← Chapters

အခန်း (၇၇)

Vol. 6 Ch. 77

အခန်း (၇၇)

Vol. 6 Ch. 77

ချင်းယွီကားပါကင်ထိုးပြီး အရောင်းဌာနထဲ ဝင်လာလိုက်သည်။ အရောင်းဌာနတစ်ခုလုံးက အကျယ်ကြီးပဲ။ ကားပါကင်၊ ကော်ရစ်တာ‌တွေနဲ့ စတုရန်းမီတာ၂၀၀လောက်ကျယ်တဲ့ ရေကန်ကြီးလည်း ရှိသည်။ ကော်ရစ်တာကိုရော၊ အဆောက်အဦးတစ်ခုလုံးကိုရော မီးဆိုင်းတွေနဲ့ အလှဆင်ထားသည်။ ကာစတန်မာတွေလည်း အပြည့်ပဲ။

"ကြိုဆိုပါတယ်ရှင့်။ အိမ်ဝယ်ဖို့လာတာလား မသိဘူး"

အရောင်းဌာနကို ရောက်ဖို့ဆိုရင် ၁၀မီတာလောက် လိုသေးသည်။ ဌာနက ဝန်ထမ်းတစ်‌ယောက်က ချင်းယွီကို ထီးမိုးပေးပြီးတော့ လာမေးသည်။

"အိမ်ဝယ်ဖို့လာတာ။ ကုမ္ပဏီရဲ့ ဒုဥက္ကဌ လီဂျွန်ချောင်ရှိလား"

"ကုမ္ပဏီက မစ္စတာလီကိုတော့ သိပါတယ်။ ဒါပေမယ့် ကူညီဖို့ လိုအပ်သေးတာများ ရှိလားမသိဘူး"

ချင်းယွီပါးစပ်က လီဂျွန်ချောင်နာမည်လည်း ထွက်လာရော ဝန်ထမ်းလေးက ပိုပြီးတော့ လေးစားသမနဲ့ ဆက်ဆံလာသည်။

"လီဂျွန်ချောင်ကို ကျုပ်ဆီကို လာခဲ့လို့ ပြောလိုက်ရင်ရပြီ။ ကျုပ်နာမည်က ချင်းယွီ"

"ဟုတ်ကဲ့ပါ မစ္စတာချင်း။ နားနေခန်းထဲကို ခေါ်သွားပေးပါ့မယ်"

"ဟုတ်ပြီ"

လီဂျွန်ချောင် ချင်းယွီနဲ့ ဒီနေ့တွေ့မယ်လို့ ဖုန်းဆက်ထားပေမယ့် ချင်းယွီတကယ်လာမလာ သိချင်‌ေနမိသည်။ ပြီးကြ ချင်းယွီလာနေတယ်လို့ ပြောလာတော့ ဟိုတယ်ကနေ ဒီကိုလာဖို့ဆို အချိန်ယူရဦးမယ်လို့ သူထင်သည်။

ချင်းယွီအရောင်းဝန်ထမ်းလေးရဲ့ နောက်ကနေလိုက်ပြီး နားနေဆောင်ကို ရောက်လာသည်။ ‌ပြီးကြ အထဲတစ်နေရာမှာ ဝင်ထိုင်လိုက်သည်။ အရောင်းဝန်ထမ်းလေးက သူ့ကို ရေတစ်ခွက်ထည့်ပေးပြီးတော့ ထွက်သွားသည်။ ချင်းယွီပျင်းပျင်းနဲ့ ထိုင်နေရင်း ဝတ္ထုဖတ်ဖို့ ဖုန်းထုတ်လိုက်သည်။ သူဖုန်းထုတ် ထုတ်လိုက်ချင်းမှာပဲ တစ်ယောက်ယောက်ဆီက ဖုန်းဝင်လာသည်။ ကြည့်လိုက်တော့ ဂျန်ရှန်းခေါ်တာ ဖြစ်နေသည်။

သူဖုန်းကိုင်လိုက်တော့

"ကိုကြီးချင်း မနေ့က ညကိုးနာရီလောက်က ညနက်လေပြေနဲ့ တောင်တစ်ဝက်ပြေးလမ်းမှာ ကားမောင်းပြိုင်ခဲ့သေးလား"

"အင်း...."

ချင်းယွီငြင်းတော့ မငြင်းလိုက်ဘူး။

"ကိုကြီးချင်းက မိုက်လိုက်တာ။ ကိုကြီး ချင်းမှန်းသိသားပဲ။ အခုစပေါ့ကားအုပ်စုက ဝေဝေမှာ ကိုကြီးချင်းကား အကြောင်းပဲ ပြောနေကြတာ ပလူတွေပျံနေရောပဲ။ လိုင်စင်နံပါတ်၉၉၉၉၉၉(၉ ခြောက်လုံးနဲ့ ကားပိုင်ရှင်က ဘယ်သူလဲဆိုတာ သိချင်နေကြတာ အရူးတွေလိုပဲ။ ကိုကြီးချင်း မနေ့ညကမောင်းသွားတာ တကယ်မိုက်တယ်။ မသိရင် နတ်ဘုရားတစ်ပါးက ဝင်ပူးပြီး မောင်းနေသလိုပဲ။ ကျွန်တော်လည်း အဲ့တုန်းက ပြိုင်နေရင်း ကားအမည်းတစ်စီးဖြတ်သွားတာတော့ တွေ့တယ်။ ဒါပေမယ့် ဘယ်သူလည်း သေချာမကြည့်လိုက်မိဘူး။ အဲ့တုန်းကလန့်ပြီး ထတောင်ခုန်မိတော့မလို ဖြစ်သွားသေးသည်။ တကယ်ပဲ ဘယ်လိုအရှိန်နဲ့တောင် မောင်းသွားတာလဲ"

အဲ့လိုမေးတာခံလိုက်ရတော့ ချင်းယွီစဉ်းစားလိုက်ပြီး

"တအားမမြန်ပါဘူး။ မင်းတို့တွေကသာ နှေးနေတာ"

ဂျန်ရှန်းလည်း သက်ပြင်းချလိုက်မိသည်။

"ကိုကြီးချင်းက အခု ဒီအဝန်းအဝိုင်းထဲမှာ ဆယ်လီဖြစ်နေပြီ။ လူတွေအများကြီး ကိုကြီးဆီကနေ ကားမောင်းနည်းသင်ချင်နေကြတာ။ ဒါပေမယ့် ဘယ်သူမှ ကိုကြီးအကြောင်းကို ရှာလို့မတွေ့ကြဘူး။ နာမည်လေးတောင် မသိကြဘူး။ ကိုကြီးချင်းရဲ့ အချက်အလက်တွေကို ဖုံးထားတာအမဖန်တဲ့။ အဲ့တော့ ဘယ်သူမှ ဆက်မရှာရဲကြတော့ဘူး။ လူအကုန်လုံးလည်း အမဖန်ဖုံးထားတယ်ဆိုတော့ ရပ်လိုက်ကြတာ။ ကျွန်တော်လည်း ကိုကြီးချင်းမှန်း သိပ်မကြာသေးခင်ကမှ သိလိုက်ရတာ။ ဒါပေမယ့် ထုတ်တော့မပြောပါဘူး။ ကိုကြီးချင်း ကျွန်တော့်ကို နောက်ကြ ကားပြိုင်ပွဲတွေဆီ ခေါ်သွားဦးနော်။ ကျွန်တော်လည်း ကိုကြီးချင်းဆီက ပညာပြန်သင်ချင်သေးတယ်"

ချင်းယွီဂျန်ရှန်းပြောတာတွေကို အာရုံမလာပဲ

"ငါ့အချက်အလက်တွေကို အစ်မဖန်က ဖုံးထားတယ်ဆိုတော့ အစ်မဖန်က ဘယ်သူလဲ"

"ဟင် မသိဘူးလား"

ဂျန်ရှန်းနည်းနည်း ကြောင်သွားပြီးတော့

"အစ်မဖန်စီးတဲ့ကားက မနေ့ညကပျက်သွားတာလေ။ အဲ့တာကိုကြီးနဲ့ ဆိုင်တာလား။ အစ်မဖန်နဲ့ ယှဉ်ပြီး မောင်းခဲ့သေးတာဆို။ ပြီးကြ သူ့ကားကို ကျော်တက်ခဲ့တာဆို"

"အော် အစ်မဖန်ဆိုတာ အဲ့တစ်ယောက်လား။ အင်း... ငါ့ကြောင့်သူ့ကား ပျက်သွားတာလေ"

"ဟမ်! ကိုကြီးကြောင့် ဟုတ်လား။ သူကိုကြီးကို ရိုက်သေးလား"

"ဘာလို့အရိုက်ခံရမှာလဲ။ ဒီလိုဆိုမှပဲ အဲ့ကောင်မလေးတော်တော်တော့ ကြမ်းတယ်နော်။ သူမောင်းတဲ့ကားဆို တစ်စစီကျိုးပဲ့ကုန်တာ"

"ဖန်ထောင်ကားလည်း ပျက်သွားတယ်ဆို။ အဲ့တာလည်း ကိုကြီးကြောင့်ပဲဆို ဟုတ်လား"

ဂျန်ရှန်းထပ်မေးလိုက်သည်။

"ဟိုငွေရောင်ကားလေးလား။ ပရမ်းပတာတွေ လျှောက်ပြောမနေနဲ့။ အဲ့တာသူ့ဘာသာ လူလိုမမောင်းလို့ဖြစ်တာ။ သူ့ဟာနဲ့မောင်းချင်သလို မောင်းပြီး သူများကိုအပြစ်ဖို့ချင်နေတာ။ အဲ့ကားသမားသေပြီလား"

"သေတော့မသေပေမယ့် သေတာနဲ့တူတူပါပဲ။ ဆေးရုံမှာ လှဲနေရတာ မသေရုံတမယ်ပဲ"

"တကယ်ကြီးလား"

ချင်းယွီ နည်းနည်းတော့လန့်သွားသည်။

"ကားကြောင့်တော့ မဟုတ်ဘူး။ လူရိုက်ခံရလို့လေ"

ဂျန်ရှန်းကြောက်ကြောက်နဲ့ပဲ ပြောပြလိုက်သည်။

"ဘယ်သူရိုက်တာလဲ။ မဟုတ်မှလွဲရော သူ့အဖေဆီကလား"

ချင်းယွီစပ်စုချင်လာသည်။

"ဘာတွေပြောနေတာလဲ ကိုကြီးချင်းကလည်း။ ဘယ်သူက ကိုယ့်သားသမီးကို သေအောင်ရိုက်မှာလဲ။ အစ်မဖန်ရိုက်တာ။ သတိရဖို့ရက်တော်တော်ကြာမယ်တောင် ပြောနေကြတာ"

"သူနဲ့တန်တာပဲလေ"

"ခုနက ကိုကြီးပြောသလို အစ်မဖန်က ကြမ်းပေမယ့် ဒီတစ်ခေါက်တော့ သူ့ဘက်ကပဲ လိုက်ရမယ်။ ဒါနဲ့ကိုကြီးချင်းလည်း သတိထားဦးနော်။ ဖန်ထောင်သက်သာရင် ကိုကြီးချင်းကို ရန်လာစလောက်တယ်။ ဖန်မိသားစုက မြွေလိုပဲ။ အဆိပ်တအားပြင်းတယ်။ ကျွန်တော်တို့ ယွမ်မိသားစုထပ်တောင် အာဏာကြီးသေးတယ်"

"အင်းပါ ငါသတိထားလိုက်ပါ့မယ်"

"အော်ဒါနဲ့ ကိုကြီးချင်း ကျွန်တော်မေးချင်တာလေး ရှိသေးတယ်။ မနေ့ကညက အမဖန်နဲ့တူတူရှိတုန်းက တစ်ခုခုပြောဖြစ်ကြသေးလား"

"ငါလည်း ဘာမှမပြောပြလိုက်သလို သူလည်းဘာမှမမေးသွားပါဘူး။ အာ....ဆင်းခါနီးတုန်းက နာမည်မေးသွားတာလေး တစ်ခုပါပဲ"

"အမ် ပြီးကြတော့ရော...?"

ဂျန်ရှန်းလည်း အစ်မဖန်က တစ်ယောက်ယောက်ရဲ့ နာမည်ကို မေးတယ်ဆိုပြီး အံ့အားသင့်သွားပြီး ထပ်မေးလိုက်သည်။

"ဒါပေမယ့် ငါကနာမည်မပြောဘဲ ထွက်လာခဲ့လိုက်တာလေ"

ဂျန်ရှန်းလည်း ချင်းယွီဆီကအဲ့လို အဖြေမျိုးကြားလိုက်ရတော့ ချွေးစီးတွေပါ ပြန်လာသည်။

"ကိုကြီးချင်း....

ကျွန်တော်ကိုကြီးချင်းနဲ့ လမ်းခွဲတော့မယ်"

"ဘာ...ဘာကြီး လမ်းခွဲမယ်"

"ဟုတ်တယ်…”

All Chapters