← Chapters

အခန်း (၇၈)

Vol. 6 Ch. 78

အခန်း (၇၈)

Vol. 6 Ch. 78

"ကိုကြီးချင်းက အမဖန်ကို သွားစထားတာလေ။ ကျွန်တော့်ကိုပါ အမဖန်က သတ်မှာကြောက်တယ်"

"အဲ့လောက်တောင် ကြောက်နေရအောင် သူကလူတကယ်သတ်မှာ မို့လို့လား"

"လူတကယ်မသတ်ဘူးလို့ ထင်လို့လား။ ကိုကြီးချင်း သူ့အကြောင်းမသိပါဘူး။ ဒီတစ်မြို့လုံးမှာ သူကြောက်တဲ့သူဆိုလို့ သူ့အဘိုးတစ်ယောက်ပဲ ရှိတယ်။ သူ့အဖေကိုတောင်မှ ပြန်ရိုက်ရဲတာ။ အဲ့တော့သူ့ကို သာမန်လူလို့ မထင်လိုက်နဲ့။ ပြီးတော့လှတယ်ဆိုပြီးတော့ ကြောင်ဖို့ မစဉ်းစားလိုက်နဲ့"

"အဲ့တာဆို သူကတကယ့်ကို အာဏာရှိတဲ့ သူပေါ့။ နာမည်ဘယ်လိုခေါ်လဲ"

"သူ့နာမည်က ဖန်မင်ယီ။ ဖန်မိသားစုရဲ့ အကြီးဆုံးသမီး"

"ဖန်မင်ယီတဲ့လား။ သူ့ကြည့်ရတာ အသက်အဲ့လောက်ကြီးတဲ့ ပုံလည်းမပေါ်ပါဘူး။ ဘာလို့ အစ်မဖန်လို့ ခေါ်တာလဲ"

"နန်ဂျန်းမြို့ရဲ့ ဒုတိယမျိုးဆက် အဝန်းအဝိုင်းထဲမှာ ဘယ်သူ့မှသူ့ကို အစ်မဖန်လို့ ‌မခေါ်ဘဲမနေရဲဘူး။ သူ့ထက်ပိုအသက်ကြီးတဲ့သူတွေတောင် အဲ့လိုခေါ်ရတယ်။ ကိုကြီးဟွာတစ်ယောက်ပဲ ချွင်းချက်အနေနဲ့ မခေါ်ဘဲနေလို့ရတာ"

"ကိုကြီးဟွာ...? ရှီဂျင်ဟွာကိုပြောတာလား။ ဘာလို့လဲ"

"ကိုကြီးဟွာက အစ်မဖန်ရဲ့ ဝမ်းကွဲလေ"

"အော်သိပြီ"

နှစ်ယောက်သား စကားပြောပြီး ဖုန်းချလိုက်ကြသည်။

ချင်းယွီ ဂျန်ရှန်းနဲ့ ဖုန်းပြောနေ‌တုန်းမှာပဲ အရောင်းဌာန မန်နေဂျာယန်ဟူလည်း ချင်းယွီရောက်နေမှန်းသိလိုက်ရသည်။ လီဂျွန်ချောင်ကြောင့်မို့ရောက်လာတဲ့ ချင်းယွီဆိုတဲ့ဧည့်သည်တစ်ယောက်ရောက်နေတယ်လို့ ဝန်ထမ်းတစ်ယောက်လာပြောတာ နားထောင်ပြီးတော့ သူစဉ်းစားလိုက်သည်။ အရောင်းဌာနမန်နေဂျာတစ်ယောက်ဆိုတော့ ကုမ္ပဏီရဲ့ အကြီးအကဲဖုန်းနံပါတ်တွေ အကုန်ရှိတာမို့ ဖုန်းကိုကောက်ကိုင်ပြီး နံပါတ်တစ်ခုကို ဆက်လိုက်သည်။

"မစ္စတာလီ ကျွန်တော့်ကို ရှာနေတာလားမသိဘူး"

လီဂျွန်ချောင်လည်းဖုန်းဝင်တာနဲ့ တန်းကိုင်လိုက်သည်။ ယန်ဟူဖုန်းနံပါတ်ကိုလည်း သူသိသည်။ အရောင်းဌာနရဲ့ ဒုဥက္ကဌအနေနဲ့ အိမ်ဝယ်တဲ့ကိစ္စ တော်တော်များများကို ကြုံဖူးတာမို့ သိပ်တော့ထွေထွေထူးထူးမတွေးမိဘူး။

"မစ္စတာလီ ဒီလိုပါ။ အရောင်းဌာနကို ဝယ်သူတစ်ယောက်ရောက်လာပြီးတော့ မစ္စတာလီရဲ့ နာမည်ပြောပြီး သူ့ဆီလာခိုင်းလို့ပါ"

"သူ့နာမည်က ဘယ်သူလဲ။ ပြောသေးလား"

"......."

"ဘာ! ချင်းယွီဟုတ်လား"

လီဂျွန်ချောင်ရဲ့ မျက်နှာက ပြောင်းသွားသည်။

"ဟုတ်ပါတယ်။ မစ္စတာလီ သူ့ကိုသိလို့ပါလား"

တစ်ဖက်ကလန့်သွားတာ မြင်တော့ သူနည်းနည်းတော့ အံ့ဩသွားသည်။

"ဟုတ်တယ်။ သူကငါ့အသိ။ မင်းသူ့ကိုဂရုတစိုက်နဲ့ သေ‌ချာဆက်ဆံ။ ငါအခုအဲ့ကိုလာနေပြီ"

"ကောင်းပါပြီ ခင်ဗျ"

လီဂျွန်ချောင်ဖုန်းချပြီးတော့ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေပေါ်လာသည်။ သူအခုအရောင်းဌာနကို အမြန်ဆုံးသွားနေပြီ။ ချင်းယွီဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ သူမထင်ဘူး။ ချင်းယွီက နမ်ရွမ်ဗီလာမှာ နေတာလေ။ အဲ့တာတောင် ဒီကိုအရင်ရောက်လာတယ်...။

"ဂျွန်ချောင် ချင်းယွီအရောင်းဌာနကို ရောက်ပြီလား"

ဂူရှန်ရှီလည်း ကားမောင်းနေသည်။ လီဂျွန်ချောင် ပြောပုံကိုကြားပြီး သူလည်း နည်းနည်းတော့ အခြေအနေကို ရိပ်မိပါသည်။ သူဖုန်းပြောနေတုန်းမှာပဲ သူ့ဘေးနားကနေ ကားတစ်စီးက သူတောင်သတိမထားမိလောက်တဲ့ အရှိန်နဲ့ ကျော်တက်သွားသည်။

"အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့။ တွေ့ရင်သာ စိတ်ရင်းနဲ့သေချာ တောင်းပန်လိုက်"

"....."

လီဂျွန်ချောင် ခေါင်းညိတ်ပြီး သူ့ကိုယ်သူပဲ အပြစ်‌တင်နေမိသည်။

"သူနားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ သူသာတကယ် အဆောက်အဦး၄ခုလုံး ဝယ်ဖို့လာတာဆို။ ဒီကိစ္စက လီမိသားစုအတွက်ရော၊ ငါ့အတွက်ရော တကယ်အရေးကြီးတယ်။ သူနဲ့မိတ်ဆွေဖွဲ့နိုင်ရုံတင်မကဘူး။ ငါတို့လိုနေတဲ့ ပိုက်ဆံအများကြီးကို တစ်ခါတည်း ထုတ်လို့ရနိုင်မှာ"

လီဂျွန်ချောင်လည်း နည်းနည်းစိတ်ငြိမ်ငြိမ်ထားလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကို ကောက်ခေါ်လိုက်သည်။ သူခေါ်လိုက်တဲ့လူကတော့ လီဒယ်ဂန်။ ထျန်ဟူပရောဂျက်ရဲ့ အထွေအထွေမန်နေဂျာ။ သူ့ဦးလေးဆိုလည်းဟုတ်တယ်။

လီဂျွန်ချောင် ထျန်ဟူအဆောက်အဦးဆီကို သွားဖို့ မြေပုံပေါ်ကို မှတ်လိုက်သည်။ အရောင်းဌာနကို ရောက်ဖို့မိနစ်၂၀လောက်လိုသေးသည်။ လီဒယ်ဂန်က ထျန်ဟူရုံးခန်းထဲမှာ ရှိနေတော့ သူ့အနေနဲ့ ချင်းယွီကို သွားကြိုခိုင်းလို့ ရနိုင်သည်။

"......"

"ဂျွန်ချောင်ရာ စောစောကမပြောဘူး။ အဲ့ကိုငါက မရောက်သေးဘူး။ ထျန်ဟူအဆောက်အဦးကို တိုက်ရိုက်သွားမယ်ဆိုရင်တောင် ၁၀မိနစ် ၁၅မိနစ်ကတော့ လို‌ဦးမှာ"

ဂူရှန်ရှီလည်း ကားမောင်းနေသည်။ လီဂျွန်ချောင် ပြောပုံကိုကြားပြီး သူလည်း နည်းနည်းတော့ အခြေအနေကို ရိပ်မိပါသည်။ သူဖုန်းပြောနေတုန်းမှာပဲ သူ့ဘေးနားကနေ ကားတစ်စီးက သူတောင်သတိမထားမိလောက်တဲ့ အရှိန်နဲ့ ကျော်တက်သွားသည်။

"အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့။ တွေ့ရင်သာ စိတ်ရင်းနဲ့သေချာ တောင်းပန်လိုက်"

"....."

လီဂျွန်ချောင် ခေါင်းညိတ်ပြီး သူ့ကိုယ်သူပဲ အပြစ်‌တင်နေမိသည်။

"သူနားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ သူသာတကယ် အဆောက်အဦး၄ခုလုံး ဝယ်ဖို့လာတာဆို။ ဒီကိစ္စက လီမိသားစုအတွက်ရော၊ ငါ့အတွက်ရော တကယ်အရေးကြီးတယ်။ သူနဲ့မိတ်ဆွေဖွဲ့နိုင်ရုံတင်မကဘူး။ ငါတို့လိုနေတဲ့ ပိုက်ဆံအများကြီးကို တစ်ခါတည်း ထုတ်လို့ရနိုင်မှာ"

လီဂျွန်ချောင်လည်း နည်းနည်းစိတ်ငြိမ်ငြိမ်ထားလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကို ကောက်ခေါ်လိုက်သည်။ သူခေါ်လိုက်တဲ့လူကတော့ လီဒယ်ဂန်။ ထျန်ဟူပရောဂျက်ရဲ့ အထွေအထွေမန်နေဂျာ။ သူ့ဦးလေးဆိုလည်းဟုတ်တယ်။

လီဂျွန်ချောင် ထျန်ဟူအဆောက်အဦးဆီကို သွားဖို့ မြေပုံပေါ်ကို မှတ်လိုက်သည်။ အရောင်းဌာနကို ရောက်ဖို့မိနစ်၂၀လောက်လိုသေးသည်။ လီဒယ်ဂန်က ထျန်ဟူရုံးခန်းထဲမှာ ရှိနေတော့ သူ့အနေနဲ့ ချင်းယွီကို သွားကြိုခိုင်းလို့ ရနိုင်သည်။

"......"

"ဂျွန်ချောင်ရာ စောစောကမပြောဘူး။ အဲ့ကိုငါက မရောက်သေးဘူး။ ထျန်ဟူအဆောက်အဦးကို တိုက်ရိုက်သွားမယ်ဆိုရင်တောင် ၁၀မိနစ် ၁၅မိနစ်ကတော့ လို‌ဦးမှာ"

လီဂျွန်ချောင်လည်း တစ်ဖက်က ပြန်ပြောတာကြားပြီး အကူအညီမဲ့နေပြီလို့ပဲ တွေးလိုက်မိသည်။

"အဲ့တာဆိုလည်း ဦးလေးအဲ့ကိုပဲ တိုက်ရိုက်သွားလိုက်ပါ။ တတ်နိုင်ရင်တော့ မြန်မြန်လေးသွားပေးပါ။ ပြီးရင် ရန်ဟူကို သခင်လေးချင်းကို ကြိုပေးဖို့ ပြောလိုက်ပေါ့"

"မင်းထပ် ငါနောက်ကျပြီးမှ ရောက်လောက်တယ်"

"ဟုတ်ကဲ့ပါ အဲ့တာဆိုလည်း ကျွန်တော်အရင်သွားနှင့်ပါမယ်"

ဟယ်လောင်တုန်နဲ့ လုချောင်အရောင်းဌာနကို ဝင်လာတော့ သူ့ကို ဘယ်သူမှ လာမကြိုကြဘူး။ သူတို့လည်း သိပ်အရေးမကြီးတာမို့ ဘေးနားက ထိုင်ခုံမှာပဲ ထိုင်နေလိုက်သည်။ ပြီးတော့ စီလုဆွေးနွေးခန်းထဲမှာ ထိုင်နေတာကို သူတွေ့လိုက်ရသည်။

စီလုနဲ့သူက တစ်နေရာတည်းမှာ အတူတူကြီးလာကြတာ။ အလယ်တန်းကျောင်းကတည်းက အတန်းဖော်တွေပဲ။ ခုထိလည်း အဆက်အသွယ်ရှိနေတုန်း။

"စီကွမ်ရော အန်တီရော ရောက်နေတာပဲ"

ဟေလောင်တုန်လည်း စီကွမ်နဲ့ စီလုအမေ ရောက်နေတာတွေ့လိုက်တော့ နှုတ်ဆက်လိုက်သည်။ သူပြောတာကို ကြားလား မကြားလားတောင် မသိပါဘူး။ ဘာမှပြန်မပြောကြဘူး။ စီကွမ်ကလည်း ထိုင်ပြီး ဂိမ်းဆော့နေတာ။

"လောင်တုန် တော်တော်ကြီးလာပြီပဲ။ ကျောင်းပြီးကတည်းက မတွေ့ဖြစ်တာပဲနော်"

စီလု ချင်းယွီနဲ့ လမ်းခွဲပြီး ရည်းစားအသစ်ရနေပြီလို့ စီကွမ်ဆီက သူကြားထားတာ။ ပြီးတော့ အခုရည်းစားအသစ်က စီလုအတွက် အိမ်ဝယ်ပေးဖို့ လုပ်နေတာတဲ့။ အိမ်ဝယ်တဲ့ကိစ္စက ဘာမှတော့ မဟုတ်ပေမယ့် စီမိသားစုအတွက်ကတော့ ပထမဦးစားပေးဖြစ်နေတာလေ။ သူလည်းသတင်းတွေကြားတော့ စီလုနဲ့ တွေ့ပြီး စကားပြောဖို့ စဉ်းစားလိုက်သေးသည်။ စီလုအမေက ချင်းယွီကိုတော့ သဘောမကျပေမယ့် လက်ရှိ ရည်းစားကိုတော့ သဘောကျနေတဲ့ပုံပဲ။ အရည်အချင်းလည်း ရှိ၊ ပိုက်ဆံလည်း ရှိပြီး စီလုအတွက်လည်း ငွေသုံးပေးနိုင်တဲ့လူဆိုတော့လည်း ဒီလိုသမက်မျိုးကို မြင်လေချစ်လေ ဖြစ်နေမှာပဲ။

စီလုနဲ့အတူတူ ကြီးပြင်းလာတဲ့ ဟေလောင်တုန်က သူတို့ကိုလာနှုတ်ဆက်တာတွေ့တော့ စီလုအမေတစ်‌ယောက် သူ့စိတ်ထဲ ကြွားချိန်တန်ပြီလို့ တွေးလိုက်မိသည်။

လုချောင်ကို လက်ညှိုးထိုးပြပြီးတော့

"လက်ထပ်လိုက်ပြီ ကြားတယ်။ အဲ့တာ မင်း‌ယောကျာ်းလား။ လူချောပဲကွဲ့"

"ဟုတ်ကဲ့ အန်တီ။ သူ့နာမည်က လုချောင်တဲ့"

"ဘယ်မှာလုပ်နေလဲ အခု။ လစာရော မဆိုးဘူးမလား"

စီလုအမေလည်း ပြုံးလိုက်သည်။

"မဂ်လာပါ အန်တီ။ ကျွန်တော်က စက်ရုံတစ်ခုရဲ့ အကြီးအကဲပါ။ ကျွန်တော့်လစာက တစ်လကို ဂဏန်းခြောက်လုံးစာလောက်ရှိပါတယ်"

လုချောင်ပြုံးပြုံးလေးနဲ့ပဲ ပညာသားပါပါပြန်ဖြေလိုက်သည်။

"တစ်လကို ဂဏန်းခြောက်လုံးစာလား။ အင်း... ကောင်းပါတယ်"

စီလုအမေက သူတို့ဘေးနားရပ်နေတဲ့ ဖန်ယွမ်ကို လက်ညှိုးထိုးပြပြီးတော့

"အဲ့တာ စီလုကောင်လေးလေ။ ဖန်ယွမ်တဲ့။ သူ့အိမ်က ကုန်တိုက်တွေပိုင်တာလေ။ ဂဏန်းခြောက်လုံးဆိုတာ သူ့အတွက်တော့ တစ်လစာမုန့်ဖိုးလောက်ပါပဲ။ ခုတောင်သမီးလေးဖို့ အိမ်လာဝယ်ပေးတာလေ"

စီလုအမေ မိတ်ဆက်ပေးတာကြားတော့ လုချောင်ရော ဟေလောင်တုန်ရော ဖန်ယွမ်ကို အာရုံစိုက်မိသွားသည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် ဂရုထဲမှာ ဖန်ယွမ်ပုံ‌ပို့ထားတာ တွေ့လိုက်သေးတယ်။ အပြင်မှာတွေ့တော့ ပိုချောတာပဲ။ စီလုတစ်ယောက် ကံတော်တော်ကောင်းတာပဲ။ အဲ့လိုလူသာရရင် သူနဲ့ပဲတစ်သက်လုံး နေသွားတော့မှာ"

ဟေလောင်တုန်ပြောတာကြားတော့ စီလုရော သူ့အမေရော ကျေနပ်မိသွားသည်။

"စီလုတစ်ယောက် သူဌေးကတော် ဖြစ်သွားပြီးတော့ အန်တီလည်း ဂုဏ်တက်တာပေါ့"

"အာ နင်ကလည်း။ ဘာသူဌေးကတော်လည်း။ နင်ယောကျာ်းလည်း မဆိုးပါဘူးဟာ။ ငယ်ငယ်လေးနဲ့ အကြီးအကဲဖြစ်နေတာ။ နောက်ကြမန်နေဂျာတွေ ဘာတွေပါ ဖြစ်ရင်ဖြစ်မှာ"

လုချောင်နည်းနည်းတော့ ရှက်မိသွားသည်။ သူ့မှာအခုနေရာကိုတောင် မနည်းကြိုးစားပြီး ယူထားရတာ။

"လောင်တုန် မင်းတို့တွေလည်း အိမ်လာကြည့်တာလား။ ဘာလို့ ဝန်ထမ်းတွေနဲ့ မတွေ့သေးတာလဲ"

"အင်း ဝန်ထမ်းတွေက အလုပ်ရှုပ်နေကြလို့လေ။ ဒီနေ့ကြမှ အဲ့လောက်အလုပ်ရှုပ်နေမယ်လို့ မထင်ထားဘူး"

"ဟုတ်မှာ။ ငါတို့တောင် စောစောရောက်လာလို့ အိမ်ကြည့်ဖြစ်တာ။ အခုတောင် စာချုပ်ပြင်နေပြီ။ လောင်တုန် နင်ရော အိမ်လာဝယ်တာ ငွေအ‌ကြေချေမှာလား။ အရစ်ကျနဲ့လား"

"အင်း.... အခုလောလောဆယ်တော့ အရစ်ကျနဲ့ပါပဲ။ ငါတို့က ဘယ်လိုလို့ ငွေအကြေချေနိုင်မှာတုန်း။ နင်လို သူဌေးသားတစ်ယောက် ရထားတာမှ မဟုတ်တာ....”

All Chapters