလား။ ဆက်ပြိုင်ချင်သေးတယ်။ မရှုံးချင်ဘူး"

"ဟင် ပြိုင်တယ်။ ဘာကိုလဲ"

"ပြေးလမ်းဖွင့်ထားတယ် ဆိုမှတော့ ပြိုင်ပွဲစနေတဲ့ သဘောပဲလေ"

ကောင်မလေးက စိတ်တိုတိုနဲ့ မေးလာသည်။

"ဒီကမန်နေဂျာတွေရော ဘယ်ရောက်နေလဲ"

သူအဲ့လို ပြောလိုက်တော့ အဝေးကနေ ကားမောင်းလာတဲ့အသံကို ကြားလိုက်ရသည်။ အသံက တဖြည်းဖြည်းနဲ့ နီးလာသည်။ စပေါ့ကားအစီး၂၀လောက် တန်းစီပြီးရောက်လာတာ။ အဲ့ကားအစီး၂၀အပြင်ကို နောက်ကနေ ကပ်ပြီးပါလာတဲ့ ကားတွေအများကြီးပဲ။

"ကားငှားပေးလို့ရလား။ မဟုတ်ရင်လည်း မူရင်းဈေးထက် ၂ဆပိုပြီး ပေးဝယ်မယ်"

ကောင်မလေးက စိတ်လှုပ်ရှားနေပေမယ့် စိတ်အေးအေးထားပြီး ပြောလာသည်။

"နောက်ကကားတွေကို ကျော်ချင်တာ မလား။ ငါမောင်းပေးမယ်"

"အဲ့တာဆိုလည်း မြန်မြန်မောင်း"

၂ယောက်သားပြောပြီးတော့ ကားထဲကိုဝင်သွားကြသည်။ ချင်းယွီလည်း ပြောပြီးရော ညနက်လေပြေက လေပြေထဲက မြှားတစ်စင်းလို အမြန်နှုန်းနဲ့ ပြေးလမ်းပေါ်တက်သွားတော့သည်.....။

All Chapters