အခန်း (၈၁)
Vol. 6 Ch. 81
ချင်းယွီပြန်ပြောတော့မယ့် အချိန်မှာပဲ နောက်ကနေ သူ့နာမည်ကို ခေါ်တဲ့အသံထွက်လာသည်။ ခေါ်လိုက်တဲ့သူက စီကွမ်ဖြစ်နေသည်။ သူ့ရည်းစားဟောင်းရဲ့ မောင်လေးပေါ့။
ဂိမ်းဆော့ပြီးတော့ စီကွမ်အာခြောက်လာလို့ ရေသောက်ဖို့ ထွက်လာလိုက်သည်။ ရေဘူးတွေကိုင်လာတဲ့သူကို တွေ့လိုက်ရတော့ ချင်းယွီဖြစ်နေသည်။ အဲ့တော့ရုတ်တရက်ကြီး လန့်သွားမိသည်။ ပြီးတော့ စီလုကို လက်လှမ်းပြလိုက်ပြီးတော့ ပြောလိုက်သည်။
"အစ်မဟိုမှာ ဘယ်သူလဲကြည့်လိုက်ဦး"
စီလုနဲ့ ဖန်ယွမ်စကားများပြီး စိတ်ရှုပ်နေရတုန်း စီကွမ်ခေါ်လို့ လှမ်းကြည့်လိုက်တော့ ချင်းယွီကို တွေ့လိုက်ရသည်။
"ညီမရည်းစားဟောင်းလေ။ အရင်တခေါက်ကတည်းက တွေ့ဖူးတယ်မလား"
"အော်အဲ့ကောင်လေးပဲ"
စီလုနဲ့ ဖန်ယွမ်လည်း ချင်းယွီရှိရာကို လျှောက်လာလိုက်သည်။ စီလုထထွက်သွားတော့ ဟေလုတုန်လည်း နောက်ကနေလိုက်လာသည်။ ပြီးတော့ လုချောင်ကို သွားကြည့်လိုက်ဦးမယ်လို့ ပြောလိုက်သည်။
ချင်းယွီအရောင်းဌာနကို သူ့ရည်းစားဟောင်းနဲ့ သူပတ်သက်ဆက်နွှယ်နေတဲ့ ပြသာနာမျိုးစုံနဲ့ လာတွေ့နေရမယ်လို့ မထင်ထားဘူး။ အဲ့လူတွေက သူအမုန်းဆုံးသူတွေပဲ။ အခုသူ့ရှေ့မှာ ပေါ်လာပြန်ပြီ။
ဂေါင်ရာဖန်ကို နှုတ်ဆက်ပြီး ထွက်သွားတော့မယ့် အချိန်မှာပဲ
"ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတော့မလို့လဲ။ မတော်လိုက်ရတဲ့ ယောက်ဖလေးကို နှုတ်တောင် မဆက်တော့ဘူးလား"
"စီကွမ် ငါဒီမှာ လူမချချင်ဘူး။ ဒါပေမယ့် စိတ်တိုအောင် လာလုပ်ရင်တော့ ဘယ်သူ့ကိုမှ ရိုက်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး"
ဒီတိုင်းလေး ပြောလိုက်တယ်ဆိုပေမယ့် အဲ့စကားလုံးတွေထဲမှာ အာဏာတွေ ပြည့်နှက်နေသည်။ စီကွမ်ကို နည်းနည်းခြောက်လိုက်ပြီးတော့ နောက်ဆုတ်လိုက်သည်။
"ချင်းယွီ နင်ဘယ်လိုပြောလိုက်တာလဲ"
စီလုတစ်ယောက် စီကွမ်အစားပြောပြီးနောက် ချင်းယွီကို စိုက်ကြည့်နေလိုက်သည်။
ချင်းယွီနဲ့ တွဲနေချိန်တုန်းကရော ပြတ်ပြီးတော့ရော သတိမထားမိပေမယ့် လမ်းခွဲပြီး နောက်ပိုင်းမှ ချင်းယွီပိုပြီးတော့ တည်ငြိမ်လာပြီး ချောလာတာကို သတိပြုမိသည်။ လက်ထဲရှိနေတုန်းက တန်ဖိုးမထားမိဘဲ အခုမှအရင်အချိန်တွေကို ပြန်တွေးမိနေသည်။ အထူးသဖြင့် သူဖျားနေတဲ့အချိန်တွေမှာ ချင်းယွီက ဂရုတစိုက်နဲ့ သူ့အနားမှာနေပေးတာမျိုး။ သာမန်အချိန်တွေမှာဆိုလည်း သတိတရရှိနေပေးတာမျိုး။ ချင်းယွီက သူ့အတွက်တန်ဖိုးကြီးပစ္စည်းတွေ မပေးခဲ့ပေမယ့် မေတ္တာစစ် မေတ္တာမှန်တွေတော့ ထားပေးခဲ့တာပါ။
ဒါတွေ တွေးမိပြီး စီလုမျက်ရည်တွေ ဝဲလာသည်။ အထူးသဖြင့် ဖန်ယွမ်က ဘယ်လိုလူစားလဲဆိုတာ သိပြီးတဲ့နောက်မှာပေါ့။ ဖန်ယွမ်က ချင်းယွီလို ဂရိုစိုက်မှုမျိုး ဘယ်လိုမှ ပေးမှာမဟုတ်ဘူး။
"ချင်းယွီ အရောင်းဌာနကို ဘာလာလုပ်တာလဲ"
"......"
"ချင်းယွီ သူကဘယ်သူလဲ"
ဂေါင်ရာဖန်စီလုကို မမြင်ဘူးတော့ မေးလာသည်။
"ငါ့ရည်းစားဟောင်းစီလု"
ချင်းယွီဒဲ့ပဲ ပြောလိုက်သည်။
ဂေါင်ရာဖန်ကလည်း ခေါင်းညိတ်လိုက်ပြီးတော့ စီလုကိုကြည့်လိုက်သည်။ ပြီးကြသူ့အတွက် စိတ်မကောင်းဖြစ်မိသွားသည်။
"မင်းကဟန်ဆောင်တာ တော်တာပဲ။ ဟိုတယ်ဒါရိုက်ဘာက ငါ့ရှေ့လာပြီး အသံကောင်းဟစ်သွားလိုက်သေးတယ်"
ဖန်ယွမ်က ချင်းယွီကိုရွဲ့လိုက်ပေမယ့် ချင်းယွီကတော့ စီလုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးတော့
"ငါမြေကြည့်ဖို့လာတာ" လို့ပြောလိုက်သည်။
"ချင်းယွီ တကယ်ကြီး နင်ပဲ။ မတွေ့ရတာတောင် ကြာပြီနော်"
"နင်... ဟေလုတုန်ပဲ။ မတွေ့ရတောင် ကြာပြီနော်"
ချင်းယွီသူ့အတန်းဖော်ဟောင်းနာမည်ကို မြန်မြန်ပဲ သတိရလိုက်မိသည်။
ဟေလုတုန်အပေါ်ကိုတော့ ချင်းယွီအမြင်ကောင်းတွေရှိသည်။ ဘာလို့လဲလို့ မေးရင် ဟေလုတုန်က ကျောင်းတုန်းကအတန်းခေါင်းဆောင်လည်း ဟုတ်တယ်။ အသင်းတွေ အဖွဲ့တွေရဲ့ ခေါင်းဆောင်ဆိုလည်း ဟုတ်တဲ့အတွက်ကြောင့်မို့။
"ဟီးဟီး နင်ငါ့ကိုမမှတ်မိဘူးထင်နေတာ"
ဟေလုတုန် ချင်းယွီသူ့ကိုမှတ်မိနေတော့ ပြုံးပြီးပြန်ပြောလိုက်သည်။
"မဂ်လာပါဗျ"
လုချောင်လည်း ဝင်ပြီးနှုတ်ဆက်လိုက်ပေမယ့် နည်းနည်းတော့ကသိကအောက်တော့ နိုင်နေသည်။ သူ့အနေနဲ့ ဟေလုတုန်ရဲ့ အတန်းဖော်ကို သိနေစရာအကြောင်း မရှိဘူးလေ။ ဒါပေမယ့် သူချင်းယွီကို ကြည့်မိတော့ ရင်းနှီးတဲ့ခံစားချက်မျိုး ရနေသည်။
"မင်းက ဟိုတယ်မှာဒါရိုက်ဘာ လုပ်တာမလား။ အဲ့လိုလူက ဒီမှာပါ ကုန်ထမ်းသမား ဝင်လုပ်နေတာလား"
ဖန်ယွမ် ချင်းယွီကို ဒဲ့တိုးပြောနေတာကြားတော့ စီကွမ်လည်း ချင်းယွီကို ဝင်လှောင်ဖို့ ပြင်လိုက်သည်။
"ကုန်ထမ်းသမားတဲ့လား။ ချင်းယွီက ဒီမှာလာပြီး ကုန်ထမ်းသမား လုပ်နေတာလား"
ရုတ်တရက်ဝင်ပြီး မေးလာတဲ့လူကတော့ စီလုရဲ့အမေ။ လူတွေအများကြီး ဒီနေရာမှာ အုံနေတာတွေ့လို့ သူလည်းလာစပ်စုလိုက်တော့ ချင်းယွီကို တွေ့လိုက်ရသည်။ သူ့သမီးရဲ့ ရည်းစားဟောင်းဖြစ်တဲ့ ချင်းယွီအကြောင်းကို သူလည်းသိသည်။ စီလုနဲ့ စစတွဲကတည်းက သူချင်းယွီကို သဘောမကျဘူး။
သူ့စိတ်ထဲမှာ သူ့သမီးက အချော၊ အလှ၊ ပညာတတ်လေးမို့ ဒီလိုလူမျိုးနဲ့ တွဲတာကို သိပ်သဘောမကျခဲ့ဘူး။ သူ့သမီးလို လူမျိုးက သမက်ချောချောလေးပဲ ရသင့်တယ်လို့ အမြဲတွေးနေတာ။ ချင်းယွီမှာ ပိုက်ဆံလည်းမရှိဘူး။ အရည်အချင်းလည်း မရှိဘူး။ နောက်ခံလည်းမရှိဘူး။ ဒီလိုလူမျိုးက သူ့မိသားစုကို အရှက်ခွဲဖို့ပဲ တတ်မှာမလား။
ချင်းယွီ စီလုနဲ့ တွဲတုန်းက သူ့အမေဖြစ်သူက အကန့်ကွက်ဆုံး။ စီလုအမေနဲ့ သူ၂ခါလားပဲ တွေးဖူးခဲ့တာ။ ပထမတစ်ခေါက်က စီလုကို နှစ်သစ်ကူးကိုကြိုဖို့ သူ့အိမ်ဆီလိုက်ပို့ပေးခဲ့တုန်းက တစ်ခါ။ နောက်တစ်ခါက နှစ်သစ်ကူးပြီးလို့ ပြန်ကြိုတဲ့တစ်ခါ။ ၂ခေါက်လုံးလုံး ချင်းယွီကို လျစ်လျူရှုထားပြီး စီလုကို သူနဲ့ပြတ်ဖို့တောင် ဖိအားပေးနေသေးတာ။
ချင်းယွီအရင်စိတ်နဲ့ဆိုရင်တော့ ဒေါသထွက်မိမှာဆိုပေမယ့် အခုတော့ အမှုမဲ့အမှတ်မဲ့ပဲနေလိုက်သည်။
"ဟုတ်တယ်။ ချင်းယွီရေသန့်ဘူးတွေ သယ်လာတာ ကျွန်တော် မြင်လိုက်တယ်"
စီကွမ်ရေဘူးတွေကို လက်ညိုးထိုးပြလိုက်ပြီးတော့ ပြောလိုက်သည်။
"သိပြီ။ ချင်းယွီမင်းကို အစကတည်းက ငါ့မျက်လုံးထဲမှာ တန်ဖိုးမရှိဘူးလို့ မြင်ခဲ့တာ မှန်နေခဲ့တာပဲ။ စီလုရဲ့ အခုရည်းစားကို ကြည့်လိုက်။ စီလုဖို့ ဒီထိလာပြီးတောင် အိမ်ဝယ်ပေးတာ။ မင်းကတော့ ဒီမှာကုန်လာထမ်းနေရတယ်"
စီလုရဲ့အမေက ဂုဏ်ယူတဲ့လေသံနဲ့ ကြွားပြောလိုက်တော့ စီလုလည်း သူ့အမေလက်ကို လှမ်းတို့လိုက်ပြီး
"အမေတော်ရုံ တန်ရုံပဲ ပြောတော့"
"စီလုနင်က ဘာလို့အဲ့ကောင်ကို ကာကွယ်ပေးနေတာလဲ။ သူကအခုနင့်ရည်းစား မဟုတ်တော့ဘူးလေ။ အေး နင့်ရည်းစားဖြစ်နေသေးရင်လည်း အဲ့လိုပဲပြောမှာပဲ"
"အန်တီ တစ်ခုခုကို အထင်လွဲနေတဲ့ပုံပဲ"
ဂေါင်ရာဖန်လည်း မနေနိုင်တော့ဘဲ ဝင်ပြောလာသည်။
"သူက ရေဘူးတွေကို ကူသယ်ပေးရုံပဲ။ ဒီကဝန်ထမ်းလည်း မဟုတ်သလို ကုန်ထမ်းသမားလည်း မဟုတ်ဘူး"
အဲ့တော့ စီလုအမေက
"အဲ့တာဆို ဒီကိုဘာလာလုပ်တာလဲ"
"ကျုပ်ဒီကိုဘာလာလုပ်လုပ် ခင်ဗျားနဲ့လည်း မဆိုင်ပါဘူး။ ခင်ဗျားကို ပြောပြဖို့လည်း မလိုပါဘူး"
တမင်ရော သွယ်ဝိုက်ပြီးတော့ရော ချင်းယွီရဲ့လေသံတွေက ရွံတဲ့အသံနဲ့ စိတ်ပျက်တဲ့အသံနဲ့ ရောနေသည်။