← Chapters

အခန်း (၇၅)

Vol. 5 Ch. 75

အခန်း (၇၅)

Vol. 5 Ch. 75

ဖန်မင်ယွီဂျန်ရှန်းဆီကနေ ကားသော့လှမ်းတောင်းလိုက်သည်။ ဂျန်ရှန်းလည်း ဘာမှပြန်မပြောနိုင်ဘဲ သူ့ကားသော့ကို ဖန်မင်ယွီကို ပေးလိုက်ရသည်။ ဖန်မင်ယွီက ကားသော့ကို ယူလိုက်ပြီးတော့

"ဒီနေ့ တစ်ရက်ကားငှားပေးလိုက်။ နက်ဖြန်ပြန်ပေးမယ်"

အဲ့လိုပြောပြီး ဂျန်ရှန်းရဲ့ ကားကို မောင်းထွက်သွားလိုက်သည်။ ဖန်မင်ယွီထွက်သွားတာမြင်မှ အကုန်လုံး သက်ပြင်းချလိုက်ကြသည်။ ပြီးတော့ ပုံမှန်ဖြစ်သွားကြသည်။ တစ်ချို့လူတွေကတော့ သေမလိုဖြစ်နေတဲ့ ဖန်ထောင်ကို ကူညီပေးကြသည်။ တစ်ချို့လူတွေက ဆေးရုံကားကို ဖုန်း‌ဆက်ကြသည်။ တစ်ချို့လူတွေကတော့ ဖန်ထောင်ရဲ့ မိသားစုဆီကို အကြောင်းကြားပေးကြသည်။

တစ်ချို့လူတွေကတော့ ဂျန်ရှန်းကိုသနားစရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြသည်။

တစ်ဖက်မှာတော့ ချင်းယွီတစ်ယောက်က ပြိုင်ပွဲကနေထွက်လာပြီး နန်ရွမ်ဗီလာကို သွားဖို့လုပ်နေသည်။ နာရီဝက်လောက် မောင်းအပြီးမှာတော့ နန်ရွမ်ဗီလာဆီကို လျှောက်လာသည်။ လုံခြုံရေးဂိတ်မှာ ရပ်လိုက်ပြီး ကားရဲ့အချက်အလက်တွေ ဖြည့်ပြီး မှတ်ပုံတင်လိုက်သည်။ သူဗီလာထဲကိုရောက်တော့ ရေချိုးပြီးတော့ အဝတ်အစားလဲလိုက်သည်။

၁၁နာရီတောင်ထိုးပြီပဲ။

ချင်းယွီပုံစံကအရင်ကနဲ့ လုံးဝမတူတော့ဘူး။ စိတ်စွမ်းအားလည်း ပိုကောင်းလာသည်။ ပြိုင်ပွဲထဲမှာ စိတ်စွမ်းအားရော၊ ကိုယ်စွမ်းအားရော အများကြီးသုံးခဲ့ရတော့ အိပ်ငိုက်နေပြီ။ ဖုန်းအားသွင်းပြီး အိပ်ယာပေါ်ကို လှဲလိုက်ပြီးတော့ အိပ်လိုက်တော့သည်။

မနက်ခင်းသူနိုးလာတော့ မနက်၅နာရီခွဲပဲရှိသေးသည်။ ချင်းယွီပုံမှန်ဆို အစောကြီးမထဘဲနဲ့ ဆက်ပဲအိပ်နေ‌တတ်သည်။ ဒါပေမယ့်ပျင်းတာမျိုးရော၊ ဆက်အိပ်ချင်တာမျိုးရော မရှိဘူး။ အိပ်လည်းအလကားပဲမို့ ချင်းယွီထလာလိုက်သည်။ မျက်နှာသစ်ပြီးတော့ လည်သာခုံပေါ်မှာ ထိုင်လိုက်သည်။ ခဏလောက် တရားထိုင်မှတ်နေရင်း စနစ်ကို ဖွင့်ကြည့်လိုက်တော့ ပွိုင့်က ၅၆‌ေလာက်ပဲ ကျန်တော့သည်။

၅၆လောက်နဲ့ ဘာလုပ်လို့ရမှာလဲ။ သိုင်းပညာကတော့ ထပ်ထည့်လို့မရလောက်ဘူး။ ထပ်ထည့်မရမယ့်တူတူတော့ ဒီတိုင်းထားတာပဲကောင်းတယ်။ နောက်ကြမှ ပွိုင့်တွေထပ်ရ‌နိုင်လောက်မယ့် နည်းတွေ စဉ်းစားပြီး ဖြည့်ရမယ်။ အဆင့်ကိုလည်း ခုထက်ပိုမြှင့်ထားရမယ်။ ရှောင်ဇန်ဖန်နဲ့ ပထမဆုံးတွေ့တုန်းကလည်း အဆင်မပြေဘူး။ လူတွေပါလွှတ်ပြီးသတ်ခိုင်းတဲ့ထိ ဖြစ်ထားတာ။ သူတို့က အဲ့လောက်ကြီးဂရုစိုက်ရမယ့်အနေအထားမဟုတ်ပေမယ့် ဂရုမစိုက်ဘဲနဲ့ နေလို့လည်း မဖြစ်ဘူး။ နောက်တစ်ခါ ဘယ်လိုလူတွေလွှတ်ပြီး ပြသာနာရှာမလဲ မသိဘူး။ အဲ့လိုဆိုရင်တော့....

ချင်းယွီမျက်လုံးတွေ အေးစက်သွားသည်။ အဲ့လိုသာဆိုရင်‌ေတာ့ သူမလာခင် ငါအရင်သွားသတ်ပေးရုံပဲ ရှိတာပေါ့။ ငါကစနစ်ရှိတဲ့ လူတစ်ယောက်လေ။ ဘာမှမဟုတ်တဲ့ သာမန်ကောင်လေးတစ်‌ယောက်က သူ့ရန်လာစရင်တော့ သတ်ပစ်လိုက်ရမှာပေါ့။

အပြင်မှာနည်းနည်းစောနေသေးတော့ လေ့ကျင့်ခန်းလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ပြီးတော့ ကျောက်တုံးတစ်တုံးကို ထိုးချလိုက်သည်။

ဘုန်းးးး ဆိုတဲ့အသံကြီးနဲ့တူတူ ကျောက်တုံးကြီးကလည်း မြေမှုန့်တွေလို ကြေမွသွားတော့သည်။ အမှုန်တွေ မြေကြီးပေါ်ကျသွားတာကြည်ပြီး ချင်းယွီလည်း နည်းနည်းတော့ ကြောက်သွားသည်။ လေ့ကျင့်ခန်းလုပ်တာကို နားလိုက်ပြီးတော့ ဗီလာရဲ့ ပထမထပ်ကိုပြန်လာလိုက်သည်။ ရေနွေးလေးတစ်ခွက်သောက်ပြီးတော့ ဖုန်းဖွင့်ပြီး ဝတ္ထုတစ်ပုဒ်ကို ဖွင့်ဖတ်နေလိုက်သည်။ သူအကြာကြီး စောင့်ပြီးဖတ်နေတဲ့ တတ္ထုတစ်ပုဒ်ရှိသည်။ ဒီရက်ပိုင်းပိုက်ဆံဖြုန်းရင်း အလုပ်ရှုပ်နေတာနဲ့ပဲ သိပ်မဖတ်ဖြစ်ဘူး။

ဝတ္ထုရဲ့နာမည်က ကောင်မလေးဆယ်ယောက်နဲ့ ငါ။

ချင်းယွီက ပုံမှန်ဆိုလည်း ဒီလိုဝတ္ထုတွေဖတ်ရတာ သဘောကျတတ်သည်။ နာရီဝက်လောက် ဖတ်အပြီးမှာတော့ ဝတ္ထုရဲ့ အပိုင်းသစ်တင်ထားတာပါ တွေ့လိုက်သည်။ ဒီဝတ္ထုက ဇာတ်လမ်း ဇာတ်ကွက်လည်း ကောင်းတာမို့ ချင်းယွီစာရေးသူကိုတောင် မုန့်ဖိုးပေးလိုက်သေးသည်။ ပုံမှန်ဆိုရင် ငွေပမာဏကိုသူကြည့်မိနေဦးမှာ။ ခုကတော့မတူတော့ဘူး။ တော်တော်များများပေးလိုက်မိသည်။ ချင်းယွီသူငွေဘယ်လောက်ပဲ သုံးမယ်ဆိုပြီး တွက်ချက်တာမျိုး မလုပ်တော့ဘူး။ ဒါပေါ့။ သူ့မှာပိုက်ဆံအပုံလိုက်ရှိနေပြီလေ။

ကောင်းကင်ကြီးကလည်း ‌ ဝောာက်ပနေပြီး နေရောင်ခြည်ကလည်း ဗီလာပေါ်ကိုဖြာကျနေပြီ။ ချင်းယွီဗိုက်ဆာနေပေမယ့် သူ့ရေခဲသေတ္တာထဲမှာ ဘာမှကို မရှိဘူး။ အဲ့တော့ တစ်ခုခုလုပ်စားဖို့ကလည်း မဖြစ်နိုင်ဘူး။

ကြည့်ရတာ မြန်မြန်အိမ်အကူရှာမှဖြစ်မယ့်ပုံပဲ။

သူအပြင်ထွက်လာလိုက်ပြီးတော့ ညနက်လေပြေကို စမောင်းလိုက်သည်။ သူဗီလာကိုပြန်ရောက်လာတော့ မနက်စာစားဖို့ အစုံအလင်ပါလာသည်။ သူမနက်စာစားပြီး နာရီကြည့်‌လိုက်တော့ မနက်၈နာရီထိုးခါနီးပြီ။ အဲ့တော့ ဟုန်ရှောင်ယီကိုခေါ်ပြီးတော့ အိမ်အကူတစ်ယောက် ရှာဖို့ ပြောလိုက်သည်။

ဟုန်ရှောင်ယီလည်း မြန်မြန်ပဲ ပြန်ဖြေလာသည်။ ဒီနေရာနဲ့ အိမ်အကူရှာတဲ့ ကုမ္ပဏီကသိပ်မဝေးတော့ ခဏလောက်နေရင် ရောက်လာမယ်လို့ပြောသည်။ တစ်နာရီလောက်ကြာတော့ ရှောင်ယီ လူတစ်ယောက်နဲ့အတူရောက်လာသည်။ ချင်းယွီလည်း မော်နီတာကနေကြည့်ပြီး အိမ်ထဲဝင်ခိုင်းလိုက်သည်။ ရှောင်ယီလည်း အိမ်အကူကို ဗီလာထဲကို လမ်းပြလိုက်သည်။

ဟုန်ရှောင်ယီနဲ့ ပါလာတဲ့သူ နှစ်ယောက်လုံးကို ထိုင်ပြီးတော့ ချင်းယွီလည်း အိမ်အကူလာလျှောက်တဲ့သူကို ကြည့်လိုက်သည်။ ဟုန်ရှောင်ယီထက်ငယ်တဲ့ပုံပဲ။တအားငယ်လွန်းပြီး အဝတ်အစားဝတ်ထားတာက မသပ်မရပ်နဲ့ ရှက်တတ်တဲ့ပုံစံလေး။ ဒါပေမယ့် သူ့ရဲ့ချစ်ရာကောင်းတဲ့ အသွင်အပြင်လေးကတော့ ဖုံးထားလို့မရဘူး။ ‌ဒီကောင်မလေးရဲ့ ပုံစံက တအားပြီးပြည့်စုံလွန်းသည်။ ချင်းယွီစစချင်းမြင်တုန်းက အံ့အားသင့်သွားလောက်တဲ့အထိ ဖြစ်သွားတာ။

“ငါ့အတွက်ခေါ်လာတဲ့ အိမ်အကူက သူလား။ တအားငယ်ငယ်လေးဟာကို”

“မစ္စတာချင်းလိုချင်တာ ငယ်ငယ်‌လှလှလေး မဟုတ်ဘူးလား။ အဲ့တာကြောင့် သူ့ကို ခေါ်လာလိုက်တာ”

“ငယ်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ‌ဒီလောက်ကြီးထိ ငယ်တာကြတော့…”

ဟုန်ရှောင်ယီလည်း သူ့အပြစ်တစ်ခုခုကို ကျူးလွန်မိလိုက်တဲ့ ခံစားချက်မျိုးရလိုက်သည်။ ဒါပေမယ့် ဒီအိမ်အကူက ကုမ္ပဏီက ပိုင်တာမျိုးမဟုတ်ဘူး။ မန်နေဂျာကနေ အိမ်အကူကုမ္ပဏီကို ဖုန်းဆက်ပြီး မစ္စတာချင်းလိုချင်တဲ့ပုံစံမျိုးကို လိုက်ပြီး ရှာပေးခဲ့ပေမယ့် အဲ့ဒီလူက အလုပ်ရသွားပြီလို့ ပြောတာ။အဲ့တာကြောင့် သူလည်း ကြံရာမရဘဲ သူနဲ့အတူနေတဲ့ ရှီဂေါင်ကို ခေါ်လာပေးလိုက်မိတာ။

ငါတော့ ပြသာနာတက်ပြီနဲ့တူပါတယ်…။

All Chapters