← Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

မစ္စတာချင်းကလည်း လူကအရေးတကြီး လိုနေတယ်ဆိုတော့ သူလည်း ဘာမှမတတ်နိုင်ဘဲ ရှီဂေါင်ကိုခေါ်လာလိုက်တာ။ ရှီဂေါင်ကလည်း လွန်ခဲ့တဲ့တစ်ပတ်ကမှ အလုပ်ထွက်ထားတာ ဆိုတော့ အလုပ်လည်း ရှိမနေတာနဲ့။

ဒါပေမယ့် ချင်းယွီက ရှီဂေါင်ကို သဘောမကျတဲ့ပုံမို့ ရှောင်ယီမြန်မြန်ပဲ

"တောင်းပန်ပါတယ်။ မစ္စတာချင်း။ မစ္စတာချင်း သဘောမကျဘူးဆိုရင် နောက်တစ်ယောက် ထပ်ရှာပေးပါ့မယ်"

ချင်းယွီအလှလေးကို ကြည့်လိုက်ပြီး

"ဒီထိရောက်လာပြီပဲ သူ့ပဲ ခန့်လိုက်ပါတော့"

ခုန်ရှောင်ယီတုံးတာသိပေမယ့် အရိပ်အကဲခတ်တာ ဒီလောက်ညံ့မယ်လို့တော့ မထင်ထားဘူး။ ဒီတစ်ခါခေါ်လာတဲ့ အိမ်အ‌ကူကို ကြည့်တာနဲ့တင်ကို သိလိုက်ပြီ။ နောက်တစ်ယောက်ထပ်ရှာခိုင်းရင် ဆယ်ကျော်သက်ကလေးများ ခေါ်လာမလားမသိဘူး။

"နာမည်‌ဘယ်လိုခေါ်လဲ"

"ဟုတ်ကဲ့ ကျွန်မနာမည်ရှီဂေါင်ပါ။ ဝူချန်ကလာတာပါ"

"ရှီဂေါင်တဲ့လား"

ချင်းယွီသူ့နာမည်ကို ပြန်မေးလိုက်မိသည်။

"ဟုတ်ကဲ့ ရှီဂေါင်ပါ"

ရှီဂေါင်ချင်းယွီကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လိုက်သည်။ ချင်းယွီသူ့နာမည်ကို မကြားဘူးထင်ပြီးတော့ ထပ်ပြီး သူပြန်ဖြေလိုက်မိသည်။

"ဝူချန်က နန်ဂျန်းမြို့နဲ့တအားဝေးတာကို ဘာလို့ ဒီကို အလုပ်လာလုပ်တာလဲ"

ချင်းယွီမေးလိုက်သည်။

ရှီဂေါင်ချင်းယွီကို ကြည့်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။

"နယ်က ညီမနှစ်‌‌ယောက်နဲ့ လာခဲ့တာပါ။ ဒီရောက်တော့ သန့်ရှင်းရေးကုမ္ပဏီမှာ တူတူ အလုပ်လုပ်ကြတာပါ"

ရှီဂေါင်က ချင်းယွီကို အသာလေးလှမ်းကြည့်လိုက်ပြီးတော့ ချိုချိုသာသာပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို ထပ်မိတ်ဆက်နေစရာမလိုပါဘူး။ ပထမထပ်က ဧည့်သည်ခန်းမှာ နေလို့ရတယ်။ နေ့တိုင်းသန့်ရှင်းရေးလုပ်ဖို့နဲ့ ဟင်းချက်ပေးရုံပါပဲ။ လစာကတော့ အလုပ်လုပ်ပုံပေါ်မူတည်ပြီး ပေးမယ်"

ရှောင်ယီလည်း ချင်းယွီ ရှီဂေါင်ကို လက်ခံပေးလိုက်တော့ ပျော်သွားသည်။

"လစာနဲ့ပတ်သက်ပြီးတော့ ရှင်းပြစရာမလိုပါဘူးရှင့်"

ချင်းယွီကို တစ်ချက်ကြည့်လိုက်ပြီးတော့

" မစ္စတာချင်းကို တစ်ခုပြောချင်တာလေး ရှိလို့ပါရှင်။ အရင်ကြိုပြီးတောင်းပန်ပါရစေ။ ဒီလိုပါ မစ္စတာချင်း။ မန်နေဂျာဇူက သန့်ရှင်းရေးကုမ္ပဏီက အိမ်အကူရှာပေးပေမယ့် အဆင်မပြေတော့လေ။ ကျွန်မနဲ့အတူ ‌ရှီဂေါင်ကို ခေါ်လာခဲ့တာပါ။ ဒါပေမယ့် စ်တ်မပူပါနဲ့။ ရှီဂေါင်ကလည်း လွန်ခဲ့တဲ့အပတ်ကထိ သန့်ရှင်းရေးကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တာပါ။ သူ့ကို အကျင့်မကောင်းတဲ့ လူတွေက ဂျောက်ချပြီး အလုပ်ဖြုတ်လိုက်လို့သာ အလုပ်ထွက်ခဲ့ရတာပါ။ အဲ့တာကြောင့် ကျွန်မသဘောနဲ့ ကျွန်မရှီဂေါင်ကို ခေါ်လာမိလိုက်တာပါ"

ရှောင်ယီလည်း ဒီလိုရှင်းပြပြီးတော့ အပြစ်လုပ်မိထားတဲ့ ကလေးလိုပဲ အရိုက်ခံရမှာ ကြောက်နေမိသည်။

"ဘယ်လို အလုပ်ဖြုတ်ခံခဲ့ရတာလဲ ပြောပြပေးလို့ရမလား"

ချင်းယီမေးတော့ ရှီဂေါင်လည်း ရှက်ရှက်နဲ့

"ကျွန်မကဟင်းချက်တာ နည်းနည်းတောဆန်တော့ သူတို့သဘောမကျကြဘူးလေ"

ချင်းယွီဒီလိုကြားလိုက်ရတော့ နည်းနည်းတော့ ခေါင်းကိုက်သွားသည်။ ဒီကိစ္စက သိပ်အဆင်မပြေလောက်ဘူးလို့လည်း ခံစားမိလိုက်သည်။

"ရပါတယ်။ ဒီ‌မှာနေဖို့ ခဏနေရင် ဗီလာသော့ပေးထားမယ်။ မင်းလစာက ခုတော့နည်းနိုင်လောက်ပေမယ့် နောက်ကြတိုးတိုးပေးသွားမယ်။ ခုတော့ အခြေခံလစာပဲပေါ့။ နေ့စဉ်အသုံးစရိတ်အတွက်က ထုတ်ပေးသွားမယ်"

ခုန်ရှောင်ယီလည်း အရမ်းပျော်နေမိသည်။ ပြီးကြ ချင်းယွီက ရှီဂေါင်ရဲ့ ဖုန်းနံပါတ်နဲ့ ဘဏ်အကောင့်ကိုတောင်းပြီး လစာထည့်ပေးလိုက်သည်။

"အလုပ်လုပ်ဖို့ အဝတ်အစားလေး ဘာလေးဝယ်ခဲ့ပေါ့။ အပြန်ကြ ဟင်းချက်စရာတွေပါ ဝယ်ခဲ့လိုက်ဦး။ ရေခဲသေတ္တာထဲမှာ ဘာမှမရှိဘူး"

စကားပြောပြီးတော့ ချင်းယွီလည်း ပိုက်ဆံနဲ့ ဗီလာသော့ကို ထုတ်ပြီး ရှီဂေါင်ကို ပေးလိုက်သည်။ ကောင်မလေးနှစ်ယောက်လုံး ထွက်သွားတာကို ကြည့်နေရင်း သူ့စိတ်ထဲ တစ်မျိုးခံစားလိုက်ရသည်။ သူရှီဂေါင်ကို စတွေ့ကတည်းက သူ့စိတ်စွမ်းအားကို သက်ရောက်မှုရှိနေတာကို သူသိလိုက်သည်။

ပုံရိပ်ယောင်တစ်ခု သူ့စိတ်ထဲပေါ်လာသလိုမျိုးပဲ။ ကြောက်စရာတစ်ခုခု ဖြစ်လာသလိုမျိုး။ ဒီအကြောက်တရားက ရှီဂေါင်ဆီက လာတာမဟုတ်ဘူး။ ရှီဂေါင်ကြောင့်ဖြစ်လာမယ့် အန္တရာယ်ကို ကြိုခံစားမိနေပြီး ပေါ်လာသလိုမျိုးပဲ ဖြစ်နေတာ။ ရှီဂေါင်က သာမန်လူတော့ မဟုတ်ဘူး။ သူဒီလိုတွေးလိုက်မိတော့ ဒီကောင်မလေးအကြောင်းကို ပိုပြီး သိချင်လာတယ်။

အဲ့အချိန်မှာ ဖုန်းမြည်လာသည်။ သူကြည့်လိုက်တော့ အမည်မသိဖုန်းနံပါတ်တစ်ခုဖြစ်နေသည်။

"မဂ်လာပါ။ ကျွန်တော်က လီဂျွန်ချောင်ပါ။ မေးချင်တာလေးရှိလို့ပါ။ ဒီနေ့အတွင်း ထျန်ဟူအရောင်းဌာနက လာပေးလို့ရမလားဗျ"

အဲ့အချိန်ကြမှ ချင်းယွီသူ လီဒယ်ဆူကို ထျန်ဟူအရောင်းဌာနကို သွားဖို့ ပြောထားတာသတိရလိုက်သည်။ နန်ဂျန်းနဲ့ ထျန်ဟူက သိပ်မဝေးတော့ ခဏလေးအတွင်းရောက်မှာပါ။

"ကောင်းပြီလေ။ လာခဲ့လိုက်မယ်"

အချိန်ကိုကြည့်လိုက်တော့ မနက်၉နာရီကျော်နေပြီ။ ထျန်ဟူအရောင်းဌာနက ယူဟယ်လမ်းပေါ်မှာရှိတာ။ ချင်းယွီအဲ့နားကို ရောက်ဖူးသည်။ နမ်ရွမ်ဗီလာနဲ့ သုံးမီတာလောက်ပဲ ဝေးတာ။ ညနက်လေပြေ ဗီလာကနေ ထွက်ပြီး ထျန်ဟူအရောင်းဌာနကို ရောက်ဖို့ သုံးမိနစ်ပဲ လိုတော့သည်။

ညနက်လေပြေရောက်လာတော့ လူတွေအကုန်လုံး ဝိုင်းကြည့်ကြသည်။ တစ်ချို့လူတွေဆို ကားပိုင်ရှင်ဘယ်သူလဲဆိုတာ သိရဖို့ ကားကို အသည်းအသန်လိုက်ကြည့်နေကြသည်။ သူ့နားက လူတွေလည်း ညနက်လေပြေ ပါကင်ထိုးတာကိုစောင့်ပြီး ကားကို ဓာတ်ပုံရိုက်နေကြသည်။

အဲ့အချိန်မှာပဲ တစ်ယောက်က ကားကိုတင်မဟုတ်ဘဲ ချင်းယွီရဲ့မျက်နှာပါ ပါအောင် ဓာတ်ပုံ၂ပုံလောက် ရိုက်ယူလိုက်သည်။ ဓာတ်ပုံရိုက်ယူလိုက်တဲ့ လူကတော့ လုချောင်...။

သူစပေါ့ကားတွေ အကြောင်းလည်းသိသည်။ ဒီကားကိုလည်း ရင်းနှီးသလို ဖြစ်နေတာမို့ ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်ကနေ ရှာကြည့်လိုက်တော့ ညနက်လေပြေဖြစ်နေတာ တွေ့လိုက်ရသည်။ ဒီကားက အထူးသီးသန့်ထုတ်ထားတဲ့ ကားဖြစ်လို့ အလွယ်တကူလည်း ဝယ်လို့ မရတဲ့အပြင် ပိုက်ဆံလည်း သန်းနဲ့ချီ ကုန်တာပါသူသိလိုက်ရသည်။ သူဆက်ရှာကြည့်နေတုန်းမှာပဲ ကားက ပါကင်ထိုးပြီးသွားပြီ။ သူနဲ့နည်းနည်းလှမ်းသွားတော့ ဓာတ်ပုံထပ်ရိုက်လိုက်ရမှာဆိုပြီး နောင်တရမိလိုက်သည်။

" လုချောင်ဘာလို့အဲ့ကားကို ဒီလောက်စိုက်ကြည့်နေတာလဲ။ ကားကကောင်းလွန်းတာသိပေမယ့် အလုပ်လုပ်ရဦးမှာလေ။ ဒီနေ့အိမ်ကြည့်မယ့်လူတွေ အများကြီးလာမှာ။ ဆက်ကြည့်နေတော့ရော မင်းက ကားအကြောင်း ဘာနားလည်လို့လဲ"

"ဒီကို တစ်ချက်လောက် ကြည့်လိုက်ပါဦး"

"ကားတစ်စီးက ယွမ်သန်းချီတန်တယ်"

ဟေလုတုန်လည်း အံ့အားသင့်မိသွားသည်။ သူဒီလောက်ဈေးကြီးတဲ့ကားကို မြင်ဖူးဖို့ နေနေသာသာ ကြားတောင်မကြားဖူးဘူး။ ခုတော့သူ့မျက်ဝါးထင်ထင် မြင်လိုက်ရတာတဲ့။

"တကယ်ကြီးလား"

"ဘာလို့လိမ်ရမှာလဲ။ သီးသန့်ထုတ်ထားတာအဲ့ကားက အဲ့တော့ မှားစရာအကြောင်းလည်း မရှိဘူး"

"တကယ်ကြီးပေါ့။ နင်ခုနကပုံတွေရိုက်ထားသေးတယ်မလား။ ပို့ပေးပါဦး"

ပုံတွေရလာတော့ ဟေလုတုန်ချက်ချင်း ကားပုံကို လိုင်းပေါ်တင်လိုက်သည်။ သူလိုင်းပေါ်တင်ပြီး ခဏလောက်‌နေတော့ ဓာတ်ပုံတွေကို ကျောင်းသားဟောင်းဂရုထဲကို ပို့လိုက်သည်။ ပြီးတော့…..

“သူငယ်ချင်းတို့ ဒီနေ့ပဲ ငါ့ယောကျာ်းအိမ်အသစ် လာဝယ်ရင်းနဲ့ အထူးသီးသန့်ထုတ်ထားတဲ့ ညနက်လေပြေကို တွေ့လိုက်တာ”

“အဲ့လိုကားမျိုးက အပြင်မှာ တကယ်ရှိတာလား”

“ဟယ် နင်ကအိမ်ဝယ်တော့မှာလား။ ဂုဏ်ပြုပါတယ်နော်”

ဟေလုတုန် ဂရုထဲက စာတွေကိုမြင်တော့ ပြုံးပြီးစာပြန်လိုက်သည်။

“အိမ်ဝယ်ဖို့ခုမှ စပြင်နေရုံပဲ ရှိသေးတာပါ။ စတုရန်းမီတာ၄၀၀လောက်ပဲရှိတဲ့ တိုက်ခန်းလေးတောင်မှ သိန်း၅၀၀နီးပါးလောက် ကုန်ရမယ်တဲ့ဟာ။ ခုနကလိုကားမျိုး ရဖို့ဆို ဘယ်နဲ့နှစ်တောင် အလုပ်လုပ်ရမလဲ မသိပါဘူးဟာ….”

All Chapters