← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

"တစ်ခါတည်း မချေနိုင်လည်း ဘာမှမဖြစ်ပါဘူး။ နင်က တခြားလူတွေ ထက်တော့ သာပါသေးတယ်။ ငါသာငါ့အရင် ရည်းစားဟောင်းနဲ့သာ ဆက်တွဲနေရင် အရစ်ကျချေဖို့တောင် ပိုက်ဆံရှိမှာ မဟုတ်ဘူး"

ဟေလုတုန်လည်း ခေါင်းညိတ်လိုက်သည်။

"ငါတို့အခု ဓာတ်ပုံရိုက်ပြီး ဂရုထဲပို့ကြရအောင်လေ"

"အေး ဟုတ်ပြီလေ"

အဲ့နောက် လုချောင်က လုတုန်နဲ့စီလုကို ဓာတ်ပုံရိုက်ပေးသည်။‌ ဟေလုတုန်လည်း ဓာတ်ပုံကို စိတ်ကျေနပ်သွားပြီး ဂရုထဲမှာ တင်လိုက်သည်။ ပြီးတော့ အရောင်းဌာနကို လာရင်း သူငယ်ချင်းစီလုနဲ့ သူ့ကောင်လေးကို တွေ့ရတာ အရမ်းကို ပျော်တယ်ဆိုပြီးတော့ စာလည်းရိုက်ပို့လိုက်သည်။ သူအဲ့လိုပို့လိုက်တာနဲ့ အတန်းဖော် တော်တော်များများလည်း စပ်စုလာကြသည်။

"စီလုက လွန်ခဲ့တဲ့ရက်ပိုင်းက အိမ်ဝယ်ချင်တယ်လို့ ပြောသေးတယ်။ တကယ်ကြီး လိမ်တာ မဟုတ်ဘူးပဲ။ ဟေလုတုန်နဲ့တောင် အရောင်းဌာနမှာ တွေ့လိုက်သေးတယ်"

"အိမ်ဝယ်ဖို့ ပိုက်ဆံရှိတာ အားကျလိုက်တာ"

"မြို့ကြီးမှာတောင် အိမ်ဝယ်နိုင်တယ်"

"စီလုကောင်လေးက အရမ်းချမ်းသာတယ်ပြောတယ်။ အဲ့တော့စီလုဖို့ ‌ဝယ်ပေးနိုင်မှာပေါ့"

"လုတုန်ကောင်လေးကလည်း ချောတယ်ပြောထား‌သေးတာ။ သူ့ကောင်လေးချော မချောကြည့်ချင်‌လိုက်တာ"

ဟေလုတုန်အဲ့လိုပြောထားတဲ့ စာကိုမြင်တော့ ဖန်ယွမ်ရဲ့ဓာတ်ပုံကို တိတ်တိတ်လေးရိုက်ပြီးတော့ ပို့လိုက်သည်။

"စီလုက တကယ့်‌မင်းသားလေးကို ရှာတွေ့သွားတာပဲ။ အားကျပါတယ်"

"သူချင်းယွီကို ပစ်ခဲ့တာ မှန်သွားတယ်။ ငါသာဆိုလည်း အဲ့လိုလုပ်မှာပဲ"

"ဟုတ်တယ် ချင်းယွီက စီလုရဲ့အနာဂတ်ကို ပိတ်နေတာ။ မဟုတ်ရင် စီလုကသူဌေးကတော် ဖြစ်မှာမဟုတ်ဘူး"

"ဂေါင်ဇန်ရီ နင်တို့အဲ့လောက် မလွန်ကြနဲ့လေ။ ငါတို့အကုန်လုံး အတန်းဖော်တွေပဲဟာ။ ဘာလို့ ချင်းယွီမကောင်းကြောင်းတွေ ပြောနေတာလဲ"

"ဘာဖြစ်လဲပြောတော့။ စီလုဆီကနေ အဲ့ကောင်က ငမွဲလို့ ပြောထားတာမကြားဘူးလား။ ညစာစားတိုင်း စီလုဘက်ကပဲ ပိုက်ဆံပေးရတယ်။ ၂နှစ်အတွင်းမှာပဲ လက်ဆောင်လေး မဖြစ်စလောက်ပဲ ရဖူးတာတဲ့"

"ဟုတ်တယ် စီလုအတွက်လည်း မတရားဘူးလေ"

"နင့်အကိုကြီးကို ကာကွယ်ပေးချင်တာသိပေမယ့် စီလုဘက်လည်း ကြည့်ဦးလေ။ အဲ့ကောင်ချင်းယွီ ခုဘာလုပ်နေလောက်မလဲ"

"ဆက်ပြောဦးလေ "

"လီရှီ ဘာပြောလိုက်တာလဲ"

"........"

ဂရုထဲမှာ ဟိုပြောဒီပြောနဲ့ ရန်ဖြစ်နေကြသည်။ တော်တော်များများက ရန်လိုနေကြသည်။ လီရှီဘက်ကို ဝင်ပြောပေးတဲ့လူက မရှိဘူး။ အဲ့တော့ လီရှီပိုပိုပြီး အကူအညီမဲ့လာတယ်။

ဟေလုတုန် ဓာတ်ပုံပို့ပြီးတော့ ဂရုထဲကို ထပ်မကြည့်တော့ဘူး။ ဘယ်သူတွေ ဘာတင်လဲ ဘာပြောလဲ မသိချင်တော့ဘူး။ တစ်ချို့လူတွေကတော့ ဆက်ငြင်းနေတုန်းပဲ။

အဲ့အချိန်မှာပဲ အရောင်းဌာနကဝန်ထမ်းက စီလုဆီလာပြီးတော့ အိမ်စာချုပ်ပေးလိုက်သည်။ ဖန်ယွမ်ကငွေချေတာဆိုတော့ ဖန်ယွမ်ကပဲ စာရွက်စာတမ်းတွေအတွက် စစ်ပေးသည်။ စီလုကလက်မှတ်ထိုးလိုက်ရုံပဲ။

စာချုပ်ယူပြီး ကြည့်နေရင်း ဒုတိယစာချုပ်ကိုကြည့်တော့ မျက်နှာထားပြောင်းသွားသည်။ ဘဏ်ရဲ့ ချေးငွေစာချုပ်ကြီး ဖြစ်နေတာ တွေ့လိုက်ရသည်။

"ဖန်ကောကော အိမ်ကတစ်ခါတည်း ငွေအကြေချေမှာ မဟုတ်ဘူးလား။ ဘာလို့အရစ်ကျကြီးနဲ့လဲ"

ဖန်ယွမ်လည်း နည်းနည်းရှက်သွားပြီး

"စီလု ကိုယ့်ပိုက်ဆံတွေက ရင်းနှီးမြှပ်နှံတဲ့အထဲ ခဏထည့်ထားလိုက်ရတာ။ အချိန်တစ်ခုထိတော့ ငွေအများကြီး မပေးနိုင်သေးဘူး။ ပြီးတော့ ရင်းနှီးမြှပ်နှံထားရတာက သိန်းတစ်ရာကျော်တောင်မှ ဆိုတော့....။ နောက်ကြအများကြီးပြန်သုံးပေးမယ်နော်။ ‌အဲ့တာကြမို့ ခုတော့ အရစ်ကျလေးနဲ့ပဲ"

စီလုမျက်နှာ တော်တော်ပျက်သွားသည်။ သူ့စိတ်ထဲမှာ တစ်ခုခု မှားနေတယ်လို့ ထင်နေတုန်းပဲ။ သူ စီလုကို အိမ်ဝယ်ပေးတာက စီကွမ်က တိုက်တွန်းလွန်းလို့သာ ဝယ်ပေးဖြစ်တာ။ စီလုက ဘယ်သူ့ဆီကမှအဲ့လို မရဖူးဘူးဆိုတာကိုကြားတော့ သူဝယ်ပေးဖို့ သဘောတူလိုက်တာ။ အဲ့တုန်းကတော့ စီလုက ဒီ‌ထပ်ပိုကြီးတဲ့အိမ်မျိုးကို လိုချင်နေတာ။ အဲ့တာကို ဖန်ယွမ်ကအဲ့အိမ်ကို မကြိုက်ဆိုလို့ စတုရန်းမီတာ၁၀၀ကျယ်ပြီး သိန်း၃၈၀လောက်ပဲကုန်မယ့်အိမ်ကို ရွေးလိုက်တာ။ တကယ်တမ်းကြ သူ့ကိုလှည့်စားလိုက်တာပဲ။ သူ့ကိုတောင် မတိုင်ပင်ဘဲ အရစ်ကျနဲ့ တန်းဝယ်ပစ်တာ။

ဖန်ယွမ်ကလည်း ပိုက်‌ဆံမရှိတော့ဘူးဆိုတော့ သူ့အနေနဲ့ ဖန်ယွမ်ကို ပြန်စဉ်းစားမှဖြစ်တော့မှာပဲ။ ခုအိမ်ကလည်း ပထမအရစ်ကို သိန်း၁၂၀သွင်းရတာ။ သူ့အနေနဲ့ ပထမဦးဆုံးအကြိမ် ဖန်ယွမ်ကို အားကိုးလို့မရဘူးဆိုတဲ့ အတွေးဝင်လာမိသည်။

"စာချုပ်ကိုကြည့်ပြီး လတ်မှတ်ထိုးထားလိုက်နော် စီလု။ ကိုယ်သန့်စင်ခန်းသွားလိုက်ဦးမယ်"

အဲ့လို ပြောပြီး ဖန်ယွမ်လည်း ထထွက်လာလိုက်သည်။ ဟေလုတုန်က စီလုဘေးမှာထိုင်နေတာ အဲ့တာကြောင့် သူနဲ့ဖန်ယွမ်ပြောတာတွေကို အကုန်ကြားနေရသည်။ ဖန်ယွမ်ထွက်သွားတော့ စီလုလည်း စာချုပ်ကိုယူပြီး လက်မှတ်ထိုးဖို့ လုပ်လိုက်သည်။

"စီလု တစ်ခုလောက် ပြောလို့ရမလား"

ဟေလုတုန်လည်း စီလုအနားနားကို ကပ်သွားလိုက်ပြီးတော့

"စီလု နင့်ကောင်လေးက နင့်ကိုသိပ်ဂရုမစိုက်သလိုပဲနော်။ ဒီလောက်ပိုက်ဆံအများကြီး ရှိနေတာတောင် အရစ်ကျနဲ့ အိမ်ဝယ်ဖို့ လုပ်နေတယ်လေ"

"အဲ့တော့ ဘာဖြစ်လဲ"

စီလုဒေါသထွက်သွားပြီးတော့

"အရစ်ကျနဲ့ဆိုရင်တောင် ဖန်ယွမ်‌

ငွေသွင်းတာက လစဉ်အရစ်ကျနဲ့ မဟုတ်ဘူးလေ။ ပြီးတော့ အိမ်ကလည်း ငါ့နာမည်နဲ့"

ဟေလုတုန်လည်း ဘေးကို တစ်ချက်ကြည့်လိုက်ပြီး စီလုစာချုပ်ထိုးမှာကို စောင့်နေတဲ့ ဝန်ထမ်းကို ကြည့်ပြီး ပြောလိုက်သည်။

"ငါတို့ ပြောစရာရှိသေးလို့။ ဟိုဘက်ခဏလောက် သွားပေးပါလား"

"......"

"စီလု ငါမေးစရာရှိသေးတယ်။ နင်ဖန်ယွမ်နဲ့ တူတူနေပြီးပြီလား"

‌ဟေလုတုန် ပွင့်ပွင့်လင်းလင်းပဲ

"ဒီမှာ စီလုငါပြောမယ်။ ဖန်ယွမ်ကနင်နဲ့ မအိပ်ရသေးလို့ အဲ့လိုအချိုးချိုးနေတာ။ သူဌေးသားတွေရဲ့ ပုံစံကဘယ်လိုလဲ မသိပေမယ့် သူဌေးသားတိုင်းကတော့ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းချင်ကြတာ။ ဖန်ယွမ်သာနင်ကို တကယ်ချစ်ရင် အဲ့လိုလုပ်မှာ မဟုတ်ဘူး။ ဖန်ယွမ်က နင့်ကိုကစားလို့ဝရင် ကန်ထုတ်ပစ်နိုင်တယ်လို့ နင်မတွေးမိဘူးလား။ သူနင့်ကိုရော လတိုင်းပိုက်ဆံပေးလား။ နောက်ကြအဲ့လတိုင်းပေးမယ့် ပိုက်ဆံက အိမ်အတွက်သွင်းပေးရမယ့် ငွေတွေလည်း ဖြစ်နေဦးမယ်"

"လုတုန် ဖန်ယွမ်က နင်ပြောပုံအရဆို အိမ်ဝယ်ပြီး နောက်ကြရင် ငါ့ကိုဘာမှထပ်မပေးတော့ဘူးဆိုတဲ့ သဘောလား"

"သူနင့်အတွက်ငွေချေပေးမယ်ပဲ ပြောသွားတာလေ။ ဒီအိမ်ကို နင့်ဖို့ လက်ဆောင်ပေးတယ်လို့မှ မပြောဖူးတာ။ ဘဏ်အကောင့်နဲ့ ငွေချေးတာဆိုတော့ ငွေချေးသလို ဖြစ်နေတာလေ။ နောက်ကြ ပြန်တောင်းချင်ရင် ပြန်တောင်းလို့ရတယ်လေ"

ဟေလုတုန်ဆက်ပြောတော့ စီလုမျက်နှာပျက်ကျသွားသည်။

"နင်ပဲမလိုအပ်ပဲ စိတ်ပူနေတာမဟုတ်ဘူးလား။ ဖန်ယွမ်ကအဲ့လို လူစားမျိုးမဟုတ်ပါဘူး။ အခုငွေနည်းနည်းကြပ်နေလို့ပါ"

စီလုလည်း ဟေလုတုန်ရဲ့ စကားတွေကို နည်းနည်းတော့ အသိအမှတ်ပြုမိသည်။ ဖန်ယွမ်ပုံစံကိုလည်း သတိထားမိလာသည်။

"ဖန်ယွမ်က နင်ပြောသလို လုပ်မယ့်လူစားမျိုးမဟုတ်ပါဘူး။ သူကသူ့စကားသူတည်တဲ့ လူမျိုးပါ”

All Chapters