← Chapters

အခန်း (၈၀)

Vol. 6 Ch. 80

အခန်း (၈၀)

Vol. 6 Ch. 80

"ဒီမှာစီလု နစ်နာသူထက် ဗီလိန်ဖြစ်ရတာ ပိုတန်တယ်နော်။ နင်ဖန်ယွမ်ကို ငွေအကုန်သုံးပြီး အိမ်ဝယ်ပေးဖို့ ပူဆာသင့်တယ်။ ပြီးတော့ ခုပေးတဲ့ပိုက်ဆံတွေကို နောက်ကြပြသာနာမဖြစ်လာအောင် စာချုပ်လည်း ချုပ်ထားသင့်တယ်"

"နင်ကဘယ်လို ဖြစ်စေချင်နေတာလဲ။ သူ့မှာပိုက်ဆံမရှိသေးဘူး ဆိုပြီးငြင်းရင်ရော"

"အဲ့တာဆိုလည်း သူပိုက်ဆံအကုန်သွင်းပြီး အိမ်ဝယ်ပေးမယ့် အချိန်ကိုစောင့်ပေါ့။ ပြီးကြသူ့ကိုခပ်တန်းတန်းပဲဆက်ဆံလိုက်။ အဲ့တာဆိုသူ့အချိုးပြောင်းသွားမှာ"

စီလုလည်း သူပြောတာကို လက်ခံလိုက်သည်။ စီလုလည်း ဖန်ယွမ်သန့်စင်ခန်းကနေ ပြန်လာတာမြင်တော့ ဘာမှမဖြစ်တဲ့ပုံစံပဲ နေလိုက်သည်။ သူဟေလုတုန်နဲ့စကားပြောပြီး စိတ်ညစ်သလိုလိုဖြစ်နေတာတွေ ပြေသွားသည်။

ဖန်ယွမ်ထိုင်လိုက်တာနဲ့ စီလုလည်း

"ဖန်ကောကော ခုမှတစ်ခုတွေးမိလို့။ နောက်တစ်ခေါက်ကြမှပဲ အိမ်ဝယ်ကြရအောင်"

ဖန်‌ယွမ်လည်း လန့်သွားပြီးတော့

"စီလုဘာလို့လဲ။ တကယ်ကြီးအိမ်မဝယ်ချင်တော့ဘူးလား။ ဘာလို့ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ"

"အခု ငွေနည်းနည်းအဆင်မပြေဘူးဆို။ ပိုက်ဆံတွေအကုန်လုံး ရင်းနှီးမြှပ်နှံထားရတယ်လို့ ပြောတယ်မလား။ အဲ့တာကြောင့် ငွေအပြည့်ချေပြီး ဝယ်လို့ရမယ့်အချိန်ထိ စောင့်ဖို့လေ။ အရစ်ကျနဲ့ဆို ဘဏ်ကိုလည်း အတိုးတွေပေးနေရဦးမှာလေ။ အဲ့တာကြောင့် စောင့်ပဲစောင့်လိုက်တော့မလို့"

စီလုရှင်းပြလိုက်သည်။ ဖန်ယွမ်လည်း စီလုရှင်းပြတာကြားတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ

"စီလုမင်းပြောတာ မှန်တယ်။ အဲ့တာဆိုနောက်တစ်ခေါက်မှပဲ ဝယ်ပေးတော့မယ်နော်။ ဒါနဲ့ဒီည ဟိုတယ်မှာအခန်းယူထားတာ မမေ့နဲ့ဦးနော်"

စီလုပြုံးလိုက်ပြီးတော့

"အစောကြီးရှိပါသေးတယ်။ အိမ်ဝယ်ပြီးတဲ့အချိန်ထိ စောင့်ကြရအောင်လေ"

ဖန်ယွမ်လည်း ဘာမှမတတ်နိုင်တော့တဲ့ပုံစံနဲ့

"အိမ်ဝယ်ပြီးမှ သဘောတူမယ်ပေါ့"

"အင်း ဟုတ်တယ်။ အိမ်ဝယ်ပြီးတဲ့ အချိန်ထိလည်း စောင့်ရမယ်။ နောက်ပြီး စာချုပ်လည်း ချုပ်ပေးရမယ်"

စီလုရှက်ရှက်နဲ့ပဲ အသံတိုးတိုးနဲ့ ပြောလိုက်သည်။

"အဲ့တာဆိုလည်း မမျှော်နဲ့တော့"

ဖန်ယွမ်ဘယ်တုန်းကမှ စီလုဖို့ အိမ်ဝယ်ပေးဖို့ စိတ်ကူးမရှိခဲ့ဖူးဘူး။ ဒီအိမ်ဝယ်ပေးရမယ့် ပိုက်ဆံပမာဏနဲ့ဆို စီလုထပ်ချောတဲ့ မိန်းမတွေ ရှာလို့ရတယ်။ စီကွမ်သာ ပရမ်းပတာတွေ အာလာမချောင်ရင် ဒီနေ့အိမ်လာကြည့်ဖို့တောင် ဒီကို ရောက်လာမှာ မဟုတ်ဘူး။ စီလုကလည်း အပျိုလေးပဲဆိုပေမယ့် သူပြောတာကို သဘောတူမပေးချင်ဘူး။ မိန်းမတစ်‌‌ေယာက်အတွက်နဲ့ ဒီလောက်ငွေအများကြီး ပေးနေရတာ မတန်ဘူးမလား။

ဒီနေ့လည်း သူ့အတွေးကစီလုကို ကုတင်ပေါ်ခေါ်ပြီး သူ‌ပျော်လို့ဝရင် ပစ်ထားခဲ့မလို့။ ဘာလို့စီလုက ရုတ်တရက်ကြီး ညဏ်ကောင်းလာရတာလဲ။ ဖန်ယွမ်ဟေလုတုန်ကို စိတ်တိုတိုနဲ့ ကြည့်လိုက်သည်။

ဒီမိန်းမက ငါ့အကြံတွေကို ဖျက်စီးသွားတာ။ သူခုနလေးတင် စီလုနဲ့ တိုးတိုးလေးပြောနေတာ သူမြင်လိုက်သည်။ ဒီမိန်းမက တကယ့်ပြသာနာ။

"ဖန်ကောကော ဘာပြောချင်တာလဲ။ ပိုက်ဆံမရှိတာလည်း မဟုတ်ပဲနဲ့။ အိမ်လေးတစ်လုံးတောင် မဝယ်ပေးချင်ဘူးလား"

"တောင်းပန်ပါတယ် စီလု။ ကိုယ်တောင်းပန်ပါတယ်"

ဖန်ယွမ်မြန်မြန် တောင်းပန်လိုက်သည်။ သူ့စိတ်ထဲမှာ စီလုကို ဒီပုံစံနဲ့ လက်မလျော့လိုက်ချင်သေးဘူး။

"ဒီတစ်ခါပဲနော်။ နောက်တစ်ခေါက်တော့ ခွင့်လွှတ်မှာ မဟုတ်ဘူး"

စီလုဖန်ယွမ်ပြောတာကို စိတ်ထဲမထားပါဘူး။ ပြန်လည်း မရွဲ့ချင်တော့ဘူး။ သိပ်လည်း အားမကိုးချင်တော့ဘူး။ ဒီတိုင်းပဲ ဟန်ဆောင်လိုက်သည်။ ရုတ်တရက်ကြီး ချင်းယွီကို ‌ပြန်တွေးမိပြီး စိတ်ဓာတ်လည်း ကျမိသွားသည်။

တစ်ဖက်မှာတော့ ချင်းယွီက နားနေခန်းထဲမှာ ထိုင်နေသည်။ ရုတ်တရက် တစ်ယောက်ယောက်က သူ့နာမည်ခေါ်တာကို ကြားလိုက်ရသည်။

"ချင်းယွီနင်လား။ နင်ဒီကို ရောက်နေတာလား"

ဂေါင်ရာဖန်လည်း ရေဘူးကဒ်တွေကို မပြီး နားနေခန်းထဲကို ဝင်လာတော့ ချင်းယွီထိုင်နေတာ တွေ့ပြီး အကျယ်ကြီးအော်ငိုမိသွားသည်။

"ဆောတီး ရာဖန်။ နင်ဒီမှာ ဝန်ထမ်းလုပ်နေတာ ငါမေ့သွားတယ်"

"ဘာလဲ နင်ဒီကို အိမ်လာဝယ်တာလား"

သူအခုချင်းယွီကို အရင်လို ပုံစံနဲ့ မမြင်တော့ဘဲ အရမ်းသဘောမနောကောင်းပြီး ကြင်နာတတ်တဲ့ သူလို့ပဲ မြင်နေမိသည်။

"ဟုတ်တယ်။ငါ အိမ်ဝယ်ဖို့ လာတာ"

"အာ အဲ့တာဆို အိမ်ကြည့်ဖို့ ငါလိုက်ပြပေးရမလား"

ဂေါင်ရာဖန် သူ့မှာ တခြားအလုပ်တွေ ရှိသေးပေမယ့် ချင်းယွီကိုကြိုမဲ့လူမရှိတာ တွေ့တော့ လိုက်ပြပေးဖို့ တွေးပြီး‌ မေးလိုက်သည်။

"ဒီမှာ ဝန်ထမ်းတွေ အများကြီးရှိပေမယ့် ဒီနေ့မှ အကုန်အလုပ်ရှုပ်နေကြတာ"

"မင်းလည်း အလုပ်များနေမှာပဲ"

"ဟုတ်တယ်။ အခုလေးတင်ဧည့်သည် တစ်‌ယောက်ကို လိုက်ပို့ပြီး ပြန်လာတာ"

"ဒါနဲ့ဘာလို့ ရေဘူးတွေသယ်လာတာလဲ။ ဘယ်နားထားဖို့လဲ"

"ရှီတန်ခရ်ိုင်နားက တံခါးဂိတ်မှာထားမလို့။ ကာစတန်မာတွေကို ကြိုရင်းလည်း တိုက်လို့ရတယ်လေ။ အဲ့တာနဲ့ ဘယ်သူမှမကူညီတာနဲ့ ကိုယ့်ဘာသာပဲ မလာလိုက်တာ"

ဂေါင်ရာဖန်မပြုံးချင် ပြုံးချင်နဲ့ ပြုံးပြီး ပြောလိုက်သည်။

"မင်းတစ်ယောက်ကြ ပင်ပန်းမှာပေါ့။ ငါပါကူပေးမယ်"

ချင်းယွီထပြီး ဂေါင်ရာဖန်ဆီလျှောက်သွားလိုက်သည်။

"အဲ့တာဆိုလည်း ကျေးဇူးတင်ပါတယ်"

ဂေါင်ရာဖန်လည်း မငြင်းနိုင်လိုက်ပါဘူး။ ရှီတန်ခရိုင်နဲ့ နားနေခန်းက တော်တော်လေးနီးသည်။ နည်းနည်းလေးလျှောက်သွားရင်တောင် ရောက်နိုင်သည်။ ချင်းယွီရေဘူးတွေ ထားပေးပြီးတော့

"အဲ့တာဆို နားနေခန်းထဲ အရင်ပြန်နှင့်မယ်နော်။ အားတော့မှပဲ စကားပြောကြတာပေါ့"

ချင်းယွီ ဂေါင်ရာဖန်ကို အလျင်စလို ပြောလိုက်ချိန်မှာပဲ ဂေါင်ရာဖန်တစ်ယောက် သတ္တိမွေးလိုက်ပြီးတော့

"ချင်းယွီ ကျွန်မရှင့်ကို ချစ်တယ်။ ရှင့်ကောင်မလေး ဖြစ်ခွင့်ရှိမလား"

သူအဲ့လိုပြောလိုက်ပြီး ရှက်ရှက်နဲ့ ချင်းယွီကို ကြည့်နေသည်။

ချင်းယွီလည်း မပြုံးချင်ပြုံးချင်နဲ့

"ရာဖန် မင်းငါ့ကိုအရှက်ရ စေချင်နေတာလား။ အရင်တစ်ခေါက်က တွေ့ပြီးကတည်းက မင်းအပေါ်မှာ ဘာစိတ်မှမရှိဘူး။ ပြီးတော့ အထူးသဖြင့် စီလုနဲ့ လမ်းခွဲပြီးကတည်းက ရည်းစားထားချင်စိတ် မရှိတော့တာ။ တောင်းပန်ပါတယ်။ သူငယ်ချင်းပဲ လုပ်ကြရအောင်"

ဂေါင်ရာဖန် မှိုင်ကျသွားပြီးတော့ အသံတိုးတိုးလေးနဲ့ပဲ

"ချင်းယွီ ရှင်ခံစားရသလို တခြားတစ်ယောက်ကိုပါ ခံစားစေချင်နေတာလား။ ရှင့်ကြောင့်ကျွန်မမှာ ဘာပြန်ပြောရမလဲတောင် မသိတော့ဘူး…”

All Chapters