← Chapters

အခန်း (၇၄)

Vol. 5 Ch. 74

အခန်း (၇၄)

Vol. 5 Ch. 74

ပန်းတိုင်နားမှာမီးတွေလည်း ဖွင့်ထားသည်။ လမ်းကြောင်းအ‌‌ဆုံးမှာ လူတွေလည်း ဒါဇင်လိုက်ရှိနေသည်။ ချင်းယီပန်းတိုင်အဆုံးကိုလည်း ရောက်ရော ကောင်မလေးကိုကြည့်ပြီး

"ဒီအထိပဲ ပို့တော့မယ်နော်။ မင်းလည်း သွားရတော့မှာမလား"

"ကျေးဇူးပါ။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မလည်း ဒီနေ့အနိုင်ရမှာ မဟုတ်ဘူး"

သူမအဲ့လိုပြောပြီးတော့ ဆင်းသွားသည်။ ဆင်းသွားပြီးမှ ကားမှန်တံခါးကို လာခေါက်ပြီး

"နာမည်မသိသေးလို့...နာမည်ပြောပြပေးလို့ ရမလား"

ချင်းယွီနှာခေါင်းကို ပွတ်လိုက်ပြီးတော့

"ဒီတစ်ခေါက်ကတော့ ထားလိုက်ရအောင်။ နောက်တစ်ခေါက်တွေ့ရင်တော့ သေချာပေါက် ပြောပြမယ်"

ဒီကောင်မလေးက အရမ်းလှတာသူသိပေမယ့် ဒီအချိန်မှာ သူ့နာမည်ပြောပြဖို့ မသင့်ဘူးလို့သူထင်သည်။ ပြီးတော့ ဒီနေ့ပြေးလမ်းပေါ်မှာ လူတစ်ယောက်ကိုလည်း ဒုက္ခရောက်အောင် လုပ်ခဲ့မိသေးသည်။

ဖန်မင်ယီကတော့ ညနက်လေပြေက သူ့ရှေ့ကနေ ပျောက်သွားတာကို ကြည့်ပြီး ‌ဒေါသထွက်နေမိသည်။

"တကယ်ကြီး ဒီလူကငါ့ကို ငြင်းသွားတာပေါ့။ ဒီလိုလူမျိုးလည်း ရှိသေးတာပဲလား"

သူမ ဖုန်းထုတ်ပြီးတော့ တစ်ယောက်ယောက်ဆီကို ဖုန်းလှမ်းဆက်လိုက်သည်။

"အမယွမ် ဒီနံပါတ်ပြားက ပိုင်ရှင်ဘယ်သူလဲ"

ယွမ်ချောင်တင်လည်း နံပါတ်ပြားကို ကြည့်လိုက်ပြီးတော့

"အာ ချင်းယွီပဲ။ ဘာလို့မေးတာလဲ"

"သူလာပြီး ရန်စသွားလို့" ဖန်မင်ယီလည်း ဒဲ့ပဲပြောလိုက်သည်။

"ဘာ! သူက နင့်နဲ့ ဘယ်လိုသိလို့လဲ"

"သူနဲ့အစ်မနဲ့က ဘယ်လိုတော်တာလဲ"

ဖန်မင်ယီမေးလိုက်တော့

"ဘယ်လိုပြောရပါ့.... သာမန်လို့ပြောရအောင်ကြလဲ သာမန်မဟုတ်။ ဒီတိုင်းသူ့ကို ငါ့မောင်လေးလို့ သဘောထားထားတာ"

"အဆင်ပြေပါတယ်။ အစ်မရည်းစားမဟုတ်သရွေ့ပေါ့"

အဲ့လိုပြောပြီးတော့ ဖန်မင်ယီဖုန်းချသွားသည်။ ယွမ်ချောင်တင်လည်း လက်ထဲမှာ ဖုန်းကြီးကိုင်ပြီး ကြောင်နေမိသည်။ ဖန်မင်ယီနောက်ဆုံး ပြောခဲ့တဲ့စကားကို အဓိပ္ပာယ်ဖော်နေမိသည်။

ဖန်မင်ယီကတော့ဖုန်းကိုင်ပြီး နောက်ထပ်နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"မဂ်လာပါ ဥက္ကဌဖန်။ ဘာခိုင်းချင်လို့ပါလဲ"

တစ်ဖက်ကနေ လေးစားသမနဲ့ပြောလာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံကထွက်လာသည်။

"လူတစ်ယောက်ကို ရှာပေး။ သူ့နာမည်က ချင်းယွီ။ လိုင်စင်ကတ်ပြားက နန်ဂျန်း (၆) ၉လုံး။ မနက်ဖြန်ကြရင် သူ့အကြောင်း အကုန်သိချင်တယ်။ သူဝတ်တဲ့အောက်ခံ ဘောင်းဘီအရောင်ကအစ ရေးထားပေး"

"ဟုတ်ကဲ့ပါ ဥက္ကဌဖန်"

ပြီးတော့ ဖန်မင်ယီတစ်ချက်လောက် တွေးလိုက်ပြီး

"ဒါနဲ့ငါဒီလိုခိုင်းတာကို လျှို့ဝှက်ထား။ ဘယ်သူ့မှ မသိစေနဲ့"

"ဟုတ်ကဲ့ပါ ဥက္ကဌဖန်"

ဖုန်း‌ပြောပြီး‌ေတာ့ လူတစ်ယောက် လာနှုတ်ဆက်သည်။

"မဂ်လာပါ အမဖန်"

ဖန်မင်ယီသူ့ကို ကြည့်လိုက်ပြီးတော့

"ဒီနားကလူတွေကို ဖယ်ခိုင်းလိုက်ဦး။ ငါလုပ်စရာရှိတယ်"

"ဟုတ်ကဲ့ပါ အမဖန်"

ခက်ခက်ခဲခဲနဲ့ ဖန်ထောင် ပြတင်းပေါက်မှန်တံခါးကို ရိုက်ခွဲလိုက်ပြီးတော့ ချင်းယွီကားနဲ့ ကျော်တက်ခံလိုက်ရတဲ့ကားကို ကြည့်လိုက်သည်။

ဒီကားက အထူးသီးသန့်ထုတ်ထားတဲ့ကား သိန်း၅ထောင်တောင် ကျော်သည်။ အခုတော့ တစစီကျိုးပဲ့ကုန်ပြီ။

"ဘယ်သူလဲ။ ဘယ်ကောင်လုပ်သွားတာလဲ။ ငါသိရလို့ကတော့ သေအောင်သတ်ပစ်မယ်။ အကာအကွယ်အပြည့်အစုံနဲ့မို့သာပေါ့။ မဟုတ်ရင် ဒီနေရာမှာဒီလိုတောင်ရပ်နေနိုင်မှာမဟုတ်ဘူး"

အဲ့အချိန်မှာပဲ ဖာရာရီစပေါ့ကားတစ်စီးက ဖြည်းဖြည်းချင်းမောင်းလာပြီး သူ့အရှေ့မှာ ရပ်သွားသည်။ အဲ့လူက ကားထဲကနေ ဖြည်းဖြည်းချင်းထွက်လာပြီး ဖန်ထောင်ကိုမေးလိုက်သည်။

"ကိုကြီးဖန် အဆင်ပြေရဲ့လား။ ဆေးရုံကားခေါ်လိုက်ရမလား"

ဇောင်ဇုန်မေးလိုက်သည်။

"ဘာမှမဖြစ်ဘူး။ ပြေးလမ်းထဲကိုသာ ခေါ်သွားပေး။ ငါလုပ်စရာရှိသေးတယ်"

"ဟုတ်ကဲ့ပါ ကိုကြီးဖန်"

ဇောင်ဇုန် ဖန်ထောင်ကို ကားထဲမှာထိုင်ဖို့ ကူပေးပြီးတော့ ‌ကားကိုမောင်းထွက်သွားလိုက်သည်။

ပြေးလမ်းပေါ်မှာ ကားတွေ တဖြည်းဖြည်းများလာသည်။ ကားတွေအကုန်လုံးက ဈေးကြီးတဲ့ကားတွေချည်းပဲ။ ကားအစီး၃၀လောက်ရှိသည်။‌ ကားထဲကဆင်းလာတဲ့သူတွေလည်း ကားလမ်းဘေးက မြေပေါ်မှာ စုလာကြသည်။

သူများငှားထားတဲ့ ပရော်ဖက်ရှင်နယ်ကားမောင်းသမားပဲဖြစ်ဖြစ်၊ လူချမ်းသာအိမ်ကကလေးပဲဖြစ်ဖြစ်၊ ဒီချိန်မှာတော့ ငြိမ်ငြိမ်သက်သက်ပဲ ရပ်နေရ၏။ လေးလေးနက်နက်နဲ့ အရှေ့ကိုပဲ တည်တည်ငြိမ်ငြိမ်ကြည့်ပြီး ရပ်နေကြသည်။

ခဏနေတော့ ဖန်မင်ယီရောက်လာ၏။ ဖန်ထောင်နဲ့ ဇန်ဇောင်ကလည်း နောက်ကရောက်လာသည်။ လူစုထဲကို လျှောက်သွားနေရင်း ဖန်မင်ယွီကို မြင်လိုက်ရသည်။ သူအရမ်းစိတ်လှုပ်ရှားသွားသည်။ နောက်‌ဆုံးတော့ မနေနိုင်တော့ဘဲ သူစကားသွားပြောလိုက်တော့သည်။

"အမဖန်ဒီကို အမပြီးရင် နောက်ကဝင်လာတဲ့ ကားမောင်းသမားက ကျွန်တော်တစ်ယောက်တည်းပဲ။ ပြေးလမ်းမပေါ်မှာလည်း ကားတွေက မောင်းနေရင်း ဘယ်လိုပျောက်သွားလဲမသိဘူး"

ဖန်မင်ယွီဘာမှ ပြန်မပြောဘူး။ သူကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေသည်။ လက်သည်းနဲ့ လက်ထိပ်တွေကို ပြန်ဆိတ်နေပြီး မျက်လုံးတွေကလည်း အသက်မပါတဲ့ပုံစံကြီး။

"အမဖန် ကျွန်တော့်ကိုယုံမှ ဖြစ်မယ်။ မဟုတ်လည်း မော်နီတာကနေ မှတ်တမ်းကိုပြန်ကြည့်ကြည့်လိုက်"

ဖန်မင်ယီလက်သည်း ဆက်မဆိတ်တော့ဘဲ ဘေးနားက လူဆီကိုလျှောက်သွားလိုက်ပြီး

"ဂျန်ရှန်း ဦးထုပ်ပေး"

"ဟုတ်ကဲ့ပါ အမဖန်"

ဖန်မင်ယွီ ဦးထုပ်ယူပြီးတော့ ဖြည်းဖြည်းချင်းထွက်သွားလိုက်သည်။

"နင်ပြောတဲ့ အဲ့အချိန်တုန်းက ငါကကားထဲမှာ ထိုင်နေတာ"

ဖန်ထောင်လန့်သွားမိပြီးတော့

"မဖြစ်နိုင်တာ။ အမကဘယ်လိုလို့ ကားထဲမှာရှိနေနိုင်မှာလဲ"

စကားပြောပြီးတော့ ဖန်မင်ယီ ဖန်ထောင်ခေါင်းကို ဦးထုပ်နဲ့ ပစ်ပေါက်လိုက်သည်။ ဦးထုပ်ကမျက်နှာနဲ့ရိုက်မိပြီး ဖန်ထောင်မျက်နှာ ယောင်သွားသည်။ ပြီးတော့ ဖန်ထောင်လည်း မြေကြီးပေါ် လဲသွားသည်။ မေ့လဲသွားတဲ့အထိပဲ။ ဘေးနားက လူတွေလည်း သူတို့ရန်ဖြစ်‌ေနတာကို ဘယ်သူမှ ဝင်မနှောင့်ယှက်ရဲဘူး။ ဒီတိုင်းပဲ ရပ်ကြည့်နေရသည်။

ဖန်မင်ယီကို တစ်‌‌ယောက်ယောက်ကို ရိုက်ပစ်ချင်နေသည်။ သူအဲ့လိုစိတ်လွတ်သွားရင် ဘယ်သူမှသူ့ကို တားရဲမှာမဟုတ်ဘူး။ အရင်တစ်‌ခါတုန်းက သူဌေးသားတစ်ယောက် သူ့ကို စကားနဲ့ မလေးမစားလုပ်လို့ သူတစ်ခါတည်း သူ့အိမ်ကိုသွားပြီး သူ့အဘိုးနဲ့ သူ့အဖေရှေ့မှာ အဲ့သူဌေးသားကို သေအောင်ရိုက်ဖူးသည်။

အဲ့လို‌ေတွ ဖြစ်တုန်းက တစ်ယောက်ကဆို တိတ်တိတ်လေး ဖန်ထောင်ကို သူနဲ့လက်ထပ်ရဲသေးတယ်လို့ ဝေဖန်နေတာကို ကြားလိုက်ရသည်။ အဲ့စကားကို ကြားပြီးကတည်းက ဒီလိုနေ့မျိုးရောက်လာဖို့ကို သူစောင့်နေတာ။

ဖန်မင်ယီဆိုတာက သူ့အဖေကိုတောင် ပြန်ရိုက်ရဲတဲ့လူမျိုး။ ဖန်မင်ယီလည်း ရိုက်နေတာကို ရပ်လိုက်သည်။ အရိုက်ခံရတဲ့သူကလည်း သွေးတွေပါ ပေပွနေပြီ။ ဒါကဖန်မင်ယီရဲ့ ပုံစံပဲ။ ဒါသူ့ပုံစံပဲ သူဘာလုပ်လုပ် တစ်ဖက်လူက ဘာမှပြန်မလုပ်ရဲဘူး။ ဖန်မင်ယီဆိုတာက ဘယ်သူနဲ့မှ မတူတဲ့လူမျိုး။ ဂျန်ရှန်းမျက်နှာကလည်း ဖြူဖတ်နေပြီး တစ်ချို့လူတွေဆို ကြောက်လွန်းလို့ တုန်ပါတုန်နေပြီ။

ဂျန်ရှန်းလည်း ကြောက်ကြောက်နဲ့ မေးလိုက်သည်။

"အမဖန် ကျွန်....ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ငါ့ကားကပျက်သွားပြီ။ အဲ့တော့ပြင်မယ့်လူရှာပေး။ ပြီးတော့မင်းအဒေါ်ကို စပေါ့ကားကောင်းကောင်းတစ်စီး ကူရှာခိုင်းထားလိုက်။ ဈေးဘယ်လောက် ကြီးကြီး ဂရုမစိုက်ဘူး။ အေး ငါမကြိုက်ရင်တော့ နင့်ခြေထောက်လည်း ရိုက်ချိုးပစ်မယ်"

"ကျွန်တော်နားလည်ပါတယ်။ အမသဘောကျလောက်မယ့် ကားမျိုးကို တွေ့အောင် ရှာထားပေးပါ့မယ်"

ဂျန်ရှန်းသူ့ခြေထောက်ကို ရိုက်ချိုးမယ်ဆိုတာကို ကြားတော့ ကြောက်ကြောက်လန့်လန့်နဲ့ မြန်မြန်ပဲ ပြန်ဖြေလိုက်ရသည်။ တစ်ခုခုရှင်းပြချင်သေးပေမယ့် ဖန်မင်ယီဆိုတာ သူမကျေနပ်ရင် တကယ်ခြေထောက် ရိုက်ချိုးမယ့်လူမျိုး။ ဖန်မင်ယီဆီက အေးစက်စက်နဲ့ အကြည့်ခံလိုက်ရတော့ သူငိုတောင် ငိုချင်သွားသည်။ ဒါပေမယ့် သူရှေ့မှာတော့ မငိုရဲပါဘူး။

ဖန်မင်ယီက ဘာလို့ငါ့ကိုမှ လာရွေးရတာလဲ။ ဆိုးလိုက်တာ။ ဘေးမှာလည်း တခြားလူတွေ ရှိသေးတာကို။ ဒါပေမယ့် သူသိတယ်။ ဖနမင်ယီက တကယ်သူခြေထောက်ကို ရိုက်ချိုးရင်တောင် သူ့အဖေက သူ့ကိုမကူညီတဲ့အပြင် သူ့ကိုပိုပြီးတော့တောင် ဆုံးမဦးမှာ....။

All Chapters