← Chapters

အခန်း (၇၃)

Vol. 5 Ch. 73

အခန်း (၇၃)

Vol. 5 Ch. 73

အမြန်နှုန်းက မြန်ပြီးရင်းမြန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နာရီကို ကီလိုမီတာ၃၀၀ နီးပါးဖြစ်သွားသည်။ ထောင့်ချိုးတွေ၊ အကွေ့တွေကိုလည်း သေသေချာချာပဲ မောင်းသွားနိုင်သည်။ ကောင်မလေးက ချင်းယွီကို ခံစားချက်မရှိတဲ့ မျက်နှာနဲ့ ကြည့်လာခဲ့သည်။

ထောင့်ချိုးတစ်ခုမှာ စပေါ့ကားတစ်စီးကို ကျော်တက်လိုက်သည်။ ရှေ့ကကားတွေနဲ့ တဖြည်းဖြည်းနီးလာပြီး တစ်စီးပြီးတစ်စီး ကျော်တက်လိုက်သည်။ ပြီးတော့ ကားမောင်းနေတဲ့ အုပ်စုကို မှီလာသည်။ ကားတန်းကြီးကလည်း အရှည်ကြီးပဲ။ ရှေ့မှာ ကားတစ်စီးရှိနေသေးပေမယ့် ညနက်လေပြေက အရှိန်လျော့မသွားပဲ ဆက်မောင်းနေသည်။

ကောင်မလေးလည်း ပိုပိုအံ့ဩနေပြီးတော့ ချင်းယွီကို အရင်နဲ့မတူတဲ့ အကြည့်မျိုးနဲ့ကြည့်လာသည်။ ချင်းယွီရဲ့ ယုံကြည်ချက်ပြည့်နေတဲ့ပုံကို ကြည့်ပြီး ရင်ခုန်လာမိသည်။ သူမွေးလာကတည်းက ယောကျာ်းတစ်ယောက်ကို ‌အရမ်းချောလွန်းတယ်လို့ ထင်မိတာ ဒါပထမဆုံးပဲ။

ညနက်လေပြေကတော့ အနက်ရောင်မိုးကြိုးသွားတစ်ခုလိုပဲ။ မရပ်မနားနဲ့ ဆက်မောင်းနေသည်။ ပြေးလမ်းတစ်ခုလုံးမှာလည်း အမြန်ဆုံးဖြစ်လာသည်။ ညနက်လေပြေရဲ့ ပုံမှန်အမြန်နှုန်းက တစ်နာရီကို ၃၈၀ကနေ ၄၀၀ထိရှိသည်။ ကျန်တဲ့စပေါ့ကားတွေက တစ်နာရီကို ၂၅၀လောက်ပဲရှိတာ။ ညနက်လေပြေက တအားမြန်လွန်းပြီးတော့ ဘယ်သူပဲကြည့်ကြည့် အံ့ဩဖို့‌ကောင်းလွန်းသည်။ လမ်းပေါ်မှာမောင်းနေသေးတဲ့ ကားတွေလည်း ရှိသေးသည်။ ပြေးလမ်းအရှည်ကြီးပေါ်မှာ ဒီလောက်မြန်နေတာကြီးက စောက်ရမ်းမိုက်လွန်းသည်။

မီတာ၁၀၀‌ကျော်ဖို့ စက္ကန့်ပိုင်းပဲလိုတော့သည်။ မတော်တဆတစ်ခုခု ရှေ့မှာလာရှိနေရင်တောင် ရပ်ဖို့မလွယ်တော့ဘူး။

ညနက်လေပြေရဲ့ရှေ့မှာ မကျော်ရသေးတဲ့ ကားတစ်စီးပဲရှိတော့သည်။ ရှေ့ကကားနဲ့အဝေးကြီးလို့ဆိုပေမယ့် စက္ကန့်ပိုင်းအတွင်း မှီမယ်လို့ ချင်းယွီထင်သည်။ သူ မထင်ထားတာက သူ့နောက်က ကားတွေထဲမှာ ဂျန်ရှန်းမောင်းနေတဲ့ကားလည်းပါတယ်ဆိုတာပဲ။

သူ့ရှေ့မှာ ကားတစ်စီးမှ မရှိတော့ဘူး။ ချင်းယွီ နောက်မှာငြိမ်နေတဲ့ ကားတစ်စီးကို လှည့်ကြည့်လိုက်မိသည်။ သူများနဲ့မတူတာကိုလည်း သတိထားလိုက်မိသည်။

ဖန်ထောင်က သူ့ကားကိုအမြင့်ဆုံးထိ အရှိန်တင်ပြီးမောင်းလိုက်သည်။ အခုလေးတင် ခြံစည်းရိုးနဲ့ တိုက်မိသွားတဲ့ အနက်ရောင် ဘူဂါတီကိုလည်း ဖြတ်ခနဲ မြင်လိုက်သည်။ ဒါပေမယ့် အဲ့ကားက သူ့ကားမဖြစ်နိုင်ဘူး။

အနောက်ကလိုက်နေတဲ့ ကားတွေနဲ့ အဝေးကြီးဆိုပေမယ့် စိတ်အေးအေးမထားနိုင်သေးဘူး။ သူ့ရည်ရွယ်ချက်က သူ့ရှေ့ကမိန်းမကိုကျော်နိုင်ဖို့ပဲ။ သူကားမောင်းပြိုင်တိုင်း မနိုင်ရင်တောင် သူမနဲ့အတူ နီးနီးကပ်ကပ်နေရရင်ကို ကျေနပ်ပါသည်။ တစ်ရက်တော့ အဲ့ကောင်မလေး သူ့ကိုရင်ခုန်လာပြီး သူ့အပိုင်ဖြစ်လာမှာပါ။ အဲ့လိုအတွေးမျိုး တွေးကြည့်ရုံနဲ့တင်ကို စိတ်ထဲပျော်လာပြီး ကားကိုအရှိန်မြှင့်မောင်းလိုက်သည်။

သူ့ကိုယ်သူကျေနပ်နေတုန်း ညနက်လေပြေက သူနဲ့ကပ်လာတာကို မြင်လိုက်ရသည်။

ဘယ်သူလဲ။ ဘယ်ကောင်က ငါ့ထက်ပိုမြန်မြန်မောင်းနိုင်တာလဲ။ ငါ့ကိုကျော်ပြီး ငါ့ဆီကနေ ဖန်မင်ယီကို လုယူချင်တာလား။

ဖန်ထောင်မျက်လုံးတွေ အေးစက်သွားသည်။ ကားရဲ့အမြန်နှုန်းကလည်း မြင့်သထက်မြင့်လာသည်။ ၃၀၀ကီလိုမီတာအထိ ရောက်သွားတော့ သူထပ်ပြီး အရှိန်မမြှင့်ရဲတော့ဘူး။ ဒီထက်ပိုမြန်ရင် စွန့်စားရာကျသွားတော့မှာ။ ဘယ်လောက်ပဲကြိုးစား၊ကြိုးစား ညနက်လေပြေက တဖြေးဖြေးနဲ့ အမှီလိုက်လာသည်။ နောက်ဆုံးတော့ ပြုံးလိုက်ပြီး အရှိန်လျှော့လိုက်သည်။

ချင်းယွီသူ့ရှေ့ကကားက အရှိန်လျှော့သွားတာ မြင်တော့ အရှုံးပေးလိုက်တယ်လို့ပဲ ထင်လိုက်မိသည်။ အသာလေးပြုံးလိုက်ပြီးတော့ ညနက်လေပြေလည်း အမြန်ဆုံးအရှိန်နဲ့ မောင်းချလိုက်သည်။ ကားနှစ်စီးရဲ့အကွာအဝေးလည်း နီးလာပြီး ကျော်တက်တော့မယ့် အခြေအနေဖြစ်လာသည်။ ဒါပေမယ့် သူ့ရှေ့ကကားက ပြေးလမ်းကနေလမ်းချော်ပြီး တဖြည်းဖြည်းနဲ့ လမ်းကြောင်းလွဲသွားသည်။

ချင်းယွီလည်း အရှေ့ကကားဘီးကယိုင်ချင်နေတာကို မြင်ကတည်းက ဒီလိုဖြစ်ဝောာ့မှာကို သူသိလိုက်သည်။ သူသာအချိန်မှီ ဘရိတ်ကိုမနင်းလိုက်ရင် တိုက်မိသွားမှာ။ ကားကိုလည်း ထိန်းနိုင်မှာ မဟုတ်ဘူး။ အရှိန်မလျှော့ပဲသာနေလိုက်ရင် အကုန်ပွဲချင်းပြီးသွားမှာ။

ရုတ်တရက်ကြီး ဘရိတ်နင်းတဲ့အသံထွက်လာသည်။ ချင်းယွီအမြန်ဆုံး အရှိန်ထိန်းလိုက်နိုင်တာမို့ ကားကအရှိန်အပြင်းကြီးနဲ့ မောင်းလာတာတောင် ဘာမှတော့ ဖြစ်မသွားဘူး။

ဖန်ထောင်လဲကျတော့မလို ဖြစ်နေတုန်းမှာပဲ ကားမှန်ကနေ ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာလည်း နောင်တရနေသည်။ ပုံမှန်ယာဉ်မောင်းသမားသာဆို ကားကွေ့လိုက်တာနဲ့ ကျော်နိုင်မှာမဟုတ်ဘူး။ ပြိုင်ဘက်ကသူ့ကို ရှောင်ဖို့လုပ်ရင်း ဒီလောက်အမြန်နှုန်းနဲ့သာဆို ကားလည်းပျက်စီးသွားမှာ။ ဘယ်လိုလူဖြစ်နေပါစေ ပျက်စီးသွားမှာလို့ ထင်ခဲ့တာ။

ချင်းယွီဘရိတ်နင်းလိုက်ပြီးတော့ ကားကို စက်ပြန်မနှိုးခင် အရင်ငြိမ်သွားအောင် လုပ်လိုက်သည်။ သူ့ရှေ့က အညိုရောင် စပေါ့ကားကို ကြည့်ပြီး အေးစက်စက် ဖြစ်သွားသည်။

"ပန်းတိုင်ကိုရောက်ဖို့ လိုသေးတယ်။ ရှေ့ကကားကို ကျော်ပြီးမောင်းမှဖြစ်မယ်"

ကောင်မလေးက ရုတ်တရက်ပြောလိုက်ပြီးတော့ ‌သူ့ရှေ့ကအက်စ်ထရိုမာတင်ကားကိုလည်း ကြည့်လိုက်သည်။

"မပူပါနဲ့။ မင်းကိုစိတ်ပျက်အောင် မလုပ်ပါဘူး"

ခဏလောက်ကြာတော့ ချင်းယွီရဲ့ညနက်လေပြေကလည်း ရှေ့ကအက်စ်ထရိုမာတင်ကားကို မှီသွားသည်။ ဒါပေမယ့် အရှေ့ကဒါရိုက်ဘာက ချင်းယွီရဲ့ကားကို ကာဖို့လုပ်နေခဲ့တာ။ ချင်းယွီဘယ်ဘက်မောင်းရင် ဘယ်‌ဘက်ကို လိုက်မောင်းသည်။ ညာဘက်ကွေ့ရင် ညာဘက်ကိုလိုက်မောင်းသည်။ အရှိန်လျှော့ပြီး အနားနားကိုလည်း ကပ်ကပ်လာသည်။ သေချာသာဂရုမစိုက်ရင် အကွေ့တွေမှာ ထိခိုက်လာနိုင်သည်။ အဲ့လိုပုံစံနဲ့ ၁၀ကီလိုမီတာထိ မောင်းလာရင်းနဲ့ အက်စ်ထရို‌မာင်တင်ကားက ညနက်လေပြေရဲ့ရှေ့မှာ ရှိနေ‌တုန်းပဲ။

ချင်းယွီစတီယာတိုင်ကို ကိုင်ပြီးဆက်မောင်းနေတုန်း ရှေ့မှာ ကွေ့ရမယ့်နေရာရှိတာ တွေ့လိုက်ရသည်။ ကောင်မလေးရဲ့မျက်လုံးတွေကလည်း အဲ့နေရာကိုပဲ စိုက်ကြည့်နေခဲ့သည်။ အဲ့အချိန်မှာပဲ သူ့ရှေ့ကကားက အရှိန်လျှော့ပြီးတော့ ဘယ်ဘက်ကို ကွေ့ချလိုက်သည်။ ချင်းယွီလည်း သူ့ညနက်လေပြေကို အရှိန်မြှင့်ပြီးတော့ ဘယ်ဘက်ကိုပဲ ကွေ့ချလိုက်သည်။

ရုတ်တရက်ကြီးဆိုတော့ ရှေ့ကမောင်းနေတဲ့ ဖန်ထောင်ကြောင်သွားပြီးတော့ ဘေးကပါလာတဲ့သူ့လက်ထောက်လည်း နည်းနည်းလန့်သွားသည်။ တာယာသံနဲ့အတူ မီးခိုးတွေ ဖုန်တွေ ထွက်လာပြီးတော့ ဘီးကလည်း ပြားချပ်သွားသည်။

ချင်းယွီအသာလေးပဲ သူ့ရှေ့ကကားကို ကျော်လိုက်နိုင်သည်။ ကောင်မလေးလည်း အခုမှ စိတ်သက်သာရာ ရသွားတဲ့ပုံနဲ့ ချင်းယွီကိုကြည့်လာသည်။

ဒီလူကတကယ် မိုက်လိုက်တာလို့လည်း ခံစားမိလိုက်သည်။

"ကျက်သတုံးကောင်"

ဖန်ထောင် ခါးခါးသီးသီး ဆဲချလိုက်သည်။ ပန်းတိုက်ရောက်ဖို့ ၁၀ကီလိုမီတာလောက်ပဲ လိုတော့တာကို ဒီကောင်လေးက သူ့ကို ကျော်သွားသေးသည်။ သူသာနံပါတ်သုံးနေရာရောက်သွားရင် သူဆိုတာ ဖန်မင်ယွီမျက်လုံးထဲမှာ ရှိတောင်ရှိတော့မှာ မဟုတ်ဘူး။

ဖန်ထောင်စိတ်တိုနေတုန်း ညနက်လေပြေက အရှိန်လျှော့ပြီးမောင်းတာ တွေ့လိုက်ရတော့ နည်းနည်းပျော်သွားသည်။

အဲ့ကောင်ကားပျက်ပြီး ဆက်မမောင်းနိုင်တော့တာများလား။

အဲ့လိုတွေးမိသွားတော့ သူ့စိတ်ထဲ ကားကိုအရှိန်မြှင့်ပြီး သူ့ရှေ့ကညနက်လေပြေကို ကျော်ဖို့ကလွဲပြီး မစဉ်းစားမိတော့ဘူး။ ဒါပေမယ့်သူမထင်ထားတာက သူနောက်ကအမှီလိုက်လာတာကို တွေ့တော့ သူ့ရှေ့ကကားက ဘီးရဲ့ဦးတည်ချက်ကိုရွေ့လိုက်ပြီး ပြေးလမ်းပေါ်မှာပဲ ဆက်မောင်းလာသည်။ ဒီလိုပုံစံနဲ့ပဲ ဖန်ထောင် သူ့ရှေ့ကကားကို မကျော်နိုင်ပဲနဲ့ ဆက်ပြီးနောက်ကနေပဲ လိုက်နေရသည်။ အဲ့အချိန်မှာပဲကားရဲ့ ဝိတ်ကလည်း ကျသွားပြီးတော့ ကားဘီးလေးဘီးလုံးကလည်း ကားရဲ့ဆွဲအားနဲ့မညီတော့ပဲ ရုတ်တရက်ကြီးလည်သွားသည်။

ချင်းယွီကားမှန်ကနေ အက်စ်ထရိုမာတင် အကွေ့လွန်သွားတာ မြင်လိုက်ရတော့ အသာလေးပြုံးလိုက်သည်။ ကောင်မလေးကလည်း မသိမသာလေး ပြုံးလိုက်ပြီး

"သူများကိစ္စ သွားပူမနေနဲ့"

"စိတ်ပူတယ်။ မတော်တဆ ဖြစ်တာမြင်လိုက်ရတော့ နည်းနည်းစိတ်ညစ်သွားရုံပါ။ သူ့အတွက်ဆုတောင်းပေးရုံပဲပေါ့။ မကောင်းတာလုပ်တဲ့သူက မကောင်းတဲ့လမ်းပဲ ရောက်သွားမှာပေါ့"

ကောင်မလေးလည်း မနေနိုင်တော့ပဲ ရယ်လိုက်မိသည်။ မိနစ်အနည်းငယ်လောက် အကြာမှာတော့ ချင်းယွီတစ်‌ယောက် ပန်းတိုင်ကိုရောက်လာတော့သည်။

All Chapters